Kantharyar Centre
×

တ႐ုတ္ႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္စစ္ဦးစီးခ်ဳပ္တုိ႔ ေတြ႕ဆုံေဆြေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ေအာက္တုိဘာ ၂၈ ရက္က စတင္ကာ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ ယူနန္ျပည္နယ္သုိ႔ အလည္အပတ္ ေရာက္ရွိေနျခင္းျဖစ္ၿပီး ေအာက္တုိဘာ၃၁ ရက္တြင္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးစစ္ဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-တ႐ုတ္ႏွစ္ ႏိုင္ငံသည္ ကီလိုမီတာ ၂၀ဝ၀ ေက်ာ္နယ္နိမိတ္ ထိစပ္ေနသည့္အိမ္နီးခ်င္းႏိုင္ငံမ်ား ျဖစ္ကာ ဆက္ဆံေရး ပိုမိုခိုင္မာေအာင္လုပ္ေဆာင္ရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္လည္း  ျပည္သူ႔ဆႏၵႏွင့္အညီ ျပဳျပင္ေျပာင္းလဲေရး လုပ္ေဆာင္ေနေၾကာင္းႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေစေရး ေဆြးေႏြးေနမႈ အေျခအေနမ်ားကို ရွင္းျပခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။

    တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ စစ္ဦးစီးခ်ဳပ္ကလည္း ႏွစ္ႏုိင္ငံ ပိုမိုနီးကပ္စြာ ထိေတြ႕ဆက္ဆံျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္သြားမည္ဟု ျပန္လည္ရွင္းလင္းခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။ ထုိအျပင္ နယ္စပ္ေဒသ အေရး၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္း ေဆာင္ရြက္မႈမ်ားအတြက္ ေဆြးေႏြးခဲ႔ေၾကာင္း သတင္းထုတ္ျပန္သည္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အားတ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္စစ္ဦးစီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၈ ရက်က စတင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်သို့ အလည်အပတ် ရောက်ရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ၃၁ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ်နှစ် နိုင်ငံသည် ကီလိုမီတာ ၂၀ဝ၀ ကျော်နယ်နိမိတ် ထိစပ်နေသည့်အိမ်နီးချင်းနိုင်ငံများ ဖြစ်ကာ ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း  ပြည်သူ့ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေး ဆွေးနွေးနေမှု အခြေအနေများကို ရှင်းပြခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကလည်း နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုအပြင် နယ်စပ်ဒေသ အရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top