Property Expo
×

ေလလည္တာက ရွက္စရာေကာင္းျပီး စိတ္အေႏွာင့္အယွက္ျဖစ္စရာတစ္ခုလုိ႔ ဆုိႏုိင္ေပမဲ့ လူတုိင္းေလလည္ၾကပါတယ္။ ဒါေပမဲ့ ေလလည္တဲ့ အၾကိမ္ေရစိပ္လာျပီး အနံ႔လည္းပိုျပင္းလာမယ္ဆုိရင္ေတာ့ အခုေျပာျပမယ့္အေၾကာင္းရင္းေတြထဲက တစ္ခုျဖစ္ႏုိင္ပါတယ္လုိ႔ NYU Langone ေဆးပညာစင္တာက အစာအိမ္နဲ႔ အူလမ္းေၾကာင္းေရာဂါ ပါေမာကၡျဖစ္သူLisa Ganjhu ကဆုိပါတယ္။

၁)စိတ္ဖိစီးမႈ မ်ားလြန္းတဲ့အခါ မၾကာခဏေလလည္တတ္ပါတယ္။
အူနဲ႔ စိတ္ခံစားခ်က္ေတြက အာရုံေၾကာကြန္ယက္တစ္ခုနဲ႔ ဆက္သြယ္ထားတာေၾကာင့္ သင့္ရဲ႕ အစာလမ္းေၾကာင္းေတြကို ဒုတိယဦးေႏွာက္လို႔ တင္စားႏုိင္ပါတယ္လို႔ သိပၸံပညာရွင္ေတြကဆုိထားပါတယ္။ ဒါေၾကာင့္ စိတ္ရႈပ္ေထြးစရာေတြမ်ားလာတဲ့အခါမွာအူရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထိခုိက္ေစႏုိင္ပါတယ္။ အူလမ္းေၾကာင္းမူမမွန္ျဖစ္တဲ့အတြက္ အနံ႔ဆုိးတဲ့ ေလလည္ျခင္းမ်ားမၾကာခဏျဖစ္ေစပါတယ္။ ဒါေၾကာင့္ စိတ္ေရာ၊ ကို္ယ္ပါျငိမ္းခ်မ္းေစႏုိင္တဲ့ တရားထိုင္တာမ်ဳိးကုိပုံမွန္လုပ္ေပးသင့္ပါတယ္။

၂) ဆုိဒါေသာက္တာမ်ားတဲ့အခါလည္း ေလလည္တတ္ပါတယ္။
ကာဗြန္ဟုိက္ျဒိတ္ပါတဲ့ ေဖ်ာ္ရည္ေသာက္တာ၊ ပီေကဝါးတာနဲ႔ ပိုက္နဲ႔စုပ္ေသာက္တာေတြက အူမၾကီးထဲမွာ ေလေတြ ပိတ္မိေနေစပါတယ္။ ဒါကေလလည္တဲ့အၾကိမ္ေရကို ၅၀% ေလာက္ပိုမ်ားေစပါတယ္။ ဒါေၾကာင့္ ေလကိုေအာက္ပိုင္းကေန မထြက္ေစခ်င္ရင္ အေပၚပိုင္းကေနထြက္ေစဖို႔အတြက္ ေလတက္ေအာင္လုပ္ေပးႏိုင္ပါတယ္။

၃) တခ်ဳိ႕အခ်ဳိဓာတ္ေတြကို ခႏၶာကိုယ္ကမေခ်ဖ်က္ႏုိင္တဲ့အတြက္ အူထဲမွာ အခ်ိန္အၾကာၾကီးရွိေနႏုိင္ျပီး အခ်ဥ္ေပါက္ေစႏုိင္ပါတယ္။
သဘာဝသၾကားဓာတ္ျဖစ္တဲ့ အသီးအႏွံေတြမွာပါတဲ့ အခ်ဳိဓာတ္ကိုေခ်ဖ်က္ႏုိင္တဲ့ အင္ဇုိင္းမရွိတဲ့သူေတြမွာလည္း မၾကာခဏေလလည္တတ္ပါတယ္။ ဒါေၾကာင့္ ေက်ာကို အနည္းငယ္ထုေပးျပီး ေလတက္ေအာင္လုပ္ေပးျခင္းျဖင့္ ေလလည္တာကိုေလ်ာ့ေစႏုိင္ပါတယ္။

၄)ေဂၚဖီ၊ပဲေစ့၊ ပန္းေဂၚဖီအစိမ္းလိုမ်ဳိး ဗူးထဲထည့္ထားတဲ့အခါ ကန္႔အနံ႔ထြက္ေလ့ရွိတဲ့ အသီးအရြက္ေတြမွာ အစာေခ်ဖို႔ခက္ခဲတဲ့ ကာဘုိဟိုက္ျဒိတ္ဓာတ္ပါဝင္ပါတယ္။
ဒီဓာတ္ေတြကအူထဲမွာရွိေနတဲ့အခါ ေလလည္ေစႏုိင္ပါတယ္။ ဒီလုိမျဖစ္ရေအာင္ အစာမစားခင္ အင္ဇုိင္းပါတဲ့ Beanoလုိ ေဆးျပားေလးကိုေသာက္ေပးလို႔ရပါတယ္။

၅)အရင္တုန္းက ႏြားႏုိ႔ေတြ၊ ေရခဲမုန္႔ေတြစားလုိ႔ ဘာမွမျဖစ္ခဲ့ဘူးေပမဲ့ အသက္ရလာတဲ့အခ်ိန္မွာ ႏို႔ကိုေခ်ဖ်က္ေပးႏုိင္တဲ့ အင္ဇုိင္းကိုထုတ္လုပ္ေပးႏုိင္စြမ္းမရွိျဖစ္လာျပီး မၾကာခဏေလလည္တာမ်ဳိးျဖစ္ေစတတ္ပါတယ္။
ဒါေၾကာင့္ ရက္အနည္းငယ္ေလာက္ ႏုိ႔ထြက္ပစၥည္းစားသုံးျခင္းကိုေရွာင္ၾကည့္ျပီး ေလလည္ရင္ အနံ႔ဆုိးထြက္တာေလ်ာ့သြားတဲ့အခါမွသာ ႏို႔ထြက္ပစၥည္းေတြကို ျပန္ျပီးစားသုံးသင့္ပါတယ္။

၆)ကုိယ္ဝန္ရွိတဲ့အခါ ပိုလို႕ ေလလည္လာတတ္ပါတယ္။
ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းမွာ ဖရဲသီးတစ္လုံးအရြယ္ေလာက္ရွိတဲ့ အရာတစ္ခုက ညွစ္ထားသလုိမ်ဳိးျဖစ္ျပီး စအုိတစ္ဝုိက္က ၾကြက္သားေတြ၊ အာရုံေၾကာေတြကို ပ်က္စီးေစႏုိင္ျပီး သင့္ကုိေလလည္တဲ့စက္တစ္လုံးအျဖစ္ ေျပာင္းသြားေစႏုိင္ပါတယ္။

၇)ဝမ္းခ်ဳပ္ေနတဲ့အခါ အစာေဟာင္းေတြက အူလမ္းေၾကာင္းတစ္ေလွ်ာက္မွာပဲ ရွိေနျပီး အေငြ႔ေတြကို ထုတ္ေပးပါတယ္။
ဒါေၾကာင့္ ဝမ္းခ်ဳပ္ေနတဲ့အခါ အူလမ္းေၾကာင္းေတြက စုပ္ယူႏုိင္ေခ်နည္းတဲ့ အဆီမ်ားတဲ့ အစားအစာမ်ဳိးေတြကိုယာယီအားျဖင့္ ေရွာင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လေလည်တာက ရှက်စရာကောင်းပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလို့ ဆိုနိုင်ပေမဲ့ လူတိုင်းလေလည်ကြပါတယ်။ ဒါပေမဲ့ လေလည်တဲ့ အကြိမ်ရေစိပ်လာပြီး အနံ့လည်းပိုပြင်းလာမယ်ဆိုရင်တော့ အခုပြောပြမယ့်အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်လို့ NYU Langone ဆေးပညာစင်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ ပါမောက္ခဖြစ်သူLisa Ganjhu ကဆိုပါတယ်။

၁)စိတ်ဖိစီးမှု များလွန်းတဲ့အခါ မကြာခဏလေလည်တတ်ပါတယ်။
အူနဲ့ စိတ်ခံစားချက်တွေက အာရုံကြောကွန်ယက်တစ်ခုနဲ့ ဆက်သွယ်ထားတာကြောင့် သင့်ရဲ့ အစာလမ်းကြောင်းတွေကို ဒုတိယဦးနှောက်လို့ တင်စားနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးစရာတွေများလာတဲ့အခါမှာအူရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ အူလမ်းကြောင်းမူမမှန်ဖြစ်တဲ့အတွက် အနံ့ဆိုးတဲ့ လေလည်ခြင်းများမကြာခဏဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ရော၊ ကိုယ်ပါငြိမ်းချမ်းစေနိုင်တဲ့ တရားထိုင်တာမျိုးကိုပုံမှန်လုပ်ပေးသင့်ပါတယ်။

၂) ဆိုဒါသောက်တာများတဲ့အခါလည်း လေလည်တတ်ပါတယ်။
ကာဗွန်ဟိုက်ဒြိတ်ပါတဲ့ ဖျော်ရည်သောက်တာ၊ ပီကေဝါးတာနဲ့ ပိုက်နဲ့စုပ်သောက်တာတွေက အူမကြီးထဲမှာ လေတွေ ပိတ်မိနေစေပါတယ်။ ဒါကလေလည်တဲ့အကြိမ်ရေကို ၅၀% လောက်ပိုများစေပါတယ်။ ဒါကြောင့် လေကိုအောက်ပိုင်းကနေ မထွက်စေချင်ရင် အပေါ်ပိုင်းကနေထွက်စေဖို့အတွက် လေတက်အောင်လုပ်ပေးနိုင်ပါတယ်။

၃) တချို့အချိုဓာတ်တွေကို ခန္ဓာကိုယ်ကမချေဖျက်နိုင်တဲ့အတွက် အူထဲမှာ အချိန်အကြာကြီးရှိနေနိုင်ပြီး အချဉ်ပေါက်စေနိုင်ပါတယ်။
သဘာဝသကြားဓာတ်ဖြစ်တဲ့ အသီးအနှံတွေမှာပါတဲ့ အချိုဓာတ်ကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းမရှိတဲ့သူတွေမှာလည်း မကြာခဏလေလည်တတ်ပါတယ်။ ဒါကြောင့် ကျောကို အနည်းငယ်ထုပေးပြီး လေတက်အောင်လုပ်ပေးခြင်းဖြင့် လေလည်တာကိုလျော့စေနိုင်ပါတယ်။

၄)ဂေါ်ဖီ၊ပဲစေ့၊ ပန်းဂေါ်ဖီအစိမ်းလိုမျိုး ဗူးထဲထည့်ထားတဲ့အခါ ကန့်အနံ့ထွက်လေ့ရှိတဲ့ အသီးအရွက်တွေမှာ အစာချေဖို့ခက်ခဲတဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်ပါတယ်။
ဒီဓာတ်တွေကအူထဲမှာရှိနေတဲ့အခါ လေလည်စေနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အစာမစားခင် အင်ဇိုင်းပါတဲ့ Beanoလို ဆေးပြားလေးကိုသောက်ပေးလို့ရပါတယ်။

၅)အရင်တုန်းက နွားနို့တွေ၊ ရေခဲမုန့်တွေစားလို့ ဘာမှမဖြစ်ခဲ့ဘူးပေမဲ့ အသက်ရလာတဲ့အချိန်မှာ နို့ကိုချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းကိုထုတ်လုပ်ပေးနိုင်စွမ်းမရှိဖြစ်လာပြီး မကြာခဏလေလည်တာမျိုးဖြစ်စေတတ်ပါတယ်။
ဒါကြောင့် ရက်အနည်းငယ်လောက် နို့ထွက်ပစ္စည်းစားသုံးခြင်းကိုရှောင်ကြည့်ပြီး လေလည်ရင် အနံ့ဆိုးထွက်တာလျော့သွားတဲ့အခါမှသာ နို့ထွက်ပစ္စည်းတွေကို ပြန်ပြီးစားသုံးသင့်ပါတယ်။

၆)ကိုယ်ဝန်ရှိတဲ့အခါ ပိုလို့ လေလည်လာတတ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ ဖရဲသီးတစ်လုံးအရွယ်လောက်ရှိတဲ့ အရာတစ်ခုက ညှစ်ထားသလိုမျိုးဖြစ်ပြီး စအိုတစ်ဝိုက်က ကြွက်သားတွေ၊ အာရုံကြောတွေကို ပျက်စီးစေနိုင်ပြီး သင့်ကိုလေလည်တဲ့စက်တစ်လုံးအဖြစ် ပြောင်းသွားစေနိုင်ပါတယ်။

၇)ဝမ်းချုပ်နေတဲ့အခါ အစာဟောင်းတွေက အူလမ်းကြောင်းတစ်လျှောက်မှာပဲ ရှိနေပြီး အငွေ့တွေကို ထုတ်ပေးပါတယ်။
ဒါကြောင့် ဝမ်းချုပ်နေတဲ့အခါ အူလမ်းကြောင်းတွေက စုပ်ယူနိုင်ချေနည်းတဲ့ အဆီများတဲ့ အစားအစာမျိုးတွေကိုယာယီအားဖြင့် ရှောင်သင့်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top