Property Expo
×

ရီးရဲလ္မက္ဒရစ္နဲ႔ အနာဂတ္ မေသခ်ာေတာ့ဘူးလို႔ သတင္းေတြထြက္ခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ ေရာ္နယ္ဒိုက အသင္းနဲ႔အတူ ငါးႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ျပန္ပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၀၂၁ ခုႏွစ္အထိ ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္မွာ ရွိေနေတာ့မွာပါ။

ေရာ္နယ္ဒိုရဲ႕ စာခ်ဳပ္သစ္ကေန ရလာတဲ့ ေတြးစရာ အခ်က္ (၅) ခ်က္ရွိပါတယ္။

၁။ ေကာလာဟလမ်ား အဆံုးသတ္

ဂါရက္ေဘးလ္ကို ေပါင္သန္း ၁၅၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ၿပီး ေရာ္နယ္ဒုိနဲ႔  ခ်ဳပ္ဖို႔ ၾကန္႔ၾကာေနခဲ့တဲ့အတြက္ ေရာ္နယ္ဒိုအနာဂတ္ မေရရာတဲ့ သတင္းေတြထြက္ခဲ့ပါေသးတယ္။ အခုေတာ့ ဒီေကာလာဟလေတြ အဆံုးသတ္သြားပါၿပီ။

၂။ ေျပာင္းေ႐ႊ႕ေၾကးျမင့္မားေနဆဲ ေရာ္နယ္ဒို

ငါးႏွစ္စာခ်ဳပ္သက္တမ္းအရ ေရာ္နယ္ဒို အသင္းကထြက္မယ္ဆိုရင္ေတာင္ ရီးရဲလ္မက္ဒရစ္က ေစ်းေပါေပါနဲ႔ ေရာင္းစရာ မလိုုေတာ့ပါဘူး။ အရင္စာခ်ဳပ္အရဆိုရင္ လာမယ့္ ၂၀၁၈ ေရာက္ကစားတဲ့အခါ ေရာ္နယ္ဒိုကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ေပးရေတာ့မွာပါ။

၃။ ေရာ္နယ္ဒို၏ အသက္အ႐ြယ္

စာခ်ဳပ္သစ္အရ ရီးရဲလ္မက္ဒရစ္မွာ ေရာ္နယ္ဒိုက အနည္းဆံုး အသက္ ၃၆ ႏွစ္ခြဲအထိ ဆက္ရွိေနပါလိမ့္မယ္။ ေနာက္ၿပီး စာခ်ဳပ္သစ္အရလည္း ေရာ္နယ္ဒိုဟာ လစာအမ်ားဆံုးရတဲ့ ကစားသမား ျဖစ္ေနဆဲပါ။ ဒီေတာ့ ေရာ္နယ္ဒိုဟာ ၃၆ ႏွစ္ခြဲ အသက္အ႐ြယ္အထိ ရီးရဲလ္မက္ဒရစ္မွာ လစာအမ်ားဆံုး ျဖစ္မယ္ဆိုတဲ့ အဓိပၸာယ္ပါ။

၄။ ခြန္္အားအလြန္အကၽြံ သံုးျခင္းကို ေခၽြတာေနတဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက ခြန္အားအလြန္အကၽြံသံုးၿပီး ကစားရတဲ့ ေတာင္ပံတုိက္စစ္ေနရာကေန အျခားေနရာကို ေျပာင္းလဲကစားေနတာ ေတြ႔ရပါတယ္။ တိုက္စစ္မွဴး စစ္စစ္ေနရာမွာလည္း မေနေပမဲ့ ပင္နယ္တီဧရိယာထဲမွာ ပိုၿပီးအေနမ်ားလာတာေတြ႔ရပါတယ္။ အင္အားသံုးျခင္းကိုေခၽြတာၿပီး ကစားသမားဘဝကို ဆြဲဆန္႔ေနတဲ့ သေဘာျဖစ္ပါတယ္။

၅။ စိတ္ပူစရာမလိုေတာ့တဲ့ ရီးရဲလ္မက္ဒရစ္

၂၀၁၈ ခုႏွစ္ႏွစ္ ရီးရဲလ္မက္ဒရစ္က ကစားသမားသစ္ ဝယ္လို႔မရတဲ့ အျပစ္ဒဏ္ကို ဖီဖာက ခ်မွတ္ထားပါတယ္။ ေလာေလာဆယ္ေတာ့ အယူခံ ဝင္ေနဆဲပါ။ ဒါေပမဲ့ ေရာ္နယ္ဒိုနဲ႔ ဂါရက္ေဘးလ္တို႔ကို စာခ်ဳပ္သစ္ခ်ဳပ္လိုက္ၿပီျဖစ္လို႔ ပူစရာ သိပ္မလိုေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မသေချာတော့ဘူးလို့ သတင်းတွေထွက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ရော်နယ်ဒိုက အသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုလိုက်ပြန်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၁ ခုနှစ်အထိ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ ရှိနေတော့မှာပါ။

ရော်နယ်ဒိုရဲ့ စာချုပ်သစ်ကနေ ရလာတဲ့ တွေးစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကောလာဟလများ အဆုံးသတ်

ဂါရက်ဘေးလ်ကို ပေါင်သန်း ၁၅၀ တန်ကြေးရှိတဲ့ စာချုပ်သစ်ချုပ်ပြီး ရော်နယ်ဒိုနဲ့  ချုပ်ဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ရော်နယ်ဒိုအနာဂတ် မရေရာတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုတော့ ဒီကောလာဟလတွေ အဆုံးသတ်သွားပါပြီ။

၂။ ပြောင်းရွှေ့ကြေးမြင့်မားနေဆဲ ရော်နယ်ဒို

ငါးနှစ်စာချုပ်သက်တမ်းအရ ရော်နယ်ဒို အသင်းကထွက်မယ်ဆိုရင်တောင် ရီးရဲလ်မက်ဒရစ်က ဈေးပေါပေါနဲ့ ရောင်းစရာ မလိုုတော့ပါဘူး။ အရင်စာချုပ်အရဆိုရင် လာမယ့် ၂၀၁၈ ရောက်ကစားတဲ့အခါ ရော်နယ်ဒိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးရတော့မှာပါ။

၃။ ရော်နယ်ဒို၏ အသက်အရွယ်

စာချုပ်သစ်အရ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုက အနည်းဆုံး အသက် ၃၆ နှစ်ခွဲအထိ ဆက်ရှိနေပါလိမ့်မယ်။ နောက်ပြီး စာချုပ်သစ်အရလည်း ရော်နယ်ဒိုဟာ လစာအများဆုံးရတဲ့ ကစားသမား ဖြစ်နေဆဲပါ။ ဒီတော့ ရော်နယ်ဒိုဟာ ၃၆ နှစ်ခွဲ အသက်အရွယ်အထိ ရီးရဲလ်မက်ဒရစ်မှာ လစာအများဆုံး ဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

၄။ ခွန်အားအလွန်အကျွံ သုံးခြင်းကို ချွေတာနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ခွန်အားအလွန်အကျွံသုံးပြီး ကစားရတဲ့ တောင်ပံတိုက်စစ်နေရာကနေ အခြားနေရာကို ပြောင်းလဲကစားနေတာ တွေ့ရပါတယ်။ တိုက်စစ်မှူး စစ်စစ်နေရာမှာလည်း မနေပေမဲ့ ပင်နယ်တီဧရိယာထဲမှာ ပိုပြီးအနေများလာတာတွေ့ရပါတယ်။ အင်အားသုံးခြင်းကိုချွေတာပြီး ကစားသမားဘဝကို ဆွဲဆန့်နေတဲ့ သဘောဖြစ်ပါတယ်။

၅။ စိတ်ပူစရာမလိုတော့တဲ့ ရီးရဲလ်မက်ဒရစ်

၂၀၁၈ ခုနှစ်နှစ် ရီးရဲလ်မက်ဒရစ်က ကစားသမားသစ် ဝယ်လို့မရတဲ့ အပြစ်ဒဏ်ကို ဖီဖာက ချမှတ်ထားပါတယ်။ လောလောဆယ်တော့ အယူခံ ဝင်နေဆဲပါ။ ဒါပေမဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့ကို စာချုပ်သစ်ချုပ်လိုက်ပြီဖြစ်လို့ ပူစရာ သိပ်မလိုတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top