Property Expo
×

၁၉၆၈ ခုႏွစ္ကတည္းက ျမန္မာသံစဥ္သီခ်င္းေတြနဲ႕ ပရိသတ္ေတြကို ဖမ္းစားႏုိင္သူကေတာ့ ျမန္မာျပည္သိန္းတန္ပဲျဖစ္ပါတယ္။ သူ႕ရဲ႕သီခ်င္းေတြဟာ ပရိသတ္ေပါင္းမ်ားစြာရဲ႕ ရင္ထဲကို ၀င္ေရာက္ခဲ့ေပမယ့္ ၁၉၈၉ ခုႏွစ္မွာေတာ့ ျမန္မာျပည္သိန္းတန္ဟာ အေမရိကားႏုိင္ငံကို ထြက္ခြာသြားခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာကာ ဂီတလုပ္ငန္းေတြကိုျပန္လည္လုပ္ကိုင္ခဲ့ပါတယ္။ ျမန္မာျပည္သိန္းတန္ ျမန္မာႏုိင္ငံကုိ ျပန္လည္ေရာက္ရွိလာတဲ့ အခါမွာ သူ႕ရဲ႕မရိုးႏုိင္တဲ့ သီခ်င္းေတြနဲ႕အတူ ဆန္းျပားတဲ့ ဖက္ရွင္ေတြကလဲ ပရိသတ္အတြက္ အထူးအဆန္းသဖြယ္ ျဖစ္ခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ျမန္မာျပည္သိန္းတန္ဟာ ေနာက္ထပ္ေျခလွမ္းသစ္တစ္ခုအျဖစ္ သူ႕ရဲ႕ဖက္ရွင္ေတြကို အဓိက အသားေပးရုိက္ကူးေနတဲ့ ဖက္ရွင္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါ၀င္ေနၿပီလို႕သိရတာေၾကာင့္ သူရွိရာရုိက္ကြင္းသို႕သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရိုက္ေနတဲ့ကားေလးက ဖက္ရွင္တဲ့။ ဒါရုိက္တာ ကုိေက်ာ္ေဇာ္လင္းပါ။ ဦးပါမယ္။ ဦးရဲ႕အခ်စ္ဆံုးေတးခ်စ္သူပါမယ္။ ၿပီးေတာ့ေဇရဲထက္ပါမယ္။ ခင္၀င့္၀ါပါမယ္ေပါ့။

-ဦးရဲ႕ကာရိုက္တာေလးကေရာ ဘယ္လိုမ်ိဳးေလးမ်ားလဲ။

ဒီထဲမွာဦးက အႏုပညာရွင္ပါပဲ။ သီခ်င္းဆိုဖူးခဲ့တဲ့ အတီးသမားျဖစ္ခဲ့တဲ့၊ ၿပီးေတာ့ ဖက္ရွင္ေတြတအားၾကိဳက္ႏွစ္သက္ၿပီး၀တ္ခဲ့တဲ့ ကာရိုက္တာပါပဲ။ ၿပီးေတာ့ လုပ္ငန္းၾကီးတစ္ခုမွာ ဒါရုိက္တာၾကီးတစ္ဦးအျဖစ္ေဆာင္ရြက္တယ္။ ဦးရဲ႕၀ါသနာကေတးဂီတအႏုပညာသမားေပါ့ကြယ္။ ဖက္ရွင္ေတြလဲၾကိဳက္ႏွစ္သက္တဲ့လူတစ္ေယာက္ျဖစ္ၿပီးေတာ့ အဲ့ဒီဖက္ရွင္ေတြကိုလဲ အမ်ားၾကီး၀တ္တယ္။ အဲ့ဒါေတြကိုဖန္တီးေပးတဲ့သူကေတာ့ ဦးရဲ႕အခ်စ္ဆံုးေတးခ်စ္သူေပါ့။ ေဒါက္တာႏုနႏၵာသန္းေပါ့။ သူကလဲအဲ့ဒီဖက္ရွင္ေတြကိုဖန္တီးသူအျဖစ္ဦးနဲ႕သရုပ္ေဆာင္ရပါတယ္။

-ဒီကားေလးကို လက္ခံျဖစ္ခဲ့တာကေရာ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္မ်ားလဲ။

ဦးတို႕လဲ အေမရိကားကေန ဒီကုိျပန္ေရာက္ျဖစ္ၿပီးေတာ့ ေတးဂီတေဖ်ာ္ေျဖပြဲေတြကို ဦးတို႕ႏွစ္ေယာက္ေဆာင္ရြက္ခဲ့တဲ့ေနရာမွာ ဘာတစ္မူဆန္းၿပီးလုပ္ျဖစ္ခဲ့လဲဆိုေတာ့ ဦးတို႕ရဲ႕ဖက္ရွင္ေပါ့။ စင္ေပၚမွာဦး၀တ္ခဲ့တဲ့ ဖက္ရွင္ေတြကထူးထူးျခားျခားေျပာင္းလဲၿပီးေတာ့ ဖန္တီး၀တ္ဆင္ျဖစ္ခဲ့တယ္။ အဲ့ဒီေတာ့ အေမရိကားသြားလိုက္၊ ျမန္မာျပည္လာလိုက္နဲ႕၂၀၁၁ ထဲကေန ၂၀၁၆ ထိ ႏွစ္တုိင္းအျမဲျပန္လာၿပီး စတိတ္ရိႈးလုပ္ျဖစ္တဲ့အခါမွာ ဦးရဲ႕အခ်စ္ဆံုးေတးခ်စ္သူကေနဖန္တီးေပးတဲ့ ဖက္ရွင္ေတြကို ဦးကေန၀တ္ၿပီး စင္ေပၚမွာေဖ်ာ္ေျဖပစ္ခဲ့တာကို ပရိသတ္အမ်ားစုကႏွစ္သက္အားေပးခဲ့တယ္။ ႏွစ္ျခိဳက္တယ္။ ဦးတို႕ကလဲ ဒီဖက္ရွင္ကို တစ္ခါနဲ႕တစ္ခါမတူတဲ့ထူးျခားတဲ့ တီထြင္မႈေလးေတြနဲ႕တစ္ပြဲနဲ႕တစ္ပြဲလဲမထပ္ေအာင္ေဖ်ာ္ေျဖတင္ဆက္ခဲ့တယ္။ အဲ့ဒီေတာ့ အမ်ားစုကႏွစ္သက္လာၿပီးေတာ့မွ ေနာက္ပိုင္း ျမန္မာႏုိင္ငံရဲ႕ ေခတ္ေပၚေတးဂီတအပိုင္းမွာ ဖက္ရွင္ဟာ ပိုၿပီးေခတ္စားလာခဲ့တယ္။ ၿပီးတဲ့ေနာက္ဖက္ရွင္ေဖာ္ျပမႈေတြ၊ ဖက္ရွင္တီထြင္မႈေတြဟာ တစ္ျပည္လံုးမွာ ထြန္းေတာက္ေခတ္စားလာခဲ့ၿပီးေတာ့မွ အဲ့ဒီလိုအခ်ိန္အခါေလးနဲ႕တိုက္ဆိုင္ၿပီးေတာ့မွ ဦးရဲ႕ဖက္ရွင္ကို ျပည္သူလူထုအတြက္ ရုပ္ရွင္ရိုက္ၿပီးတင္ဆက္ေပးဖို႕ဒါရုိက္တာေက်ာ္ေဇာ္လင္းအပါအ၀င္ေတးထုတ္လုပ္သူမိတ္ေဆြမ်ားကေန စိတ္၀င္စားၿပီးဦးတို႕ကို လာကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒီေတာ့ဦးတို႕အျပင္ဖက္မွာ လုပ္ေနတဲ့ လုပ္ငန္းနဲ႕လဲ ကိုက္ညီတဲ့အတြက္ဦးတို႕ကစိတ္၀င္စားၿပီးလက္ခံျဖစ္ခဲ့တာပါ။

-ပရိသတ္ေတြကလဲဦးရုပ္ရွင္ရုိက္ေတာ့မယ္ဆုိတာကိုသိတဲ့အခါအရမ္းကိုစိတ္လႈပ္ရွားၿပီးရင္ခုန္ေနၾကတယ္ေနာ္။

ပရိသတ္ေတြက ရင္ခုန္ၾကတယ္။ အားေပးၾကတယ္ဆိုတာသိရတဲ့အတြက္ဦးတို႕ကလဲအင္မတန္၀မ္းသာတယ္။ ပုိၿပီးၾကည္ႏူးတယ္။ အင္မတန္လိႈက္လိႈက္လွဲလွဲကို ၀မ္းသာၾကည္ႏူးရတာပါ။ ဘာလို႕လဲဆိုေတာ့ ပရိသတ္ဆိုတာ ဦးတို႕ရဲ႕မိဘပဲေလ။ ဒီမိဘေတြရဲ႕ေစာင့္ေရွာက္မႈနဲ႕မိဘေတြရဲ႕အားေပးေျမေတာင္ေျမွာက္မႈေၾကာင့္ ဒီေနရာကိုေရာက္တာဆိုေတာ့ ျပည္သူလူထုဟာဦးတုိ႕ရဲ႕မိဘပါပဲ။ ကိုယ့္ရဲ႕မိဘ၊ ကိုယ့္ရဲ႕ေက်းဇူးရွင္ကဦးတို႕အခုလုပ္မဲ့အႏုပညာအလုပ္ကိုစိတ္၀င္တစားနဲ႕ရင္ခုန္ၿပီးေစာင့္ေမွ်ာ္ေနၾကတယ္ ၾကိဳဆိုၿပီးငံ့လင့္ၾကတယ္ဆိုေတာ့ ဦးအေနနဲ႕ပိုၿပီး၀မ္းသာပီတိျဖစ္ရတာေပါ့။

-ဦးရဲ႕ဖက္ရွင္နဲ႕ပတ္သက္ၿပီး အန္တီပဲစီစဥ္ေပးတာလား။

ဟုတ္တာေပါ့ကြယ္။ အစ္မအေနနဲ႕ကလဲ ဒီကားထဲမွာဦးရဲ႕ဖက္ရွင္ေတြတီထြင္ေပးသူအျဖစ္သူပါ၀င္ရတယ္။ အဲ့ဒီကာရိုက္တာကို သူယူထားတယ္။ အျပင္မွာလဲ အဲ့ဒီအတိုင္းပါပဲ။ ဦးရဲ႕ဖက္ရွင္မွန္သမွ်ကို အခ်စ္ဆံုးေလးေတးခ်စ္သူကစီစဥ္ေပးတယ္။ ဦးနဲ႕လုိက္ဖက္တဲ့အစေတြသူပဲ ၀ယ္တယ္။ ေနာက္ကုတ္အက်ီၤေတြ၊ ေဘာင္းဘီေတြသူပဲ၀ယ္တယ္။ ေနာက္အစေတြကိုရန္ကုန္ယူလာၿပီး ရန္ကုန္ကမိတ္ေဆြခ်ဳပ္လုပ္တဲ့သူေတြကိုအစ္မကဒီဇိုင္းေတြေပးၿပီးခ်ဳပ္ခိုင္းတယ္။ ဦးရဲ႕ေဘာ္ဒီနဲ႕လိုက္ဖက္မဲ့ ပံုသ႑ာန္ေလးေတြကိုသူကစိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႕ထြင္ၿပီး ခ်ဳပ္လုပ္တဲ့သူနဲ႕တိုင္ပင္ၿပီးခ်ဳပ္ခုိင္းတယ္ေပါ့။

-ရန္ကုန္ျပန္ေရာက္ေနတာေရာ ဘယ္ေလာက္ရွိသြားၿပီလဲ။

အခုတစ္ေခါက္က တစ္ႏွစ္ေလာက္ရွိၿပီေပါ့။ အၿပီးေတာ့ျပန္မလာေသးဘူး။ ဟိုမွာေနလိုက္၊ ဒီမွာေနလိုက္ပါပဲ။

-ကိုညိဳမင္းလြင္ကားမွာေရာ ဦးပါေသးလားမသိဘူး။

ဒီကားမရုိက္ခင္ကေတာ့ သမီးငယ္တစ္ေယာက္က ဖုန္းဆက္ၿပီးလာကမ္းလွမ္းတယ္။ အဲ့ဒီကားကုိေတာ့ ဦးတို႕လက္မခံျဖစ္လိုက္ပါဘူး။ အဲ့ဒီထဲမွာ ဦးကိုလဲသူတုိ႕တစ္ေနရာစိတ္ကူးတယ္ေလ။ ဒါေပမဲ့ဦးတို႕ကဒီဖက္ရွင္ကို လက္ခံၿပီးသားဆိုေတာ့ ဟိုဟာကိုျငင္းလိုက္ရတယ္။

-အန္တီကဦးနဲ႕အျမဲတမ္းတစ္တြဲတြဲ ပါတယ္ဆိုေတာ့ အန္တီနဲ႕ပတ္သက္ၿပီး ဦးရဲ႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

သူကေတာ့ဆရာ၀န္ကြာ ၿပီးေတာ့ အဂၤလန္မွာလဲ ဆရာ၀န္လုပ္တယ္။ သူသက္ဆုိင္ရာဆရာ၀န္လက္မွတ္ေတြလဲ အကုန္ရၿပီးၿပီကြာ။ အဲ့ဒီမွာႏွစ္ေပါင္းမ်ားစြာ ေမ့ေဆးဆရာ၀န္လုပ္တယ္။ အဲ့ဒီကေန အေမရိကားကို ေမ့ေဆးဆရာ၀န္အျဖစ္ အလုပ္လုပ္တယ္။ အခုထက္ထိဟိုမွာ part time နည္းနည္း လုပ္ေနရေသးတယ္။ သူ႕ရဲ႕မူရင္းအလုပ္က အဲဒ့ါပါ။ သူကေတးဂီတကိုလဲ တစ္အား၀ါသနာပါတဲ့သူျဖစ္တယ္။ ၿပီးေတာ့ သူကဦးတို႕ထက္ပုိၿပီး ဥာဏ္ေကာင္းတယ္။ ေတာ္တယ္။ Smart ျဖစ္တယ္။ Buissness အေတြးအေခၚေတြလဲ ပိုၿပီးထက္ျမက္တယ္။ အေမရိကားမွာ buissness ေတြအကုန္လံုးက သူပဲဦးေဆာင္တာပါပဲ။ ဦးတို႕ကသူ႕ကိုကူညီၿပီးေအာက္ပိုင္းကေနလုပ္ေပးရသူေတြျဖစ္တယ္။ သူကဟိုးအေပၚကပါ။ အဲ့ဒီေတာ့ဦးရဲ႕ဂီတပိုင္းမွာလဲျဖန္႕ၾကည့္တဲ့အခါမွာဦးဘယ္လို၀တ္သင့္တယ္။ စင္ေပၚမွာဘယ္လိုသီခ်င္းဆိုသင့္တယ္။ ဘယ္သီခ်င္းေရြးသင့္တယ္။ ဘယ္သီခ်င္းကိုေရွ႕မွာထားၿပီး ဘယ္သီခ်င္းကိုေနာက္မွာ ထားသင့္တယ္။ ဘယ္လိုအကေတြ ထည့္မလဲအစရွိသျဖင့္ သူကဖန္တီးတယ္။ ဦးကတီးတတ္၊ ဆိုတတ္၊ ဂီတမွဴးလုပ္တတ္ရံုပဲရွိတယ္။ ဖန္တီးမႈမွာသူ႕ရဲ႕ေတြးေခၚမႈေတြ အမ်ားၾကီးပါ၀င္တယ္။ ဦးအတြက္သူက မရွိမျဖစ္ပါ။ ႏုိင္ငံျခားမွာလဲ နာမည္ၾကီးအဆုိေတာ္ေတြမ်ားေသာအားျဖင့္ က သူတို႕မွာေဘးက အဲ့ဒီလိုပုဂၢိဳလ္ေတြ ၀န္းရံေပးၾကတယ္။ သူတို႕ကအခ်ိန္တန္ရင္ တီးဆိုၾကဖို႕ပဲေလ။ ဒါကေတာ့ သဘာ၀ပဲ။ ဦးအတြက္ကလဲ သူကတစ္အား အားကိုးရတယ္။ ေနာက္ဆရာ၀န္ျဖစ္ေနတဲ့အတြက္ကို ဦးရဲ႕က်န္းမာေရးနဲ႕ပတ္သက္ၿပီး အရမ္းဂရုစိုက္ေပးတယ္။ သူနဲ႕ေတြ႕မွ ဦးရဲ႕က်န္းမာေရးကို ဂရုစိုက္နည္းေတြသိလာတယ္။ ပိုဗဟုသုတပိုၾကြယ္၀လာတယ္။ အဲ့ဒီလိုနဲ႕ကိုယ့္ရဲ႕အေမလိုလဲ သူ႕အားကိုးရတယ္။ ကိုယ့္ရဲ႕အင္မတန္ယံုၾကည္စိတ္ခ်ရတဲ့ၾကင္ေဖာ္အျဖစ္လဲအားကိုးရတယ္။ အင္မတန္အႏြံတာခံတဲ့ ကိုယ့္ရဲ႕ညီမကေလးလိုလဲ အားကိုးရတယ္။ အဖက္ဖက္ကအားကိုးရပါတယ္။

-ဂီတနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘာေတြဆက္လုပ္သြားဖို႕ရွိမလဲ။

ရွိတယ္။ ရွိတယ္။ ရွိေနပါတယ္ေလ။ အခုက မအားဘူးျဖစ္ေနလို႕ပါ။ ျမန္မာ idol မွာလဲ အကဲျဖတ္ေပးရတယ္။ ေနာက္ဒီဖက္ရွင္ကလဲ ၀င္လာတယ္။ ဆိုေတာ့ဒီၾကားထဲမွာ ဦးအသံသြင္းခ်င္တာရွိတယ္။ သြင္းခ်င္တဲ့ စီးရီးေတြလဲရွိတယ္။ သြင္းခ်င္တဲ့ စပြန္ဆာကလဲ အဆင္သင့္ပဲ။ ဦးအားတဲ့အခါမွာ စတူဒီယိုဒိတ္ယူၿပီးဆက္လုပ္သြားဖို႕ေတြရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version



၁၉၆၈ ခုနှစ်ကတည်းက မြန်မာသံစဉ်သီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူကတော့ မြန်မာပြည်သိန်းတန်ပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေဟာ ပရိသတ်ပေါင်းများစွာရဲ့ ရင်ထဲကို ဝင်ရောက်ခဲ့ပေမယ့် ၁၉၈၉ ခုနှစ်မှာတော့ မြန်မာပြည်သိန်းတန်ဟာ အမေရိကားနိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကာ ဂီတလုပ်ငန်းတွေကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာပြည်သိန်းတန် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အခါမှာ သူ့ရဲ့မရိုးနိုင်တဲ့ သီချင်းတွေနဲ့အတူ ဆန်းပြားတဲ့ ဖက်ရှင်တွေကလဲ ပရိသတ်အတွက် အထူးအဆန်းသဖွယ် ဖြစ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ မြန်မာပြည်သိန်းတန်ဟာ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအဖြစ် သူ့ရဲ့ဖက်ရှင်တွေကို အဓိက အသားပေးရိုက်ကူးနေတဲ့ ဖက်ရှင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်နေပြီလို့သိရတာကြောင့် သူရှိရာရိုက်ကွင်းသို့သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက ဖက်ရှင်တဲ့။ ဒါရိုက်တာ ကိုကျော်ဇော်လင်းပါ။ ဦးပါမယ်။ ဦးရဲ့အချစ်ဆုံးတေးချစ်သူပါမယ်။ ပြီးတော့ဇေရဲထက်ပါမယ်။ ခင်ဝင့်ဝါပါမယ်ပေါ့။

-ဦးရဲ့ကာရိုက်တာလေးကရော ဘယ်လိုမျိုးလေးများလဲ။

ဒီထဲမှာဦးက အနုပညာရှင်ပါပဲ။ သီချင်းဆိုဖူးခဲ့တဲ့ အတီးသမားဖြစ်ခဲ့တဲ့၊ ပြီးတော့ ဖက်ရှင်တွေတအားကြိုက်နှစ်သက်ပြီးဝတ်ခဲ့တဲ့ ကာရိုက်တာပါပဲ။ ပြီးတော့ လုပ်ငန်းကြီးတစ်ခုမှာ ဒါရိုက်တာကြီးတစ်ဦးအဖြစ်ဆောင်ရွက်တယ်။ ဦးရဲ့ဝါသနာကတေးဂီတအနုပညာသမားပေါ့ကွယ်။ ဖက်ရှင်တွေလဲကြိုက်နှစ်သက်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒီဖက်ရှင်တွေကိုလဲ အများကြီးဝတ်တယ်။ အဲ့ဒါတွေကိုဖန်တီးပေးတဲ့သူကတော့ ဦးရဲ့အချစ်ဆုံးတေးချစ်သူပေါ့။ ဒေါက်တာနုနန္ဒာသန်းပေါ့။ သူကလဲအဲ့ဒီဖက်ရှင်တွေကိုဖန်တီးသူအဖြစ်ဦးနဲ့သရုပ်ဆောင်ရပါတယ်။

-ဒီကားလေးကို လက်ခံဖြစ်ခဲ့တာကရော ဘယ်လိုအကြောင်းမျိုးကြောင့်များလဲ။

ဦးတို့လဲ အမေရိကားကနေ ဒီကိုပြန်ရောက်ဖြစ်ပြီးတော့ တေးဂီတဖျော်ဖြေပွဲတွေကို ဦးတို့နှစ်ယောက်ဆောင်ရွက်ခဲ့တဲ့နေရာမှာ ဘာတစ်မူဆန်းပြီးလုပ်ဖြစ်ခဲ့လဲဆိုတော့ ဦးတို့ရဲ့ဖက်ရှင်ပေါ့။ စင်ပေါ်မှာဦးဝတ်ခဲ့တဲ့ ဖက်ရှင်တွေကထူးထူးခြားခြားပြောင်းလဲပြီးတော့ ဖန်တီးဝတ်ဆင်ဖြစ်ခဲ့တယ်။ အဲ့ဒီတော့ အမေရိကားသွားလိုက်၊ မြန်မာပြည်လာလိုက်နဲ့၂၀၁၁ ထဲကနေ ၂၀၁၆ ထိ နှစ်တိုင်းအမြဲပြန်လာပြီး စတိတ်ရှိုးလုပ်ဖြစ်တဲ့အခါမှာ ဦးရဲ့အချစ်ဆုံးတေးချစ်သူကနေဖန်တီးပေးတဲ့ ဖက်ရှင်တွေကို ဦးကနေဝတ်ပြီး စင်ပေါ်မှာဖျော်ဖြေပစ်ခဲ့တာကို ပရိသတ်အများစုကနှစ်သက်အားပေးခဲ့တယ်။ နှစ်ခြိုက်တယ်။ ဦးတို့ကလဲ ဒီဖက်ရှင်ကို တစ်ခါနဲ့တစ်ခါမတူတဲ့ထူးခြားတဲ့ တီထွင်မှုလေးတွေနဲ့တစ်ပွဲနဲ့တစ်ပွဲလဲမထပ်အောင်ဖျော်ဖြေတင်ဆက်ခဲ့တယ်။ အဲ့ဒီတော့ အများစုကနှစ်သက်လာပြီးတော့မှ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ခေတ်ပေါ်တေးဂီတအပိုင်းမှာ ဖက်ရှင်ဟာ ပိုပြီးခေတ်စားလာခဲ့တယ်။ ပြီးတဲ့နောက်ဖက်ရှင်ဖော်ပြမှုတွေ၊ ဖက်ရှင်တီထွင်မှုတွေဟာ တစ်ပြည်လုံးမှာ ထွန်းတောက်ခေတ်စားလာခဲ့ပြီးတော့မှ အဲ့ဒီလိုအချိန်အခါလေးနဲ့တိုက်ဆိုင်ပြီးတော့မှ ဦးရဲ့ဖက်ရှင်ကို ပြည်သူလူထုအတွက် ရုပ်ရှင်ရိုက်ပြီးတင်ဆက်ပေးဖို့ဒါရိုက်တာကျော်ဇော်လင်းအပါအဝင်တေးထုတ်လုပ်သူမိတ်ဆွေများကနေ စိတ်ဝင်စားပြီးဦးတို့ကို လာကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒီတော့ဦးတို့အပြင်ဖက်မှာ လုပ်နေတဲ့ လုပ်ငန်းနဲ့လဲ ကိုက်ညီတဲ့အတွက်ဦးတို့ကစိတ်ဝင်စားပြီးလက်ခံဖြစ်ခဲ့တာပါ။

-ပရိသတ်တွေကလဲဦးရုပ်ရှင်ရိုက်တော့မယ်ဆိုတာကိုသိတဲ့အခါအရမ်းကိုစိတ်လှုပ်ရှားပြီးရင်ခုန်နေကြတယ်နော်။

ပရိသတ်တွေက ရင်ခုန်ကြတယ်။ အားပေးကြတယ်ဆိုတာသိရတဲ့အတွက်ဦးတို့ကလဲအင်မတန်ဝမ်းသာတယ်။ ပိုပြီးကြည်နူးတယ်။ အင်မတန်လှိုက်လှိုက်လှဲလှဲကို ဝမ်းသာကြည်နူးရတာပါ။ ဘာလို့လဲဆိုတော့ ပရိသတ်ဆိုတာ ဦးတို့ရဲ့မိဘပဲလေ။ ဒီမိဘတွေရဲ့စောင့်ရှောက်မှုနဲ့မိဘတွေရဲ့အားပေးမြေတောင်မြှောက်မှုကြောင့် ဒီနေရာကိုရောက်တာဆိုတော့ ပြည်သူလူထုဟာဦးတို့ရဲ့မိဘပါပဲ။ ကိုယ့်ရဲ့မိဘ၊ ကိုယ့်ရဲ့ကျေးဇူးရှင်ကဦးတို့အခုလုပ်မဲ့အနုပညာအလုပ်ကိုစိတ်ဝင်တစားနဲ့ရင်ခုန်ပြီးစောင့်မျှော်နေကြတယ် ကြိုဆိုပြီးငံ့လင့်ကြတယ်ဆိုတော့ ဦးအနေနဲ့ပိုပြီးဝမ်းသာပီတိဖြစ်ရတာပေါ့။

-ဦးရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး အန်တီပဲစီစဉ်ပေးတာလား။

ဟုတ်တာပေါ့ကွယ်။ အစ်မအနေနဲ့ကလဲ ဒီကားထဲမှာဦးရဲ့ဖက်ရှင်တွေတီထွင်ပေးသူအဖြစ်သူပါဝင်ရတယ်။ အဲ့ဒီကာရိုက်တာကို သူယူထားတယ်။ အပြင်မှာလဲ အဲ့ဒီအတိုင်းပါပဲ။ ဦးရဲ့ဖက်ရှင်မှန်သမျှကို အချစ်ဆုံးလေးတေးချစ်သူကစီစဉ်ပေးတယ်။ ဦးနဲ့လိုက်ဖက်တဲ့အစတွေသူပဲ ဝယ်တယ်။ နောက်ကုတ်အကျီၤတွေ၊ ဘောင်းဘီတွေသူပဲဝယ်တယ်။ နောက်အစတွေကိုရန်ကုန်ယူလာပြီး ရန်ကုန်ကမိတ်ဆွေချုပ်လုပ်တဲ့သူတွေကိုအစ်မကဒီဇိုင်းတွေပေးပြီးချုပ်ခိုင်းတယ်။ ဦးရဲ့ဘော်ဒီနဲ့လိုက်ဖက်မဲ့ ပုံသဏ္ဍာန်လေးတွေကိုသူကစိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ထွင်ပြီး ချုပ်လုပ်တဲ့သူနဲ့တိုင်ပင်ပြီးချုပ်ခိုင်းတယ်ပေါ့။

-ရန်ကုန်ပြန်ရောက်နေတာရော ဘယ်လောက်ရှိသွားပြီလဲ။

အခုတစ်ခေါက်က တစ်နှစ်လောက်ရှိပြီပေါ့။ အပြီးတော့ပြန်မလာသေးဘူး။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ပါပဲ။

-ကိုညိုမင်းလွင်ကားမှာရော ဦးပါသေးလားမသိဘူး။

ဒီကားမရိုက်ခင်ကတော့ သမီးငယ်တစ်ယောက်က ဖုန်းဆက်ပြီးလာကမ်းလှမ်းတယ်။ အဲ့ဒီကားကိုတော့ ဦးတို့လက်မခံဖြစ်လိုက်ပါဘူး။ အဲ့ဒီထဲမှာ ဦးကိုလဲသူတို့တစ်နေရာစိတ်ကူးတယ်လေ။ ဒါပေမဲ့ဦးတို့ကဒီဖက်ရှင်ကို လက်ခံပြီးသားဆိုတော့ ဟိုဟာကိုငြင်းလိုက်ရတယ်။

-အန်တီကဦးနဲ့အမြဲတမ်းတစ်တွဲတွဲ ပါတယ်ဆိုတော့ အန်တီနဲ့ပတ်သက်ပြီး ဦးရဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

သူကတော့ဆရာဝန်ကွာ ပြီးတော့ အင်္ဂလန်မှာလဲ ဆရာဝန်လုပ်တယ်။ သူသက်ဆိုင်ရာဆရာဝန်လက်မှတ်တွေလဲ အကုန်ရပြီးပြီကွာ။ အဲ့ဒီမှာနှစ်ပေါင်းများစွာ မေ့ဆေးဆရာဝန်လုပ်တယ်။ အဲ့ဒီကနေ အမေရိကားကို မေ့ဆေးဆရာဝန်အဖြစ် အလုပ်လုပ်တယ်။ အခုထက်ထိဟိုမှာ part time နည်းနည်း လုပ်နေရသေးတယ်။ သူ့ရဲ့မူရင်းအလုပ်က အဲဒ့ါပါ။ သူကတေးဂီတကိုလဲ တစ်အားဝါသနာပါတဲ့သူဖြစ်တယ်။ ပြီးတော့ သူကဦးတို့ထက်ပိုပြီး ဉာဏ်ကောင်းတယ်။ တော်တယ်။ Smart ဖြစ်တယ်။ Buissness အတွေးအခေါ်တွေလဲ ပိုပြီးထက်မြက်တယ်။ အမေရိကားမှာ buissness တွေအကုန်လုံးက သူပဲဦးဆောင်တာပါပဲ။ ဦးတို့ကသူ့ကိုကူညီပြီးအောက်ပိုင်းကနေလုပ်ပေးရသူတွေဖြစ်တယ်။ သူကဟိုးအပေါ်ကပါ။ အဲ့ဒီတော့ဦးရဲ့ဂီတပိုင်းမှာလဲဖြန့်ကြည့်တဲ့အခါမှာဦးဘယ်လိုဝတ်သင့်တယ်။ စင်ပေါ်မှာဘယ်လိုသီချင်းဆိုသင့်တယ်။ ဘယ်သီချင်းရွေးသင့်တယ်။ ဘယ်သီချင်းကိုရှေ့မှာထားပြီး ဘယ်သီချင်းကိုနောက်မှာ ထားသင့်တယ်။ ဘယ်လိုအကတွေ ထည့်မလဲအစရှိသဖြင့် သူကဖန်တီးတယ်။ ဦးကတီးတတ်၊ ဆိုတတ်၊ ဂီတမှူးလုပ်တတ်ရုံပဲရှိတယ်။ ဖန်တီးမှုမှာသူ့ရဲ့တွေးခေါ်မှုတွေ အများကြီးပါဝင်တယ်။ ဦးအတွက်သူက မရှိမဖြစ်ပါ။ နိုင်ငံခြားမှာလဲ နာမည်ကြီးအဆိုတော်တွေများသောအားဖြင့် က သူတို့မှာဘေးက အဲ့ဒီလိုပုဂ္ဂိုလ်တွေ ဝန်းရံပေးကြတယ်။ သူတို့ကအချိန်တန်ရင် တီးဆိုကြဖို့ပဲလေ။ ဒါကတော့ သဘာဝပဲ။ ဦးအတွက်ကလဲ သူကတစ်အား အားကိုးရတယ်။ နောက်ဆရာဝန်ဖြစ်နေတဲ့အတွက်ကို ဦးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်ပေးတယ်။ သူနဲ့တွေ့မှ ဦးရဲ့ကျန်းမာရေးကို ဂရုစိုက်နည်းတွေသိလာတယ်။ ပိုဗဟုသုတပိုကြွယ်ဝလာတယ်။ အဲ့ဒီလိုနဲ့ကိုယ့်ရဲ့အမေလိုလဲ သူ့အားကိုးရတယ်။ ကိုယ့်ရဲ့အင်မတန်ယုံကြည်စိတ်ချရတဲ့ကြင်ဖော်အဖြစ်လဲအားကိုးရတယ်။ အင်မတန်အနွံတာခံတဲ့ ကိုယ့်ရဲ့ညီမကလေးလိုလဲ အားကိုးရတယ်။ အဖက်ဖက်ကအားကိုးရပါတယ်။

-ဂီတနဲ့ပတ်သက်ပြီးတော့ရော ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ရှိတယ်။ ရှိတယ်။ ရှိနေပါတယ်လေ။ အခုက မအားဘူးဖြစ်နေလို့ပါ။ မြန်မာ idol မှာလဲ အကဲဖြတ်ပေးရတယ်။ နောက်ဒီဖက်ရှင်ကလဲ ဝင်လာတယ်။ ဆိုတော့ဒီကြားထဲမှာ ဦးအသံသွင်းချင်တာရှိတယ်။ သွင်းချင်တဲ့ စီးရီးတွေလဲရှိတယ်။ သွင်းချင်တဲ့ စပွန်ဆာကလဲ အဆင်သင့်ပဲ။ ဦးအားတဲ့အခါမှာ စတူဒီယိုဒိတ်ယူပြီးဆက်လုပ်သွားဖို့တွေရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top