Property Expo
×

ကမၻာေက်ာ္႐ုပ္သံစတား ကင္မ္ကာဒါရွီယန္နဲ႔ ခလိုဝီကာဒါရွီယန္းတို႔လို ဓာတ္ပံု႐ိုက္တဲ့အခါ တင္ပါးအၿမဲလွေနေအာင္ ဘယ္လို႐ိုက္ရမလဲဆိုတဲ့ နည္းလမ္းကို ႀကံ႕ခုိင္ေရးနည္းျပတစ္ဦးက ျပန္လည္ေဝမွ်လိုက္ပါတယ္။



၂၀၁၆ ခုႏွစ္ဟာ အမ်ိဳးသမီးအမ်ားစု မွန္ေရွ႕မွာတင္ပါးအလွေပၚေအာင္ ဓာတ္ပံု႐ိုက္ၿပီး လူမႈကြန္ရက္မွာ ေဝမွ်ၾကတဲ့ ႏွစ္ျဖစ္ပါတယ္။ ဓာတ္ပံုထဲမွာ သင့္တင္ပါး ေပၚလြင္လွပေနေစဖို႔အတြက္ နည္းလမ္းကို ဆာရာဆိုသူအမ်ိဳးသမီးက ေဝမွ်လိုက္တာျဖစ္ပါတယ္။ ကင္မရာေရွ႕မွာျဖစ္ျဖစ္၊ မွန္ေရွ႕မွာျဖစ္ျဖစ္ ေဘးတုိက္ဓာတ္ပုံ႐ိုက္တဲ့အခါ ေျခေထာက္ႏွစ္ေခ်ာင္းကို တညီတည္းမထားရဘူးလို႔ ဆိုပါတယ္။


 တနည္းအားျဖင့္ ေျခေထာက္တစ္ေခ်ာင္းနဲ႔ ေတာင့္ခံထားရင္ ေနာက္ေျခေထာက္တစ္ေခ်ာင္းက ခပ္ေဖ်ာ့ေဖ်ာ့ထားရမယ္လို႔ ေျပာတာပါ။ ကင္မရာဘက္မွာရွိေနတဲ့ ေျခေထာက္ကို အားျပဳၿပီး ခပ္ကုန္းကုန္းေနလိုက္တဲ့အခါ သင့္ရဲ႕တင္ပါးဟာ ရွိရင္းစြဲထက္ ပိုလွသြားမယ္လို႔ သူမက ဆုိတာပါ။

ခႏၶာကိုယ္လွသူေတြအျဖစ္ နာမည္ႀကီးတဲ့ ကင္မ္ကာဒါရွီယန္တို႔ ခလိုဝီကာဒါရွီယန္းတို႔ရဲ႕ ဓာတ္ပံုေတြထဲမွာလည္း ဒီနည္းလမ္းအတိုင္း လုိက္နာထားၾကတာကိုေတြ႔ရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ကမ္ဘာကျော်ရုပ်သံစတား ကင်မ်ကာဒါရှီယန်နဲ့ ခလိုဝီကာဒါရှီယန်းတို့လို ဓာတ်ပုံရိုက်တဲ့အခါ တင်ပါးအမြဲလှနေအောင် ဘယ်လိုရိုက်ရမလဲဆိုတဲ့ နည်းလမ်းကို ကြံ့ခိုင်ရေးနည်းပြတစ်ဦးက ပြန်လည်ဝေမျှလိုက်ပါတယ်။


၂၀၁၆ ခုနှစ်ဟာ အမျိုးသမီးအများစု မှန်ရှေ့မှာတင်ပါးအလှပေါ်အောင် ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဝေမျှကြတဲ့ နှစ်ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ သင့်တင်ပါး ပေါ်လွင်လှပနေစေဖို့အတွက် နည်းလမ်းကို ဆာရာဆိုသူအမျိုးသမီးက ဝေမျှလိုက်တာဖြစ်ပါတယ်။ ကင်မရာရှေ့မှာဖြစ်ဖြစ်၊ မှန်ရှေ့မှာဖြစ်ဖြစ် ဘေးတိုက်ဓာတ်ပုံရိုက်တဲ့အခါ ခြေထောက်နှစ်ချောင်းကို တညီတည်းမထားရဘူးလို့ ဆိုပါတယ်။

 တနည်းအားဖြင့် ခြေထောက်တစ်ချောင်းနဲ့ တောင့်ခံထားရင် နောက်ခြေထောက်တစ်ချောင်းက ခပ်ဖျော့ဖျော့ထားရမယ်လို့ ပြောတာပါ။ ကင်မရာဘက်မှာရှိနေတဲ့ ခြေထောက်ကို အားပြုပြီး ခပ်ကုန်းကုန်းနေလိုက်တဲ့အခါ သင့်ရဲ့တင်ပါးဟာ ရှိရင်းစွဲထက် ပိုလှသွားမယ်လို့ သူမက ဆိုတာပါ။

ခန္ဓာကိုယ်လှသူတွေအဖြစ် နာမည်ကြီးတဲ့ ကင်မ်ကာဒါရှီယန်တို့ ခလိုဝီကာဒါရှီယန်းတို့ရဲ့ ဓာတ်ပုံတွေထဲမှာလည်း ဒီနည်းလမ်းအတိုင်း လိုက်နာထားကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top