Kantharyar Centre
×

 ျမန္မာႏုိင္ငံမွထုတ္လုပ္ သည့္ ေႁမြဆိပ္ေျဖေဆး၀ယ္ယူရန္ နီေပါႏုိင္ငံကလာေရာက္ကမ္းလွမ္းထားေၾကာင္း သတင္းရရွိသည္။

နီေပါႏုိင္ငံသည္    ေႁမြဆိပ္ ေျဖေဆး   ထုတ္လုပ္ႏုိင္ျခင္းမရွိ ေသးျခင္းေၾကာင့္     ယခုကဲ့သို႔ လာေရာက္ကမ္းလွမ္းထားျခင္း ျဖစ္ေၾကာင္း      ေဆး၀ါးစက္႐ံု (အင္းစိန္)မွ   စက္႐ံုမွဴး   ဦးကိုကို ေအာင္က ေျပာသည္။

‘‘အခု နီေပါႏုိင္ငံက ကမ္း လွမ္းထားတယ္။ ဒီႏွစ္ထဲမွာ လာ မယ္။ လာရမွာက စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏုိ၀င္ဘာေလာက္ လာရမွာ။ ဒါေပမဲ့ သူတို႔ဆီမွာ အစိုးရအဖဲြ႕အေျပာင္းအလဲျဖစ္ ၿပီး က်န္းမာေရး၀န္ႀကီး ေျပာင္း ေျပာင္းေနလို႔ ရက္အတိအက်မ သိရေသးတာ။ သူတုိ႔ဆီမွာ ေႁမြ ဆိပ္ေျဖေဆးမထုတ္လုပ္ႏုိင္ေသး ဘူး။ အဲဒီေတာ့ WHO ရဲ႕ ၀က္ဘ္ ဆုိက္ကေနေတြ႕ၿပီး ဒီကို ကမ္း လွမ္းလာတာ။ သူကေနၿပီး ဒီမွာ လာၾကည့္မယ္။ သူတို႔ရဲ႕ နည္း ပညာရွင္ေတြက လာေလ့လာဦး မယ္။ ဟိုက ေႁမြနဲ႔ ျမန္မာေႁမြက မ်ိဳးစိတ္မတူတာေၾကာင့္ သူတို႔ဆီ က ေႁမြဆိပ္ကို ဒီကုိေပးမယ္။ နီ ေပါအတြက္ ေႁမြဆိပ္ေျဖေဆး ထုတ္မယ့္ ျမင္းေတြကိုေတာ့ သတ္ သတ္ထားရမွာေပါ့’’ဟု ၎က ေျပာသည္။

နီေပါႏုိင္ငံအျပင္ အျခားေႁမြ ဆိပ္ေျဖေဆးမထုတ္လုပ္ႏုိင္ေသး ေသာ ႏုိင္ငံမ်ားသို႔လည္း တင္ပို႔ ႏုိင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရ သည္။

‘‘ေဘးပတ္၀န္းက်င္မွာရွိတဲ့ လာအုိ၊ ကေမၻာဒီးယားတို႔လည္း မထုတ္ႏုိင္ဘူး။ အဲဒီေတြပို႔ဖို႔လည္း ႀကိဳးပမ္းေနတယ္။ ဒီကဟာကို သံုးဖို႔အတြက္ ေစ်းသက္သာ ေအာင္ေတာ့လုပ္ေပးရမယ္။ ေစ်း  ကေတာ့ သက္သာတယ္။ ျပင္ပ ကုမၸဏီေတြကတစ္ဆင့္ သံ႐ံုး ေတြကေနလည္း ကမ္းလွမ္းထား တာမ်ိဳး ႀကိဳးပမ္းေနၿပီ။ အရင္က တိုင္းျပည္မွာ ေႁမြဆိပ္ေျဖေဆးက မလံုေလာက္ခဲ့တာကေန ႏုိင္ငံ ျခားနည္းပညာလည္းရ စက္႐ံုရဲ႕ ႀကိဳး ပမ္းအားထုတ္လုပ္မႈလည္းပါ ေနာက္တစ္ခါ ၀န္ႀကီးဌာနရဲ႕ လမ္းၫႊန္မႈေတြလည္းပါလုိ႔ အခုဆုိ ျပည္တြင္းမွာ လိုအပ္ခ်က္ထက္ ေက်ာ္လြန္ေအာင္ ထုတ္လုပ္ႏုိင္ သြားၿပီ။ Export အထိ ေမွ်ာ္မွန္း လို႔ရသြားၿပီ’’ဟု ဦးကိုကိုေအာင္က ေျပာၾကားသည္။

ေႁမြဆိပ္ေျဖေဆးသည္ ျမင္း ၏ ေသြးရည္ၾကည္မွ ထုတ္လုပ္ ျခင္းျဖစ္သည္။ ေႁမြဆိပ္ကို ျမင္း ၏ ခႏၶာကုိယ္ထဲသို႔ ထိုးသြင္းၿပီး အခ်ိန္ငါးလခန္႔ ေစာင့္ဆုိင္းကာ ယင္းမွတစ္ဆင့္ ေႁမြဆိပ္ထိုးထား ေသာ ျမင္း၏ေသြးကို ေဖာက္ ထုတ္ကာ အေအးခန္းတြင္ တစ္ညခန္႔ ေသြးအၾကည္ခံ၍ ထြက္ေပၚ လာေသာ ေသြးျဖဴဥမ်ားျဖင့္ ေႁမြ ဆိပ္ေျဖေဆး  ထုတ္လုပ္ျခင္းျဖစ္ သည္။

ျမန္မာႏုိင္ငံတြင္ ႏွစ္စဥ္ ေႁမြ ကိုက္ခံရသူ တစ္ေသာင္းခဲြခန္႔ရွိၿပီး ေႁမြဆိပ္ေျဖေဆးလိုအပ္ခ်က္မွာ အလံုးေရ ရွစ္ေသာင္းခန္႔ရွိသည္။ ေႁမြကိုက္ခံရသူလူနာတစ္ဦးသည္ ေႁမြဆိပ္ေျဖေဆးေလးလံုးထိုးရန္ လိုအပ္ၿပီး ယခုႏွစ္တြင္ ေႁမြေပြး ႏွင့္ ေႁမြေဟာက္ အဆိပ္ေျဖေဆး အလံုးေရ တစ္သိန္းအထိ တိုးျမႇင့္ ထုတ္လုပ္ထားေၾကာင္း   သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 မြန်မာနိုင်ငံမှထုတ်လုပ် သည့် မြွေဆိပ်ဖြေဆေးဝယ်ယူရန် နီပေါနိုင်ငံကလာရောက်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

နီပေါနိုင်ငံသည်    မြွေဆိပ် ဖြေဆေး   ထုတ်လုပ်နိုင်ခြင်းမရှိ သေးခြင်းကြောင့်     ယခုကဲ့သို့ လာရောက်ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း      ဆေးဝါးစက်ရုံ (အင်းစိန်)မှ   စက်ရုံမှူး   ဦးကိုကို အောင်က ပြောသည်။

‘‘အခု နီပေါနိုင်ငံက ကမ်း လှမ်းထားတယ်။ ဒီနှစ်ထဲမှာ လာ မယ်။ လာရမှာက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလောက် လာရမှာ။ ဒါပေမဲ့ သူတို့ဆီမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ် ပြီး ကျန်းမာရေးဝန်ကြီး ပြောင်း ပြောင်းနေလို့ ရက်အတိအကျမ သိရသေးတာ။ သူတို့ဆီမှာ မြွေ ဆိပ်ဖြေဆေးမထုတ်လုပ်နိုင်သေး ဘူး။ အဲဒီတော့ WHO ရဲ့ ဝက်ဘ် ဆိုက်ကနေတွေ့ပြီး ဒီကို ကမ်း လှမ်းလာတာ။ သူကနေပြီး ဒီမှာ လာကြည့်မယ်။ သူတို့ရဲ့ နည်း ပညာရှင်တွေက လာလေ့လာဦး မယ်။ ဟိုက မြွေနဲ့ မြန်မာမြွေက မျိုးစိတ်မတူတာကြောင့် သူတို့ဆီ က မြွေဆိပ်ကို ဒီကိုပေးမယ်။ နီ ပေါအတွက် မြွေဆိပ်ဖြေဆေး ထုတ်မယ့် မြင်းတွေကိုတော့ သတ် သတ်ထားရမှာပေါ့’’ဟု ၎င်းက ပြောသည်။

နီပေါနိုင်ငံအပြင် အခြားမြွေ ဆိပ်ဖြေဆေးမထုတ်လုပ်နိုင်သေး သော နိုင်ငံများသို့လည်း တင်ပို့ နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။

‘‘ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လာအို၊ ကမ္ဘောဒီးယားတို့လည်း မထုတ်နိုင်ဘူး။ အဲဒီတွေပို့ဖို့လည်း ကြိုးပမ်းနေတယ်။ ဒီကဟာကို သုံးဖို့အတွက် ဈေးသက်သာ အောင်တော့လုပ်ပေးရမယ်။ ဈေး  ကတော့ သက်သာတယ်။ ပြင်ပ ကုမ္ပဏီတွေကတစ်ဆင့် သံရုံး တွေကနေလည်း ကမ်းလှမ်းထား တာမျိုး ကြိုးပမ်းနေပြီ။ အရင်က တိုင်းပြည်မှာ မြွေဆိပ်ဖြေဆေးက မလုံလောက်ခဲ့တာကနေ နိုင်ငံ ခြားနည်းပညာလည်းရ စက်ရုံရဲ့ ကြိုး ပမ်းအားထုတ်လုပ်မှုလည်းပါ နောက်တစ်ခါ ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေလည်းပါလို့ အခုဆို ပြည်တွင်းမှာ လိုအပ်ချက်ထက် ကျော်လွန်အောင် ထုတ်လုပ်နိုင် သွားပြီ။ Export အထိ မျှော်မှန်း လို့ရသွားပြီ’’ဟု ဦးကိုကိုအောင်က ပြောကြားသည်။

မြွေဆိပ်ဖြေဆေးသည် မြင်း ၏ သွေးရည်ကြည်မှ ထုတ်လုပ် ခြင်းဖြစ်သည်။ မြွေဆိပ်ကို မြင်း ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီး အချိန်ငါးလခန့် စောင့်ဆိုင်းကာ ယင်းမှတစ်ဆင့် မြွေဆိပ်ထိုးထား သော မြင်း၏သွေးကို ဖောက် ထုတ်ကာ အအေးခန်းတွင် တစ်ညခန့် သွေးအကြည်ခံ၍ ထွက်ပေါ် လာသော သွေးဖြူဥများဖြင့် မြွေ ဆိပ်ဖြေဆေး  ထုတ်လုပ်ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် မြွေ ကိုက်ခံရသူ တစ်သောင်းခွဲခန့်ရှိပြီး မြွေဆိပ်ဖြေဆေးလိုအပ်ချက်မှာ အလုံးရေ ရှစ်သောင်းခန့်ရှိသည်။ မြွေကိုက်ခံရသူလူနာတစ်ဦးသည် မြွေဆိပ်ဖြေဆေးလေးလုံးထိုးရန် လိုအပ်ပြီး ယခုနှစ်တွင် မြွေပွေး နှင့် မြွေဟောက် အဆိပ်ဖြေဆေး အလုံးရေ တစ်သိန်းအထိ တိုးမြှင့် ထုတ်လုပ်ထားကြောင်း   သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top