Property Expo
×

 လက္ကိုင္ဖုန္းေတြဟာ ေန႔စဥ္လူမႈဘဝအတြက္မရွိမျဖစ္အရာတစ္ခုျဖစ္ၿပီး ကမ႓ာေပၚရွိလူဦးေရ အေရအတြက္ထက္ လက္ကိုင္ဖုန္းအေရအတြက္က ပိုမိုမ်ားျပားေနေၾကာင္း စစ္တမ္းေကာက္ယူမႈတစ္ခုအရသိရပါတယ္။ လက္ကိုင္ဖုန္းေတြ စတင္ေခတ္စားလာခ်ိန္မွစတင္ၿပီးေတာ့ လက္ကိုင္ဖုန္းနဲ႔ ပတ္သက္တဲ့ အၾကံေပးခ်က္ေတြဟာလည္း အမ်ိ္ဳးမ်ိဳးထြက္ေပၚလာပါတယ္။ တခ်ိဳ႕အေၾကာင္းအရာေတြအတြက္ သက္ေသမျပႏုိင္ေသးေသာ္လည္း အခုေခတ္မွာ လူအမ်ားစုဟာလက္ကိုင္ဖုန္းေတြကို နာရီေပါင္းမ်ားစြာအသံုးျပဳေနတာေၾကာင့္ လက္ကိုင္ဖုန္းေတြရဲ႕ က်န္းမာေရးအေပၚအက်ိဳးသက္ေရာက္ပံုနဲ႔ ျဖစ္ႏုိင္ေခ်ရွိတဲ့အႏၲရာယ္ေတြကိုေတာ့ သိထားသင့္ပါတယ္။

1. စိတ္ဖိစီးမႈမ်ားျခင္း

လက္ကိုင္ဖုန္းေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားရတယ္ဆုိ္တာေတာ့ အံ့ၾသစရာအခ်က္မဟုတ္ပါဘူး။ အလုပ္မ်ားေနခ်ိန္မွာ ဖုန္းလာတာမ်ိဳးပဲျဖစ္ျဖစ္၊ ဖုန္းျမည္သံကိုအဆက္မျပတ္ၾကားေနရတဲ့အတြက္ အေရးတႀကီးဖုန္းကိုင္ဖို႔လိုတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ စိတ္ဖိစီးမႈသာမက စိုးရိမ္ပူပန္စိတ္ေတြပါျမင့္တက္ေစႏုိင္ပါတယ္။ ထုိ႔ျပင္ လက္ကိုင္ဖုန္းအလြန္အမင္းသံုးစြဲျခင္းဟာ အိပ္ေရးပ်က္ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းေတြနဲ႔ပါ ဆက္စပ္လ်က္ရွိပါတယ္။

2. ဘက္တီးရီးယားပိုးမ်ားႏွင့္ ထိေတြ႕ျခင္း

လက္ကိုင္ဖုန္းေတြကို ပံုမွန္သန္႔ရွင္းေရးျပဳလုပ္ေလ့မရွိတာေၾကာင့္ ညစ္ပတ္ၿပီးေရာဂါပိုးေပါင္းစံုေပါက္ပြားေနႏုိင္ပါတယ္။ ကၽြမ္းက်င္သူေတြရဲ႕ အၾကံေပးခ်က္အရလက္ကိုင္ဖုန္းေတြကို အနည္းဆံုးတစ္ေန႔တစ္ႀကိမ္ ပိုးသတ္ေဆးရည္နဲ႔ သုတ္ေပးသင့္ပါတယ္လို႔သိရပါတယ္။

3. ကားေမာင္းေနစဥ္ လက္ကိုင္ဖုန္းအသံုးျပဳျခင္း

ကားေမာင္းစဥ္ လက္ကိုင္ဖုန္းသံုးျခင္းဟာ အလြန္အႏၱရာယ္မ်ားေၾကာင္း သိထားၿပီးသားျဖစ္ေသာ္လည္း လူအမ်ားစုက လုိက္နာမႈမရွိၾကေပ။ ကားေမာင္စဥ္ နားၾကပ္တပ္၍ ဖုန္းေျပာသူမ်ား၌ပင္ အလြန္အႏၲရာယ္မ်ားေၾကာင္းကို Carnegie Mellon တကၠသုိလ္က ေလ့လာစမ္းသပ္မႈမ်ားျပဳလုပ္၍ သက္ေသျပခဲ့ပါတယ္။ ဖုန္းထဲမွစကားသံကို နားေထာင္႐ံုျဖင့္ ကားေမာင္းသည့္အေပၚအာ႐ံုစူးစိုက္မႈမွာ 30% ခန္႔ထိ က်ဆင္းသြားေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။

4. ကေလးငယ္မ်ားအေပၚ အက်ိဳးသက္ေရာက္မႈ

ကေလးငယ္ေပါင္း 30,000 ကို ေလ့လာစမ္းသပ္မႈတစ္ခုျပဳလုပ္ခဲ့ရာ အေမျဖစ္သူက ကိုယ္ဝန္ေဆာင္စဥ္ႏွင့္ ေမြးဖြားၿပီးေနာက္ကေလးငယ္နားတြင္ လက္ကိုင္ဖုန္းအလြန္အကၽြံသံုးစြဲမႈေၾကာင့္ ကေလးငယ္တို႔တြင္ အျပဳအမူဆုိင္ရာျပႆနာမ်ား ျမင့္တက္ႏိုင္ေၾကာင္းေတြ႕ရွိရပါတယ္။

5. လက္ကိုင္ဖုန္းအသံုးျပဳျခင္းႏွင့္ ကင္ဆာေရာဂါ

လက္ကိုင္ဖုန္းသံုးစြဲျခင္းနဲ႔ ကင္ဆာေရာဂါမွာ ဆက္စပ္မႈရွိ/မရွိကုိ အျငင္းပြားဆဲျဖစ္ေသာ္လည္း ဆြီဒင္တြင္ျပဳလုပ္သည့္ သုေတသနတစ္ခုအရ လက္ကိုင္ဖုန္းမ်ားေၾကာင့္ ဦးေႏွာက္အက်ိတ္ျဖစ္ႏုိင္ေခ် သံုးဆထိျမင့္တက္ႏုိင္ေၾကာင္းေတြ႕ရွိရပါတယ္။ အႀကီးမားဆံုးျပႆနာတစ္ခုကေတာ့ လူအမ်ားစုအတြက္ လက္ကိုင္ဖုန္းသံုးစြဲတဲ့သက္တမ္းမွာမၾကာေသးတာေၾကာင့္ ကင္ဆာႏွင့္ဆက္စပ္မႈကို ေသခ်ာစြာသက္ေသျပရန္ကိုမူ မျပဳလုပ္ႏုိင္ေသးေပ။

6. နာတာရွည္ နာက်င္ျခင္းေဝဒနာခံစားရျခင္း

လက္ကိုင္ဖုန္းကိုၾကာရွည္စြာအသံုးျပဳပါက ခါးနာေဝဒနာကို ခံစားေစ႐ံုသာမက စာအျမန္႐ိုက္ျခင္းေၾကာင့္ က်ီးေပါင္းတက္ျခင္းႏွင့္ အ႐ိုးအဆစ္မ်ားေရာင္ရမ္းျခင္းတို႔ကိုပါ ခံစားရေစႏုိင္ပါတယ္။

7. လမ္းေလွ်ာက္စဥ္ စကားေျပာျခင္းဟာ အႏၲရာယ္မ်ားလွပါတယ္

လမ္းေလွ်ာက္ၿပီးစကားေျပာျခင္းဟာ အျခားသူေတြအတြက္ အေႏွာက္အယွက္ျဖစ္ေစ႐ံုသာမက လမ္းျဖတ္ကူးတဲ့အခါမွာေတာ့ မိမိအတြက္လည္း အႏၲရာယ္မ်ားလွပါတယ္။ မၾကာေသးမီကျပဳလုပ္တဲ့ သုေတသနျပဳလုပ္ခ်က္အရ ကေလးငယ္ေတြဟာ ဖုန္းေျပာေနတာေၾကာင့္ လမ္းျဖတ္ကူးတဲ့အခါသတိျပဳမႈ 20% ခန္႔က်ဆင္းသြားတာေၾကာင့္ ကေလးငယ္ေတြအတြက္ စိုးရိမ္စရာတစ္ခုျဖစ္လာေၾကာင္းသိရပါတယ္။

8. လက္ကိုင္ဖုန္းႏွင့္ ဓာတ္မတည့္ျခင္း

လက္ကိုင္ဖုန္းကိုျပဳလုပ္ထားတဲ့ သတၱဳအခ်ိဳ႕ႏွင့္ ဓာတ္မတည့္ျခင္းဟာလည္း လက္ကိုင္ဖုန္းသံုးစြဲတဲ့သူေတြ အထူးသတိျပဳရမယ့္အခ်က္တစ္ခုျဖစ္ပါတယ္။ အေရျပားေရာဂါဆရာဝန္ေတြရဲ႕ေျပာဆုိခ်က္အရ နီကယ္ကဲ့သို႔ပစၥည္းမ်ားႏွင့္ ဓာတ္မတည့္မႈေၾကာင့္ အေရျပားေရာင္ရမ္းျခင္းမ်ားျဖစ္ပြားမႈႏႈန္းသည္ မၾကာေသးမီကာလမ်ားအတြင္း ျမင့္တက္လ်က္ရွိေၾကာင္းသိရွိရပါတယ္။

9. နားကိုအႏၲရာယ္ျဖစ္ေစျခင္း

နားၾကပ္တက္၍ သီးခ်င္းနားေထာင္ျခင္းေၾကာင့္ နားမၾကားမႈမ်ားျဖစ္ေစႏုိင္ေၾကာင္း၊ 20% ေသာသူမ်ားတြင္ နားမၾကားျခင္းမွာ လက္ကိုင္ဖုန္းမ်ားမွသီခ်င္းမ်ားကို က်ယ္ေလာင္စြာနားေထာင္ျခင္းေၾကာင့္ျဖစ္ေၾကာင္းကို စစ္တမ္းေကာက္ယူမႈမ်ားမွတဆင့္ သိရပါတယ္။

10. မ်က္စိကိုဒဏ္ျဖစ္ေစျခင္း

လက္ကိုင္ဖုန္းကိုအၿမဲမျပတ္ၾကည့္ေနသူမ်ားတြင္ အျမင္အာ႐ံုခ်ိဳ႕တဲ့မႈျဖစ္ႏုိင္ေခ်ပိုမုိျမင့္မားပါတယ္။ ကြန္ပ်ဴတာကို အၾကာႀကီးၾကည့္ျခင္းသည္မေကာင္းေသာ္လည္း မ်က္ႏွာျပင္ေသးေသာလက္ကိုင္ဖုန္းကိုၾကည့္ျခင္းမွာ ပို၍ပင္မ်က္စိကိုထိခိုက္ေစႏုိင္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

 လက်ကိုင်ဖုန်းတွေဟာ နေ့စဉ်လူမှုဘဝအတွက်မရှိမဖြစ်အရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိလူဦးရေ အရေအတွက်ထက် လက်ကိုင်ဖုန်းအရေအတွက်က ပိုမိုများပြားနေကြောင်း စစ်တမ်းကောက်ယူမှုတစ်ခုအရသိရပါတယ်။ လက်ကိုင်ဖုန်းတွေ စတင်ခေတ်စားလာချိန်မှစတင်ပြီးတော့ လက်ကိုင်ဖုန်းနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေဟာလည်း အမျိုးမျိုးထွက်ပေါ်လာပါတယ်။ တချို့အကြောင်းအရာတွေအတွက် သက်သေမပြနိုင်သေးသော်လည်း အခုခေတ်မှာ လူအများစုဟာလက်ကိုင်ဖုန်းတွေကို နာရီပေါင်းများစွာအသုံးပြုနေတာကြောင့် လက်ကိုင်ဖုန်းတွေရဲ့ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်ပုံနဲ့ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကိုတော့ သိထားသင့်ပါတယ်။

1. စိတ်ဖိစီးမှုများခြင်း

လက်ကိုင်ဖုန်းတွေကြောင့် စိတ်ဖိစီးမှုများရတယ်ဆိုတာတော့ အံ့သြစရာအချက်မဟုတ်ပါဘူး။ အလုပ်များနေချိန်မှာ ဖုန်းလာတာမျိုးပဲဖြစ်ဖြစ်၊ ဖုန်းမြည်သံကိုအဆက်မပြတ်ကြားနေရတဲ့အတွက် အရေးတကြီးဖုန်းကိုင်ဖို့လိုတဲ့အချိန်မှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုသာမက စိုးရိမ်ပူပန်စိတ်တွေပါမြင့်တက်စေနိုင်ပါတယ်။ ထို့ပြင် လက်ကိုင်ဖုန်းအလွန်အမင်းသုံးစွဲခြင်းဟာ အိပ်ရေးပျက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေနဲ့ပါ ဆက်စပ်လျက်ရှိပါတယ်။

2. ဘက်တီးရီးယားပိုးများနှင့် ထိတွေ့ခြင်း

လက်ကိုင်ဖုန်းတွေကို ပုံမှန်သန့်ရှင်းရေးပြုလုပ်လေ့မရှိတာကြောင့် ညစ်ပတ်ပြီးရောဂါပိုးပေါင်းစုံပေါက်ပွားနေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရလက်ကိုင်ဖုန်းတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ် ပိုးသတ်ဆေးရည်နဲ့ သုတ်ပေးသင့်ပါတယ်လို့သိရပါတယ်။

3. ကားမောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း

ကားမောင်းစဉ် လက်ကိုင်ဖုန်းသုံးခြင်းဟာ အလွန်အန္တရာယ်များကြောင်း သိထားပြီးသားဖြစ်သော်လည်း လူအများစုက လိုက်နာမှုမရှိကြပေ။ ကားမောင်စဉ် နားကြပ်တပ်၍ ဖုန်းပြောသူများ၌ပင် အလွန်အန္တရာယ်များကြောင်းကို Carnegie Mellon တက္ကသိုလ်က လေ့လာစမ်းသပ်မှုများပြုလုပ်၍ သက်သေပြခဲ့ပါတယ်။ ဖုန်းထဲမှစကားသံကို နားထောင်ရုံဖြင့် ကားမောင်းသည့်အပေါ်အာရုံစူးစိုက်မှုမှာ 30% ခန့်ထိ ကျဆင်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

4. ကလေးငယ်များအပေါ် အကျိုးသက်ရောက်မှု

ကလေးငယ်ပေါင်း 30,000 ကို လေ့လာစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ရာ အမေဖြစ်သူက ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်ကလေးငယ်နားတွင် လက်ကိုင်ဖုန်းအလွန်အကျွံသုံးစွဲမှုကြောင့် ကလေးငယ်တို့တွင် အပြုအမူဆိုင်ရာပြဿနာများ မြင့်တက်နိုင်ကြောင်းတွေ့ရှိရပါတယ်။

5. လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် ကင်ဆာရောဂါ

လက်ကိုင်ဖုန်းသုံးစွဲခြင်းနဲ့ ကင်ဆာရောဂါမှာ ဆက်စပ်မှုရှိ/မရှိကို အငြင်းပွားဆဲဖြစ်သော်လည်း ဆွီဒင်တွင်ပြုလုပ်သည့် သုတေသနတစ်ခုအရ လက်ကိုင်ဖုန်းများကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်ချေ သုံးဆထိမြင့်တက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ အကြီးမားဆုံးပြဿနာတစ်ခုကတော့ လူအများစုအတွက် လက်ကိုင်ဖုန်းသုံးစွဲတဲ့သက်တမ်းမှာမကြာသေးတာကြောင့် ကင်ဆာနှင့်ဆက်စပ်မှုကို သေချာစွာသက်သေပြရန်ကိုမူ မပြုလုပ်နိုင်သေးပေ။

6. နာတာရှည် နာကျင်ခြင်းဝေဒနာခံစားရခြင်း

လက်ကိုင်ဖုန်းကိုကြာရှည်စွာအသုံးပြုပါက ခါးနာဝေဒနာကို ခံစားစေရုံသာမက စာအမြန်ရိုက်ခြင်းကြောင့် ကျီးပေါင်းတက်ခြင်းနှင့် အရိုးအဆစ်များရောင်ရမ်းခြင်းတို့ကိုပါ ခံစားရစေနိုင်ပါတယ်။

7. လမ်းလျှောက်စဉ် စကားပြောခြင်းဟာ အန္တရာယ်များလှပါတယ်

လမ်းလျှောက်ပြီးစကားပြောခြင်းဟာ အခြားသူတွေအတွက် အနှောက်အယှက်ဖြစ်စေရုံသာမက လမ်းဖြတ်ကူးတဲ့အခါမှာတော့ မိမိအတွက်လည်း အန္တရာယ်များလှပါတယ်။ မကြာသေးမီကပြုလုပ်တဲ့ သုတေသနပြုလုပ်ချက်အရ ကလေးငယ်တွေဟာ ဖုန်းပြောနေတာကြောင့် လမ်းဖြတ်ကူးတဲ့အခါသတိပြုမှု 20% ခန့်ကျဆင်းသွားတာကြောင့် ကလေးငယ်တွေအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်းသိရပါတယ်။

8. လက်ကိုင်ဖုန်းနှင့် ဓာတ်မတည့်ခြင်း

လက်ကိုင်ဖုန်းကိုပြုလုပ်ထားတဲ့ သတ္တုအချို့နှင့် ဓာတ်မတည့်ခြင်းဟာလည်း လက်ကိုင်ဖုန်းသုံးစွဲတဲ့သူတွေ အထူးသတိပြုရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ အရေပြားရောဂါဆရာဝန်တွေရဲ့ပြောဆိုချက်အရ နီကယ်ကဲ့သို့ပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်းများဖြစ်ပွားမှုနှုန်းသည် မကြာသေးမီကာလများအတွင်း မြင့်တက်လျက်ရှိကြောင်းသိရှိရပါတယ်။

9. နားကိုအန္တရာယ်ဖြစ်စေခြင်း

နားကြပ်တက်၍ သီးချင်းနားထောင်ခြင်းကြောင့် နားမကြားမှုများဖြစ်စေနိုင်ကြောင်း၊ 20% သောသူများတွင် နားမကြားခြင်းမှာ လက်ကိုင်ဖုန်းများမှသီချင်းများကို ကျယ်လောင်စွာနားထောင်ခြင်းကြောင့်ဖြစ်ကြောင်းကို စစ်တမ်းကောက်ယူမှုများမှတဆင့် သိရပါတယ်။

10. မျက်စိကိုဒဏ်ဖြစ်စေခြင်း

လက်ကိုင်ဖုန်းကိုအမြဲမပြတ်ကြည့်နေသူများတွင် အမြင်အာရုံချို့တဲ့မှုဖြစ်နိုင်ချေပိုမိုမြင့်မားပါတယ်။ ကွန်ပျူတာကို အကြာကြီးကြည့်ခြင်းသည်မကောင်းသော်လည်း မျက်နှာပြင်သေးသောလက်ကိုင်ဖုန်းကိုကြည့်ခြင်းမှာ ပို၍ပင်မျက်စိကိုထိခိုက်စေနိုင်ပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar







 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top