Property Expo
×

မၾကာေသးခင္က ရန္ကုန္ၿမိဳ႕ရဲ႕ ေစ်းတစ္ခုအတြင္း သားငါးေရာင္းတဲ့ေနရာကို ေရာက္သြားခ်ိန္မွာ အ့ံၾသစရာအေျခအေန တစ္ခုကို ေတြ႕ခဲ့ရပါတယ္။

ဟင္းသီးဟင္းရြက္တန္းမွာေတာ့ ယင္ေကာင္ေတြ တဝီဝီပ်ံသန္းေနေပမယ့္ ငါးပိဆိုင္ေတြမွာေတာ့  ယင္ေကာင္တစ္ေကာင္မွ မရွိသလို ငါးပိပံုထဲမွာလည္း ေလာက္ေကာင္ေလးေတြကို မေတြ႕ရပါဘူး။  ငါးပိနဲ႔ေလာက္ ေရႊနဲ႔ေက်ာက္လို႔ ဆိုၾကေပမယ့္ ငါးပိဆိုင္ေတြရဲ႕ အေနအထားက အဲဒီဆို႐ုိးစကားနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနပါတယ္။

ျမန္မာေတြရဲ႕ ႐ိုးရာအစားအစာငါးပိမွာ ဆိုးေဆး၊ ယင္မနားေဆး၊ ေလာက္ေသေဆး၊ ပိုးသတ္ေဆးေတြ ပါဝင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနတာ ႏွစ္နဲ႔ခ်ီ ရိွခဲ့ေပမယ့္လည္း ငါးပိနဲ႔ ပတ္သက္တဲ့ သုေတသနေတြ ထြက္ေပၚလာျခင္းမရိွေသးသလို စားသံုးသူ ေဘးအႏၱရာယ္ကင္းရွင္းေရးဆိုတာ ေလထဲ တိုက္အိမ္ေဆာက္သလို မႈန္ဝါးဝါးျဖစ္ေနဆဲပါ။  

ကင္ဆာနဲ႔ ေရာဂါစံုျဖစ္ပြားေနျခင္းဟာ လူသံုးမ်ားတဲ့ ငါးပိထဲ ပိုးသတ္ေဆး၊ ဓာတုေဆးပါဝင္မႈနဲ႔ ဆက္စပ္ေနၿပီး ဒီျပႆနာကို ပူးေပါင္းေျဖရွင္းဖို႔ လိုအပ္ေနခ်ိန္မွာ အစားအစာေတြ ေဘးကင္းလံုၿခံဳေအာင္ အစုိးရက ယခုထက္ပိုၿပီး ထိထိေရာက္ေရာက္ မလုပ္ဘူးလားလို႔   ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

ငါးပိထဲက  အာဆင္းနစ္

ရန္ကုန္မွာအစားအစာသုေတသီတခ်ဳိ႕ရဲ႕ အကူအညီနဲ႔ ေစ်းကြက္ထဲက ငါးပိနမူနာတခ်ဳိ႕ယူၿပီး  အစိုးရအသိအမွတ္ျပဳဓာတ္ခြဲခန္း ၁ဝ ခု ေလာက္ကို မၾကာေသးခင္က သြားေရာက္ဆက္သြယ္ရာမွာ ဓာတ္ခြဲခန္း ေလးခုကသာ ငါးပိကုိ လက္ခံစစ္ေဆးႏုိင္တာ ေတြ႕ရပါတယ္။  အဲဒီထဲမွာပဲ ဓာတ္ခြဲခန္းႏွစ္ခုက အာဟာရတန္ဖိုးေတြကိုသာ စစ္ေဆးေပးႏုိင္တာပါ။

ဓာတ္ခြဲခန္း တစ္ခုရဲ႕ အေျဖကေတာ့ မွ်င္ငါးပိနမူနာမွာ အာဆင္းနစ္ပါဝင္မႈ မရိွပါဘူး။  တျခား ဓာတ္ခဲြခန္းတစ္ခုရဲ႕ ေတြ႕ရိွခ်က္ကေတာ့  အာဆင္းနစ္ဓာတ္ ပါဝင္မႈက ကမၻာ့က်န္းမာေရးအဖြဲ႕သတ္မွတ္ခ်က္ထက္ငါးဆနီးပါး ပိုေနပါတယ္။

ဓာတ္ခြဲခန္းမွဴးကေတာ့ အာဆင္းနစ္ဓာတ္ပါဝင္မႈဟာ ဓာတုဆိုးေဆးေၾကာင့္လို႔ ပံုေသေျပာလို႔မရဘူး။ ဧရာဝတီတိုင္းေဒသႀကီးကထြက္တဲ့ ငါးပိေတြမွာဆို ေရကတစ္ဆင့္ ပါဝင္ႏိုင္တယ္လို႔ သံုးသပ္ပါတယ္။

အစားအေသာက္ဆိုင္ရာပညာရွင္ ေဒါက္တာစိုးခိုင္ကလည္း  ေဒသတခ်ဳိ႕ရဲ႕ ျမစ္ေခ်ာင္း၊ အင္းအိုင္မ်ားက ရရွိတဲ့ ငါးပုစြန္ေတြမွာ အာဆင္းနစ္က သဘာဝအေလ်ာက္ ပါဝင္ႏုိင္သလို ငါးပိထုတ္လုပ္ပံု အဆင့္ဆင့္မွာလည္း ပါဝင္လာႏုိင္ေျခရွိတယ္လို႔  ရွင္းျပပါတယ္။

အာဆင္းနစ္ အဆိပ္သင့္ ေရာဂါလကၡဏာေတြထဲ ေခါင္းကိုက္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းတို႔ ပါဝင္ေၾကာင္း သိရပါတယ္။

ျမန္မာႏုိင္ငံမွာ အသည္းကင္ဆာက ကင္ဆာေရာဂါအားလံုးရဲ႕ တတိယ အျဖစ္အမ်ားဆံုးအဆင့္မွာရွိေနေၾကာင္း ရန္ကုန္၊ လမ္းမေတာ္ၿမိဳ႕နယ္  ခုတင္ ၅ဝဝ ဆံ့ ေဆး႐ုံႀကီးရဲ႕ မွတ္တမ္းမ်ားအရ သိရပါတယ္။

အဲဒီ ေဆး႐ုံမွာ အသည္းနဲ႔ပတ္သက္ၿပီးကုသမႈ ခံယူေနတဲ့ လူနာမ်ားစြာထဲမွာ တစ္ဦးက (၅၆)ႏွစ္အရြယ္ ေဒၚခင္ခင္ေစာ ျဖစ္ပါတယ္။

‘‘ ႐ုတ္တရက္ ေခါင္းမူးၿပီး ႂကြက္တက္လို႔ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚကိုေ ရာက္မွပဲ ကၽြန္မမွာ ဆီးခ်ိဳ၊ ေသြးတိုးသာမကဘဲ အသည္းကိုပါ ထိေနတယ္ဆိုတာ သိရတာ’’ လို႔ ေဒၚခင္ခင္ေစာက ဆိုပါတယ္။

‘‘ ေန႔တိုင္းစားေနတဲ့ ငါးပိမွာ ဆိုးေဆးေတြ၊ ယူရီးယားေတြ ထည့္တယ္လုိ႔ အျပင္မွာေျပာၾကတာပဲ။ ငါးပိရည္ မပါရင္ ထမင္းစားမၿမိန္လို႔ စားေနတာပဲ။ အခုေတာင္ ေသြးတိုးေရာဂါရွိတယ္လ႔ို ဆရာဝန္ေျပာလို႔ ေလွ်ာ့စားေနရတယ္’’

ေသြးတိုး၊ ႏွလံုးေသြးေၾကာက်ဥ္း၊ ကင္ဆာ အပါအဝင္ မကူးစက္ႏုိင္တဲ့ ေရာဂါေတြေၾကာင့္ ေသဆံုးမႈႏႈန္းက ျမင့္မားလာတယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ မကူးစက္ႏုိင္သည့္ ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရး ဌာနခြဲၫႊန္ၾကားေရးမွဴးေဒါက္တာျမင့္ေရႊက ေျပာပါတယ္။

တျခားေရာဂါေတြေၾကာင့္ ေသဆံုးသူ ရာခိုင္ႏႈန္းထက္ ထက္ ဝက္ေက်ာ္ ရွိေနတယ္လို႔ သူက ဆိုပါတယ္။

အာဆင္းနစ္အဆိပ္သင့္ အစားအစာေတြေၾကာင့္ အသည္း၊  ေက်ာက္ကပ္ ပ်က္စီးေစတယ္။ ေရာဂါလကၡဏာေပၚလာဖို႔လည္း ၅ ႏွစ္မွ ၁၅ ႏွစ္အတြင္း ၾကာတတ္တယ္လို႔ ေဆးပညာရွင္ေတြက ဆိုပါတယ္။

အာဆင္းနစ္ ပါဝင္တဲ့ေရကို ေသာက္သံုးရတဲ့ ေဒသက ေဒသခံေတြ အေနနဲ႔ ဆီးအိမ္၊ အဆုတ္၊ အေရျပားကင္ဆာတို႔ ျဖစ္ေစႏုိင္ၿပီး အေရျပားျပႆနာမ်ား၊ ေသြးလည္ပတ္မႈစနစ္၊ ပင္ကိုခုခံအားစနစ္နဲ႔ အာ႐ုံေၾကာ စနစ္ေတြကို ပ်က္စီးထိခိုက္ေစႏုိင္တယ္လ႔ိုကမၻာ့က်န္းမာေရးအဖြဲ႔စစ္တမ္းက ေဖာ္ျပထားပါတယ္။

ငါးပိ ေစ်းကြက္

ျမန္မာျပည္သား အမ်ားအျပား ႏွစ္သက္ၾကတဲ့ ငါးပိကို ဧရာဝတီတိုင္း ေဒသႀကီးမွာ စီးပြားျဖစ္ထုတ္လုပ္လ်က္ရွိၿပီး ႏိုင္ငံအႏွံ႔ ျဖန္႔ခ်ိေနပါတယ္။

ေစ်းႏႈန္းအနည္းငယ္ ျမင့္မားတဲ့ ၿမိတ္၊ ထားဝယ္ေဒသနဲ႔ ရခိုင္ျပည္နယ္ထြက္ငါးပိက ေဒသတြင္းစားသံုးမႈမ်ားၿပီး တျခားေဒသကို တင္ပို႔မႈ နည္းပါတယ္။

ႏွစ္စဥ္ ငါးပိနဲ႔ ငံျပာရည္တန္ခ်ိန္ ၃,၁ဝဝ၊ ငါးေျခာက္တန္ခိ်န္ ၅၃,ဝဝဝ ေလာက္ကို အလုပ္သမားအင္အား ၆,ဝဝဝ ဝန္းက်င္နဲ႔ ထုတ္လုပ္ေနေၾကာင္း ငါလုပ္ငန္း ဦးစီးဌာနရဲ႕ ခန္႔မွန္းစာရင္းေတြမွာ ေတြ႕ရပါတယ္။

ရန္ကုန္၊ ဒဂံုဆိပ္ကမ္းၿမဳိ႕နယ္ ငါးပိ၊ ငါးေျခာက္ဇုန္မွာ အလုပ္႐ုံ၄ဝဝ ဝန္းက်င္ဟာ ေျမေအာက္ေရကိုသာ သံုးစြဲၾကၿပီး  ေရသန္႔စက္ေတြ တပ္ဆင္သံုးစြဲဖုိ႔တြက္ေျခ မကိုက္ႏိုင္ဘူးလု႔ိ လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

ငါးပိလုပ္ငန္း လုပ္ကိုင္သူေတြက စည္ပင္သာယာေရးေကာ္မတီ၊ ငါးလုပ္ငန္းဦးစီးဌာနတို႔မွာ လုပ္ငန္းလိုင္စင္ေလွ်ာက္ဖို႔ လိုအပ္ပါတယ္။ ငါးပိလုပ္ငန္းရွင္ ၂ဝဝ ေက်ာ္က ငါးလုပ္ငန္းဦးစီးဌာနမွာ လိုင္စင္တင္ထားတယ္၊ ဒါဟာ ႏိုင္ငံတစ္ဝန္းလုပ္ငန္းရွင္ အေရအတြက္ရဲ႕ ၁ဝ ရာခိုင္ႏႈန္းကိုသာကုိယ္စားျပဳတယ္လို႔ ျမန္မာႏုိင္ငံ ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္ထုတ္လုပ္ေရာင္းဝယ္သူမ်ား အသင္းအတြင္းေရးမွဴးဦးထြန္းစိန္က ေျပာပါတယ္။

မွ်င္ငါးပိနဲ႔ ဆိုးေဆး

ငါးပိဆုိတာ မိသားစု အမ်ားစုရဲ႕ မီးဖိုခန္းထဲမွာ  သိမ္းဆည္းသိုေလွာင္ထားတဲ့ အစားအစာျဖစ္ပါတယ္။  ႏုိင္ငံရပ္ျခားကိုေရာက္ေနတဲ့ ျမန္မာေတြ အၿမဲေတာင့္တမိတဲ့ အစားအစာစာရင္းမွာလည္း ငါးပိရည္၊ ငါးပိေထာင္းက ထိပ္တန္းမွာ ေနရာယူထားပါတယ္။

ရန္ကုန္၊ လမ္းမေတာ္ၿမိဳ႕နယ္ေန  ေဒၚခင္ေမျမင့္က  ‘‘ ဇာတိေျမျဖစ္တဲ့ သံတြဲကပဲ မွ်င္ငါးပိကို မွာၿပီးေတာ့ သံုးတာ။ လတ္ဆတ္တဲ့ မွ်င္ေကာင္ေတြကို ေထာင္းထားတဲ့အတြက္ အနံ႔ ပိုေကာင္းတယ္။ အိမ္က ဟင္းခ်က္္တဲ့အခါ မပါမျဖစ္ဆိုေတာ့ တစ္ႏွစ္စာေလာက္ကို ဝယ္ေလွာင္္ထားရတယ္’’ လ႔ို ေျပာျပပါတယ္။

ငါးပိမွာ   အာဟာရဓာတ္ေတြ၊ ဗီတာမင္ေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ အ႐ုိးအဆစ္ သန္မာေစ႐ုံမက က်န္းမာေရးအတြက္လည္္း မ်ားစြာအက်ိဳးျပဳတယ္လို႔ ပညာရွင္ေတြဆီက သိရပါတယ္။

ကမ္း႐ိုးတန္းေဒသမွာ ငါးေျခာက္လုပ္ဖို႔ စံမမီတဲ့ငါးေတြကို ႀကိတ္ၿပီး ဆားလူးလိုက္ပါတယ္။ အဲဒီေနာက္ ပုစြန္ဖြဲခြံေရာထည့္ၿပီး ႀကိတ္ရပါတယ္။ လုပ္ငန္းရွင္တခ်ဳိ႕ကေတာ့ မႀကိတ္ခင္မွာ ဆိုးေဆးကို ေရေဖ်ာ္ၿပီး ဖ်န္းတယ္။ သံုးေခါက္ေလာက္ ႀကိတ္လိုက္ရင္ အေရာင္ညီညာတဲ့ မွ်င္ငါးပိကိုရႏိုင္တယ္လို႔  ေျပာပါတယ္။ 

ေစ်းကြက္မွာ မွ်င္ငါးပိ ေရာင္းပန္းလွဖို႔ ဓာတုေဆး အသံုးျပဳလာတာ ႏွစ္ေပါင္း ၄ဝ ဝန္းက်င္ ၾကာခဲ့ၿပီလို႔ သိရပါတယ္။

အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန (FDA) က တားျမစ္တာေတြ ရွိေပမယ့္ ငါးပိ ထုတ္လုပ္သူတခ်ိဳ႕က တားျမစ္ဆိုးေဆးေတြရဲ႕ အႏၲရာယ္ကို သိပုံမရၾကပါဘူး။ စားသုံးသူတခ်ိဳ႕ကလည္း မွ်င္ငါးပိဆိုတာအနီေရာင္လို႔ ထင္မွတ္ေနတာေတြလည္းရွိပါတယ္။

မွ်င္ငါးပိ အေရာင္နီေနတိုင္းလည္း အေရာင္ပါတယ္လို႔ ေျပာလို႔မရပါဘူး။ ပင္လယ္ ေလတုိက္တာေတြ ေျပာင္းလဲတဲ့အခါ  သဘာဝအေရာင္ပါတဲ့ မွ်င္ငါးပိကို ရရွိႏိုင္ပါေသးတယ္။

အေရာင္ထည့္ရျခင္းရဲ႕ အားသာခ်က္ထဲမွာ အရသာခါးသက္မသြားျခင္း၊ တာရွည္အထားခံျခင္းတို႔ ပါဝင္ေၾကာင္း ငါးပိလုပ္ငန္းရွင္ တစ္ဦးက ေျပာျပပါတယ္။

ရန္ကုန္ၿမိဳ႕က ငါးပိလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ဦးေရႊမန္းက  ‘‘လုပ္ငန္းရွင္ေတြ အေနနဲ႔ အၿမဲတမ္းဓာတ္ခြဲခန္းကို သြားၿပီး စမ္းသပ္ေနဖို႔ မျဖစ္ႏုိင္ပါဘူး။ ငါးပိထြက္တဲ့ အခ်ိန္က်ရင္တစ္ရက္ကို ငါးပိကုန္သည္ အေယာက္ ၆ဝကေန ၈ဝ အထိ ဘုရင့္ေနာင္ ပြဲ႐ုံကို တင္ပို႔ေနတာေတြ ရွိပါတယ္’’လို႔ ေျပာပါတယ္။

တားျမစ္ဆိုးေဆး နဲ႔ ကင္ဆာ

စားေသာက္ကုန္ေတြ အေရာင္အဆင္းလွ၊ အရသာေကာင္း၊  တာရွည္ခံဖို႔အတြက္ ဓာတုေဆးသံုးစြဲတာ ပိုမို မ်ားျပားလာေၾကာင္း ေစ်းကြက္ထဲ စံုစမ္းမႈအရ  သိရပါ တယ္။  

အစားအစာထဲ အမ်ားဆံုးေတြ႕ရွိရတဲ့ ဓာတုဆိုးေဆးမွာ အထည္ခ်ဳပ္လုပ္ငန္းသံုး Rhodami-ne B ျဖစ္ေၾကာင္း၊ အစာအိမ္အူလမ္းေၾကာင္းေရာင္ရမ္းျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဦးေႏွာက္အာ႐ုံေၾကာ ထိုင္းမိႈင္းျခင္းတ႔ို လတ္တေလာ ျဖစ္ေပၚေစေၾကာင္း သိရပါတယ္။ ေရရွည္မွာေတာ့ ခႏၶာကိုယ္ႀကီးထြားမႈ ထိခိုက္ေစျခင္း၊ အသည္း၊ ေက်ာက္ကပ္တို႔ ပ်က္စီးျခင္းနဲ႔ ကင္ဆာေရာဂါေတြ ျဖစ္ေပၚေစႏုိင္ေၾကာင္း   FDA က ထုတ္ျပန္ထားပါတယ္။

စက္တင္ဘာလ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္တစ္ခုမွာ ဒီဆိုးေဆးအပါအဝင္  Auramine O, Sudan Dyes, Orange II တို႔ဟာ  ျမန္မာျပည္ အစားအေသာက္လုပ္ငန္းအတြင္း အမ်ားဆုံးသံုးေနၾကတဲ့   အႏၲရာယ္ရွိ တားျမစ္ဆိုးေဆးမ်ား ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲခန္းမွဴးတစ္ဦးကေတာ့ သူတို႔ဆီမွာ Rhodamine Bမွတစ္ပါး တျခားတားျမစ္ဆိုးေဆးေတြကို   ရွာေဖြ စမ္းသပ္ႏုိင္တဲ့နည္းပညာေတြ မရိွေသးဘူးလို႔ ေျပာျပပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ကင္ဆာေရာဂါေတြရဲ႕ ၉ဝ ရာခုိင္ႏႈန္းဟာ အစားအေသာက္က ျမစ္ဖ်ားခံတယ္လို႔ မီဒီယာတခ်ဳိ႕မွာ ေဖာ္ျပေနၾကတာၾကာပါၿပီ။

၂ဝဝ၈ ခုႏွစ္ကက်န္းမာေရး ဝန္ႀကီးဌာနက ေစ်းကြက္အတြင္း မွ်င္ငါးပိမွာတားျမစ္ဆိုးေဆးပါရင္ သိမ္းယူၿပီး ဖ်က္ဆီးခဲဲ့ပါတယ္။

အစားအေသာက္မွာ တားျမစ္ဓာတုေဆး လံုးဝအသံုး မျပဳဖို႔ လုပ္ငန္းရွင္ေတြကို သတိေပးထားၿပီးလိိုက္နာမႈမရိွပါက အမ်ိဳးသား အစားအေသာက္ဥပေဒအရ  အေရးယူမယ္လို႔လည္း သက္ဆိုင္ရာက ထုတ္ျပန္ထားပါတယ္။

၂ဝ၁၄ ခုႏွစ္က ဧရာဝတီတိုင္းေဒသႀကီးမွာ FDA ႐ုံးခြဲတစ္ခုကို တိုးခ်ဲ႕ခဲ့ၿပီး ေစ်းကြက္ထဲ စစ္ေဆးရာမွာ မွ်င္ငါးပိ ၇ဝ ရာခုိင္ႏႈန္းေလာက္မွာ တားျမစ္ဆိုးေဆး ပါဝင္တာ ေတြ႕ရွိခဲ့ရတယ္လို႔ တိုင္းေဒသႀကီးအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန ဒုၫႊန္ၾကားေရးမႉး ေဒါက္တာျပည့္ၿဖိဳးက ေျပာပါတယ္။

ဧၿပီကေန စက္တင္ဘာအတြင္း ဧရာဝတီတိုင္းေဒသႀကီး ေက်းရြာၿမိဳ႕နယ္ေတြကရရိွတဲ့ မွ်င္ငါးပိနမူနာေတြကို ဓာတ္ခြဲခန္းပို႔ စစ္ေဆးထားတယ္။ တားျမစ္ ဆိုးေဆးေတြ႕ရွိရင္ မူလထုတ္လုပ္တဲ့ေနရာအထိ ရွာေဖြ အေရးယူသြားမယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

‘‘ငါးပိ ထုတ္လုပ္တဲ့ ေနရာေတြမွာ ဆိုးေဆးအသံုးျပဳထားတဲ့ လက္ရာေတြ ရွိေနတုန္းပါပဲ။ သူတို႔ ေျပာတာက အရင္တုန္းက လက္က်န္ေတြပါလို႔ေတာ့ ေျပာတယ္’’ လို႔ ေဒါက္တာျပည့္ၿဖိဳးက ဆိုပါတယ္။

ဇူလိုင္လကလည္း မႏၲေလးတိုင္းေဒသႀကီးအတြင္း ေစ်း ၁၃ ခုက ရရိွတဲ့  ငါးပိ နမူနာေတြရဲ႕ ၁၉ ရာခိုင္ႏႈန္းမွာ တားျမစ္ဆိုးေဆး ေတြ႕ရွိရေၾကာင္း FDAက ထုတ္ျပန္ခဲ့ပါေသးတယ္။

သဘာဝဆိုးေဆးေတြ ရိွေပ မယ့္ ကုန္က်စရိတ္ ႀကီးမားျခင္း၊ တာရွည္မခံျခင္း၊ ေရာင္းပန္းမလွ ျခင္း၊ ဝယ္ယူရရိွဖို႔ ခက္ခဲျခင္းတို႔ ေၾကာင့္ လုပ္ငန္းရွင္ေတြက အသံုး ျပဳမႈ နည္းပါးတယ္လို႔ ဆိုပါတယ္။

ယင္မနားေဆးနဲ႔ ပိုးသတ္ေဆး

ငါးပိ ေရာင္းတဲ့ေစ်းေတြမွာ ေရာင္းခ်သူေတြဟာ  မိ႐ုိးဖလာ နည္းေတြအရ ဆုိလ႔ိုရွိရင္ တစ္ေန႔ စာကိုပဲ ပံုၿပီးေရာင္းတာပါ။ လုပ္ ငန္းရွင္ ဦးေရႊမန္းက‘‘ဆားကို အ သံုးျပဳၿပီး ထိန္းရင္လည္း ရပါ တယ္။ နည္းပညာကိုေတာ့ လုပ္ သက္ရင့္တဲ့ လူေတြဆီက သင္ယူ ရတာ ေတြလည္း ရွိပါတယ္’’ လို႔ ဆိုပါတယ္။

ငါးပိ၊ ငါးေျခာက္ေတြမွာ ယင္မနားေဆး အသုံးျပဳေနၾက တာလည္းကာလအေတာ္ၾကာေန ၿပီျဖစ္ေၾကာင္း၊ ေလာေလာဆယ္ မွာ ထိန္းခ်ဳပ္လို႔ရတဲ့ အေနအထား ကိုေတာ့ ေရာက္ေနၿပီျဖစ္ေၾကာင္း လက္ေတြ႔ကြင္းဆင္းၿပီး ေတြ႕ရတဲ့ အေျခအေနကို ေဒါက္တာျပည့္ ၿဖိဳးက ေျပာျပပါတယ္။

ယင္မနားေဆး ထည့္သြင္း ထားျခင္း ရိွ၊ မရိွကို ငါးလုပ္ငန္း ဦးစီးဌာနနဲ႔ စိုက္ပ်ိဳးေရးဦးစီးဌာန မွာရွိတဲ့ ဓာတ္ခြဲခန္းေတြမွာသာ စစ္ေဆးႏိုင္တာပါ။

‘‘ဓာတုေဗဒ ဆိုးေဆး၊ ယင္ မနားေဆး၊ တာရွည္ခံေဆး မသံုး စြဲဖို႔ကြ်န္ေတာ္တို႔ အသင္းအဖြဲ႕က အသိပညာေပး ေဆြးေႏြးပါတယ္၊ ဒါေပမဲ့ လိုက္နာမႈ အားနည္းေနတာ ေတြ႕ရပါတယ္။ ကြ်န္ေတာ္ တို႔အဖြဲ႕က အာဏာပိုင္ အဖြဲ႕အ စည္းလည္း မဟုတ္ေတာ့ တင္း က်ပ္စြာ လုပ္ေဆာင္လို႔မရပါဘူး’’ လို႔ ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္ ထုတ္လုပ္ေရာင္းဝယ္သူမ်ား အ သင္း အတြင္းေရးမွဴးဦးထြန္းစိန္က ေျပာပါတယ္။

ရန္ကုန္ ေစ်းကြက္အတြင္း ေလ့လာတဲ့အခါ Tricholorofon (ထ႐ိုင္ကလို႐ုိေဖာင္း)လို႔ေခၚတဲ့ ပိုးသတ္ေဆး တစ္မ်ိဳးကို ငါးပိ ထုတ္လုပ္သူေတြ ဝယ္ယူမႈရွိေန တယ္လို႔ သိရပါတယ္။

အဲဒီ စိုက္ပ်ိဳးေရး လုပ္ငန္း သံုး ဓာတုေဆးဝါးကို အစားအစာ ေတြမွာ ထည့္သြင္းအသံုးျပဳရင္  ေငြဒဏ္ကေန ေထာင္ ငါးႏွစ္ အ ထိ ခ်မွတ္ႏိုင္တဲ့ ပိုးသတ္ေဆး ဥပေဒ ပုဒ္မ ၃၃ အရ အေရးယူခံ ရႏိုင္တယ္လို႔ ဧရာဝတီတိုင္းေဒသ ႀကီး စိုက္ပ်ိဳးေရး ဦးစီးဌာန တိုင္း သီးႏွံကာကြယ္ေရး တာဝန္ခံ ဦးဝင္းစိုးက ေျပာပါတယ္။

‘‘ပိုးသတ္ေဆး ေရာင္းမယ္ ဆိုလို႔ရွိရင္ သံုးစြဲပံုသင္တန္းတက္ ရပါတယ္။ သင္တန္း လက္မွတ္ ရၿပီးမွပဲ ပိုးသတ္ေဆးေရာင္းခ်ခြင့္ လိုင္စင္ ေလွ်ာက္ရတာပါ။ ဒါ ေတြမရွိဘဲ ေရာင္းခ်ရင္ ပိုးသတ္ ေဆး ဥပေဒနဲ႔ အေရးယူပါမယ္’’ လို႔ ဦးဝင္းစိုးက ရွင္းျပပါတယ္။

ထ႐ိုင္ကလို႐ုိေဖာင္းက အ မႈန္႔၊ အရည္နဲ႔ အခဲ ဆိုၿပီး ပံုစံသုံးမ်ဳိးနဲ႔ ေစ်းကြက္ထဲမွာ ရွိတာပါ။ အဲဒီထဲမွာ တ႐ုတ္ႏုိင္ငံကေန တရားမဝင္ တင္သြင္းတဲ့ အစိမ္း ေရာင္ပုလင္းကို သံုးစြဲမႈမ်ားတယ္ လို႔ ေစ်းကြက္ထဲက သိရပါတယ္။

နယ္ဘက္က မွာယူတာေတြကို လည္းကား ဂိတ္ကေနတစ္ဆင့္ ပို႔ေပးတယ္လို႔ ေရာင္းခ်သူေတြက ေျပာပါတယ္။ ေရာင္းခ်သူေတြက လည္း ဓာတုေဆးဝါးေတြနဲ႔ဒီဓာတု ေဆးဝါးေတြရဲ႕အႏၱရာယ္ကို နားမ လည္တာ ေတြ႕ရပါတယ္။   ေဆး အမည္ကိုေတာင္ မွန္ကန္ေအာင္ မေျပာႏိုင္ဘဲ ေလာက္ေသေဆး၊ ယင္မနားေဆး အစရွိတဲ့ အေခၚ အေဝၚေတြနဲ႔ ေရာင္းခ်ေနၾကတာ ပါ။

ပိုးသတ္ေဆး တာရွည္အသံုး ျပဳမိရင္  ဉာဏ္ရည္၊ မ်ိဳးပြားစြမ္း အင္၊  ေရာဂါဘယဒဏ္ခံႏိုင္ရည္ရွိ မႈတို႔ က်ဆင္းလာျခင္း၊ ပံုမမွန္ေမြး ဖြားမႈ၊ ကင္ဆာေရာဂါတို႔ ျဖစ္ေပၚ လာႏိုင္ေစတယ္လို႔ ေဒါက္တာ ျပည့္ၿဖိဳးက ေျပာျပပါတယ္။

‘‘ဘယ္ပိုးသတ္ေဆးကိုမွ အ စားအေသာက္မွာ ပါဝင္ဖို႔ FDAက ခြင့့္ျပဳထားတာ မရွိဘူး။ အခုမထည့္ဖို႔ ညိႇႏႈိင္းထားတယ္။ နည္း ပညာ ရွာေနတယ္။ ဒီၾကားထဲက်ဴးလြန္ရင္ အေရးယူမယ္’’ လို႔ သူက ေျပာပါတယ္။

ငါးပိထဲက ဓာတ္ေျမၾသဇာ

သဘာဝအေလ်ာက္ရိွတဲ့ ယူ ရီးယားဆိုတာက ႏုိက္ထ႐ုိဂ်င္ ပါဝင္တဲ့ ဓာတုေပါင္းစပ္မႈျဖစ္ၿပီး ႏုိ႔တိုက္သတၱဝါေတြက စြန္႔လိုက္ တဲ့ ဆီးမွာပါဝင္ပါတယ္။

အစားအေသာက္ေရးရာ ပညာရွင္ ေဒါက္တာစိုးခိုင္က အ သားဓာတ္ကတစ္ဆင့္ ျဖစ္ေပၚ လာတဲ့ ယူရစ္အက္ဆစ္ဟာ အ ဆစ္အျမစ္ ေရာင္ရမ္းတဲ့ေရာဂါကို ျဖစ္ေစတယ္လို႔ ေျပာျပပါတယ္။

‘‘အသည္းေရာဂါနဲ႔ ေက်ာက္ ကပ္ေရာဂါရွိသူေတြအေနနဲ႔ ယူရီး ယားဓာတ္ ပါဝင္မႈျမင့္တဲ့ ၾကက္ သား၊ ငါး၊ ငါးပိ၊ ငါးပိရည္ စတာ ေတြကို မစားသုံးသင့္ဘူး’’ လို႔ လည္း ေဒါက္တာစိုးခိုင္က ေျပာ ပါတယ္။

ေဒါက္တာျပည့္ၿဖိဳးကလည္း ယူရီးယားနဲ႔ ပတ္သက္ၿပီး  အလား တူ သံုးသပ္ပါတယ္။

‘‘အပူေပး ခ်က္ျပဳတ္္လိုက္တဲ့ ယူရီးယားကအေငြ႕ျပန္သြားတဲ့ အတြက္အႏၲရာယ္ေတာ့မရွိေလာက္ေတာ့ဘူး။ ဒါေပမဲ့ စိတ္ခ်လက္ ခ်စားသံုးဖို႔မေျပာႏိုင္ေသးပါဘူး။ တိက်တဲ့သုေတသနရလဒ္ေတြလည္း မရွိေသးပါဘူး’’ လို႔ ေဒါက္တာျပည့္ၿဖိဳးက ေျပာပါတယ္။

အရည္က်ိဳငါးပိမွာ ယူရီး ယားဓာတ္ေျမၾသဇာကို ထည့္ျခင္း ျဖင့္ ထုတ္လုပ္မႈၾကာခ်ိန္ကိုေလွ်ာ့ ခ်ႏိုင္တယ္။ ယူရီးယားကို မသံုး တဲ့ လုပ္ငန္းရွင္လည္း ရွိတယ္လို႔  သူက ဆက္ေျပာပါတယ္။

ငါးပိလုပ္ငန္းကို ကာလၾကာ ရွည္ လုပ္ကိုင္ဖူးသူ ရန္ကုန္၊ မဂၤလာဒံုၿမိဳ႕နယ္က အမ်ဳိးသမီး တစ္ဦးက  ‘‘တစ္လအတြင္း ငါးပိ ျဖစ္ေစဖို႔အတြက္ ေျမဆီ(ဓာတ္ ေျမၾသဇာ) အျဖဴတစ္မ်ိဳးကို ထည့္ ၿပီး သိပ္ပါတယ္။ အဲဒီေျမဆီ အျဖဴမႈန္႔ကိုလည္း ဘုရင့္ေနာင္ ပြဲ႐ံုတန္းက စိုက္ပ်ိဳးေရးဆုိင္ေတြ က ဝယ္ယူရပါတယ္’’ လုိ႔ ေျပာျပ ပါတယ္။

ဘုရင့္ေနာင္ ပြဲ႐ုံတန္း စိုက္ ပ်ိဳးေရးပစၥည္း အေရာင္းဆိုင္ေတြ ကို ကြင္းဆင္းေလ့လာ စံုစမ္းတဲ့ အခါ ငါးပိကုန္သည္ေတြက ယူရီး ယားကို အရည္က်ိဳငါးပိထုတ္လုပ္ ဖို႔ ဝယ္ယူတယ္လ႔ို ေျပာေပမယ့္ အခုလို ျပႆနာေတြျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ ငါးကန္ထဲထည့္ဖို႔ သာ ေျပာဆိုဝယ္ယူမႈေတြ ရွိေန တယ္လို႔ သိရပါတယ္။

စိုက္ပ်ိဳးေရးသမားက ယူရီး ယား အရည္အေသြးကို ေသခ်ာ စစ္ၿပီးမွ ဝယ္ေပမယ့္ ငါးကန္ သမားေတြကေတာ့ ေစ်းေပါတာ ကိုသာ ဝယ္ယူေလ့ရွိတယ္လ႔ို အ ေရာင္းဝန္ထမ္းတစ္ဦးက ေျပာျပ ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအ တြင္း ငါးပိထုတ္လုပ္မႈေတြကို သု ေတသနလုပ္ေနသူ ေဒါက္တာ ျပည့္ၿဖိဳးကေတာ့ ထုတ္လုပ္ပံု လုပ္ငန္းစဥ္ အဆင့္ဆင့္မွာ သန္႔ ရွင္းမႈ အားနည္းတယ္လို႔ ေျပာျပ ပါတယ္။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ ေတာ့ ငါးပိစက္႐ုံေတြမွာဆိုရင္ ေခါင္းစြပ္၊ လက္အိတ္ေတြနဲ႔ အ ဝတ္အစား အကာအကြယ္ေတြကို ေသခ်ာသပ္ရပ္စြာ ဝတ္္ဆင္ၿပီး က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ထုပ္လုပ္မႈ၊ သန္႔ရွင္းမႈတို႔ေၾကာင့္ သူတုိ႔ငါးပိကုိ ႏုိင္ငံတကာပို႔တဲ့ အဆင့္ ျဖစ္ေနပါၿပီ။

စားသံုးသူကာကြယ္ေရး

ရန္ကုန္တိုင္းေဒသႀကီး စား သံုးသူေရးရာဦးစီးဌာန တိုင္းဦးစီး မွဴး ဦးျမင့္ခ်ိဳက မမွန္မကန္ ထုတ္ လုပ္ေနတဲ့ လုပ္ငန္းရွင္ေတြကို  စားသံုးသူကာကြယ္ေရး ဥပေဒအ တုိင္း အေရးယူတယ္လို႔ ေျပာပါ တယ္။

‘‘ငါးပိဆိုိတာက အမ်ိဳးသား ေရး စားကုန္။  ငါးပိ ငါးေျခာက္ ထုတ္လုပ္တဲ့ပံုစံက က်န္းမာေရးနဲ႔ မညီၫြတ္ဘူး။ ငါးပိဆိုတာ စ ထုတ္ကတည္းက ေျခေထာက္နဲ႔ နင္းၿပီး သိပ္တာ’’ လို႔ ဦးျမင့္ခ်ိဳက ရွင္းျပပါတယ္။

ေဒါက္တာျပည့္ၿဖိဳးကေတာ့ ၂ဝ၁၄ ခုႏွစ္က ျပ႒ာန္းခဲ့တဲ့ စား သံုးသူကာကြယ္ေရး ဥပေဒမွာ လို အပ္ခ်က္ေတြ ရွိေနေသးေၾကာင္း ေထာက္ျပပါတယ္။

‘‘အေဟာင္းက လိုအပ္ခ်က္ ေတြ သိပ္မ်ားေနလို႔ စနစ္နဲ႔ အံမ ဝင္ေတာ့လို႔ အသစ္ ေရးဆြဲေနပါ တယ္’’ လ႔ို ေဒါက္တာျပည့္ၿဖိဳးက ဆိုပါတယ္။

စားေသာက္ကုန္နဲ႔ ပတ္ သက္တဲ့ မသမာမႈေတြ ေတြ႕ရင္ တိတိက်က် သတင္းေပးတိုင္ ၾကားပါက လာေရာက္စစ္ေဆး အေရးယူပါမယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ က်န္းမာ ေရး ဝန္ႀကီးဌာန၊ စည္ပင္သာယာ ေရး ေကာ္မတီ၊ စားသံုးသူကာ ကြယ္ေရး အသင္းေတြကို တိုင္ ၾကားခ်က္ေတြ ေရာက္လာတာ နည္းပါးေနေသးတယ္လို႔ သိရပါ တယ္။

ဓာတုကင္းစင္တဲ့ ငါးပိ၊ ငါး ေျခာက္နဲ႔ ငံျပာရည္လုပ္ငန္းေတြ ကို ေထာက္ခံစာ ထုတ္ေပးသြား မယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႔ခ်ဳပ္ ဒုဥကၠ႒ ဦးႏွင္းဦးက ေျပာပါတယ္။

ငါးပိလုပ္ငန္းရွင္ ဦးေရႊမန္း က ႏိုင္ငံတကာအဆင့္မီ သန္႔သန္႔ ရွင္းရွင္း ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေန သူဟာ နည္းပညာ၊ ေငြေၾကး အ ကန္႔အသတ္တို႔နဲ႔ ႀကဳံေနရတယ္ လို႔ ေျပာပါတယ္။

‘‘ထိုင္းႏို္င္ငံအထိ နည္းပညာ ေတြကို သြားေရာက္ ေလ့လာခဲ့ေပ မယ့္ တစ္ခ်ဳိ႕စက္႐ံုေတြက ဝင္ ေရာက္ ေလ့လာခြင့္ေတာင္ မေပး ပါဘူး။ ထုတ္လုပ္မႈ အဆင့္ဆင့္ ေတြကို လက္နဲ႔လုပ္တာထက္ စက္နဲ႔လုပ္တဲ့ စနစ္ကို ေရာက္ေစ ခ်င္ေနၿပီ။ ႏုိင္ငံေတာ္အဆင့္ ကူ ညီပံ့ပုိးမႈေတြနဲ႔ အဆင့္မီနည္း ပညာေတြ ပံ့ပုိးေပးေစခ်င္ပါ တယ္’’ လို႔ ဦးေရႊမန္းက ေျပာပါ တယ္။

ငါးပိ၊ ငံျပာရည္ကို ႏိုင္ငံ တကာ လက္ခံဖို႔အတြက္ ဆိုရင္ နည္းပညာမွန္ကန္စြာ၊ သန္႔ရွင္း စြာ ထုတ္လုပ္ရမွာပါ။ 

အေကာင္းဆံုးကို ဘယ္လို ထုတ္လုပ္ၾကမလဲဆိုတာ အားလံုး ပူးေပါင္းပါဝင္ၿပီး အေျဖရွာၾကဖို႔ လုိအပ္ပါတယ္။ အဲဒီလိုမ်ိဳး မ လုပ္ႏုိင္ရင္ေတာ့ ႏုိင္ငံတကာကို လည္း မထုိးေဖာက္ႏုိင္တဲ့အျပင္ ျပည္တြင္းမွာလည္း အမ်ားျပည္ သူအတြက္ က်န္းမာေရး အႏၲ ရာယ္ရွိၿပီး ဆုံး႐ႈံးနစ္နာမႈေတြ ဆက္လက္ ႀကံဳေတြ႕ေနၾကရဦးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မကြာသေးခင်က ရန်ကုန်မြို့ရဲ့ ဈေးတစ်ခုအတွင်း သားငါးရောင်းတဲ့နေရာကို ရောက်သွားချိန်မှာ အံ့သြစရာအခြေအနေ တစ်ခုကို တွေ့ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့  ယင်ကောင်တစ်ကောင်မှ မရှိသလို ငါးပိပုံထဲမှာလည်း လောက်ကောင်လေးတွေကို မတွေ့ရပါဘူး။  ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ ဆိုကြပေမယ့် ငါးပိဆိုင်တွေရဲ့ အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

မြန်မာတွေရဲ့ ရိုးရာအစားအစာငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်းမရှိသေးသလို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါးဖြစ်နေဆဲပါ။ 

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့   မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ငါးပိထဲက  အာဆင်းနစ်

ရန်ကုန်မှာအစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ ဈေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး  အစိုးရအသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကို မကြာသေးခင်က သွားရောက်ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း လေးခုကသာ ငါးပိကို လက်ခံစစ်ဆေးနိုင်တာ တွေ့ရပါတယ်။  အဲဒီထဲမှာပဲ ဓာတ်ခွဲခန်းနှစ်ခုက အာဟာရတန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်း တစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ်ပါဝင်မှု မရှိပါဘူး။  တခြား ဓာတ်ခွဲခန်းတစ်ခုရဲ့ တွေ့ရှိချက်ကတော့  အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတ်မှတ်ချက်ထက်ငါးဆနီးပါး ပိုနေပါတယ်။

ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေပြောလို့မရဘူး။ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့် ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက်ဆိုင်ရာပညာရှင် ဒေါက်တာစိုးခိုင်ကလည်း  ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝအလျောက် ပါဝင်နိုင်သလို ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့  ရှင်းပြပါတယ်။

အာဆင်းနစ် အဆိပ်သင့် ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာရှိနေကြောင်း ရန်ကုန်၊ လမ်းမတော်မြို့နယ်  ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီးရဲ့ မှတ်တမ်းများအရ သိရပါတယ်။

အဲဒီ ဆေးရုံမှာ အသည်းနဲ့ပတ်သက်ပြီးကုသမှု ခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက (၅၆)နှစ်အရွယ် ဒေါ်ခင်ခင်စော ဖြစ်ပါတယ်။

‘‘ ရုတ်တရက် ခေါင်းမူးပြီး ကြွက်တက်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုေ ရာက်မှပဲ ကျွန်မမှာ ဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာ သိရတာ’’ လို့ ဒေါ်ခင်ခင်စောက ဆိုပါတယ်။

‘‘ နေ့တိုင်းစားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့ အပြင်မှာပြောကြတာပဲ။ ငါးပိရည် မပါရင် ထမင်းစားမမြိန်လို့ စားနေတာပဲ။ အခုတောင် သွေးတိုးရောဂါရှိတယ်လ့ို ဆရာဝန်ပြောလို့ လျှော့စားနေရတယ်’’

သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက မြင့်မားလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သည့် ရောဂါများကာကွယ်နှိမ်နင်းရေး ဌာနခွဲညွှန်ကြားရေးမှူးဒေါက်တာမြင့်ရွှေက ပြောပါတယ်။

တခြားရောဂါတွေကြောင့် သေဆုံးသူ ရာခိုင်နှုန်းထက် ထက် ဝက်ကျော် ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့် အစားအစာတွေကြောင့် အသည်း၊  ကျောက်ကပ် ပျက်စီးစေတယ်။ ရောဂါလက္ခဏာပေါ်လာဖို့လည်း ၅ နှစ်မှ ၁၅ နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

အာဆင်းနစ် ပါဝင်တဲ့ရေကို သောက်သုံးရတဲ့ ဒေသက ဒေသခံတွေ အနေနဲ့ ဆီးအိမ်၊ အဆုတ်၊ အရေပြားကင်ဆာတို့ ဖြစ်စေနိုင်ပြီး အရေပြားပြဿနာများ၊ သွေးလည်ပတ်မှုစနစ်၊ ပင်ကိုခုခံအားစနစ်နဲ့ အာရုံကြော စနစ်တွေကို ပျက်စီးထိခိုက်စေနိုင်တယ်လ့ိုကမ္ဘာ့ကျန်းမာရေးအဖွဲ့စစ်တမ်းက ဖော်ပြထားပါတယ်။

ငါးပိ ဈေးကွက်

မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကို ဧရာဝတီတိုင်း ဒေသကြီးမှာ စီးပွားဖြစ်ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ချိနေပါတယ်။

ဈေးနှုန်းအနည်းငယ် မြင့်မားတဲ့ မြိတ်၊ ထားဝယ်ဒေသနဲ့ ရခိုင်ပြည်နယ်ထွက်ငါးပိက ဒေသတွင်းစားသုံးမှုများပြီး တခြားဒေသကို တင်ပို့မှု နည်းပါတယ်။

နှစ်စဉ် ငါးပိနဲ့ ငံပြာရည်တန်ချိန် ၃,၁ဝဝ၊ ငါးခြောက်တန်ချိန် ၅၃,ဝဝဝ လောက်ကို အလုပ်သမားအင်အား ၆,ဝဝဝ ဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါလုပ်ငန်း ဦးစီးဌာနရဲ့ ခန့်မှန်းစာရင်းတွေမှာ တွေ့ရပါတယ်။

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ၄ဝဝ ဝန်းကျင်ဟာ မြေအောက်ရေကိုသာ သုံးစွဲကြပြီး  ရေသန့်စက်တွေ တပ်ဆင်သုံးစွဲဖို့တွက်ခြေ မကိုက်နိုင်ဘူးလု့ိ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေက စည်ပင်သာယာရေးကော်မတီ၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှာ လုပ်ငန်းလိုင်စင်လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိလုပ်ငန်းရှင် ၂ဝဝ ကျော်က ငါးလုပ်ငန်းဦးစီးဌာနမှာ လိုင်စင်တင်ထားတယ်၊ ဒါဟာ နိုင်ငံတစ်ဝန်းလုပ်ငန်းရှင် အရေအတွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာကိုယ်စားပြုတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများ အသင်းအတွင်းရေးမှူးဦးထွန်းစိန်က ပြောပါတယ်။

မျှင်ငါးပိနဲ့ ဆိုးဆေး

ငါးပိဆိုတာ မိသားစု အများစုရဲ့ မီးဖိုခန်းထဲမှာ  သိမ်းဆည်းသိုလှောင်ထားတဲ့ အစားအစာဖြစ်ပါတယ်။  နိုင်ငံရပ်ခြားကိုရောက်နေတဲ့ မြန်မာတွေ အမြဲတောင့်တမိတဲ့ အစားအစာစာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းက ထိပ်တန်းမှာ နေရာယူထားပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ  ဒေါ်ခင်မေမြင့်က  ‘‘ ဇာတိမြေဖြစ်တဲ့ သံတွဲကပဲ မျှင်ငါးပိကို မှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကို ထောင်းထားတဲ့အတွက် အနံ့ ပိုကောင်းတယ်။ အိမ်က ဟင်းချက်တဲ့အခါ မပါမဖြစ်ဆိုတော့ တစ်နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်’’ လ့ို ပြောပြပါတယ်။

ငါးပိမှာ   အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများကြီးပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေရုံမက ကျန်းမာရေးအတွက်လည်း များစွာအကျိုးပြုတယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။

ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့ စံမမီတဲ့ငါးတွေကို ကြိတ်ပြီး ဆားလူးလိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲခွံရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကို ရေဖျော်ပြီး ဖျန်းတယ်။ သုံးခေါက်လောက် ကြိတ်လိုက်ရင် အရောင်ညီညာတဲ့ မျှင်ငါးပိကိုရနိုင်တယ်လို့  ပြောပါတယ်။

ဈေးကွက်မှာ မျှင်ငါးပိ ရောင်းပန်းလှဖို့ ဓာတုဆေး အသုံးပြုလာတာ နှစ်ပေါင်း ၄ဝ ဝန်းကျင် ကြာခဲ့ပြီလို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တားမြစ်တာတွေ ရှိပေမယ့် ငါးပိ ထုတ်လုပ်သူတချို့က တားမြစ်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို သိပုံမရကြပါဘူး။ စားသုံးသူတချို့ကလည်း မျှင်ငါးပိဆိုတာအနီရောင်လို့ ထင်မှတ်နေတာတွေလည်းရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ ပြောလို့မရပါဘူး။ ပင်လယ် လေတိုက်တာတွေ ပြောင်းလဲတဲ့အခါ  သဘာဝအရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။

အရောင်ထည့်ရခြင်းရဲ့ အားသာချက်ထဲမှာ အရသာခါးသက်မသွားခြင်း၊ တာရှည်အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးရွှေမန်းက  ‘‘လုပ်ငန်းရှင်တွေ အနေနဲ့ အမြဲတမ်းဓာတ်ခွဲခန်းကို သွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး။ ငါးပိထွက်တဲ့ အချိန်ကျရင်တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ ၈ဝ အထိ ဘုရင့်နောင် ပွဲရုံကို တင်ပို့နေတာတွေ ရှိပါတယ်’’လို့ ပြောပါတယ်။

တားမြစ်ဆိုးဆေး နဲ့ ကင်ဆာ

စားသောက်ကုန်တွေ အရောင်အဆင်းလှ၊ အရသာကောင်း၊  တာရှည်ခံဖို့အတွက် ဓာတုဆေးသုံးစွဲတာ ပိုမို များပြားလာကြောင်း ဈေးကွက်ထဲ စုံစမ်းမှုအရ  သိရပါ တယ်။ 

အစားအစာထဲ အများဆုံးတွေ့ရှိရတဲ့ ဓာတုဆိုးဆေးမှာ အထည်ချုပ်လုပ်ငန်းသုံး Rhodami-ne B ဖြစ်ကြောင်း၊ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတ့ို လတ်တလော ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ ခန္ဓာကိုယ်ကြီးထွားမှု ထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း   FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဒီဆိုးဆေးအပါအဝင်  Auramine O, Sudan Dyes, Orange II တို့ဟာ  မြန်မာပြည် အစားအသောက်လုပ်ငန်းအတွင်း အများဆုံးသုံးနေကြတဲ့   အန္တရာယ်ရှိ တားမြစ်ဆိုးဆေးများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ခွဲခန်းမှူးတစ်ဦးကတော့ သူတို့ဆီမှာ Rhodamine Bမှတစ်ပါး တခြားတားမြစ်ဆိုးဆေးတွေကို   ရှာဖွေ စမ်းသပ်နိုင်တဲ့နည်းပညာတွေ မရှိသေးဘူးလို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကင်ဆာရောဂါတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေကြတာကြာပါပြီ။

၂ဝဝ၈ ခုနှစ်ကကျန်းမာရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း မျှင်ငါးပိမှာတားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။

အစားအသောက်မှာ တားမြစ်ဓာတုဆေး လုံးဝအသုံး မပြုဖို့ လုပ်ငန်းရှင်တွေကို သတိပေးထားပြီးလိုက်နာမှုမရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ  အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးမှာ FDA ရုံးခွဲတစ်ခုကို တိုးချဲ့ခဲ့ပြီး ဈေးကွက်ထဲ စစ်ဆေးရာမှာ မျှင်ငါးပိ ၇ဝ ရာခိုင်နှုန်းလောက်မှာ တားမြစ်ဆိုးဆေး ပါဝင်တာ တွေ့ရှိခဲ့ရတယ်လို့ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျေးရွာမြို့နယ်တွေကရရှိတဲ့ မျှင်ငါးပိနမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်။ တားမြစ် ဆိုးဆေးတွေ့ရှိရင် မူလထုတ်လုပ်တဲ့နေရာအထိ ရှာဖွေ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

‘‘ငါးပိ ထုတ်လုပ်တဲ့ နေရာတွေမှာ ဆိုးဆေးအသုံးပြုထားတဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ။ သူတို့ ပြောတာက အရင်တုန်းက လက်ကျန်တွေပါလို့တော့ ပြောတယ်’’ လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

ဇူလိုင်လကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ဈေး ၁၃ ခုက ရရှိတဲ့  ငါးပိ နမူနာတွေရဲ့ ၁၉ ရာခိုင်နှုန်းမှာ တားမြစ်ဆိုးဆေး တွေ့ရှိရကြောင်း FDAက ထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝဆိုးဆေးတွေ ရှိပေ မယ့် ကုန်ကျစရိတ် ကြီးမားခြင်း၊ တာရှည်မခံခြင်း၊ ရောင်းပန်းမလှ ခြင်း၊ ဝယ်ယူရရှိဖို့ ခက်ခဲခြင်းတို့ ကြောင့် လုပ်ငန်းရှင်တွေက အသုံး ပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ယင်မနားဆေးနဲ့ ပိုးသတ်ဆေး

ငါးပိ ရောင်းတဲ့ဈေးတွေမှာ ရောင်းချသူတွေဟာ  မိရိုးဖလာ နည်းတွေအရ ဆိုလ့ိုရှိရင် တစ်နေ့ စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ် ငန်းရှင် ဦးရွှေမန်းက‘‘ဆားကို အ သုံးပြုပြီး ထိန်းရင်လည်း ရပါ တယ်။ နည်းပညာကိုတော့ လုပ် သက်ရင့်တဲ့ လူတွေဆီက သင်ယူ ရတာ တွေလည်း ရှိပါတယ်’’ လို့ ဆိုပါတယ်။

ငါးပိ၊ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြ တာလည်းကာလအတော်ကြာနေ ပြီဖြစ်ကြောင်း၊ လောလောဆယ် မှာ ထိန်းချုပ်လို့ရတဲ့ အနေအထား ကိုတော့ ရောက်နေပြီဖြစ်ကြောင်း လက်တွေ့ကွင်းဆင်းပြီး တွေ့ရတဲ့ အခြေအနေကို ဒေါက်တာပြည့် ဖြိုးက ပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်း ထားခြင်း ရှိ၊ မရှိကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ စိုက်ပျိုးရေးဦးစီးဌာန မှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

‘‘ဓာတုဗေဒ ဆိုးဆေး၊ ယင် မနားဆေး၊ တာရှည်ခံဆေး မသုံး စွဲဖို့ကျွန်တော်တို့ အသင်းအဖွဲ့က အသိပညာပေး ဆွေးနွေးပါတယ်၊ ဒါပေမဲ့ လိုက်နာမှု အားနည်းနေတာ တွေ့ရပါတယ်။ ကျွန်တော် တို့အဖွဲ့က အာဏာပိုင် အဖွဲ့အ စည်းလည်း မဟုတ်တော့ တင်း ကျပ်စွာ လုပ်ဆောင်လို့မရပါဘူး’’ လို့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများ အ သင်း အတွင်းရေးမှူးဦးထွန်းစိန်က ပြောပါတယ်။

ရန်ကုန် ဈေးကွက်အတွင်း လေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း)လို့ခေါ်တဲ့ ပိုးသတ်ဆေး တစ်မျိုးကို ငါးပိ ထုတ်လုပ်သူတွေ ဝယ်ယူမှုရှိနေ တယ်လို့ သိရပါတယ်။

အဲဒီ စိုက်ပျိုးရေး လုပ်ငန်း သုံး ဓာတုဆေးဝါးကို အစားအစာ တွေမှာ ထည့်သွင်းအသုံးပြုရင်  ငွေဒဏ်ကနေ ထောင် ငါးနှစ် အ ထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ ၃၃ အရ အရေးယူခံ ရနိုင်တယ်လို့ ဧရာဝတီတိုင်းဒေသ ကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်း သီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

‘‘ပိုးသတ်ဆေး ရောင်းမယ် ဆိုလို့ရှိရင် သုံးစွဲပုံသင်တန်းတက် ရပါတယ်။ သင်တန်း လက်မှတ် ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် လျှောက်ရတာပါ။ ဒါ တွေမရှိဘဲ ရောင်းချရင် ပိုးသတ် ဆေး ဥပဒေနဲ့ အရေးယူပါမယ်’’ လို့ ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အ မှုန့်၊ အရည်နဲ့ အခဲ ဆိုပြီး ပုံစံသုံးမျိုးနဲ့ ဈေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်း ရောင်ပုလင်းကို သုံးစွဲမှုများတယ် လို့ ဈေးကွက်ထဲက သိရပါတယ်။

နယ်ဘက်က မှာယူတာတွေကို လည်းကား ဂိတ်ကနေတစ်ဆင့် ပို့ပေးတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ ရောင်းချသူတွေက လည်း ဓာတုဆေးဝါးတွေနဲ့ဒီဓာတု ဆေးဝါးတွေရဲ့အန္တရာယ်ကို နားမ လည်တာ တွေ့ရပါတယ်။   ဆေး အမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲ လောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ် အဝေါ်တွေနဲ့ ရောင်းချနေကြတာ ပါ။

ပိုးသတ်ဆေး တာရှည်အသုံး ပြုမိရင်  ဉာဏ်ရည်၊ မျိုးပွားစွမ်း အင်၊  ရောဂါဘယဒဏ်ခံနိုင်ရည်ရှိ မှုတို့ ကျဆင်းလာခြင်း၊ ပုံမမှန်မွေး ဖွားမှု၊ ကင်ဆာရောဂါတို့ ဖြစ်ပေါ် လာနိုင်စေတယ်လို့ ဒေါက်တာ ပြည့်ဖြိုးက ပြောပြပါတယ်။

‘‘ဘယ်ပိုးသတ်ဆေးကိုမှ အ စားအသောက်မှာ ပါဝင်ဖို့ FDAက ခွင့်ပြုထားတာ မရှိဘူး။ အခုမထည့်ဖို့ ညှိနှိုင်းထားတယ်။ နည်း ပညာ ရှာနေတယ်။ ဒီကြားထဲကျူးလွန်ရင် အရေးယူမယ်’’ လို့ သူက ပြောပါတယ်။

ငါးပိထဲက ဓာတ်မြေသြဇာ

သဘာဝအလျောက်ရှိတဲ့ ယူ ရီးယားဆိုတာက နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတုပေါင်းစပ်မှုဖြစ်ပြီး နို့တိုက်သတ္တဝါတွေက စွန့်လိုက် တဲ့ ဆီးမှာပါဝင်ပါတယ်။

အစားအသောက်ရေးရာ ပညာရှင် ဒေါက်တာစိုးခိုင်က အ သားဓာတ်ကတစ်ဆင့် ဖြစ်ပေါ် လာတဲ့ ယူရစ်အက်ဆစ်ဟာ အ ဆစ်အမြစ် ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ ပြောပြပါတယ်။

‘‘အသည်းရောဂါနဲ့ ကျောက် ကပ်ရောဂါရှိသူတွေအနေနဲ့ ယူရီး ယားဓာတ် ပါဝင်မှုမြင့်တဲ့ ကြက် သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာ တွေကို မစားသုံးသင့်ဘူး’’ လို့ လည်း ဒေါက်တာစိုးခိုင်က ပြော ပါတယ်။

ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ ပတ်သက်ပြီး  အလား တူ သုံးသပ်ပါတယ်။

‘‘အပူပေး ချက်ပြုတ်လိုက်တဲ့ ယူရီးယားကအငွေ့ပြန်သွားတဲ့ အတွက်အန္တရာယ်တော့မရှိလောက်တော့ဘူး။ ဒါပေမဲ့ စိတ်ချလက် ချစားသုံးဖို့မပြောနိုင်သေးပါဘူး။ တိကျတဲ့သုတေသနရလဒ်တွေလည်း မရှိသေးပါဘူး’’ လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

အရည်ကျိုငါးပိမှာ ယူရီး ယားဓာတ်မြေသြဇာကို ထည့်ခြင်း ဖြင့် ထုတ်လုပ်မှုကြာချိန်ကိုလျှော့ ချနိုင်တယ်။ ယူရီးယားကို မသုံး တဲ့ လုပ်ငန်းရှင်လည်း ရှိတယ်လို့  သူက ဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကို ကာလကြာ ရှည် လုပ်ကိုင်ဖူးသူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမျိုးသမီး တစ်ဦးက  ‘‘တစ်လအတွင်း ငါးပိ ဖြစ်စေဖို့အတွက် မြေဆီ(ဓာတ် မြေသြဇာ) အဖြူတစ်မျိုးကို ထည့် ပြီး သိပ်ပါတယ်။ အဲဒီမြေဆီ အဖြူမှုန့်ကိုလည်း ဘုရင့်နောင် ပွဲရုံတန်းက စိုက်ပျိုးရေးဆိုင်တွေ က ဝယ်ယူရပါတယ်’’ လို့ ပြောပြ ပါတယ်။

ဘုရင့်နောင် ပွဲရုံတန်း စိုက် ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေ ကို ကွင်းဆင်းလေ့လာ စုံစမ်းတဲ့ အခါ ငါးပိကုန်သည်တွေက ယူရီး ယားကို အရည်ကျိုငါးပိထုတ်လုပ် ဖို့ ဝယ်ယူတယ်လ့ို ပြောပေမယ့် အခုလို ပြဿနာတွေဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ငါးကန်ထဲထည့်ဖို့ သာ ပြောဆိုဝယ်ယူမှုတွေ ရှိနေ တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီး ယား အရည်အသွေးကို သေချာ စစ်ပြီးမှ ဝယ်ပေမယ့် ငါးကန် သမားတွေကတော့ ဈေးပေါတာ ကိုသာ ဝယ်ယူလေ့ရှိတယ်လ့ို အ ရောင်းဝန်ထမ်းတစ်ဦးက ပြောပြ ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအ တွင်း ငါးပိထုတ်လုပ်မှုတွေကို သု တေသနလုပ်နေသူ ဒေါက်တာ ပြည့်ဖြိုးကတော့ ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့် ရှင်းမှု အားနည်းတယ်လို့ ပြောပြ ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တော့ ငါးပိစက်ရုံတွေမှာဆိုရင် ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အ ဝတ်အစား အကာအကွယ်တွေကို သေချာသပ်ရပ်စွာ ဝတ်ဆင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထုပ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ငါးပိကို နိုင်ငံတကာပို့တဲ့ အဆင့် ဖြစ်နေပါပြီ။

စားသုံးသူကာကွယ်ရေး

ရန်ကုန်တိုင်းဒေသကြီး စား သုံးသူရေးရာဦးစီးဌာန တိုင်းဦးစီး မှူး ဦးမြင့်ချိုက မမှန်မကန် ထုတ် လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို  စားသုံးသူကာကွယ်ရေး ဥပဒေအ တိုင်း အရေးယူတယ်လို့ ပြောပါ တယ်။

‘‘ငါးပိဆိုတာက အမျိုးသား ရေး စားကုန်။  ငါးပိ ငါးခြောက် ထုတ်လုပ်တဲ့ပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ငါးပိဆိုတာ စ ထုတ်ကတည်းက ခြေထောက်နဲ့ နင်းပြီး သိပ်တာ’’ လို့ ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စား သုံးသူကာကွယ်ရေး ဥပဒေမှာ လို အပ်ချက်တွေ ရှိနေသေးကြောင်း ထောက်ပြပါတယ်။

‘‘အဟောင်းက လိုအပ်ချက် တွေ သိပ်များနေလို့ စနစ်နဲ့ အံမ ဝင်တော့လို့ အသစ် ရေးဆွဲနေပါ တယ်’’ လ့ို ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ် သက်တဲ့ မသမာမှုတွေ တွေ့ရင် တိတိကျကျ သတင်းပေးတိုင် ကြားပါက လာရောက်စစ်ဆေး အရေးယူပါမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာ ရေး ဝန်ကြီးဌာန၊ စည်ပင်သာယာ ရေး ကော်မတီ၊ စားသုံးသူကာ ကွယ်ရေး အသင်းတွေကို တိုင် ကြားချက်တွေ ရောက်လာတာ နည်းပါးနေသေးတယ်လို့ သိရပါ တယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ ငါး ခြောက်နဲ့ ငံပြာရည်လုပ်ငန်းတွေ ကို ထောက်ခံစာ ထုတ်ပေးသွား မယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

ငါးပိလုပ်ငန်းရှင် ဦးရွှေမန်း က နိုင်ငံတကာအဆင့်မီ သန့်သန့် ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေ သူဟာ နည်းပညာ၊ ငွေကြေး အ ကန့်အသတ်တို့နဲ့ ကြုံနေရတယ် လို့ ပြောပါတယ်။

‘‘ထိုင်းနိုင်ငံအထိ နည်းပညာ တွေကို သွားရောက် လေ့လာခဲ့ပေ မယ့် တစ်ချို့စက်ရုံတွေက ဝင် ရောက် လေ့လာခွင့်တောင် မပေး ပါဘူး။ ထုတ်လုပ်မှု အဆင့်ဆင့် တွေကို လက်နဲ့လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကို ရောက်စေ ချင်နေပြီ။ နိုင်ငံတော်အဆင့် ကူ ညီပံ့ပိုးမှုတွေနဲ့ အဆင့်မီနည်း ပညာတွေ ပံ့ပိုးပေးစေချင်ပါ တယ်’’ လို့ ဦးရွှေမန်းက ပြောပါ တယ်။

ငါးပိ၊ ငံပြာရည်ကို နိုင်ငံ တကာ လက်ခံဖို့အတွက် ဆိုရင် နည်းပညာမှန်ကန်စွာ၊ သန့်ရှင်း စွာ ထုတ်လုပ်ရမှာပါ။

အကောင်းဆုံးကို ဘယ်လို ထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး မ လုပ်နိုင်ရင်တော့ နိုင်ငံတကာကို လည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည် သူအတွက် ကျန်းမာရေး အန္တ ရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top