Property Expo
×

ခ်စ္သူ ေသဆံုးခဲ့လို႔ အသည္းကြဲေနတဲ့ အမ်ိဳးသားတဦးဟာ အိမ္ ေမြးေႁမြမတေကာင္ကို သူ႔ခ်စ္သူ ျပန္ဝင္စားတာလုိ႔ ယူဆၿပီး လက္ထပ္ခဲ့တဲ့သတင္းဟာ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ေနပါတယ္။

အမည္မေဖာ္ျပထားတဲ့ အမ်ိဳးသားဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က သူ႔ခ်စ္သူ ကြယ္လြန္ခဲ့လို႔ စိတ္မခ်မ္းေျမ့ ျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္ ၁၀ ေပအရွည္ရွိတဲ့ ေႁမြေဟာက္မကုိ သူရဲ႕ခ်စ္သူနဲ႔ ‘ဆင္တူတယ္’လို႔ ေတြ႔ၿပီး ဗုဒၶရဲ႕တရားေတာ္အရလည္း ေသသြားတဲ့လူေတြဟာ တိရစာၦန္ဘဝကို ျပန္ဝင္စားႏိုင္တယ္။ သူရဲ႕ခ်စ္သူဟာ ေႁမြဘဝနဲ႔ ျပန္ဝင္စားလာတယ္လုိ႔ ထင္ျမင္ယူဆၿပီး ျပန္လည္လန္းဆန္း ရႊင္ပ်လာတာပါ။

သူဟာအခု သူ႔ဘဝကုိ ေႁမြမနဲ႔အတူ အခ်ိန္ကုန္ဆံုးေနပါတယ္။ ေဝါရာနန္လို႔ ေခၚတဲ့ အမ်ိဳးသားက စင္ကာပူႏုိင္ငံက ေရကန္တခုေဘးမွာ အဲဒီလူေႁမြမနဲ႔ အတူထုိင္ေနတဲ့ ပံုအား ေမရာသတင္းဌာနကို ပို႔ခဲ့ပါတယ္။

ထုိင္းႏုိင္ငံ ကန္ခ်နဘူရီက ေဝါရာနန္က “အခ်စ္စစ္က အမွန္တရားပဲ။ ဒီလူ ထင္ေနတာက သူရည္းစား ေကာင္မေလးက လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ေသဆံုးၿပီး ဒီအျဖဴေရာင္ ေႁမြေဟာက္မအျဖစ္ ျပန္ေမြးလာတယ္။”

“သူက ဒီေႁမြမနဲ႔ အခ်ိန္ကုန္ဆံုးရတာ၊ စကားေျပာရတာ၊ ကစားရတာကို ေပ်ာ္တယ္။ ဒီေႁမြကို သူ႔ေကာင္မေလးလုိ႔ ယူဆၿပီး ေတာ္ေတာ္လည္း ဂ႐ုစုိက္တယ္။ ေႁမြမနဲ႔ အေဝးမွာ ဘယ္ေတာ့မွ မေနဘူး။ သူ ဘယ္သြားသြား ေခၚသြားတယ္။ အိပ္ရင္ေတာင္ အတူအိပ္တယ္။ ဒါေပမယ့္ တိရစာၦန္က တိရစာၦန္ပဲဆိုေတာ့ ဒါက မင္းကုိ ဘယ္အခ်ိန္မဆို အႏၲရာယ္ျပဳႏုိင္တယ္” လုိ႔ ေျပာပါတယ္။

“ေႁမြနဲ႔အတူေနတဲ့လူ ဆိုၿပီး သူက နာမည္ႀကီးတယ္။ သူ႔ကုိ အႏၲရာယ္ရွိတယ္လို႔ အႀကိမ္ႀကိမ္ သတိေပးေပမယ့္လည္း သူကေတာ့ ဒီလုိ ေႁမြနဲ႔အတူတူ ဆက္ေနတုန္းပါပဲ” လုိ႔ ေဝါရာနန္က ျဖည့္ေျပာပါေသးတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB Burmese

#Unicode Version
ချစ်သူ သေဆုံးခဲ့လို့ အသည်းကွဲနေတဲ့ အမျိုးသားတဦးဟာ အိမ်မွေးမြွေမတကောင်ကို သူ့ချစ်သူ ပြန်ဝင်စားတာလို့ ယူဆပြီး လက်ထပ်ခဲ့တဲ့သတင်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အမည်မဖော်ပြထားတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ၅ နှစ်က သူ့ချစ်သူ ကွယ်လွန်ခဲ့လို့ စိတ်မချမ်းမြေ့ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ၁၀ ပေအရှည်ရှိတဲ့ မြွေဟောက်မကို သူရဲ့ချစ်သူနဲ့ ‘ဆင်တူတယ်’လို့ တွေ့ပြီး ဗုဒ္ဓရဲ့တရားတော်အရလည်း သေသွားတဲ့လူတွေဟာ တိရစ္ဆာန်ဘဝကို ပြန်ဝင်စားနိုင်တယ်။ သူရဲ့ချစ်သူဟာ မြွေဘဝနဲ့ ပြန်ဝင်စားလာတယ်လို့ ထင်မြင်ယူဆပြီး ပြန်လည်လန်းဆန်း ရွှင်ပျလာတာပါ။

သူဟာအခု သူ့ဘဝကို မြွေမနဲ့အတူ အချိန်ကုန်ဆုံးနေပါတယ်။ ဝေါရာနန်လို့ ခေါ်တဲ့ အမျိုးသားက စင်ကာပူနိုင်ငံက ရေကန်တခုဘေးမှာ အဲဒီလူမြွေမနဲ့ အတူထိုင်နေတဲ့ ပုံအား မေရာသတင်းဌာနကို ပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီက ဝေါရာနန်က “အချစ်စစ်က အမှန်တရားပဲ။ ဒီလူ ထင်နေတာက သူရည်းစား ကောင်မလေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေဆုံးပြီး ဒီအဖြူရောင် မြွေဟောက်မအဖြစ် ပြန်မွေးလာတယ်။”

“သူက ဒီမြွေမနဲ့ အချိန်ကုန်ဆုံးရတာ၊ စကားပြောရတာ၊ ကစားရတာကို ပျော်တယ်။ ဒီမြွေကို သူ့ကောင်မလေးလို့ ယူဆပြီး တော်တော်လည်း ဂရုစိုက်တယ်။ မြွေမနဲ့ အဝေးမှာ ဘယ်တော့မှ မနေဘူး။ သူ ဘယ်သွားသွား ခေါ်သွားတယ်။ အိပ်ရင်တောင် အတူအိပ်တယ်။ ဒါပေမယ့် တိရစ္ဆာန်က တိရစ္ဆာန်ပဲဆိုတော့ ဒါက မင်းကို ဘယ်အချိန်မဆို အန္တရာယ်ပြုနိုင်တယ်” လို့ ပြောပါတယ်။

“မြွေနဲ့အတူနေတဲ့လူ ဆိုပြီး သူက နာမည်ကြီးတယ်။ သူ့ကို အန္တရာယ်ရှိတယ်လို့ အကြိမ်ကြိမ် သတိပေးပေမယ့်လည်း သူကတော့ ဒီလို မြွေနဲ့အတူတူ ဆက်နေတုန်းပါပဲ” လို့ ဝေါရာနန်က ဖြည့်ပြောပါသေးတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:DVB Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top