Property Expo
×

အေျခခံပညာ ေက်ာင္းမ်ားတြင္ ပထမႏွစ္၀က္ စာေမးပဲြအၿပီး ေက်ာင္းခ်ိန္ျပင္ပ ႏွင့္ စေနေက်ာင္းပိတ္ရက္မ်ား၌ အခ်ိန္ပိုသင္ၾကားေပးရန္ အစီအ စဥ္သည္ အေျခခံပညာ ဆရာ၊ ဆရာမအခ်ိဳ႕တြင္ အခက္အခဲ မ်ား ႀကံဳေတြ႕ေနေၾကာင္း သတင္း ရရွိသည္။

အေျခခံပညာေက်ာင္းတြင္ ဒုတိယတန္းမွ ဒသမတန္းအထိ ဘာသာရပ္က်႐ံႈးခဲ့သည့္ ေက်ာင္း သူ၊ ေက်ာင္းသားမ်ားအား အခ်ိန္ ပိုသင္ၾကားေပးျခင္းကို ဆရာ၊ ဆရာမ အမ်ားစုက ႀကိဳဆိုခဲ့ၾက ေသာ္လည္း ဆရာ၊ ဆရာမမ်ား ၏ လူမႈဘ၀မ်ားတြင္ အခက္အခဲ မ်ား ႀကံဳေတြ႕ရေၾကာင္း အေျခခံ ပညာ ဆရာ၊ ဆရာမမ်ားထံမွ သိ ရသည္။

‘‘ေက်ာင္းပိတ္ရက္ဆို ေက်ာင္း က သြားလာရတာေ၀းေတာ့ အ ဆင္မေျပဘူး။ ပံုမွန္ေက်ာင္းဖြင့္ ရက္ဆို မနက္ ၁ နာရီ၊ ညေန ၁ နာရီခဲြနဲ႔ စေနပိတ္ရက္ကို ေက်ာင္း တက္ရတယ္။ တစ္ဘာသာက်၊ ႏွစ္ဘာသာက်၊ သံုးဘာသာနဲ႔ အ ထက္က်တဲ့သူေတြကို အခ်ိန္ပို သင္ေပးတာ’’ ဟု ရန္ကုန္တုိင္း ေဒသႀကီးအတြင္းရွိ မူလတန္းျပ ဆရာမတစ္ဦးက ေျပာသည္။

အေျခခံပညာေက်ာင္းမ်ား တြင္ ပထမႏွစ္၀က္ စာေမးပဲြၿပီးပါ က အခ်ိန္ပိုသင္ၾကားေပးရန္ လုိ အပ္ေသာ ေက်ာင္းသူ၊ ေက်ာင္း သားမ်ားအား ေက်ာင္းအလိုက္ စီမံခ်က္ေရးဆဲြၿပီး ေဆာင္ရြက္ရန္ ႏွင့္ အခ်ိန္ပိုသင္ၾကားေရး ထိ ေရာက္ေစရန္ ေက်ာင္းအဆင့္မွ စတင္၍ တာ၀န္ရွိသူအဆင့္ဆင့္ က ႀကီးၾကပ္ေဆာင္ရြက္ေပးရန္ အေျခခံပညာဦးစီးဌာနက ေအာက္ တိုဘာ ၃၁ ရက္တြင္ ၫႊန္ၾကား ခဲ့သည္။

‘‘ေအာက္တုိဘာ စာေမးပဲြ မွာ ရလာတဲ့ရလဒ္အေပၚ မူတည္ ၿပီးေတာ့ အခ်ိန္ပိုသင္ေပးရမယ့္ ကေလးေတြကို သင္ေပးရမယ္။ အခ်ိန္ပို သင္ၾကားတာအျပင္ ေက်ာင္းပိတ္ထားတဲ့ ရက္ေတြအ တြက္လည္း အစားထိုး ျပန္တက္ ရမယ္’’ ဟု ရခိုင္ျပည္နယ္ ပညာ ေရးမွဴး ဦးေအာင္ေက်ာ္ထြန္းက ေျပာသည္။အေျခခံပညာေက်ာင္းမ်ား တြင္ ေက်ာင္းထြက္ႏႈန္း ေလ်ာ့က် ေစရန္ လူမႈေရးအခက္အခဲမ်ား ေၾကာင့္ ေက်ာင္းေခၚခ်ိန္ ၇၅ ရာ ခိုင္ႏႈန္း မျပည့္မီသည့္ ေက်ာင္း သူ၊ ေက်ာင္းသားမ်ား၊ သင္ယူ တတ္ေျမာက္မႈ အားနည္းေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား အခ်ိန္ပို သင္ၾကားေပးမည္ျဖစ္ ၿပီး အခ်ိန္ပိုသင္ၾကားျခင္းကို ည ဘက္ (လံုး၀) ခြင့္မျပဳေၾကာင္း အေျခခံပညာဦးစီးဌာန၏ ေအာက္ တိုဘာ ၃၁ ရက္က ထုတ္ျပန္ခဲ့ သည့္ ၫႊန္ၾကားခ်က္တြင္ ေဖာ္ျပ ထားသည္။

ထို႔ေနာက္ ၿမိဳ႕နယ္ပညာေရး မွဴးမ်ားသည္ ၿမိဳ႕နယ္စီမံခ်က္ႏွင့္ ၿမိဳ႕နယ္အတြင္းရွိ ေက်ာင္းအ လိုက္ စီမံခ်က္မ်ားကို ျပန္လည္ ေပးပို႔ရန္ ၫႊန္ၾကားခဲ့ၿပီးေနာက္ ႏို၀င္ဘာလဆန္းကစ၍ ေက်ာင္း အလိုက္ ေက်ာင္းခ်ိန္ျပင္ပႏွင့္ ေက်ာင္းပိတ္ရက္ စေနေန႔မ်ား တြင္ ဘာသာရပ္အလိုက္ က်႐ံႈးခဲ့ သည့္ ေက်ာင္းသားမ်ားအား အခ်ိန္ ပို စတင္သင္ၾကားေပးခဲ့သည္။

အေျခခံပညာေက်ာင္းမ်ား တြင္ ေက်ာင္းအလိုက္ အခ်ိန္ပို သင္ၾကားမႈႏွင့္ပတ္သက္သည့္ မွတ္တမ္းမ်ား ထားရွိရန္ ၫႊန္ ၾကားထားၿပီး သင္ၾကားမႈ အခ်ိန္ ဇယား၊ ႀကိဳတင္ျပင္ဆင္ထား သည့္ သင္ခန္းစာမ်ားကို မွတ္ တမ္းမ်ားအျဖစ္ ထားရွိရမည္ျဖစ္ ေၾကာင္း အေျခခံပညာဆရာ၊ ဆရာမမ်ားထံမွ သိရသည္။

‘‘အခ်ိန္ပိုကို ဘယ္ကေန ဘယ္အထိ သင္ရမယ္လို႔ မသတ္ မွတ္ထားဘူး။ အခ်ိန္ပိုသင္ရင္ အ ခ်ိန္က်ရင္ အခ်ိန္ပိုသင္ၾကားျခင္း မွတ္တမ္းဆိုၿပီးေတာ့ ဘယ္ေန႔၊ ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္ ထိ သင္တယ္ဆိုၿပီးေတာ့ မွတ္ တမ္းထားရမယ္’’ ဟု ရန္ကုန္ တိုင္းေဒသႀကီးအတြင္းရွိ မူလ တန္းေက်ာင္းအုပ္ဆရာမတစ္ဦး က ေျပာသည္။

အဆုိပါ ၫႊန္ၾကားခ်က္သည္ ပညာေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး၏ (၄.၁၀.၂၀၁၆) ရက္၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ပညာေရးမွဴးမ်ား အစည္းအေ၀း လမ္းၫႊန္ခ်က္အရ ၫႊန္ၾကားခဲ့ ျခင္းျဖစ္ၿပီး သက္ဆိုင္ရာ တုိင္း ေဒသႀကီးႏွင့္ ျပည္နယ္ပညာေရး မွဴး႐ံုးမ်ားက သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးမ်ားသို႔ ၫႊန္ၾကားခဲ့သည္။

‘‘အခ်ိန္ပိုသင္ရမယ္ဆိုၿပီး ဌာနက ၫႊန္ၾကားခ်က္မွာ သက္ ဆုိင္ရာ ေက်ာင္းအလိုက္ စီမံခ်က္ ေရးပါဆိုတာ သက္ဆိုင္ရာေက်ာင္း ကို ပံုခ်လိုက္တယ္။ သက္ဆိုင္ရာ ေက်ာင္းအုပ္ေတြကေန အဆင့္ ဆင့္အလိုက္ တာ၀န္ယူမႈ၊ တာ ၀န္ခံမႈရွိမလားဆိုတာ ေမးခြန္း ထုတ္ရမယ္။ ဒါက ေဆးၿမီးတိုနဲ႔ ကုလို႔မရဘူး။ စာေမးပဲြအတြက္ ကို လုပ္မွာလား၊ အားနည္းတဲ့ ဘာသာရပ္ကို သင္ေပးမွာလားဆို တာ စဥ္းစားစရာပဲ’’ ဟု အေျခခံ ပညာဦးစီးဌာနမွ ဦးစီးအရာရွိ ဦး ေငြတိုးက ေျပာသည္။

‘‘အခ်ိန္ပိုသင္တာက တစ္ ေက်ာင္းနဲ႔တစ္ေက်ာင္း မတူဘူး။ ကြၽန္ေတာ္တို႔ေက်ာင္းမွာ ညေန ခင္းမွာ သင္တယ္။ က်တဲ့သူကို ျပန္သင္ရတယ္ဆိုတာလည္း ဆ ရာ၊ ဆရာမအေနနဲ႔ ရွိရတယ္။ ပံုမွန္စာသင္တဲ့အခ်ိန္မွာ လပိုင္း မာတိကာနဲ႔ သင္တာဆိုေတာ့ မသင္ျဖစ္ၾကဘူး။ ဒီကေလးေတြ ကို အခ်ိန္ပုိေခၚၿပီး သင္ေပးမွ အ ဆင္ေျပမယ္လို႔ ထင္တယ္’’ ဟု ပဲခူးတုိင္းေဒသႀကီး၊ က၀ၿမိဳ႕နယ္ သကၠလအထက္တန္းေက်ာင္းမွ အထက္တန္းျပဆရာ ဦးေအာင္ ေက်ာ္သူက ေျပာသည္။

အေျခခံပညာေက်ာင္းမ်ား တြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသူ၊ ေက်ာင္းသားအမ်ား စုသည္ ေက်းလက္ေဒသမွျဖစ္ၿပီး မိဘမ်ားအား ျပန္ကူညီေနရေသာ ေၾကာင့္ ေက်ာင္းပ်က္ရက္မ်ား ျပားေနခဲ့ကာ ေက်ာင္းေခၚခ်ိန္ႏွင့္ စာေမးပဲြတြင္ အားနည္းသည့္ ဘာသာရပ္အေပၚမူတည္၍ စီစဥ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္သန္းဦးက ေျပာၾကားသည္။

အေျခခံပညာေက်ာင္းမ်ား တြင္ ႏွစ္စဥ္ ေအာက္တုိဘာ ဒုတိ ယပတ္အတြင္း ပထမႏွစ္၀က္စာ ေမးပဲြ က်င္းပေလ့ရွိၿပီး ဒီဇင္ဘာ လအတြင္း အႀကိဳစစ္ေဆးျခင္းအ ျဖစ္ တကၠသိုလ္၀င္တန္း (သို႔မ ဟုတ္) ဒသမတန္းကို စာေမးပဲြ က်င္းပေလ့ရွိသလို အခ်ိဳ႕ႏွစ္မ်ား တြင္ စတုတၳတန္းႏွင့္ အ႒မတန္း ကိုပါ စစ္ေဆးေလ့ရွိေၾကာင္း သိ ရသည္။

ယခု ပညာသင္ႏွစ္တြင္ ပညာ ေရး၀န္ႀကီးဌာန လက္ေအာက္ရွိ အေျခခံပညာ ေက်ာင္းမ်ား၌ ပညာသင္ၾကားေနသည့္ ေက်ာင္း သား ၈ ဒသမ ၇ သန္းေက်ာ္ရွိၿပီး ဆရာ၊ ဆရာမအင္အား ၄၃၀,၀၀၀ ေက်ာ္ျဖင့္ သင္ၾကားေပးလ်က္ရွိေၾကာင္း အေျခခံပညာဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အခြေခံပညာ ကျောင်းများတွင် ပထမနှစ်ဝက် စာမေးပွဲအပြီး ကျောင်းချိန်ပြင်ပ နှင့် စနေကျောင်းပိတ်ရက်များ၌ အချိန်ပိုသင်ကြားပေးရန် အစီအ စဉ်သည် အခြေခံပညာ ဆရာ၊ ဆရာမအချို့တွင် အခက်အခဲ များ ကြုံတွေ့နေကြောင်း သတင်း ရရှိသည်။

အခြေခံပညာကျောင်းတွင် ဒုတိယတန်းမှ ဒသမတန်းအထိ ဘာသာရပ်ကျရှုံးခဲ့သည့် ကျောင်း သူ၊ ကျောင်းသားများအား အချိန် ပိုသင်ကြားပေးခြင်းကို ဆရာ၊ ဆရာမ အများစုက ကြိုဆိုခဲ့ကြ သော်လည်း ဆရာ၊ ဆရာမများ ၏ လူမှုဘဝများတွင် အခက်အခဲ များ ကြုံတွေ့ရကြောင်း အခြေခံ ပညာ ဆရာ၊ ဆရာမများထံမှ သိ ရသည်။

‘‘ကျောင်းပိတ်ရက်ဆို ကျောင်း က သွားလာရတာဝေးတော့ အ ဆင်မပြေဘူး။ ပုံမှန်ကျောင်းဖွင့် ရက်ဆို မနက် ၁ နာရီ၊ ညနေ ၁ နာရီခွဲနဲ့ စနေပိတ်ရက်ကို ကျောင်း တက်ရတယ်။ တစ်ဘာသာကျ၊ နှစ်ဘာသာကျ၊ သုံးဘာသာနဲ့ အ ထက်ကျတဲ့သူတွေကို အချိန်ပို သင်ပေးတာ’’ ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။

အခြေခံပညာကျောင်းများ တွင် ပထမနှစ်ဝက် စာမေးပွဲပြီးပါ က အချိန်ပိုသင်ကြားပေးရန် လို အပ်သော ကျောင်းသူ၊ ကျောင်း သားများအား ကျောင်းအလိုက် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ရန် နှင့် အချိန်ပိုသင်ကြားရေး ထိ ရောက်စေရန် ကျောင်းအဆင့်မှ စတင်၍ တာဝန်ရှိသူအဆင့်ဆင့် က ကြီးကြပ်ဆောင်ရွက်ပေးရန် အခြေခံပညာဦးစီးဌာနက အောက် တိုဘာ ၃၁ ရက်တွင် ညွှန်ကြား ခဲ့သည်။

‘‘အောက်တိုဘာ စာမေးပွဲ မှာ ရလာတဲ့ရလဒ်အပေါ် မူတည် ပြီးတော့ အချိန်ပိုသင်ပေးရမယ့် ကလေးတွေကို သင်ပေးရမယ်။ အချိန်ပို သင်ကြားတာအပြင် ကျောင်းပိတ်ထားတဲ့ ရက်တွေအ တွက်လည်း အစားထိုး ပြန်တက် ရမယ်’’ ဟု ရခိုင်ပြည်နယ် ပညာ ရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။အခြေခံပညာကျောင်းများ တွင် ကျောင်းထွက်နှုန်း လျော့ကျ စေရန် လူမှုရေးအခက်အခဲများ ကြောင့် ကျောင်းခေါ်ချိန် ၇၅ ရာ ခိုင်နှုန်း မပြည့်မီသည့် ကျောင်း သူ၊ ကျောင်းသားများ၊ သင်ယူ တတ်မြောက်မှု အားနည်းသော ကျောင်းသူ၊ ကျောင်းသားများအား အချိန်ပို သင်ကြားပေးမည်ဖြစ် ပြီး အချိန်ပိုသင်ကြားခြင်းကို ည ဘက် (လုံးဝ) ခွင့်မပြုကြောင်း အခြေခံပညာဦးစီးဌာန၏ အောက် တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ သည့် ညွှန်ကြားချက်တွင် ဖော်ပြ ထားသည်။

ထို့နောက် မြို့နယ်ပညာရေး မှူးများသည် မြို့နယ်စီမံချက်နှင့် မြို့နယ်အတွင်းရှိ ကျောင်းအ လိုက် စီမံချက်များကို ပြန်လည် ပေးပို့ရန် ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာလဆန်းကစ၍ ကျောင်း အလိုက် ကျောင်းချိန်ပြင်ပနှင့် ကျောင်းပိတ်ရက် စနေနေ့များ တွင် ဘာသာရပ်အလိုက် ကျရှုံးခဲ့ သည့် ကျောင်းသားများအား အချိန် ပို စတင်သင်ကြားပေးခဲ့သည်။

အခြေခံပညာကျောင်းများ တွင် ကျောင်းအလိုက် အချိန်ပို သင်ကြားမှုနှင့်ပတ်သက်သည့် မှတ်တမ်းများ ထားရှိရန် ညွှန် ကြားထားပြီး သင်ကြားမှု အချိန် ဇယား၊ ကြိုတင်ပြင်ဆင်ထား သည့် သင်ခန်းစာများကို မှတ် တမ်းများအဖြစ် ထားရှိရမည်ဖြစ် ကြောင်း အခြေခံပညာဆရာ၊ ဆရာမများထံမှ သိရသည်။

‘‘အချိန်ပိုကို ဘယ်ကနေ ဘယ်အထိ သင်ရမယ်လို့ မသတ် မှတ်ထားဘူး။ အချိန်ပိုသင်ရင် အ ချိန်ကျရင် အချိန်ပိုသင်ကြားခြင်း မှတ်တမ်းဆိုပြီးတော့ ဘယ်နေ့၊ ဘယ်အချိန်ကနေ ဘယ်အချိန် ထိ သင်တယ်ဆိုပြီးတော့ မှတ် တမ်းထားရမယ်’’ ဟု ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မူလ တန်းကျောင်းအုပ်ဆရာမတစ်ဦး က ပြောသည်။

အဆိုပါ ညွှန်ကြားချက်သည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ (၄.၁၀.၂၀၁၆) ရက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများ အစည်းအဝေး လမ်းညွှန်ချက်အရ ညွှန်ကြားခဲ့ ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးရုံးများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြားခဲ့သည်။

‘‘အချိန်ပိုသင်ရမယ်ဆိုပြီး ဌာနက ညွှန်ကြားချက်မှာ သက် ဆိုင်ရာ ကျောင်းအလိုက် စီမံချက် ရေးပါဆိုတာ သက်ဆိုင်ရာကျောင်း ကို ပုံချလိုက်တယ်။ သက်ဆိုင်ရာ ကျောင်းအုပ်တွေကနေ အဆင့် ဆင့်အလိုက် တာဝန်ယူမှု၊ တာ ဝန်ခံမှုရှိမလားဆိုတာ မေးခွန်း ထုတ်ရမယ်။ ဒါက ဆေးမြီးတိုနဲ့ ကုလို့မရဘူး။ စာမေးပွဲအတွက် ကို လုပ်မှာလား၊ အားနည်းတဲ့ ဘာသာရပ်ကို သင်ပေးမှာလားဆို တာ စဉ်းစားစရာပဲ’’ ဟု အခြေခံ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦး ငွေတိုးက ပြောသည်။

‘‘အချိန်ပိုသင်တာက တစ် ကျောင်းနဲ့တစ်ကျောင်း မတူဘူး။ ကျွန်တော်တို့ကျောင်းမှာ ညနေ ခင်းမှာ သင်တယ်။ ကျတဲ့သူကို ပြန်သင်ရတယ်ဆိုတာလည်း ဆ ရာ၊ ဆရာမအနေနဲ့ ရှိရတယ်။ ပုံမှန်စာသင်တဲ့အချိန်မှာ လပိုင်း မာတိကာနဲ့ သင်တာဆိုတော့ မသင်ဖြစ်ကြဘူး။ ဒီကလေးတွေ ကို အချိန်ပိုခေါ်ပြီး သင်ပေးမှ အ ဆင်ပြေမယ်လို့ ထင်တယ်’’ ဟု ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် သက္ကလအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးအောင် ကျော်သူက ပြောသည်။

အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားအများ စုသည် ကျေးလက်ဒေသမှဖြစ်ပြီး မိဘများအား ပြန်ကူညီနေရသော ကြောင့် ကျောင်းပျက်ရက်များ ပြားနေခဲ့ကာ ကျောင်းခေါ်ချိန်နှင့် စာမေးပွဲတွင် အားနည်းသည့် ဘာသာရပ်အပေါ်မူတည်၍ စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။

အခြေခံပညာကျောင်းများ တွင် နှစ်စဉ် အောက်တိုဘာ ဒုတိ ယပတ်အတွင်း ပထမနှစ်ဝက်စာ မေးပွဲ ကျင်းပလေ့ရှိပြီး ဒီဇင်ဘာ လအတွင်း အကြိုစစ်ဆေးခြင်းအ ဖြစ် တက္ကသိုလ်ဝင်တန်း (သို့မ ဟုတ်) ဒသမတန်းကို စာမေးပွဲ ကျင်းပလေ့ရှိသလို အချို့နှစ်များ တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကိုပါ စစ်ဆေးလေ့ရှိကြောင်း သိ ရသည်။

ယခု ပညာသင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်း သား ၈ ဒသမ ၇ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမအင်အား ၄၃၀,၀၀၀ ကျော်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top