Kantharyar Centre
×

ျပစ္မႈက်ဴးလြန္သူ ေအာင္ေသာ္
                                    
 ေနအိမ္ေျပာင္းေရႊ႕ရာ တြင္ ပစၥည္းမ်ား ကူသိမ္းေပးရန္ ေခၚလာသည့္ အသက္ (၁၂)ႏွစ္ အရြယ္ မိန္းကေလးကို အဓမၼျပဳ က်င့္သူ အသက္ (၅၇)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးအား ႏုိ၀င္ဘာ ၈ ရက္က ဖမ္းမိခဲ့ေၾကာင္း သတင္းရရွိသည္။

တနသၤာရီတိုင္း ကၽြန္းစုၿမိဳ႕ နယ္ရွိ မိုင္းေသြးေက်းရြာေန အ သက္ (၅၇)ႏွစ္အရြယ္ ေအာင္ ေသာ္ဆိုသူသည္ ေနအိမ္ေျပာင္း မည္ျဖစ္၍ ပစၥည္းကူသိမ္းေပးရန္ အသက္(၁၂)ႏွစ္အရြယ္ မိိန္း ကေလးကုိ ႏုိ၀င္ဘာ ၄ ရက္တြင္ ေခၚေဆာင္လာၿပီးေနာက္ အဓမၼ ျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း ကြၽန္းစုၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွဴး႐ံုးမွ ရဲတပ္ဖဲြ႕မွဴး႐ံုး ရဲအရာရွိတစ္ဦးကဆုိ သည္။

ထုိသို႔ ပစၥည္းကူသိမ္းရန္ ေခၚေဆာင္ခဲ့ၿပီး မိန္းကေလး၏ ေနအိမ္သုိ႔ ျပန္ပို႔ေပးစဥ္ မိန္း ကေလး၏ ေနအိမ္၌ လူႀကီးမ်ားမရွိခ်ိန္တြင္ အသက္ (၅၇)ႏွစ္အ ရြယ္ ေအာင္ေသာ္က အဓမၼျပဳ က်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

ယင္းျဖစ္ရပ္ေၾကာင့္ အ သက္ (၁၂)ႏွစ္အရြယ္ မိန္းက ေလးကို အဓမၼျပဳက်င့္ခဲ့သူအား အေရးယူေပးရန္ အဆိုပါ မိန္းကေလး၏ မိခင္က ႏုိ၀င္ဘာ ၇ ရက္တြင္ လာေရာက္တိုင္တန္းခဲ့ၿပီး ႏုိ၀င္ဘာ ၈ ရက္တြင္ တရားခံကို ဖမ္းမိခ့ဲေၾကာင္း ကံေမာ္နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိ သည္။

မိန္းကေလးငယ္ကို အဓမၼ ျပဳက်င့္ခဲ့သည့္ ေအာင္ေသာ္က ၎ကုိယ္တိုင္ ျပစ္မႈက်ဴးလြန္ခဲ့ ေၾကာင္း ၀န္ခံၿပီး လြန္ခဲ့သည့္ ၁၅ ရက္ခန္႔ကလည္း တစ္ႀကိမ္က်ဴး လြန္ဖူးသည္ကို ရဲစခန္းတြင္ ၀န္ခံခဲ့ေၾကာင္း ၎ကဆုိသည္။

အိမ္ရွင္းရန္ ေခၚခုိင္းသည့္ မိန္းကေလးငယ္ကို ေနအိမ္ျပန္ အပို႔တြင္ အဓမၼျပဳက်င့္ခဲ့သည့္ ေအာင္ေသာ္အား ကံေမာ္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၆/ ၅၅၁ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပြစ်မှုကျူးလွန်သူ အောင်သော်

 နေအိမ်ပြောင်းရွှေ့ရာ တွင် ပစ္စည်းများ ကူသိမ်းပေးရန် ခေါ်လာသည့် အသက် (၁၂)နှစ် အရွယ် မိန်းကလေးကို အဓမ္မပြု ကျင့်သူ အသက် (၅၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား နိုဝင်ဘာ ၈ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။


တနင်္သာရီတိုင်း ကျွန်းစုမြို့ နယ်ရှိ မိုင်းသွေးကျေးရွာနေ အ သက် (၅၇)နှစ်အရွယ် အောင် သော်ဆိုသူသည် နေအိမ်ပြောင်း မည်ဖြစ်၍ ပစ္စည်းကူသိမ်းပေးရန် အသက်(၁၂)နှစ်အရွယ် မိန်း ကလေးကို နိုဝင်ဘာ ၄ ရက်တွင် ခေါ်ဆောင်လာပြီးနောက် အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးကဆို သည်။

ထိုသို့ ပစ္စည်းကူသိမ်းရန် ခေါ်ဆောင်ခဲ့ပြီး မိန်းကလေး၏ နေအိမ်သို့ ပြန်ပို့ပေးစဉ် မိန်း ကလေး၏ နေအိမ်၌ လူကြီးများမရှိချိန်တွင် အသက် (၅၇)နှစ်အ ရွယ် အောင်သော်က အဓမ္မပြု ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဖြစ်ရပ်ကြောင့် အ သက် (၁၂)နှစ်အရွယ် မိန်းက လေးကို အဓမ္မပြုကျင့်ခဲ့သူအား အရေးယူပေးရန် အဆိုပါ မိန်းကလေး၏ မိခင်က နိုဝင်ဘာ ၇ ရက်တွင် လာရောက်တိုင်တန်းခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် တရားခံကို ဖမ်းမိခဲ့ကြောင်း ကံမော်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။

မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်ခဲ့သည့် အောင်သော်က ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်ကလည်း တစ်ကြိမ်ကျူး လွန်ဖူးသည်ကို ရဲစခန်းတွင် ဝန်ခံခဲ့ကြောင်း ၎င်းကဆိုသည်။

အိမ်ရှင်းရန် ခေါ်ခိုင်းသည့် မိန်းကလေးငယ်ကို နေအိမ်ပြန် အပို့တွင် အဓမ္မပြုကျင့်ခဲ့သည့် အောင်သော်အား ကံမော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၅၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top