Property Expo
×





Credit:thithtoolwin

Unicode Version

ဝိုင်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေရဲ့ တစ်ခဏတာ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ဂျာမန်သုတေသီတွေက ဆိုပါတယ်။ NHS ရဲ့ ပြောကြားချက် အရ ဆေားလိပ်သောက်တာကြောင့် လူတွေအများအပြားသေဆုံးနေကြပြီး ပြီးခဲ့တဲ့နှစ်အတွင်းက အင်္ဂလန်မှာရှိတဲ့ လူ ၈၀၀၀၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ဆေးလိပ်မသောက်တဲ့ ကျန်းမာတဲ့ လူအယောက်နှစ်ဆယ်ကို ဆေးလိပ်သုံးလိပ်သောက်ကြည့်စေရာမှာ ဆေးလိပ်ဟာ သွေးတွင်းမှာရှိနေတဲ့ အရာတွေကို ဆိုးကျိုးဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြရတာပါ။

အဲ့ဒီအပြင် ဆေးလိပ်မသောက်တဲ့ လူတွေထဲက တစ်ဝက်ကို ဆေးလိပ်မသောက်ခင် ဝိုင်တစ်ခွက်သောက်ကြည့်စေပြီး အယ်လ်ကိုဟောပမာဏကို ဝ.၇၅ရာခိုင်နှုန်းအထိ မြှင့်တင်ပေးခဲ့ပါတယ်။ သုတေသီတွေက ဝိုင်ဟာ ဆေးလိပ်သောက်တာကနေ ထိခိုက်မှုရှိတဲ့ သွေးဆဲလ်တွေထိခိုက်မှုကို ရပ်တန့်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြရတာပါ။

အဲ့ဒီအပြင် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို နည်းသွားစေတဲ့ အရာတွေကိုလည်း လျှော့ချပေးနိုင်တာကိုတွေ့ရှိခဲ့ကြရတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top