Kantharyar Centre
×

1. သလဲသီးမွာ အင္တီေအာက္ဆီးဒင့္ႂကြယ္ဝစြာပါဝင္ပါတယ္။

အင္တီေအာက္ဆီးဒင့္က ညစ္ညမ္းမႈနဲ႔ေဆးလိပ္အေငြ႔ကဲ့သို႔ေသာ ပတ္ဝန္းက်င္မွထြက္လာတဲ့ အဆိပ္ေတြကေနဆဲလ္ေတြကို ပ်က္စီးေစျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ကင္ဆာျဖစ္ေစတဲ့ DNA ပ်က္စီးမႈေတြကို ကာကြယ္ျခင္း၊ ျပန္လည္ျပဳျပင္ျခင္းေတြျပဳလုပ္ရမွာလည္း ကူညီပါတယ္။

သလဲသီးေဖ်ာ္ရည္တစ္မ်ိဳးတည္းစားသံုးျခင္းျဖင့္ ကင္ဆာမျဖစ္ေအာင္တားမထားႏိုင္ေသာ္လည္း အျခားအာဟာရဓာတ္ျပည့္ဝစြာပါဝင္ေသာ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြန႔ဲအတူ တြဲဖက္စားသံုးႏိုင္ပါတယ္။

2. သလဲသီးက ဆီးက်ိတ္ကိုက်န္းမာေစပါတယ္။

ေလ့လာမႈတစ္ခုအရ သလဲသီးအရည္က ကင္ဆာျပန႔္ႏွံ႔မႈကိုျဖစ္ေစတဲ့ ဓာတုအခ်က္ျပမႈေတြကိုအားနည္းေစျခင္းျဖင့္ ကင္ဆာဆဲလ္ေတြရဲ႕လႈပ္ရွားမႈကို တားဆီးႏိုင္တယ္လို႔ေတြ႔ရွိရပါတယ္။ သုေတသီေတြကလည္း သလဲသီးေဖ်ာ္ရည္က ကင္ဆာဆဲလ္ေတြႀကီးထြားမႈကိုဖိႏွိပ္ထားၿပီး ကင္ဆာကုသမႈခံယူေနသူေတြမွာ ကင္ဆာဆဲလ္ေတြကို ပိုမိုေသေစႏိုင္တယ္လို႔ဆိုပါတယ္။

3. သလဲသီးက ႏွလံုးက်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။

သလဲသီးအရည္က မေကာင္းတဲ့ကိုလက္စထေရာလ္ျဖစ္တဲ့ LDL ကိုေလ်ာ့နည္းေစပါတယ္။ အျခားေလ့လာမႈတစ္ခုအရ ႂကြက္ေတြရဲ႕အစားအစာထဲမွာ သလဲသီးအရည္ထည့္ၿပီး ေကၽြးၾကည့္တဲ့အခါမွာ ေသြးတြင္းအဆီပိတ္မႈကို ေလ်ာ့က်ေစတာကိုေတြ႔ရွိရပါတယ္။ ဒါေၾကာင့္ မိသားစုထဲမွာ ႏွလံုးေရာဂါရွိတဲ့ရာဇဝင္ရွိရင္ေတာ့ ေန႔စဥ္စားသံုးတဲ့အစားအစာထဲမွာ သလဲသီးကိုထည့္စားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

1. သလဲသီးမှာ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်ပါတယ်။

အင်တီအောက်ဆီးဒင့်က ညစ်ညမ်းမှုနဲ့ဆေးလိပ်အငွေ့ကဲ့သို့သော ပတ်ဝန်းကျင်မှထွက်လာတဲ့ အဆိပ်တွေကနေဆဲလ်တွေကို ပျက်စီးစေခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ DNA ပျက်စီးမှုတွေကို ကာကွယ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းတွေပြုလုပ်ရမှာလည်း ကူညီပါတယ်။

သလဲသီးဖျော်ရည်တစ်မျိုးတည်းစားသုံးခြင်းဖြင့် ကင်ဆာမဖြစ်အောင်တားမထားနိုင်သော်လည်း အခြားအာဟာရဓာတ်ပြည့်ဝစွာပါဝင်သော ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့အတူ တွဲဖက်စားသုံးနိုင်ပါတယ်။

2. သလဲသီးက ဆီးကျိတ်ကိုကျန်းမာစေပါတယ်။

လေ့လာမှုတစ်ခုအရ သလဲသီးအရည်က ကင်ဆာပြန့်နှံ့မှုကိုဖြစ်စေတဲ့ ဓာတုအချက်ပြမှုတွေကိုအားနည်းစေခြင်းဖြင့် ကင်ဆာဆဲလ်တွေရဲ့လှုပ်ရှားမှုကို တားဆီးနိုင်တယ်လို့တွေ့ရှိရပါတယ်။ သုတေသီတွေကလည်း သလဲသီးဖျော်ရည်က ကင်ဆာဆဲလ်တွေကြီးထွားမှုကိုဖိနှိပ်ထားပြီး ကင်ဆာကုသမှုခံယူနေသူတွေမှာ ကင်ဆာဆဲလ်တွေကို ပိုမိုသေစေနိုင်တယ်လို့ဆိုပါတယ်။

3. သလဲသီးက နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

သလဲသီးအရည်က မကောင်းတဲ့ကိုလက်စထရောလ်ဖြစ်တဲ့ LDL ကိုလျော့နည်းစေပါတယ်။ အခြားလေ့လာမှုတစ်ခုအရ ကြွက်တွေရဲ့အစားအစာထဲမှာ သလဲသီးအရည်ထည့်ပြီး ကျွေးကြည့်တဲ့အခါမှာ သွေးတွင်းအဆီပိတ်မှုကို လျော့ကျစေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့ရာဇဝင်ရှိရင်တော့ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သလဲသီးကိုထည့်စားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top