Property Expo
×

မေလးရွားအသင္း က ဆူဇူကီးဖလား အုပ္စုေနာက္ဆံုး ပြဲစဥ္ကုိ မကစားဘဲ ဆႏၵျပျခင္း မျပဳရန္ အာရွေဘာလံုးအဖြဲ႕ခ်ဳပ္ က တုိက္တြန္းၿပီး ဆက္လက္မယွဥ္ၿပိဳင္ပါက ေနာင္ၿပိဳင္ပြဲမ်ား တြင္ လက္ေရြးစင္အသင္းကို ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္သြား မည္ျဖစ္ေၾကာင္း သတိေပးေျပာ ၾကားလိုက္သည္။
မေလးရွားအေနျဖင့္ အုုပ္စု ေနာက္ဆံုးပြဲ မကစားဘဲ ဆႏၵျပ ခဲ့ပါက အာရွေဘာလံုးအဖြဲ႕ခ်ဳပ္ ၏ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ေနာင္လာမည့္ ဆူဇူကီးဖလားၿပိဳင္ပြဲ ႏွစ္ႀကိမ္တုိင္ ပိတ္ပင္ခံရမည္ျဖစ္ေၾကာင္း အာရွေဘာလံုးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဒါတြတ္အဇူဒင္က ႏုိဝင္ဘာ ၂၄ ရက္က ေျပာၾကားသည္။ တစ္ဆက္တည္း ၿပိဳင္ပြဲမွမထြက္ရန္လည္း ၎က မေလးရွားကို တုိက္တြန္းသည္။

‘‘ေက်းဇူးျပဳၿပီးေတာ့ ေဘာ လံုးၿပိဳင္ပြဲမွာ ဒါေတြ ယူမလာေစ ခ်င္ဘူး။ မေလးရွားအေနနဲ႔ ဆႏၵ ျပခ်င္တယ္ဆိုရင္ ျပလုိ႔ရတဲ့ အ ျခားနည္းလမ္းေတြ အမ်ားႀကီးရွိ တယ္’’ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္ရွိ ဘဂၤါလီမ်ားအေပၚ ျမန္မာအစိုးရ၏ ျပဳမူဆက္ ဆံေနျခင္းမ်ားကို သပိတ္ေမွာက္ ဆႏၵေဖာ္ထုတ္သည့္အေနျဖင့္ ဆူ ဇူကီးၿပိဳင္ပြဲတြင္ ဆက္လက္ယွဥ္ ၿပိဳင္ျခင္းမျပဳရန္ မေလးရွားလူငယ္ႏွင့္ အားကစားဝန္ႀကီး၏ ေျပာ စကားကို ထည့္သြင္း၍ ႏိုဝင္ဘာ ၂၃ ရက္က မေလးရွားမီဒီယာအ ခ်ိဳ႕ႏွင့္ ႏုိင္ငံတကာမီဒီယာအခ်ိဳ႕ က ေဖာ္ျပခဲ့သည္။

မေလးရွားအသင္း အေနျဖင့္ ၿပိဳင္ပြဲ ဆက္လက္ယွဥ္ၿပိဳင္၊ မယွဥ္ၿပိဳင္ကုိ ႏုိဝင္ဘာ ၂၅ ရက္တြင္ အစိုးရအဖြဲ႕က ဆံုးျဖတ္မည္ျဖစ္သည္။ ၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့ပါက ၿပိဳင္ပြဲစည္းကမ္းအရ ျမန္မာအသင္းကို ၃-၀ ဂိုးျဖင့္ အ႐ႈံးေပးရမည္ျဖစ္ၿပီး ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ (ဖီဖာ)၏ အေရးယူျပစ္ဒဏ္ခ်မွတ္ျခင္းလည္း ခံရမည္ျဖစ္သည္။

မေလးရွားအသင္း က ၿပိဳင္ ပြဲမွာ ဆက္ၿပီးေနမွာပါ။ ဘာ ေၾကာင့္ ၿပိဳင္ပြဲကေန ႏုတ္ထြက္ရ မွာလဲ’’ဟု မေလးရွားအသင္း မန္ ေနဂ်ာ ဟာမီဒင္ဟာရီမိုဟာမက္ အမင္က ႏုိဝင္ဘာ ၂၃ ရက္တြင္ ေျပာသည္။

ထို႔အတူမေလးရွားအသင္းနည္းျပအြန္ကင္ဆြီးကလည္းၿပိဳင္ပြဲဆက္လက္ယွဥ္ၿပိဳင္မည္ျဖစ္ ေၾကာင္းႏွင့္
 ျမန္မာႏွင့္ ယွဥ္ၿပိဳင္ရ မည့္ အုပ္စုေနာက္ဆံုးပြဲစဥ္ကို ဂ႐ုစိုက္ျပင္ဆင္မည္ျဖစ္ေၾကာင္း ဗီယက္နမ္အသင္းကို တစ္ဂိုး၊ ဂိုးမရွိျဖင့္ အေရးနိမ့္ခဲ့သည့္ ပြဲစဥ္အၿပီး မီဒီယာမ်ားအားေျပာသည္။

ႏိုဝင္ဘာ ၂၀ ရက္မွ ၂၆ ရက္အထိ ရန္ကုန္ၿမိဳ႕ သုဝဏၰကြင္းႏွင့္ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိေဘာလံုးကြင္းမ်ား၌ က်င္းပေနသည့္ ဆူဇူ ကီးဖလား အုပ္စု(ခ)တြင္ ျမန္မာ၊ မေလးရွား၊ ဗီယက္နမ္ႏွင့္ ကေမၻာ ဒီးယားအသင္းတို႔ ပါဝင္ယွဥ္ၿပိဳင္ လ်က္ရွိသည္။

လက္ရွိတြင္ အုပ္စု(ခ)ႏွစ္ပြဲ စီ ယွဥ္ၿပိဳင္အၿပီး ဗီယက္နမ္အ သင္းက အႀကိဳဗိုလ္လုပြဲသို႔ တက္ ေရာက္ခဲ့ၿပီး ျမန္မာႏွင့္ မေလးရွားအသင္းတို႔သည္ အႀကိဳဗုိလ္လုပြဲ တက္ေရာက္ခြင့္ တစ္ေနရာအ တြက္ အဆံုးအျဖတ္ပြဲ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ အုပ္စုေနာက္ဆံုး ပြဲစဥ္မ်ားကို ႏိုဝင္ဘာ ၂၆ ရက္ ညေန ၆ နာရီတြင္ တစ္ၿပိဳင္နက္တည္း က်င္းပမည္ျဖစ္ၿပီး ဝဏၰသိဒၶိကြင္း ၌ ဗီယက္နမ္ႏွင့္ ကေမၻာဒီးယား၊ သုဝဏၰကြင္း၌ ျမန္မာႏွင့္ မေလးရွားအသင္းတို႔ ယွဥ္ၿပိဳင္မည္ျဖစ္ သည္။ ျမန္မာက သေရတစ္မွတ္ရရွိ႐ံုျဖင့္ ေနာက္တစ္ဆင့္သို႔ တက္ေရာက္ႏုိင္မည္ျဖစ္သည္။

‘‘တကယ္ေျပာခဲ့တယ္ဆုိရင္ ေတာ့ တာဝန္ရွိသူတစ္ေယာက္အေနနဲ႔ မေျပာသင့္၊ မေျပာအပ္တဲ့ စကားေပါ့။ အားကစားၿပိဳင္ပြဲ က်င္းပတာ ခ်စ္ၾကည္ရင္းႏွီးမႈရွိဖို႔ ျပဳလုပ္ေပးတာ။ ႏုိင္ငံေရး၊ ဘာ သာေရး၊ လူမ်ိဳးေရး အားလံုးမေရာေထြးရဘူး။ တကယ္ေျပာခဲ့ လားဆုိတာ အာရွေဘာလံုးအဖြဲ႕ ခ်ဳပ္က တာဝန္ရွိသူေတြ စံုစမ္းရ မွာေပါ့’’ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ စည္းကမ္းထိန္းသိမ္း ေရးေကာ္မတီဥကၠ႒ ဦးခင္ေမာင္ႀကိဳင္ကေျပာသည္။

ေဒသတြင္း အင္ဒိုနီးရွားအ သင္းသည္ အစိုးရ၏ ဝင္ေရာက္ စြက္ဖက္မႈရွိခဲ့၍ ႏုိင္ငံတကာၿပိဳင္ ပြဲမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ကို တစ္ႏွစ္တိတိ ပိတ္ပင္ခံခဲ့ရဖူး သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day

#Unicode Version
မလေးရှားအသင်း က ဆူဇူကီးဖလား အုပ်စုနောက်ဆုံး ပွဲစဉ်ကို မကစားဘဲ ဆန္ဒပြခြင်း မပြုရန် အာရှဘောလုံးအဖွဲ့ချုပ် က တိုက်တွန်းပြီး ဆက်လက်မယှဉ်ပြိုင်ပါက နောင်ပြိုင်ပွဲများ တွင် လက်ရွေးစင်အသင်းကို ဝင် ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွား မည်ဖြစ်ကြောင်း သတိပေးပြော ကြားလိုက်သည်။
မလေးရှားအနေဖြင့် အုုပ်စု နောက်ဆုံးပွဲ မကစားဘဲ ဆန္ဒပြ ခဲ့ပါက အာရှဘောလုံးအဖွဲ့ချုပ် ၏ စည်းမျဉ်းစည်းကမ်းများအရ နောင်လာမည့် ဆူဇူကီးဖလားပြိုင်ပွဲ နှစ်ကြိမ်တိုင် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒါတွတ်အဇူဒင်က နိုဝင်ဘာ ၂၄ ရက်က ပြောကြားသည်။ တစ်ဆက်တည်း ပြိုင်ပွဲမှမထွက်ရန်လည်း ၎င်းက မလေးရှားကို တိုက်တွန်းသည်။

‘‘ကျေးဇူးပြုပြီးတော့ ဘော လုံးပြိုင်ပွဲမှာ ဒါတွေ ယူမလာစေ ချင်ဘူး။ မလေးရှားအနေနဲ့ ဆန္ဒ ပြချင်တယ်ဆိုရင် ပြလို့ရတဲ့ အ ခြားနည်းလမ်းတွေ အများကြီးရှိ တယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် မြန်မာအစိုးရ၏ ပြုမူဆက် ဆံနေခြင်းများကို သပိတ်မှောက် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ဆူ ဇူကီးပြိုင်ပွဲတွင် ဆက်လက်ယှဉ် ပြိုင်ခြင်းမပြုရန် မလေးရှားလူငယ်နှင့် အားကစားဝန်ကြီး၏ ပြော စကားကို ထည့်သွင်း၍ နိုဝင်ဘာ ၂၃ ရက်က မလေးရှားမီဒီယာအ ချို့နှင့် နိုင်ငံတကာမီဒီယာအချို့ က ဖော်ပြခဲ့သည်။

မလေးရှားအသင်း အနေဖြင့် ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်၊ မယှဉ်ပြိုင်ကို နိုဝင်ဘာ ၂၅ ရက်တွင် အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ပါက ပြိုင်ပွဲစည်းကမ်းအရ မြန်မာအသင်းကို ၃-၀ ဂိုးဖြင့် အရှုံးပေးရမည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အရေးယူပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်ဖြစ်သည်။

မလေးရှားအသင်း က ပြိုင် ပွဲမှာ ဆက်ပြီးနေမှာပါ။ ဘာ ကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ရ မှာလဲ’’ဟု မလေးရှားအသင်း မန် နေဂျာ ဟာမီဒင်ဟာရီမိုဟာမက် အမင်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ထို့အတူမလေးရှားအသင်းနည်းပြအွန်ကင်ဆွီးကလည်းပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းနှင့်

 မြန်မာနှင့် ယှဉ်ပြိုင်ရ မည့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဂရုစိုက်ပြင်ဆင်မည်ဖြစ်ကြောင်း ဗီယက်နမ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး မီဒီယာများအားပြောသည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းနှင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းများ၌ ကျင်းပနေသည့် ဆူဇူ ကီးဖလား အုပ်စု(ခ)တွင် မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘော ဒီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင် လျက်ရှိသည်။

လက်ရှိတွင် အုပ်စု(ခ)နှစ်ပွဲ စီ ယှဉ်ပြိုင်အပြီး ဗီယက်နမ်အ သင်းက အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ပြီး မြန်မာနှင့် မလေးရှားအသင်းတို့သည် အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် တစ်နေရာအ တွက် အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုနောက်ဆုံး ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိကွင်း ၌ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၊ သုဝဏ္ဏကွင်း၌ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာက သရေတစ်မှတ်ရရှိရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

‘‘တကယ်ပြောခဲ့တယ်ဆိုရင် တော့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ မပြောသင့်၊ မပြောအပ်တဲ့ စကားပေါ့။ အားကစားပြိုင်ပွဲ ကျင်းပတာ ချစ်ကြည်ရင်းနှီးမှုရှိဖို့ ပြုလုပ်ပေးတာ။ နိုင်ငံရေး၊ ဘာ သာရေး၊ လူမျိုးရေး အားလုံးမရောထွေးရဘူး။ တကယ်ပြောခဲ့ လားဆိုတာ အာရှဘောလုံးအဖွဲ့ ချုပ်က တာဝန်ရှိသူတွေ စုံစမ်းရ မှာပေါ့’’ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်ကပြောသည်။

ဒေသတွင်း အင်ဒိုနီးရှားအ သင်းသည် အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုရှိခဲ့၍ နိုင်ငံတကာပြိုင် ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တစ်နှစ်တိတိ ပိတ်ပင်ခံခဲ့ရဖူး သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top