Property Expo
×

တစ္ေန႔အနည္းဆုံးလုပ္အားခ က်ပ္ ၅,၆၀၀ ရရွိေရးအတြက္ လႈိင္သာယာၿမိဳ႕နယ္က စက္႐ုံေတြမွာ အလုပ္လုပ္ကုိင္ေနတဲ့ အလုပ္သမားတစ္ေထာင္ေက်ာ္ဟာ ႏုိ၀င္ဘာ ၂၀ရက္ေန႔က ဆႏၵျပေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

 စက္႐ုံ ၁၀႐ုံမွ အလုပ္သမားတစ္ေထာင္ေက်ာ္ဟာ လႈိင္သာယာၿမိဳ႕နယ္ ႐ုိးႀကီးမွတ္တုိင္ ပန္းပဲဦးေရႊဘင္လမ္းမွစတင္ကာ ၿမိဳ႕နယ္အားကစားကြင္းအထိ ေလးနာရီၾကာ ခ်ီတက္ ဆႏၵျပေတာင္းဆုိခဲ့ၾကတာ ျဖစ္ပါတယ္။

လုပ္ရတာနဲ႔ ရတဲ့လစာက မတန္ဘူးျဖစ္ေနျပီး အခုလုိ စား၀တ္ေနေရး ေစ်းႀကီးလာတဲ့အတြက္ စားလုိ႔မေလာက္ေတာ့ဘဲ အျမန္ဆုံးသတ္မွတ္ေပးဖုိ႔ ေတာင္းဆုိတာ ျဖစ္တယ္လို႔ Jin Brother ဖိနပ္စက္႐ုံမွာ အလုပ္လုပ္ကိုင္သူ မခင္ဥမၼာေစာက ေျပာထားပါတယ္။

  အနည္းဆုံးအခေၾကးေငြတစ္ရက္လွ်င္ ၅,၆၀၀က်ပ္ အျမန္ဆုံးသတ္ မွတ္ေပးေရး၊ ခုံသမာဓိေကာင္စီ ဆုံးျဖတ္ခ်က္မလုိက္နာလွ်င္ ေထာင္ဒဏ္ခ်မွတ္ရန္ဥပေဒ ျပင္ဆင္္ေရး၊ စည္းကမ္းေဖာက္ဖ်က္သည့္ ျပည္ပအလုပ္ အကိုင္အက်ဳိးေဆာင္လုိင္စင္ရ ေအဂ်င္စီမ်ားကို အေရးယူေရး  စတဲ့စာသားေတြကို ေရးသားကာ ဗီႏုိင္းေတြကို ကိုင္ေဆာင္ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တစ်နေ့အနည်းဆုံးလုပ်အားခ ကျပ် ၅,၆၀၀ ရရှိရေးအတွက် လှိုင်သာယာမြို့နယ်က စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ထောင်ကျော်ဟာ နိုဝင်ဘာ ၂၀ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

 စက်ရုံ ၁၀ရုံမှ အလုပ်သမားတစ်ထောင်ကျော်ဟာ လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင် ပန်းပဲဦးရွှေဘင်လမ်းမှစတင်ကာ မြို့နယ်အားကစားကွင်းအထိ လေးနာရီကြာ ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လုပ်ရတာနဲ့ ရတဲ့လစာက မတန်ဘူးဖြစ်နေပြီး အခုလို စားဝတ်နေရေး ဈေးကြီးလာတဲ့အတွက် စားလို့မလောက်တော့ဘဲ အမြန်ဆုံးသတ်မှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ Jin Brother ဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်သူ မခင်ဥမ္မာစောက ပြောထားပါတယ်။

  အနည်းဆုံးအခကြေးငွေတစ်ရက်လျှင် ၅,၆၀၀ကျပ် အမြန်ဆုံးသတ် မှတ်ပေးရေး၊ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်မလိုက်နာလျှင် ထောင်ဒဏ်ချမှတ်ရန်ဥပဒေ ပြင်ဆင်ရေး၊ စည်းကမ်းဖောက်ဖျက်သည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို အရေးယူရေး  စတဲ့စာသားတွေကို ရေးသားကာ ဗီနိုင်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top