Kantharyar Centre
×

ကြ်န္မငယ္ငယ္က ပံုျပင္ေတြကို သိပ္ႀကိဳက္ပါတယ္။ အိပ္ရာဝင္ခါနီး ေရေသာက္၊ အေပါ့အပါးသြားၿပီးရင္ အဘြားေဘးနားကို ဝင္ေခြေတာ့တာပါပဲ။ ငယ္ငယ္ကတည္းက ေဖေဖ၊ေမေမတုိ႔နဲ႔ မအိပ္ဘဲ ဘြားဘြားနဲ႔ပဲ ကြ်န္မက အိပ္ပါတယ္။ အဓိကအေၾကာင္းရင္းကေတာ့ ဘြားဘြားေျပာတဲ့ပံုျပင္ေတြကို နားေထာင္ခ်င္လုိ႔ပါ။ “ေရႊယုန္နဲ႔ ေရႊက်ား သက္ကယ္ရိတ္သြား”..တုိ႔၊ “ဒဲ့ေဒါက္ ဒဲ့ေဒါက္ ငါဟဲ့သစ္ေျခေထာက္”တုိ႔၊ “မမကံ့ေကာ္ ေမာင္ေလးေခၚ ေရေပၚတက္ခဲ့ပါလားကြယ္၊ ေမာင္ေလးသင္းထံု ခ်စ္မကုန္၊ ေက်ာက္ဆံုပိလုိ႔ ေသလိ္မ့္မယ္” တို႔ စတဲ့စတဲ့ ပံုျပင္ေလးေတြဟာ ကေလးဘဝမွတ္ဥာဏ္ထဲမွာ အၿမဲလင္းလက္ေနၾကပါတယ္။ ပံုျပင္ေတြကုိ ႀကိဳက္တဲ့ ကြ်န္မတစ္ေယာက္ ဘြားဘြားပံုျပင္ေတြကအစျပဳၿပီး စာအုပ္ေတြကုိ ဖတ္ခ်င္လာတယ္။ သမုိင္းေၾကာင္းေတြကို စိတ္ဝင္စားလာတယ္။ ေလာကရဲ႕ သေဘာသဘာဝေတြကို ရိပ္စားမိလာတယ္။ ပံုျပင္ေတြကို နားေထာင္ၿပီး ႀကီးျပင္းခဲ့တဲ့ ကေလးတစ္ေယာက္အေနနဲ႔ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရမယ္ဆိုတာ Amerikanki ဝက္ဘ္ဆုိက္က ေရးသားထားတာကို မွ်ေဝလုိက္ပါတယ္။

၁. ပံုျပင္ေတြက ကေလးရဲ႕စိတ္ကူးဥာဏ္ကို ရင့္သန္ေစပါတယ္တဲ့

အိပ္ရာဝင္ပံုျပင္ေတြဟာ ကေလးရဲ႕စိတ္ကူးဥာဏ္ကုိ ရင့္သန္ေစပါတယ္။ ကေလးတစ္ေယာက္အဖုိ႔ စိတ္ကူးစိတ္သန္းေကာင္းေကာင္းေလးရွိမွသာ ဘယ္ျပႆနာကိုျဖစ္ျဖစ္ အဆင္ေျပေျပေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အျပင္ေလာကမွာ တကယ္မရွိတဲ့ နတ္သားနတ္သမီးလို ဇာတ္ေကာင္ေတြ၊ ေနရာေတြ၊ အေျခအေနေတြကုိ နားေထာင္ၿပီး ကေလးေတြရဲ႕စိတ္ကူးေလးေတြ အေရာင္အေသြးစုိေျပၿပီး နွစ္ၿခိဳက္စရာေကာင္းေနပါလိမ့္မယ္။

၂. အဖုိးမျဖတ္ႏိုင္တဲ့ အခုိက္အတန္႔ကို ရေစတယ္တဲ့


အိပ္ရာဝင္ပံုျပင္ေတြဟာ မေမ့နိုင္တဲ့အခ်ိန္ေတြကုိ ဖန္တီးေပးပါတယ္။ ကြ်န္မအတြက္ ဘြားဘြားဆီက ရတဲ့ သနပ္ခါးနံ႔၊ ေဆးနံ႔ေတြနဲ႔အတူ ကြ်န္မ ၾကားဖူးေနက် အိပ္ရာဝင္ပံုျပင္ေလးေတြဟာ အေကာင္းဆံုးအိပ္ေဆးျဖစ္သလို အရြယ္ေရာက္ခ်ိန္အထိ မၾကာခဏ ျပန္အမွတ္ရတဲ့အခ်ိန္ေတြပါပဲ။ မိဘေတြအဖုိ႔ သားသမီးနဲ႔ အေႏြးေထြးဆံုးအခုိက္အတန္႔ကို ပံုျပင္ဖတ္ျပရင္း ရွာေဖြႏိုင္ပါတယ္။

၃. ဘာသာစကားကုိ ျမွင့္တင္ေပးတယ္တဲ့

အိပ္ရာဝင္ပံုျပင္ေတြဟာ ကေလးေတြရဲ႕ ဘာသာစကားစြမ္းရည္ကို ျမင့္တက္ေစပါတယ္တဲ့။ ပံုျပင္ဖတ္ျပတာပဲျဖစ္ျဖစ္၊ ေျပာတာပဲျဖစ္ျဖစ္ စကားလံုးေတြဟာ သူတုိ႔နားထဲကုိ စြဲၿမဲဝင္သြားတယ္။ ဒီလုိနဲ႔ စကားၾကြယ္တဲ့ ကေလးတစ္ေယာက္ ျဖစ္လာပါတယ္။

၄. ကေလးေတြရဲ႕စိတ္ထဲမွာ စာဖတ္ခ်င္စိတ္ကို ပ်ိဳးေထာင္ရာေရာက္တယ္တဲ့

ကေလးေတြကုိ ညအိပ္ရာဝင္တုိင္း ပံုျပင္ေျပာျပ၊ ဖတ္ျပျခင္းျဖင့္ စာအုပ္ေတြကို စိတ္ဝင္စားေစပါတယ္။ ကြ်န္မရဲ႕ တူ၊ တူမေလးေတြကို ပံုျပင္မၾကာခဏေျပာျပရင္း အဲဒီအေၾကာင္းဟာ စာအုပ္ထဲကဖတ္ထားတာလုိ႔ ေျပာျပေလ့ရွိပါတယ္။ ဒီအေၾကာင္းကို စိတ္ဝင္စားသြားတဲ့ ကေလးေတြဟာ ေနာက္ပိုင္းမွာ စာအုပ္ကုိ ရွာေဖြဖတ္လာၾကတာကို ေတြ႕ရပါတယ္။

၅. ကေလးရဲ႕ ဦးေႏွာက္ကုိ လွံဳ႕ေဆာ္ေပးပါတယ္တဲ့

ပံုျပင္တစ္ပုဒ္ကို နားေထာင္ရင္း မသိတဲ့စကားလံုးတစ္ခုခုပါလာတဲ့အခါ ကေလးက အဲဒါဘာလဲ၊ဘာကိုေျပာတာလဲလုိ႔ ေမးေလ့ရွိပါတယ္။ ဒီလုိသိခ်င္စိတ္ရွိေနတဲ့ကေလးကို ေျပာျပရတာလည္း အင္မတန္လြယ္ပါတယ္။ သူ႔စိတ္ထဲမွာလည္း စြဲၿမဲပါတယ္။ ဒီလုိ ေမးခြန္းေတြ ေမးရင္းေမးရင္း ကေလးရဲ႕ သိခ်င္စိတ္ ႀကီးထြားလာသလုိ အသိဥာဏ္လည္း ျမင့္တက္လာႏိုင္ပါတယ္။

၆. ပံုျပင္ဖတ္ျပတာဟာ အေကာင္းဆံုး သားေခ်ာ့ေတးပါတဲ့

မိဘတစ္ေယာက္အေနနဲ႔ ကေလးကို သီခ်င္းဆုိမျပတတ္ဘူး၊ ဆုိမျပခ်င္ဘူးဆုိရင္ ပံုျပင္သာ ဖတ္ျပလုိက္ပါတဲ့။ ကေလး ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္သြားပါလိ္မ့္မယ္တဲ့။ ကြ်န္မငယ္ငယ္က အေဖေျပာဖူးတဲ့ ရေသ့ရွစ္ေသာင္းပံုျပင္ထဲက ရေသ့ေတြကို ေရတြက္ရင္း ေရတြက္ရင္းနဲ႔ ဘယ္အခ်ိန္အိပ္မွန္းမသိဘဲ အိပ္ေပ်ာ္သြားသလုိေပါ့။

၇. ပံုျပင္ေတြက ကေလးေတြကို ဥာဏ္ပိုထက္ေစပါတယ္တဲ့

ကေလးေတြအေနနဲ႔ ပံုျပင္ေတြကို ၾကားရတဲ့အခါ သဒၵါစြမး္ရည္၊ စကားလံုးသိရွိမွဳစြမ္းရည္ ျမင့္တက္လာတယ္။ ပံုျပင္ထဲက အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကို သိေနေတာ့ ေက်ာင္းတက္တဲ့အခါလည္း ရြယ္တူေတြၾကားထဲမွာ ဥာဏ္ထက္တယ္။ ဒါ့အျပင္ ပံုျပင္ထဲကေန အဆုိး၊ အေကာင္းကို ေဝဖန္ပိုင္းျခားႏိုင္စြမ္း ရလာတယ္။ ပံုျပင္ေတြေၾကာင့္ လူ႔အေၾကာင္း၊ မွန္ကန္တဲ့စိတ္ေနသေဘာထားနဲ႔ အျပဳအမူေတြအေၾကာငး္ကို သိရွိလာၾကပါတယ္။

ဒါေတြကေတာ့ ညအိပ္ရာဝင္ခါနီးတုိင္း ကေလးေတြကို ပံုျပင္ဖတ္ျပျခင္းရဲ႕ အက်ိဳးေက်းဇူးေတြျဖစ္ပါတယ္။ကြ်န္မသေဘာေျပာရရင္ အေနာက္တုိင္းပံုျပင္ေတြ၊ ေရႊယုန္နဲ႔ ေရႊက်ားလုိ အစဥ္အဆက္ေျပာခဲ့ၾကတဲ့ ပံုျပင္ေတြ၊ ၅၅၀ ဇာတ္နိပါတ္ေတြ၊ ျမန္မာ့သမိုင္းထဲက သူရဲေကာင္းနဲ႔ အျဖစ္အပ်က္ေတြ အားလံုးကုိ ပံုျပင္အျဖစ္ ေျပာျပႏိုင္ရင္ အေကာင္းဆုံးပါပဲ။ ၅၅၀ ဇာတ္နိပါတ္ေတာ္နဲ႔ ဆရာမင္းသုဝဏ္ေရးတဲ့ ကေလးပံုျပင္မ်ား စာအုပ္ကုိ ebook အျဖစ္ comment မွာ ေတာင္းယူလုိ႔ ရပါတယ္ရွင္။ ကြ်န္မ link ခ်ေပးပါ့မယ္။

အားလံုး ေပ်ာ္ရႊင္ခ်မ္းေျမ႕ၾကပါေစ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:စုျပည့္စံု

#Unicode Version
ကျွန်မငယ်ငယ်က ပုံပြင်တွေကို သိပ်ကြိုက်ပါတယ်။ အိပ်ရာဝင်ခါနီး ရေသောက်၊ အပေါ့အပါးသွားပြီးရင် အဘွားဘေးနားကို ဝင်ခွေတော့တာပါပဲ။ ငယ်ငယ်ကတည်းက ဖေဖေ၊မေမေတို့နဲ့ မအိပ်ဘဲ ဘွားဘွားနဲ့ပဲ ကျွန်မက အိပ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ဘွားဘွားပြောတဲ့ပုံပြင်တွေကို နားထောင်ချင်လို့ပါ။ “ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွား”..တို့၊ “ဒဲ့ဒေါက် ဒဲ့ဒေါက် ငါဟဲ့သစ်ခြေထောက်”တို့၊ “မမကံ့ကော် မောင်လေးခေါ် ရေပေါ်တက်ခဲ့ပါလားကွယ်၊ မောင်လေးသင်းထုံ ချစ်မကုန်၊ ကျောက်ဆုံပိလို့ သေလိမ့်မယ်” တို့ စတဲ့စတဲ့ ပုံပြင်လေးတွေဟာ ကလေးဘဝမှတ်ဉာဏ်ထဲမှာ အမြဲလင်းလက်နေကြပါတယ်။ ပုံပြင်တွေကို ကြိုက်တဲ့ ကျွန်မတစ်ယောက် ဘွားဘွားပုံပြင်တွေကအစပြုပြီး စာအုပ်တွေကို ဖတ်ချင်လာတယ်။ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလာတယ်။ လောကရဲ့ သဘောသဘာဝတွေကို ရိပ်စားမိလာတယ်။ ပုံပြင်တွေကို နားထောင်ပြီး ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်အနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမယ်ဆိုတာ Amerikanki ဝက်ဘ်ဆိုက်က ရေးသားထားတာကို မျှဝေလိုက်ပါတယ်။

၁. ပုံပြင်တွေက ကလေးရဲ့စိတ်ကူးဉာဏ်ကို ရင့်သန်စေပါတယ်တဲ့

အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးရဲ့စိတ်ကူးဉာဏ်ကို ရင့်သန်စေပါတယ်။ ကလေးတစ်ယောက်အဖို့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးရှိမှသာ ဘယ်ပြဿနာကိုဖြစ်ဖြစ် အဆင်ပြေပြေဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်လောကမှာ တကယ်မရှိတဲ့ နတ်သားနတ်သမီးလို ဇာတ်ကောင်တွေ၊ နေရာတွေ၊ အခြေအနေတွေကို နားထောင်ပြီး ကလေးတွေရဲ့စိတ်ကူးလေးတွေ အရောင်အသွေးစိုပြေပြီး နှစ်ခြိုက်စရာကောင်းနေပါလိမ့်မယ်။

၂. အဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်ကို ရစေတယ်တဲ့

အိပ်ရာဝင်ပုံပြင်တွေဟာ မမေ့နိုင်တဲ့အချိန်တွေကို ဖန်တီးပေးပါတယ်။ ကျွန်မအတွက် ဘွားဘွားဆီက ရတဲ့ သနပ်ခါးနံ့၊ ဆေးနံ့တွေနဲ့အတူ ကျွန်မ ကြားဖူးနေကျ အိပ်ရာဝင်ပုံပြင်လေးတွေဟာ အကောင်းဆုံးအိပ်ဆေးဖြစ်သလို အရွယ်ရောက်ချိန်အထိ မကြာခဏ ပြန်အမှတ်ရတဲ့အချိန်တွေပါပဲ။ မိဘတွေအဖို့ သားသမီးနဲ့ အနွေးထွေးဆုံးအခိုက်အတန့်ကို ပုံပြင်ဖတ်ပြရင်း ရှာဖွေနိုင်ပါတယ်။

၃. ဘာသာစကားကို မြှင့်တင်ပေးတယ်တဲ့

အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို မြင့်တက်စေပါတယ်တဲ့။ ပုံပြင်ဖတ်ပြတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ် စကားလုံးတွေဟာ သူတို့နားထဲကို စွဲမြဲဝင်သွားတယ်။ ဒီလိုနဲ့ စကားကြွယ်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။

၄. ကလေးတွေရဲ့စိတ်ထဲမှာ စာဖတ်ချင်စိတ်ကို ပျိုးထောင်ရာရောက်တယ်တဲ့

ကလေးတွေကို ညအိပ်ရာဝင်တိုင်း ပုံပြင်ပြောပြ၊ ဖတ်ပြခြင်းဖြင့် စာအုပ်တွေကို စိတ်ဝင်စားစေပါတယ်။ ကျွန်မရဲ့ တူ၊ တူမလေးတွေကို ပုံပြင်မကြာခဏပြောပြရင်း အဲဒီအကြောင်းဟာ စာအုပ်ထဲကဖတ်ထားတာလို့ ပြောပြလေ့ရှိပါတယ်။ ဒီအကြောင်းကို စိတ်ဝင်စားသွားတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ စာအုပ်ကို ရှာဖွေဖတ်လာကြတာကို တွေ့ရပါတယ်။

၅. ကလေးရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်တဲ့

ပုံပြင်တစ်ပုဒ်ကို နားထောင်ရင်း မသိတဲ့စကားလုံးတစ်ခုခုပါလာတဲ့အခါ ကလေးက အဲဒါဘာလဲ၊ဘာကိုပြောတာလဲလို့ မေးလေ့ရှိပါတယ်။ ဒီလိုသိချင်စိတ်ရှိနေတဲ့ကလေးကို ပြောပြရတာလည်း အင်မတန်လွယ်ပါတယ်။ သူ့စိတ်ထဲမှာလည်း စွဲမြဲပါတယ်။ ဒီလို မေးခွန်းတွေ မေးရင်းမေးရင်း ကလေးရဲ့ သိချင်စိတ် ကြီးထွားလာသလို အသိဉာဏ်လည်း မြင့်တက်လာနိုင်ပါတယ်။

၆. ပုံပြင်ဖတ်ပြတာဟာ အကောင်းဆုံး သားချော့တေးပါတဲ့

မိဘတစ်ယောက်အနေနဲ့ ကလေးကို သီချင်းဆိုမပြတတ်ဘူး၊ ဆိုမပြချင်ဘူးဆိုရင် ပုံပြင်သာ ဖတ်ပြလိုက်ပါတဲ့။ ကလေး မြန်မြန်ဆန်ဆန် အိပ်ပျော်သွားပါလိမ့်မယ်တဲ့။ ကျွန်မငယ်ငယ်က အဖေပြောဖူးတဲ့ ရသေ့ရှစ်သောင်းပုံပြင်ထဲက ရသေ့တွေကို ရေတွက်ရင်း ရေတွက်ရင်းနဲ့ ဘယ်အချိန်အိပ်မှန်းမသိဘဲ အိပ်ပျော်သွားသလိုပေါ့။

၇. ပုံပြင်တွေက ကလေးတွေကို ဉာဏ်ပိုထက်စေပါတယ်တဲ့

ကလေးတွေအနေနဲ့ ပုံပြင်တွေကို ကြားရတဲ့အခါ သဒ္ဒါစွမ်းရည်၊ စကားလုံးသိရှိမှုစွမ်းရည် မြင့်တက်လာတယ်။ ပုံပြင်ထဲက အကြောင်းအရာတော်တော်များများကို သိနေတော့ ကျောင်းတက်တဲ့အခါလည်း ရွယ်တူတွေကြားထဲမှာ ဉာဏ်ထက်တယ်။ ဒါ့အပြင် ပုံပြင်ထဲကနေ အဆိုး၊ အကောင်းကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရလာတယ်။ ပုံပြင်တွေကြောင့် လူ့အကြောင်း၊ မှန်ကန်တဲ့စိတ်နေသဘောထားနဲ့ အပြုအမူတွေအကြောင်းကို သိရှိလာကြပါတယ်။

ဒါတွေကတော့ ညအိပ်ရာဝင်ခါနီးတိုင်း ကလေးတွေကို ပုံပြင်ဖတ်ပြခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ကျွန်မသဘောပြောရရင် အနောက်တိုင်းပုံပြင်တွေ၊ ရွှေယုန်နဲ့ ရွှေကျားလို အစဉ်အဆက်ပြောခဲ့ကြတဲ့ ပုံပြင်တွေ၊ ၅၅၀ ဇာတ်နိပါတ်တွေ၊ မြန်မာ့သမိုင်းထဲက သူရဲကောင်းနဲ့ အဖြစ်အပျက်တွေ အားလုံးကို ပုံပြင်အဖြစ် ပြောပြနိုင်ရင် အကောင်းဆုံးပါပဲ။ ၅၅၀ ဇာတ်နိပါတ်တော်နဲ့ ဆရာမင်းသုဝဏ်ရေးတဲ့ ကလေးပုံပြင်များ စာအုပ်ကို ebook အဖြစ် comment မှာ တောင်းယူလို့ ရပါတယ်ရှင်။ ကျွန်မ link ချပေးပါ့မယ်။

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:စုပြည့်စုံ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top