Property Expo
×


သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈရွိေၾကာင္း စစ္ေဆး ေတြ႕ရွိသျဖင့္ စက္မႈ၀န္ႀကီးဌာန လက္ေအာက္ရွိ ပုဂၢလိက လုပ္ ကိုင္ခြင့္ေပးထားေသာ ျမန္ေအာင္ ၿမိဳ႕ရွိ ေရာင္နီအရက္ခ်က္စက္႐ံု ကို ယာယီရပ္ဆုိင္းရန္ ဧရာ၀တီ တုိင္းေဒသႀကီးအစိုးရအဖဲြ႕က ၫႊန္ၾကားထားေၾကာင္း သတင္း ရရွိသည္။


အဆိုပါအရက္ခ်က္စက္႐ံုမွ ထြက္ရွိသည့္ စြန္႔ပစ္ရည္မ်ားကို တစ္ရက္လွ်င္ ဂါလန္သံုးေသာင္း ခဲြခန္႔သာ စြန္႔ပစ္ရန္ သတ္မွတ္ ထားေသာ္လည္း သတ္မွတ္ခ်က္ ထက္ ေက်ာ္လြန္၍ တစ္ရက္လွ်င္ ဂါလန္ ႏွစ္သိန္းႏွင့္ သံုးသိန္းအၾကားစြန္႔ပစ္သည္ကို ေတြ႕ရွိရသည္ဟု ေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီ၀င္ ျမစိမ္းေရာင္ပံုရိပ္မ်ားအဖဲြ႕ ဥကၠ႒ ဦး၀င္းေအာင္က ေျပာ သည္။

‘‘ဟုတ္ပါတယ္။ ရပ္ဖို႔ ၫႊန္ ၾကားထားတာ မၾကာေသးပါဘူး။ စြန္႔ပစ္ပစၥည္းေတြကို ေသခ်ာစီမံ မခန္႔ခဲြႏုိင္တဲ့ျပစ္ခ်က္ေတြ႕တဲ့အတြက္ ပိတ္ဖုိ႔ တုိင္းက ၫႊန္ၾကား ထားတာပါ။ အမတ္ေတြကုိယ္ တုိင္ လုိက္လံစစ္ေဆးခဲ့ပါတယ္’’ ဟု ၎က ေျပာသည္။

ထြက္လာသည့္ စြန္႔ပစ္ေရ ဆိုးမ်ားမွ အနံ႔အသက္မ်ားက ေလထုညစ္ညမ္းေစသည့္အျပင္ စြန္႔ပစ္ပစၥည္းမ်ား ဧရာ၀တီျမစ္အ တြင္းသို႔ စီး၀င္သည့္ ဆင္က်ံဳး ေခ်ာင္းအတြင္း ျပန္လည္သန္႔စင္ ျခင္းမရွိဘဲ စြန္႔ပစ္သည္ကုိ ေတြ႕ရွိ ရသည္ဟု ဦး၀င္းေအာင္က ဆုိ သည္။

သဘာ၀ပတ္၀န္းက်င္ညစ္ ညမ္းမႈရွိသျဖင့္ အဆိုပါအရက္ ခ်က္စက္႐ံုကုိ ယာယီရပ္ဆုိင္းရန္ ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအ ဖဲြ႕က ၫႊန္ၾကားထားၿပီး ဒဏ္ေငြ႐ိုက္၊ ျပစ္ဒဏ္ေပးျခင္းမရွိေၾကာင္း သတင္းရရွိသည္။ ယာယီရပ္ဆုိင္းထားသည့္ ယင္းစက္႐ံုသည္ အႀကီးစားစက္႐ံု အမ်ိဳးအစားျဖစ္ၿပီး မူးယစ္ေစသည့္အယ္လ္ကိုေဟာပါ၀င္မႈ ၁၀၀ ရာခုိင္ႏႈန္းရွိေသာ အရက္ဆီထုတ္လုပ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရှိကြောင်း စစ်ဆေး တွေ့ရှိသဖြင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပုဂ္ဂလိက လုပ် ကိုင်ခွင့်ပေးထားသော မြန်အောင် မြို့ရှိ ရောင်နီအရက်ချက်စက်ရုံ ကို ယာယီရပ်ဆိုင်းရန် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။


အဆိုပါအရက်ချက်စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ရည်များကို တစ်ရက်လျှင် ဂါလန်သုံးသောင်း ခွဲခန့်သာ စွန့်ပစ်ရန် သတ်မှတ် ထားသော်လည်း သတ်မှတ်ချက် ထက် ကျော်လွန်၍ တစ်ရက်လျှင် ဂါလန် နှစ်သိန်းနှင့် သုံးသိန်းအကြားစွန့်ပစ်သည်ကို တွေ့ရှိရသည်ဟု စောင့်ကြည့်စစ်ဆေးရေးကော်မတီဝင် မြစိမ်းရောင်ပုံရိပ်များအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြော သည်။

‘‘ဟုတ်ပါတယ်။ ရပ်ဖို့ ညွှန် ကြားထားတာ မကြာသေးပါဘူး။ စွန့်ပစ်ပစ္စည်းတွေကို သေချာစီမံ မခန့်ခွဲနိုင်တဲ့ပြစ်ချက်တွေ့တဲ့အတွက် ပိတ်ဖို့ တိုင်းက ညွှန်ကြား ထားတာပါ။ အမတ်တွေကိုယ် တိုင် လိုက်လံစစ်ဆေးခဲ့ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထွက်လာသည့် စွန့်ပစ်ရေ ဆိုးများမှ အနံ့အသက်များက လေထုညစ်ညမ်းစေသည့်အပြင် စွန့်ပစ်ပစ္စည်းများ ဧရာဝတီမြစ်အ တွင်းသို့ စီးဝင်သည့် ဆင်ကျုံး ချောင်းအတွင်း ပြန်လည်သန့်စင် ခြင်းမရှိဘဲ စွန့်ပစ်သည်ကို တွေ့ရှိ ရသည်ဟု ဦးဝင်းအောင်က ဆို သည်။

သဘာဝပတ်ဝန်းကျင်ညစ် ညမ်းမှုရှိသဖြင့် အဆိုပါအရက် ချက်စက်ရုံကို ယာယီရပ်ဆိုင်းရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအ ဖွဲ့က ညွှန်ကြားထားပြီး ဒဏ်ငွေရိုက်၊ ပြစ်ဒဏ်ပေးခြင်းမရှိကြောင်း သတင်းရရှိသည်။ ယာယီရပ်ဆိုင်းထားသည့် ယင်းစက်ရုံသည် အကြီးစားစက်ရုံ အမျိုးအစားဖြစ်ပြီး မူးယစ်စေသည့်အယ်လ်ကိုဟောပါဝင်မှု ၁၀၀ ရာခိုင်နှုန်းရှိသော အရက်ဆီထုတ်လုပ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top