Property Expo
×

 ေမာ္႐ိုကိုတြင္ အခ်င္းခ်င္း နမ္း႐ႈပ္သည့္ ဆယ္ေက်ာ္သက္ မိန္းကေလး ႏွစ္ဦးကို လိင္ေဖာက္ျပန္မႈ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

အသက္ ၁၆ ႏွစ္ႏွင့္ ၁၇ ႏွစ္ အရြယ္သာ ရွိေသးသည့္ မိန္းကေလးမ်ားသည္ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက မာရာကက္ရွ္ရွိ အိမ္တစ္လံုး၏ အမိုးေပၚတြင္ ေပြ႕ဖက္နမ္း႐ႈပ္ေနသည့္ေနာက္ လိင္တူစံုမက္သည့္ ျပစ္မႈျဖင့္ အဖမ္းခံခဲ့ရသည္။ ထိုအမႈမ်ိဳးအတြက္ ေထာင္ဒဏ္ ၃ ႏွစ္ထိ အျမင့္ဆံုးျပစ္ဒဏ္ ခ်မွတ္ႏုိင္သည္။

မိန္းကေလးႏွစ္ဦးႏွင့္ ပတ္သက္၍ ေမာ္႐ိုကို လူ႔အခြင့္အေရး အဖဲြ႕အစည္းမ်ားက သူမတို႔ကို စြဲခ်က္မတင္ရန္ ေတာင္းဆိုလ်က္ ရွိသည္။ ေမာ္႐ိုကို လူ႔အခြင့္အေရး အဖြဲ႕မွ အိုမာ အာဘစ္က မိန္းကေလး ႏွစ္ဦးမွာ ျပန္လြတ္လာၿပီ ျဖစ္ေသာ္လည္း တရားရင္ဆုိင္ရမည္ျဖစ္ေၾကာင္း ဆိုသည္။

ေမာ္႐ိုကိုတြင္ ျပ႒ာန္းထားသည့္ ဥပေဒ ပုဒ္မ ၄၈၉ ၌ မည္သူမဆို လိင္တူအခ်င္းခ်င္း မေလ်ာ္မကန္သည့္ ကိုယ္အမူအရာျဖင့္ ထိေတြ႕ဆက္ဆံမႈမ်ိဳး ရွိခဲ့ပါက ေထာင္ဒဏ္ ၆ ႏွစ္မွ ၃ လအတြင္း ခ်မွတ္ရမည္ဟု ေဖာ္ျပထားသည္။ လတ္တေလာတြင္ မိမိတုိ႔ အေနျဖင့္ မိန္းကေလးမ်ားဘက္မွ ကူညီ ေလွ်ာက္လဲမည့္ ေ႐ွ႕ေနမ်ား ငွားရမ္းေပးထားေၾကာင္း အာဘစ္က ဆိုသည္။

ေမာ္႐ိုကို တရားေရးဌာန အာဏာပိုင္မ်ားကမူ ယခုကိစၥႏွင့္ ပတ္သက္၍ မွတ္ခ်က္မေပးျခင္း မရွိဘဲ ႏႈတ္ဆိတ္လ်က္ ရွိသည္။ အာဘစ္ကမူ ႏိုင္ငံအတြင္းရွိ လူ႔အခြင့္အေရး လႈပ္ရွားသားမ်ားက ပုဒ္မ ၄၈၉ ကို ဖ်က္သိမ္း ဖယ္ရွားေပးရန္ ေတာင္းဆိုေနေၾကာင္း ေျပာၾကားခဲ့သည္။

လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက အဆိုပါ ဥပေဒသည္ အရြယ္မေရာက္ေသးသည့္ ကေလးသူငယ္မ်ားကို အရြယ္ေရာက္ၿပီးသူမ်ားက လိင္မႈဆက္ဆံျခင္းမ်ိဳးကို တားျမစ္ရန္ ေျပာင္းလဲ သတ္မွတ္သင့္ေၾကာင္းလည္း ေထာက္ျပၾကသည္။

ေမာ္႐ိုကိုရွိ အျခား ျပဳျပင္ေျပာင္းလဲေရးဝါဒီ အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ လူတစ္ဦးခ်င္း လြတ္လပ္စြာ ေရြးခ်ယ္မႈ ႏိႈးေဆာ္ေရးအဖဲြ႕ကလည္း မိန္းကေလး ႏွစ္ဦး၏ ပိုစတာ ဓာတ္ပံုကို အသံုးခ်ကာ လိင္တူ ခ်စ္ခင္မႈ ေထာက္ခံသည့္ စည္း႐ံုလႈပ္ရွားမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မော်ရိုကိုတွင် အချင်းချင်း နမ်းရှုပ်သည့် ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးကို လိင်ဖောက်ပြန်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်သာ ရှိသေးသည့် မိန်းကလေးများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မာရာကက်ရှ်ရှိ အိမ်တစ်လုံး၏ အမိုးပေါ်တွင် ပွေ့ဖက်နမ်းရှုပ်နေသည့်နောက် လိင်တူစုံမက်သည့် ပြစ်မှုဖြင့် အဖမ်းခံခဲ့ရသည်။ ထိုအမှုမျိုးအတွက် ထောင်ဒဏ် ၃ နှစ်ထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည်။

မိန်းကလေးနှစ်ဦးနှင့် ပတ်သက်၍ မော်ရိုကို လူ့အခွင့်အရေး အဖွဲ့အစည်းများက သူမတို့ကို စွဲချက်မတင်ရန် တောင်းဆိုလျက် ရှိသည်။ မော်ရိုကို လူ့အခွင့်အရေး အဖွဲ့မှ အိုမာ အာဘစ်က မိန်းကလေး နှစ်ဥိးမှာ ပြန်လွတ်လာပြီ ဖြစ်သော်လည်း တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။

မော်ရိုကိုတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ ပုဒ်မ ၄၈၉ ၌ မည်သူမဆို လိင်တူအချင်းချင်း မလျော်မကန်သည့် ကိုယ်အမူအရာဖြင့် ထိတွေ့ဆက်ဆံမှုမျိုး ရှိခဲ့ပါက ထောင်ဒဏ် ၆ နှစ်မှ ၃ လအတွင်း ချမှတ်ရမည်ဟု ဖော်ပြထားသည်။ လတ်တလောတွင် မိမိတို့ အနေဖြင့် မိန်းကလေးများဘက်မှ ကူညီ လျှောက်လဲမည့် ရှေ့နေများ ငှားရမ်းပေးထားကြောင်း အာဘစ်က ဆိုသည်။

မော်ရိုကို တရားရေးဌာန အာဏာပိုင်များကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးခြင်း မရှိဘဲ နှုတ်ဆိတ်လျက် ရှိသည်။ အာဘစ်ကမူ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသားများက ပုဒ်မ ၄၈၉ ကို ဖျက်သိမ်း ဖယ်ရှားပေးရန် တောင်းဆိုနေကြောင်း ပြောကြားခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ဥပဒေသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို အရွယ်ရောက်ပြီးသူများက လိင်မှုဆက်ဆံခြင်းမျိုးကို တားမြစ်ရန် ပြောင်းလဲ သတ်မှတ်သင့်ကြောင်းလည်း ထောက်ပြကြသည်။

မော်ရိုကိုရှိ အခြား ပြုပြင်ပြောင်းလဲရေးဝါဒီ အဖွဲ့အစည်း တစ်ခုဖြစ်သည့် လူတစ်ဦးချင်း လွတ်လပ်စွာ ရွေးချယ်မှု နှိုးဆော်ရေးအဖွဲ့ကလည်း မိန်းကလေး နှစ်ဦး၏ ပိုစတာ ဓာတ်ပုံကို အသုံးချကာ လိင်တူ ချစ်ခင်မှု ထောက်ခံသည့် စည်းရုံလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top