Property Expo
×

ဘီယာဆုိတာ ေရ ႏွင့္ လက္ဖက္ရည္ၿပီးရင္ေတာ့ ကမၻာေပၚမွာ လူအမ်ားဆုံးေသာက္တဲ့ အရည္ျဖစ္ပါတယ္။ ဘီယာတစ္ခြက္ (၄၇၃ မီလီလီတာ) ကုိ ေန႔စဥ္ေသာက္သုံးျခင္းျဖင့္ ကုိလက္စထေရာ (Cholesterol) ကုိ မ်ွတေစတဲ့အျပင္ ဦးေႏွာက္ေသြးေၾကာပ်က္ျခင္း ၊ ႏွလုံးေရာဂါမ်ားကုိ ကာကြယ္ေစပါတယ္လုိ႔ လူရွစ္ေသာင္း (၈ဝ,ဝဝဝ) ကုိ သုေတသနလုပ္ၿပီး သိရွိရပါတယ္။ တစ္ေန႔လ်င္ အရက္ တစ္ႀကိမ္ (သုိ႔) ႏွစ္ႀကိမ္ ေသာက္သုံးျခင္းဟာ သာမန္လူမ်ားထက္ ကုိလက္စထေရာ (Cholesterol) ပုိမုိေလ်ာ့က်ေစပါတယ္လုိ႔ သိရွိရပါတယ္။

ဘီယာကုိ ေသာက္သုံးျခင္းက အရက္ေသာက္ျခင္းထက္ ကုိလက္စထေရာကုိ ေလ်ာ့က်ေစရုံသာမက ႏွလုံးေရာဂါမ်ားကုိ ပုိမုိကာကြယ္ေစပါတယ္လုိ႔ Pennsylvania ျပည္နယ္တကၠသုိလ္ ( Pennsylvania State University ) ရဲ႕ ေလ့လာမႈတစ္ရပ္အရ သိရျပန္ပါတယ္။ သုေတသနျပဳလုပ္လုိက္တဲ့ လူရွစ္ေသာင္းဟာ တရုတ္လူမ်ိဳးေတြျဖစ္တဲ့အတြက္ Alcohol – Cholesterol ဆက္သြယ္ခ်က္ဟာ အျခားလူမ်ိဳးမ်ားႏွင့္လည္း သက္ဆုိင္သလားဆုိတာ ဆက္လက္ေလ့လာဖုိ႔ လုိအပ္ပါေသးတယ္။ ဘီယာကုိ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ေသာက္သုံးျခင္းဟာ လုံးဝမေသာက္တဲ့လူ (သုိ႔) အလြန္အက်ဴးေသာက္တဲ့လူထက္ အသက္ပုိရွည္ေစပါတယ္လုိ႔ American Heart Association ရဲ႕အဆုိအရ သိရျပန္ပါတယ္။

ဘီယာေသာက္သုံးျခင္းဟာ ႏွလုံးေရာဂါ ၊ ဦးေႏွာက္ေသြးေၾကာပ်က္ေရာဂါေတြ ဘယ္လုိပင္ ကာကြယ္ပါေစ ၊ “ တန္ေဆး ၊ လြန္ေဘး” ဆုိတဲ့အတုိင္း ပမာဏမ်ားရင္ေတာ့ အႏၱရာယ္ရွိႏုိင္ပါတယ္။ ဒါ့ေၾကာင့္လည္း ၿဗိတိန္အစုိးရဟာ တစ္ပတ္လ်င္ ဘီယာ ၁၄ယူနစ္ထက္ ပုိမေသာက္ဖုိ႔ တားျမစ္ထားပါေသးတယ္။ ( Alcohol Percentage × Volume/1000 = Unit) ။ ကဲ . . ဘာပဲျဖစ္ပါေစ . . ခ်ိဳျမျမနဲ႕ ဘီယာရဲ႕အရသာကုိ ခံစားလုိက္ရင္း ႏွလုံးေရာဂါကုိလည္း ကာကြယ္ၿပီးသားျဖစ္တဲ့အတြက္ ဘီယာသမားေတြ Cheers!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akhayar

#Unicode Version

ဘီယာဆိုတာ ရေ နှင့် လက်ဖက်ရည်ပြီးရင်တော့ ကမ္ဘာပေါ်မှာ လူအများဆုံးသောက်တဲ့ အရည်ဖြစ်ပါတယ်။ ဘီယာတစ်ခွက် (၄၇၃ မီလီလီတာ) ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ကိုလက်စထရော (Cholesterol) ကို မျှတစေတဲ့အပြင် ဦးနှောက်သွေးကြောပျက်ခြင်း ၊ နှလုံးရောဂါများကို ကာကွယ်စေပါတယ်လို့ လူရှစ်သောင်း (၈ဝ,ဝဝဝ) ကို သုတေသနလုပ်ပြီး သိရှိရပါတယ်။ တစ်နေ့လျင် အရက် တစ်ကြိမ် (သို့) နှစ်ကြိမ် သောက်သုံးခြင်းဟာ သာမန်လူများထက် ကိုလက်စထရော (Cholesterol) ပိုမိုလျော့ကျစေပါတယ်လို့ သိရှိရပါတယ်။

ဘီယာကို သောက်သုံးခြင်းက အရက်သောက်ခြင်းထက် ကိုလက်စထရောကို လျော့ကျစေရုံသာမက နှလုံးရောဂါများကို ပိုမိုကာကွယ်စေပါတယ်လို့ Pennsylvania ပြည်နယ်တက္ကသိုလ် ( Pennsylvania State University ) ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပြန်ပါတယ်။ သုတေသနပြုလုပ်လိုက်တဲ့ လူရှစ်သောင်းဟာ တရုတ်လူမျိုးတွေဖြစ်တဲ့အတွက် Alcohol – Cholesterol ဆက်သွယ်ချက်ဟာ အခြားလူမျိုးများနှင့်လည်း သက်ဆိုင်သလားဆိုတာ ဆက်လက်လေ့လာဖို့ လိုအပ်ပါသေးတယ်။ ဘီယာကို ချင့်ချင့်ချိန်ချိန်သောက်သုံးခြင်းဟာ လုံးဝမသောက်တဲ့လူ (သို့) အလွန်အကျူးသောက်တဲ့လူထက် အသက်ပိုရှည်စေပါတယ်လို့ American Heart Association ရဲ့အဆိုအရ သိရပြန်ပါတယ်။

ဘီယာသောက်သုံးခြင်းဟာ နှလုံးရောဂါ ၊ ဦးနှောက်သွေးကြောပျက်ရောဂါတွေ ဘယ်လိုပင် ကာကွယ်ပါစေ ၊ “ တန်ဆေး ၊ လွန်ဘေး” ဆိုတဲ့အတိုင်း ပမာဏများရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်အစိုးရဟာ တစ်ပတ်လျင် ဘီယာ ၁၄ယူနစ်ထက် ပိုမသောက်ဖို့ တားမြစ်ထားပါသေးတယ်။ ( Alcohol Percentage × Volume/1000 = Unit) ။ ကဲ . . ဘာပဲဖြစ်ပါစေ . . ချိုမြမြနဲ့ ဘီယာရဲ့အရသာကို ခံစားလိုက်ရင်း နှလုံးရောဂါကိုလည်း ကာကွယ်ပြီးသားဖြစ်တဲ့အတွက် ဘီယာသမားတွေ Cheers!

ဖိုးသူတော် (www.phothutaw.com)
Credit: akhayar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top