Property Expo
×

 အင္အားျပင္းထန္သည့္ ငလ်င္ႀကီးမ်ားေၾကာင့္ နယူးဇီလန္၏ ပထဝီဝင္ အေနအထားတြင္ အေျပာင္းအလဲမ်ား ရွိလာေၾကာင္း သိရသည္။

ယခုသီတင္းပတ္ အေစာပိုင္းက ရစ္ခ်္တာစေကး ၇.၈ အဆင့္ရွိ အင္အားျပင္း ငလ်င္တစ္ခုႏွင့္ ေနာက္ဆက္တြဲအျဖစ္ ရစ္ခ်္တာစေကး ၆.၅ မွ်ရွိေသာ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ရာ နယူးဇီလန္တြင္ လူ ၂ ဦး ေသဆံုးခဲ့သည္။ အဆုိပါ ငလ်င္မ်ား လႈပ္ခတ္ရာ ခရစၥခ်တ္ခ်္သည္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း အင္အားႀကီးမားသည့္ ငလ်င္ႀကီးမ်ားဒဏ္ကို ဆက္တိုက္လုိလုိ ခံစားခဲ့ရသည္။

ယခုေနာက္ဆံုး လႈပ္ခတ္ခဲ့သည့္ ရစ္ခ်္တာစေကး ၇.၈ ငလ်င္ႀကီးမွာမူ ငလ်င္ပညာရပ္ သမုိင္းတြင္ တုိင္းတာေတြ႕ရွိရသမွ် ဖြဲ႕စည္းပံု အ႐ႈပ္ေထြးဆံုး အမ်ိဳးအစား တစ္ခုဟု ပညာရွင္မ်ားက ဆိုသည္။ ငလ်င္အမ်ားစုသည္ ေျမေအာက္ ျပတ္ေ႐ြ႕လႊာ တစ္ခု၏ လႈပ္ရွားမႈကို အေျခခံ၍ ျဖစ္ေပၚလာတတ္သည္။ သို႔ေသာ္ နယူးဇီလန္၏ ငလ်င္ႏွစ္ခုမွာ အနည္းဆံုး ျပတ္ေ႐ြ႕ ေျခာက္ခု၏ ဆက္စပ္ လႈပ္ရွားမႈေၾကာင့္ ေပၚေပါက္လာျခင္း ျဖစ္သည္။ ယင္းျပတ္ေ႐ြ႕မ်ားအနက္ ဝိုင္ပါပါ ပင္လယ္ေအာ္ ေအာက္ဘက္မွ တစ္ခုမွာ ယခုမွ အသစ္ေတြ႕ရွိျခင္းဟု သိရသည္။

နယူးဇီလန္ရွိ ကန္တာဘာရီ တကၠသိုလ္မွ ပညာရွင္မ်ားက ကိုင္ကူရာတြင္ လႈပ္ခတ္ခဲ့သည့္ ငလ်င္ႀကီးသည္ ေတာင္ဘက္တြင္ အစျပဳၿပီး ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ေၾကာင္း ဆိုသည္။ ငလ်င္ျပင္းအားသည္ စတင္သည့္ ေနရာမွ ကီလိုမီတာ ၇၀ အကြာတြင္ အျပင္းထန္ဆံုး ျဖစ္ေသာ္လည္း ငလ်င္ဒဏ္ကို တစ္ႏုိင္ငံလံုးလိုလို သက္ေရာက္ ခံစားခဲ့ရသည္။ ၿမိဳ႕ေတာ္ ဝယ္လင္တန္ အပါအဝင္ ေဒသအသီးသီးတြင္ လမ္းတံတားမ်ား၊ အေဆာက္အအံုမ်ား ပ်က္စီးခဲ့သည္။

ထို႔အျပင္ ငလ်င္မ်ားေၾကာင့္ ကမ္း႐ိုးတန္း ေဒသမ်ား၊ ေတာင္ကုန္းေတာင္ေစာင္းမ်ား တည္ေနပံုသည္ မူလအေနအထားမွ ေသြဖယ္ ေျပာင္းလဲသြားေၾကာင္းလည္း သိရသည္။ ေျမၿပိဳမႈမ်ားေၾကာင့္ ဟာပူကာျမစ္ အထက္ပိုင္းတြင္ မီတာ ၁၅၀ မွ်ျမင့္သည့္ သဘာဝ ေရကာတာတစ္ခု ျဖစ္ေပၚလာျခင္းကိုလည္း ပညာရွင္မ်ားက စိုးရိမ္ေနသည္။ ယင္းေရကာတာ ၿပိဳက်ပါက ျမစ္ေအာက္ပိုင္း ေဒသမ်ားအတြက္ အႀကီးအက်ယ္ ျပႆနာမ်ား ရွိလာႏိုင္ေသာေၾကာင့္ ျဖစ္သည္။

နယူးဇီလန္ အစိုးရက ငလ်င္ေၾကာင့္ ပ်က္စီးမႈ တန္ဖိုးသည္ ေဒၚလာ ၈.၄ ဘီလီယံမွ် ရွိလိမ့္မည္ဟု ခန္႔မွန္း တြက္ခ်က္ထားသည္။ ငလ်င္ႀကီးမ်ား လႈပ္ခတ္ခဲ့ခ်ိန္သည္ တစ္ပတ္နီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္ေသာ္လည္း ေနာက္ဆက္တြဲ ေျမလႊာတုန္ခါမႈ ငလ်င္ငယ္မ်ား ဆက္ျဖစ္ေနသလို စုစုေပါင္း ယင္းကဲ့သို႔ ငလ်င္ငယ္မ်ိဳး ၂၀၀၀ မွ်ထိ လႈပ္ရွားခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
 အင်အားပြင်းထန်သည့် ငလျင်ကြီးများကြောင့် နယူးဇီလန်၏ ပထဝီဝင် အနေအထားတွင် အပြောင်းအလဲများ ရှိလာကြောင်း သိရသည်။

ယခုသီတင်းပတ် အစောပိုင်းက ရစ်ချ်တာစကေး ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုနှင့် နောက်ဆက်တွဲအဖြစ် ရစ်ချ်တာစကေး ၆.၅ မျှရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ နယူးဇီလန်တွင် လူ ၂ ဦး သေဆုံးခဲ့သည်။ အဆိုပါ ငလျင်များ လှုပ်ခတ်ရာ ခရစ္စချတ်ချ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အင်အားကြီးမားသည့် ငလျင်ကြီးများဒဏ်ကို ဆက်တိုက်လိုလို ခံစားခဲ့ရသည်။

ယခုနောက်ဆုံး လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇.၈ ငလျင်ကြီးမှာမူ ငလျင်ပညာရပ် သမိုင်းတွင် တိုင်းတာတွေ့ရှိရသမျှ ဖွဲ့စည်းပုံ အရှုပ်ထွေးဆုံး အမျိုးအစား တစ်ခုဟု ပညာရှင်များက ဆိုသည်။ ငလျင်အများစုသည် မြေအောက် ပြတ်ရွေ့လွှာ တစ်ခု၏ လှုပ်ရှားမှုကို အခြေခံ၍ ဖြစ်ပေါ်လာတတ်သည်။ သို့သော် နယူးဇီလန်၏ ငလျင်နှစ်ခုမှာ အနည်းဆုံး ပြတ်ရွေ့ ခြောက်ခု၏ ဆက်စပ် လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းပြတ်ရွေ့များအနက် ဝိုင်ပါပါ ပင်လယ်အော် အောက်ဘက်မှ တစ်ခုမှာ ယခုမှ အသစ်တွေ့ရှိခြင်းဟု သိရသည်။

နယူးဇီလန်ရှိ ကန်တာဘာရီ တက္ကသိုလ်မှ ပညာရှင်များက ကိုင်ကူရာတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးသည် တောင်ဘက်တွင် အစပြုပြီး မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း ဆိုသည်။ ငလျင်ပြင်းအားသည် စတင်သည့် နေရာမှ ကီလိုမီတာ ၇၀ အကွာတွင် အပြင်းထန်ဆုံး ဖြစ်သော်လည်း ငလျင်ဒဏ်ကို တစ်နိုင်ငံလုံးလိုလို သက်ရောက် ခံစားခဲ့ရသည်။ မြို့တော် ဝယ်လင်တန် အပါအဝင် ဒေသအသီးသီးတွင် လမ်းတံတားများ၊ အဆောက်အအုံများ ပျက်စီးခဲ့သည်။

ထို့အပြင် ငလျင်များကြောင့် ကမ်းရိုးတန်း ဒေသများ၊ တောင်ကုန်းတောင်စောင်းများ တည်နေပုံသည် မူလအနေအထားမှ သွေဖယ် ပြောင်းလဲသွားကြောင်းလည်း သိရသည်။ မြေပြိုမှုများကြောင့် ဟာပူကာမြစ် အထက်ပိုင်းတွင် မီတာ ၁၅၀ မျှမြင့်သည့် သဘာဝ ရေကာတာတစ်ခု ဖြစ်ပေါ်လာခြင်းကိုလည်း ပညာရှင်များက စိုးရိမ်နေသည်။ ယင်းရေကာတာ ပြိုကျပါက မြစ်အောက်ပိုင်း ဒေသများအတွက် အကြီးအကျယ် ပြဿနာများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

နယူးဇီလန် အစိုးရက ငလျင်ကြောင့် ပျက်စီးမှု တန်ဖိုးသည် ဒေါ်လာ ၈.၄ ဘီလီယံမျှ ရှိလိမ့်မည်ဟု ခန့်မှန်း တွက်ချက်ထားသည်။ ငလျင်ကြီးများ လှုပ်ခတ်ခဲ့ချိန်သည် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ မြေလွှာတုန်ခါမှု ငလျင်ငယ်များ ဆက်ဖြစ်နေသလို စုစုပေါင်း ယင်းကဲ့သို့ ငလျင်ငယ်မျိုး ၂၀၀၀ မျှထိ လှုပ်ရှားခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top