Property Expo
×

မ်က္ေတာင္ခတ္တာမဟုတ္ဘဲ မ်က္ခြံလႈပ္ရျခင္းအေၾကာင္းရင္းက ျပင္ပသက္ေရာက္မႈတစ္ခုေၾကာင့္ မ်က္လုံးၾကြက္သားထဲမွာရွိတဲ့ အာရုံေၾကာတစ္ခု လႈပ္ရွားသြားလို႔ျဖစ္ပါတယ္။ မ်က္ခြံဆုိတာ အရမ္းကိုႏူးညံ့တဲ့ အစိတ္အပိုု္င္းတစ္ခုျဖစ္တဲ့အတြက္ ၾကြက္သားေတြက သက္ေရာက္မႈအမ်ဳိးမ်ဳိးကိုိ ခံရႏုိင္ဖြယ္ရွိပါတယ္။ ဒါေပမဲ့ မ်က္ခြံလႈပ္တဲ့အခ်ိန္က လွ်ပ္တျပတ္မဟုတ္ဘဲ အခ်ိန္အေတာ္ၾကာ မရပ္မနားလႈပ္ေနျပီဆုိရင္စိတ္အေႏွာင့္အယွက္ျဖစ္ရတတ္ျပီး ေအာက္ပါအေၾကာင္းရင္းမ်ားေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

-ေကာ္ဖီေသာက္တာအရမ္းမ်ားတဲ့အတြက္ေၾကာင့္ျဖစ္ႏုိင္ပါတယ္။
ကဖင္းဓာတ္ရဲ႕ လႈံ႔ေဆာ္ေပးႏုိင္တဲ့ ဂုဏ္သတၱိက ႏွလုံးခုန္ႏႈန္းကို ျမန္ေစႏုိင္သလို ဇီဝကမၼျဖစ္စဥ္ေတြကိုလည္း သက္ေရာက္မႈရွိပါတယ္။ ေနာက္ျပီးၾကြက္သားေတြကို လႈပ္ရွားေစတာေၾကာင့္ မ်က္လုံးေၾကာင္တာမ်ဳိးျဖစ္ေစတတ္ျပီး မ်က္ခြံေတြကို အဆက္မျပတ္ လႈပ္ရွားေစတတ္ပါတယ္။ ကဖင္းဓာတ္ ဘယ္ေလာက္ပမာဏေသာက္ရင္ မ်က္ခြံလႈပ္တတ္တယ္ဆုိတာမ်ဳိး အတိအက်မရွိေပမဲ့ အခ်ိန္ၾကာၾကာမ်က္ခြံလႈပ္တတ္တာကို စိတ္ပူတယ္ဆုိရင္ ကဖင္းဓာတ္ကို အတတ္ႏုိင္ဆုံးေလွ်ာ့ၾကည့္သင့္ပါတယ္။

-စိတ္ဖိစီးမႈမ်ားတာ။
သင့္ခႏၶာကိုယ္က စိ္ဖိစီးမႈဒဏ္ကို နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ တုန္႔ျပန္ေလ့ရွိျပီး မ်က္ခြံလႈပ္ျခင္းကလည္း ဒီနည္းလမ္းေတြထဲက တစ္နည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လုိအေၾကာင္းေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေနသလဲဆုိတာစဥ္းစားတာ၊ စိတ္ဖိစီးမႈေလ်ာ့နည္းေစတဲ့ နည္းလမ္းေတြသုံးၾကည့္တာေတြ လုပ္သင့္ပါတယ္။

- ဓာတ္မတည့္တာတစ္ခုခု ခံစားေနရတဲ့အခါ
သင့္အေနနဲ႕ ဓာတ္မတည္တာတစ္ခုခု ခံစားရခ်ိန္မွာ ခႏၶာကိုယ္က ျဒပ္ေပါင္းတစ္မ်ဳိးကို ထုတ္ေပးတတ္ျပီး နည္းအမ်ဳိးမ်ဳိးနဲ႔ တုန္႔ျပန္ေလ့ရွိပါတယ္။ မ်က္ခြံလႈပ္ျခင္းကလည္း ယားယံျခင္း၊ အေရျပား ေဖာေယာင္ျခင္းေတြ လုိပဲ ဓာတ္မတည့္တဲ့လကၡဏာတစ္ရပ္ျဖစ္ပါတယ္။

- အိပ္ေရးမဝတဲ့အခါ
မ်က္ခြံက ခႏၶာကိုယ္မွာ အာရုံခံစားမႈ အလြယ္ဆုံး ၾကြက္သားေတြထဲက တစ္ခုျဖစ္ပါတယ္။ဒါေၾကာင့္ အေသးငယ္ဆုံး ဟန္ခ်က္မညီမွ်မႈတစ္ခုကေတာင္ သက္ေရာက္မႈရွိတတ္ပါတယ္။ အိပ္ေရးဝဝမအိပ္ရတဲ့အခါမွာ မ်က္လုံးေတြက ပင္ပန္းလာျပီးၾကြက္သားေတြက တဆတ္ဆတ္ခါေနတာျဖစ္ပါတယ္။

-စာဖတ္တဲ့အခါေတြ၊ ကြန္ျပဴတာသုံးတဲ့အခါ
အားစိုက္ၾကည့္ရတဲ့အလုပ္ေတြျဖစ္တဲ့ စာဖတ္တာ၊ ကြန္ျပဳတာသံုးခ်ိန္ေတြမွာ မ်က္ခြံေတြ ဆတ္ခနဲဆတ္ခနဲ တုန္လာခဲ့ရင္ မ်က္မွန္တပ္ဖုိ႔လိုတာျဖစ္ႏုိင္သလုိ မ်က္မွန္ပါဝါတုိးဖုိ႔လုိတာလည္း ျဖစ္ႏုိင္ပါတယ္။ မ်က္လုံးၾကြက္သားေတြက အာရုံစုိက္ဖုိ႔အတြက္ အရမ္းၾကိဳးစားေနရတာေၾကာင့္ျဖစ္ပါတယ္။

- ဦးေႏွာက္အၾကိတ္ေၾကာင့္ျဖစ္ႏုိင္ပါတယ္။
ဒါကအရမ္းကို အျဖစ္နည္းတဲ့အေျခအေနတစ္ခုျဖစ္ျပီး ဦးေႏွာက္နဲ႔ အျမင္အာရုံဆုိင္ရာ ျပႆနာၾကားက ဆက္စပ္မႈတစ္ခုျဖစ္ပါတယ္။ အျခားျဖစ္ႏုိင္ေခ်ရွိတဲ့ အေၾကာင္းရင္းေတြကို စဥ္းစားၾကည့္ျပီး မဟုတ္ဘူးဆုိရင္ေတာ့ သင့္ဆရာဝန္နဲ႔ ျပသျပီးတုိင္ပင္ၾကည့္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မျက်တောင်ခတ်တာမဟုတ်ဘဲ မျက်ခွံလှုပ်ရခြင်းအကြောင်းရင်းက ပြင်ပသက်ရောက်မှုတစ်ခုကြောင့် မျက်လုံးကြွက်သားထဲမှာရှိတဲ့ အာရုံကြောတစ်ခု လှုပ်ရှားသွားလို့ဖြစ်ပါတယ်။ မျက်ခွံဆိုတာ အရမ်းကိုနူးညံ့တဲ့ အစိတ်အပိုု်င်းတစ်ခုဖြစ်တဲ့အတွက် ကြွက်သားတွေက သက်ရောက်မှုအမျိုးမျိုးကို ခံရနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ မျက်ခွံလှုပ်တဲ့အချိန်က လျှပ်တပြတ်မဟုတ်ဘဲ အချိန်အတော်ကြာ မရပ်မနားလှုပ်နေပြီဆိုရင် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပြီး အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါတယ်။

-ကော်ဖီသောက်တာအရမ်းများတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။
ကဖင်းဓာတ်ရဲ့ လှုံ့ဆော်ပေးနိုင်တဲ့ ဂုဏ်သတ္တိက နှလုံးခုန်နှုန်းကို မြန်စေနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။ နောက်ပြီးကြွက်သားတွေကို လှုပ်ရှားစေတာကြောင့် မျက်လုံးကြောင်တာမျိုးဖြစ်စေတတ်ပြီး မျက်ခွံတွေကို အဆက်မပြတ် လှုပ်ရှားစေတတ်ပါတယ်။ ကဖင်းဓာတ် ဘယ်လောက်ပမာဏသောက်ရင် မျက်ခွံလှုပ်တတ်တယ်ဆိုတာမျိုး အတိအကျမရှိပေမဲ့ အချိန်ကြာကြာမျက်ခွံလှုပ်တတ်တာကို စိတ်ပူတယ်ဆိုရင် ကဖင်းဓာတ်ကို အတတ်နိုင်ဆုံးလျှော့ကြည့်သင့်ပါတယ်။

-စိတ်ဖိစီးမှုများတာ။
သင့်ခန္ဓာကိုယ်က စိဖိစီးမှုဒဏ်ကို နည်းလမ်းအမျိုးမျိုးနဲ့ တုန့်ပြန်လေ့ရှိပြီး မျက်ခွံလှုပ်ခြင်းကလည်း ဒီနည်းလမ်းတွေထဲက တစ်နည်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့် စိတ်ဖိစီးမှုဖြစ်နေသလဲဆိုတာစဉ်းစားတာ၊ စိတ်ဖိစီးမှုလျော့နည်းစေတဲ့ နည်းလမ်းတွေသုံးကြည့်တာတွေ လုပ်သင့်ပါတယ်။

- ဓာတ်မတည့်တာတစ်ခုခု ခံစားနေရတဲ့အခါ
သင့်အနေနဲ့ ဓာတ်မတည်တာတစ်ခုခု ခံစားရချိန်မှာ ခန္ဓာကိုယ်က ဒြပ်ပေါင်းတစ်မျိုးကို ထုတ်ပေးတတ်ပြီး နည်းအမျိုးမျိုးနဲ့ တုန့်ပြန်လေ့ရှိပါတယ်။ မျက်ခွံလှုပ်ခြင်းကလည်း ယားယံခြင်း၊ အရေပြား ဖောယောင်ခြင်းတွေ လိုပဲ ဓာတ်မတည့်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

- အိပ်ရေးမဝတဲ့အခါ
မျက်ခွံက ခန္ဓာကိုယ်မှာ အာရုံခံစားမှု အလွယ်ဆုံး ကြွက်သားတွေထဲက တစ်ခုဖြစ်ပါတယ်။ဒါကြောင့် အသေးငယ်ဆုံး ဟန်ချက်မညီမျှမှုတစ်ခုကတောင် သက်ရောက်မှုရှိတတ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရတဲ့အခါမှာ မျက်လုံးတွေက ပင်ပန်းလာပြီးကြွက်သားတွေက တဆတ်ဆတ်ခါနေတာဖြစ်ပါတယ်။

-စာဖတ်တဲ့အခါတွေ၊ ကွန်ပြူတာသုံးတဲ့အခါ
အားစိုက်ကြည့်ရတဲ့အလုပ်တွေဖြစ်တဲ့ စာဖတ်တာ၊ ကွန်ပြုတာသုံးချိန်တွေမှာ မျက်ခွံတွေ ဆတ်ခနဲဆတ်ခနဲ တုန်လာခဲ့ရင် မျက်မှန်တပ်ဖို့လိုတာဖြစ်နိုင်သလို မျက်မှန်ပါဝါတိုးဖို့လိုတာလည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးကြွက်သားတွေက အာရုံစိုက်ဖို့အတွက် အရမ်းကြိုးစားနေရတာကြောင့်ဖြစ်ပါတယ်။

- ဦးနှောက်အကြိတ်ကြောင့်ဖြစ်နိုင်ပါတယ်။
ဒါကအရမ်းကို အဖြစ်နည်းတဲ့အခြေအနေတစ်ခုဖြစ်ပြီး ဦးနှောက်နဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာကြားက ဆက်စပ်မှုတစ်ခုဖြစ်ပါတယ်။ အခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ပြီး မဟုတ်ဘူးဆိုရင်တော့ သင့်ဆရာဝန်နဲ့ ပြသပြီးတိုင်ပင်ကြည့်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top