Property Expo
×

၂၀၁၈ ကမၻာ့ ဖလားၿပိဳင္ပဲြ ေျခစစ္ပဲြမ်ားတြင္ ႐ံႈး နိမ့္ခဲ့ၿပီးေနာက္ အေမရိကန္လက္ ေရြးစင္နည္းျပ ဂ်ာဂန္ကလင္း စမန္းကို ထုတ္ပယ္လိုက္ေၾကာင္း ကန္ေဘာလံုးအဖဲြ႕ခ်ဳပ္က ေျပာ သည္။

ကလင္းစမန္း၏ စာခ်ဳပ္သည္ ၂၀၁၈ အထိ က်န္ရွိေသးေသာ္ လည္း ယခုလအတြင္း ေျခစစ္ပဲြ ႏွစ္ပဲြ ႐ံႈးနိမ့္ခဲ့ၿပီးေနာက္ ၎၏ အ နာဂတ္ မေရမရာ ျဖစ္လာသည္။

၂၀၁၄ ကမၻာ့ဖလားတြင္ အုပ္စုအဆင့္၌ ေပၚတူဂီထက္ သာ လြန္ခဲ့ၿပီး အသင္းကို ေနာက္ဆံုး ၁၆ သင္းအဆင့္သို႔ ပို႔ေဆာင္ခဲ့ ေသာ ကလင္းစမန္း၏ အသင္း သည္ မၾကာမီက ကစားခဲ့ေသာ ေျခစစ္ပဲြမ်ားတြင္ အိမ္ကြင္း၌ မကၠဆီကိုကို၂-၁ ဂိုးျဖင့္ ႐ံႈးနိမ့္ ခဲ့ၿပီးေနာက္ ေကာ္စတာရီကာကို လည္း အေ၀းကြင္းတြင္ ၄-၀ ဂိုး ျဖင့္ ထပ္မံ႐ံႈးနိမ့္ကာ အုပ္စု ေအာက္ဆံုးေနရာ၌ ေရာက္ရွိေန သည္။အေမရိကန္လက္ေရြးစင္ အသင္း နည္းျပခ်ဳပ္ႏွင့္ နည္းစနစ္ ဒါ႐ိုက္တာ ကလင္းစမန္းႏွင့္ လမ္း ခဲြရန္ ခက္ခဲစြာ ဆံုးျဖတ္ခဲ့ေၾကာင္း ကန္ေဘာလံုးအဖဲြ႕ခ်ဳပ္ ဥကၠ႒ ဆူနီးလ္ဂူလက္တီက ထုတ္ျပန္ သည္။

ကလင္းစမန္းေနရာ ဆက္ခံ မည့္သူကို မေၾကညာေသာ္လည္း ၁၉၉၈ မွ ၂၀၀၆ အထိ ကန္လက္ ေရြးစင္အသင္းအား နည္းျပခဲ့ၿပီး ယခုအခါ ေမဂ်ာလိဂ္မွ အယ္လ္ ေအဂလက္စီအသင္းကို တာ၀န္ ယူထားေသာ ဘ႐ူစ္ေအရီနာက ကိုင္တြယ္ဖြယ္ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ ခြေစစ်ပွဲများတွင် ရှုံး နိမ့်ခဲ့ပြီးနောက် အမေရိကန်လက် ရွေးစင်နည်းပြ ဂျာဂန်ကလင်း စမန်းကို ထုတ်ပယ်လိုက်ကြောင်း ကန်ဘောလုံးအဖွဲ့ချုပ်က ပြော သည်။

ကလင်းစမန်း၏ စာချုပ်သည် ၂၀၁၈ အထိ ကျန်ရှိသေးသော် လည်း ယခုလအတွင်း ခြေစစ်ပွဲ နှစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ အ နာဂတ် မရေမရာ ဖြစ်လာသည်။

၂၀၁၄ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်၌ ပေါ်တူဂီထက် သာ လွန်ခဲ့ပြီး အသင်းကို နောက်ဆုံး ၁၆ သင်းအဆင့်သို့ ပို့ဆောင်ခဲ့ သော ကလင်းစမန်း၏ အသင်း သည် မကြာမီက ကစားခဲ့သော ခြေစစ်ပွဲများတွင် အိမ်ကွင်း၌ မက္ကဆီကိုကို၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် ကော်စတာရီကာကို လည်း အဝေးကွင်းတွင် ၄-၀ ဂိုး ဖြင့် ထပ်မံရှုံးနိမ့်ကာ အုပ်စု အောက်ဆုံးနေရာ၌ ရောက်ရှိနေ သည်။အမေရိကန်လက်ရွေးစင် အသင်း နည်းပြချုပ်နှင့် နည်းစနစ် ဒါရိုက်တာ ကလင်းစမန်းနှင့် လမ်း ခွဲရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ကြောင်း ကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆူနီးလ်ဂူလက်တီက ထုတ်ပြန် သည်။

ကလင်းစမန်းနေရာ ဆက်ခံ မည့်သူကို မကြေညာသော်လည်း ၁၉၉၈ မှ ၂၀၀၆ အထိ ကန်လက် ရွေးစင်အသင်းအား နည်းပြခဲ့ပြီး ယခုအခါ မေဂျာလိဂ်မှ အယ်လ် အေဂလက်စီအသင်းကို တာဝန် ယူထားသော ဘရူစ်အေရီနာက ကိုင်တွယ်ဖွယ် ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top