Property Expo
×

ခ်ိဳင္းေခၽြးနံ႔ျပင္းျခင္းကို ေဆးပညာအေခၚအရ bromhidrosis လို႔ေခၚပါတယ္။ ခ်ိဳင္း နဲ႕႔ က်ားမအဂၤါေတြမွာ အထူးေခၽြးအက်ိတ္ေလးေတြျဖစ္တဲ့ Apocrine glands ေလးေတြရွိၿပီး ဒီဂလင္းေလးေတြေၾကာင့္ အနံ႔ျပင္းျခင္းျဖစ္ပါတယ္။ ဒီဂလင္းေလးေတြက အရြယ္ေရာက္ခ်ိန္မွစၿပီး အလုပ္လုပ္တဲ့အတြက္ ကေလးဘ၀မွာ ဒါမ်ိဳးျပႆနာေတြကို မႀကံဳေတြ႕ရပါဘူး။ ဒီဂလင္းေတြကထြက္လာတဲ့ အရည္ေတြကို ဘက္တီးရီးယားပိုးေတြက ၿဖိဳခြဲလိုက္တဲ့အခါ အမိုးနီးယားအပါအဝင္ ဓာတ္ပစၥည္းေတြထြက္ေပၚလာၿပီးေတာ့ အနံ႔ဆိုးေတြထြက္လာေစပါတယ္။ ဒီဂလင္းေတြက အမ်ိ္ဳးသားေတြမွာပိုၿပီးတက္ႂကြတဲ့အတြက္ အမ်ိဳးသားေတြမွာ ခ်ိဳင္းေခၽြးနံ႔ပိုျပင္းေစပါတယ္။ ဆီးခ်ိဳေရာဂါ၊ အဝလြန္ျခင္းနဲ႔ အေရျပားျပႆနာကဲ့သို႔ေသာ က်န္းမာေရးအေျခအေနေတြေၾကာင့္လည္း အနံ႔ဆိုးထြက္တဲ့ဓာတ္ေပါင္းေတြျဖစ္ေစပါတယ္။

          ဒီျပႆနာေတြသက္သာေစဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးရွိပါတယ္။ အႏၲရာယ္အကင္းဆံုးနည္းလမ္းေတြကေတာ့ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာျဖင့္ပြတ္တုိက္ျခင္း၊ ပိုးသတ္ေဆးလိမ္းေဆးမ်ားလိမ္းျခင္း၊ အလူမီနီယမ္ကလို႐ိုက္ပါေသာ ေခၽြးနံ႔ေပ်ာက္ေဆးမ်ားသံုးျခင္း၊ လွ်ပ္စစ္ျဖင့္အေမႊးအမွ်င္တို႔ကို အျမစ္ျပတ္ႏုတ္ပယ္ျခင္းတို႔ ျဖစ္ၾကပါတယ္။

          အစားအစာကလည္း အေရးႀကီးပါတယ္။ ဒါေၾကာင့္ အရက္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြကို ေရွာင္ၾကဥ္ၿပီးေတာ့ အေျခအေနတိုးတက္မႈရွိ/မရွိ ဆန္းစစ္ၾကည့္ပါ။

          ေနာက္ထပ္နည္းလမ္းတစ္မ်ိဳးကေတာ့ 20% aluminium chloride ဆိုတဲ့လိမ္းေဆးပဲျဖစ္ပါတယ္။ ဒီေဆးက ျပင္းတဲ့အတြက္ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔အသံုးျပဳသင့္ၿပီး အဝတ္အစားေတြမပ်က္စီးေအာင္ သတိထားရပါမယ္။ ခ်ည္မွ်င္ထဲကို အနံ႔ေတြေျခာက္ၿပီးဝင္ႏိုင္တဲ့အတြက္ အက်ႌခဏခဏလဲေပးသင့္ပါတယ္။

          ယခုအခါပိုၿပီးထိေရာက္တဲ့နည္းလမ္းေတြ ရရွိႏုိင္ေပမယ့္ေသခ်ာေတာ့ေလ့လာထားမႈမရွိေသးပါဘူး။ ဒါေတြကေတာ့ ေလဆာျဖင့္ ခ်ိဳင္းမွဂလင္းမ်ားကိုဖ်က္ဆီးျခင္း၊ Botulinum toxin (Botox) ဘိုေတာက္ ထိုးျခင္းျဖင့္ ေခၽြးဂလင္းေတြရဲ႕လုပ္ငန္းကို လႈ႔ံေဆာ္ေပးတဲ့အာ႐ံုေၾကာကို အလုပ္မလုပ္ေအာင္ လုပ္ျခင္းတို႔ျဖစ္ပါတယ္။ အခ်ိဳ႕ေသာလူနာေတြကေတာ့ အေရျပားရဲ႕အတြင္းလႊာထဲက ေခၽြးဂလင္းေတြ ထြက္လာေစဖို႔အတြက္ အဆီစုပ္ထုတ္တာမ်ိဳးေတြလုပ္ေလ့ရွိပါတယ္။

          ေနာက္ဆံုးနည္းလမ္းတစ္ခုကေတာ့ ဂလင္းေတြကိုခြဲစိတ္ၿပီး ဖယ္ရွားလိုက္ျခင္းပဲျဖစ္ပါတယ္။ ဒီခြဲစိတ္မႈမွာ ဆိုးက်ိဳးေတြလည္းရွိတယ္ဆုိတာကို သိထားရပါမယ္။ ပထမဆံုးအေနနဲ႔ ကုသမႈေအာင္ျမင္ႏႈန္းက 30-40% ပဲရွိ္ပါတယ္။ ဒါ့အျပင္ ေခၽြးဂလင္းေတြကို ဖယ္ရွားလိုက္တဲ့အတြက္ ခႏၶာကိုယ္ရဲ႕အျခားေနရာေတြ ကေန ေခၽြးေတြပိုထြက္လာေစပါတယ္။ ခ်ိဳင္းေခၽြးနံ႔ျပင္းျခင္းက လူၾကားထဲမွာရွက္စရာျပႆနာတစ္ခုျဖစ္တဲ့အတြက္ ဆရာဝန္နဲ႔ေသခ်ာတုိင္ပင္ၿပီး သင့္ေတာ္တဲ့နည္းလမ္းကိုေရြးခ်ယ္ႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar


Unicode Version

ချိုင်းချွေးနံ့ပြင်းခြင်းကို ဆေးပညာအခေါ်အရ bromhidrosis လို့ခေါ်ပါတယ်။ ချိုင်း နဲ့ ကျားမအင်္ဂါတွေမှာ အထူးချွေးအကျိတ်လေးတွေဖြစ်တဲ့ Apocrine glands လေးတွေရှိပြီး ဒီဂလင်းလေးတွေကြောင့် အနံ့ပြင်းခြင်းဖြစ်ပါတယ်။ ဒီဂလင်းလေးတွေက အရွယ်ရောက်ချိန်မှစပြီး အလုပ်လုပ်တဲ့အတွက် ကလေးဘဝမှာ ဒါမျိုးပြဿနာတွေကို မကြုံတွေ့ရပါဘူး။ ဒီဂလင်းတွေကထွက်လာတဲ့ အရည်တွေကို ဘက်တီးရီးယားပိုးတွေက ဖြိုခွဲလိုက်တဲ့အခါ အမိုးနီးယားအပါအဝင် ဓာတ်ပစ္စည်းတွေထွက်ပေါ်လာပြီးတော့ အနံ့ဆိုးတွေထွက်လာစေပါတယ်။ ဒီဂလင်းတွေက အမျိုးသားတွေမှာပိုပြီးတက်ကြွတဲ့အတွက် အမျိုးသားတွေမှာ ချိုင်းချွေးနံ့ပိုပြင်းစေပါတယ်။ ဆီးချိုရောဂါ၊ အဝလွန်ခြင်းနဲ့ အရေပြားပြဿနာကဲ့သို့သော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း အနံ့ဆိုးထွက်တဲ့ဓာတ်ပေါင်းတွေဖြစ်စေပါတယ်။

          ဒီပြဿနာတွေသက်သာစေဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အန္တရာယ်အကင်းဆုံးနည်းလမ်းတွေကတော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာဖြင့်ပွတ်တိုက်ခြင်း၊ ပိုးသတ်ဆေးလိမ်းဆေးများလိမ်းခြင်း၊ အလူမီနီယမ်ကလိုရိုက်ပါသော ချွေးနံ့ပျောက်ဆေးများသုံးခြင်း၊ လျှပ်စစ်ဖြင့်အမွှေးအမျှင်တို့ကို အမြစ်ပြတ်နုတ်ပယ်ခြင်းတို့ ဖြစ်ကြပါတယ်။

          အစားအစာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို ရှောင်ကြဉ်ပြီးတော့ အခြေအနေတိုးတက်မှုရှိ/မရှိ ဆန်းစစ်ကြည့်ပါ။

          နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ 20% aluminium chloride ဆိုတဲ့လိမ်းဆေးပဲဖြစ်ပါတယ်။ ဒီဆေးက ပြင်းတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့အသုံးပြုသင့်ပြီး အဝတ်အစားတွေမပျက်စီးအောင် သတိထားရပါမယ်။ ချည်မျှင်ထဲကို အနံ့တွေခြောက်ပြီးဝင်နိုင်တဲ့အတွက် အကျႌခဏခဏလဲပေးသင့်ပါတယ်။

          ယခုအခါပိုပြီးထိရောက်တဲ့နည်းလမ်းတွေ ရရှိနိုင်ပေမယ့်သေချာတော့လေ့လာထားမှုမရှိသေးပါဘူး။ ဒါတွေကတော့ လေဆာဖြင့် ချိုင်းမှဂလင်းများကိုဖျက်ဆီးခြင်း၊ Botulinum toxin (Botox) ဘိုတောက် ထိုးခြင်းဖြင့် ချွေးဂလင်းတွေရဲ့လုပ်ငန်းကို လှုံ့ဆော်ပေးတဲ့အာရုံကြောကို အလုပ်မလုပ်အောင် လုပ်ခြင်းတို့ဖြစ်ပါတယ်။ အချို့သောလူနာတွေကတော့ အရေပြားရဲ့အတွင်းလွှာထဲက ချွေးဂလင်းတွေ ထွက်လာစေဖို့အတွက် အဆီစုပ်ထုတ်တာမျိုးတွေလုပ်လေ့ရှိပါတယ်။

          နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဂလင်းတွေကိုခွဲစိတ်ပြီး ဖယ်ရှားလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ဆိုးကျိုးတွေလည်းရှိတယ်ဆိုတာကို သိထားရပါမယ်။ ပထမဆုံးအနေနဲ့ ကုသမှုအောင်မြင်နှုန်းက 30-40% ပဲရှိပါတယ်။ ဒါ့အပြင် ချွေးဂလင်းတွေကို ဖယ်ရှားလိုက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့အခြားနေရာတွေ ကနေ ချွေးတွေပိုထွက်လာစေပါတယ်။ ချိုင်းချွေးနံ့ပြင်းခြင်းက လူကြားထဲမှာရှက်စရာပြဿနာတစ်ခုဖြစ်တဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး သင့်တော်တဲ့နည်းလမ်းကိုရွေးချယ်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top