Kantharyar Centre
×

လူတစ္ေယာက္ဟာ တစ္ေန႔တစ္ေန႔ ရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနမယ္ဆုိရင္ က်န္းမာေရး ေကာင္းေစပါသတဲ့။ ေနာက္တစ္ခ်က္ကေတာ့ လူခ်စ္လူခင္ေပါမ်ားတာေပါ့ေလ။ ေနာက္တစ္ခ်က္က ၿပံဳးတာ။ ကိုယ္နဲ႔သိတဲ့လူ၊ ခင္တဲ့သူ ေတြ႕တာနဲ႔ ၿပံဳးရြင္ေနတတ္တဲ့သူဆိုရင္လည္း လူခ်စ္လူခင္ေပၚမွာပါပဲ။ ဒါေပမယ့္ ကိုယ္ၿပံဳးလိုက္တဲ့ အၿပံဳးက စိတ္ထဲက လာတဲ့အၿပံဳးလား၊ ဒါမွမဟုတ္ ဟန္ေဆာင္အၿပံဳးလားဆိုတာကေတာ့ ကိုယ္တုိင္ပဲ သိပါလိမ့္မယ္။ ရံုးမွာ၊ ေက်ာင္းမွာ ကိုယ္နဲ႔အဆင္မေျပတဲ့သူကို မေကာင္းတတ္လို႔ ၿပံဳးျပရမယ္ဆုိရင္ ဘယ္သူကမွေတာ့ ရင္ထဲကလာတဲ့ အၿပံဳးမ်ိဳးနဲ႔ လႈိက္လႈိက္လွဲလွဲ ျပံဳးျပႏိုင္မွာ မဟုတ္ပါဘူး။ ဒါကေတာ့ ရွင္းပါတယ္။ ဒါေပမယ့္ ခုနကေျပာသလို ဟန္ေဆာင္ျပံဳးျပလိုက္တာကေရာ။ ရိုင္းတယ္ထင္မွာစိုးလို႔ ၿပံဳးျပလိုက္ရေပမယ့္ အဲ့ဒီအခ်ိန္ စိတ္ထဲျဖစ္တည္ေနတဲ့ အရာေတြဟာ အၿပံဳးမွာ သြားေပၚတာပါပဲ။ အဲ့ဒီေတာ့ မၿပံဳးပဲေနမလား၊ ဟန္ေဆာင္ျပံဳးမလားဆိုတာ စဥ္းစားစရာျဖစ္လာၿပီေပါ့။

က်န္းမာေရးသုေတသီေတြရဲ႕ လူအေယာက္ ၁၀၈ေယာက္ကို အၿပံဳးနဲ႔ ပတ္သက္ၿပီး စစ္တမ္းေကာက္ၾကည့္ခဲ့ပါတယ္။ တကယ္ေပ်ာ္ရႊင္တဲ့အတြက္ ၿပံဳးမိတဲ့အၿပံဳး၊ ဟန္ေဆာင္ၿပံဳးနဲ႔ သူတုိ႔ေတြ တစ္ေန႔ကို ဘယ္ႏွစ္ခါေလာက္မ်ား ၿပံဳးမိၾကသလဲ ဆိုတာကိုေပါ့။ အဲ့ဒီအခ်ိန္မွာ ေတြ႕ရွိခဲ့ရတာက တကယ္ေပ်ာ္လို႔ ၿပံဳးတဲ့အၿပံဳးဟာ လူကို ေပါ့ေပါ့ပါးပါးျဖစ္သြားေစတဲ့အျပင္ တစ္ဖက္လူကိုလည္း ကိုယ့္အၿပံဳးေၾကာင့္ စိတ္ၾကည္ႏူးမႈကို ခံစားမိေစတယ္ဆိုတာပါပဲ။ ေနာက္တစ္ခ်က္ေတာ့ တကယ္မေပ်ာ္ပဲ ဟန္ေဆာင္ၿပံဳးရတဲ့သူေတြကေတာ့ ေပ်ာ္ရႊင္မႈအတုိင္းအတာကို မခံစားရပဲ ၀မ္းနည္းသလို ျဖစ္တတ္တယ္ဆိုတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ မၿပံဳးခ်င္တဲ့ အေျခအေနတစ္ခုမွာ ပါးစပ္ကို အေပၚဆြဲတင္ၿပီး ၿပံဳးျဖစ္ေအာင္ ႀကိဳးစားလိုက္ရတဲ့ အက်ိဳးေၾကာင့္ပါတဲ့။ ဒါ့ေၾကာင့္ ၿပံဳးရယ္ျခင္းဟာ လူအတြက္ ေကာင္းေစသလို ေဘးလူကိုလည္း ကိုယ့္အေပ်ာ္ေတြ ကူးစက္ေစႏိုင္ေပမယ့္ ဟန္ေဆာင္ၿပံဳးကေတာ့ ကိုယ္ကိုယ္တိုင္ေတာင္ မသိသာတဲ့ ၀မ္းနည္းမႈကို ခံစားရ ေအာင္ ဖန္တီးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

လူတစ်ယောက်ဟာ တစ်နေ့တစ်နေ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေမယ်ဆိုရင် ကျန်းမာရေး ကောင်းစေပါသတဲ့။ နောက်တစ်ချက်ကတော့ လူချစ်လူခင်ပေါများတာပေါ့လေ။ နောက်တစ်ချက်က ပြုံးတာ။ ကိုယ်နဲ့သိတဲ့လူ၊ ခင်တဲ့သူ တွေ့တာနဲ့ ပြုံးရွင်နေတတ်တဲ့သူဆိုရင်လည်း လူချစ်လူခင်ပေါ်မှာပါပဲ။ ဒါပေမယ့် ကိုယ်ပြုံးလိုက်တဲ့ အပြုံးက စိတ်ထဲက လာတဲ့အပြုံးလား၊ ဒါမှမဟုတ် ဟန်ဆောင်အပြုံးလားဆိုတာကတော့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ရုံးမှာ၊ ကျောင်းမှာ ကိုယ်နဲ့အဆင်မပြေတဲ့သူကို မကောင်းတတ်လို့ ပြုံးပြရမယ်ဆိုရင် ဘယ်သူကမှတော့ ရင်ထဲကလာတဲ့ အပြုံးမျိုးနဲ့ လှိုက်လှိုက်လှဲလှဲ ပြုံးပြနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် ခုနကပြောသလို ဟန်ဆောင်ပြုံးပြလိုက်တာကရော။ ရိုင်းတယ်ထင်မှာစိုးလို့ ပြုံးပြလိုက်ရပေမယ့် အဲ့ဒီအချိန် စိတ်ထဲဖြစ်တည်နေတဲ့ အရာတွေဟာ အပြုံးမှာ သွားပေါ်တာပါပဲ။ အဲ့ဒီတော့ မပြုံးပဲနေမလား၊ ဟန်ဆောင်ပြုံးမလားဆိုတာ စဉ်းစားစရာဖြစ်လာပြီပေါ့။

ကျန်းမာရေးသုတေသီတွေရဲ့ လူအယောက် ၁၀၈ယောက်ကို အပြုံးနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ကြည့်ခဲ့ပါတယ်။ တကယ်ပျော်ရွှင်တဲ့အတွက် ပြုံးမိတဲ့အပြုံး၊ ဟန်ဆောင်ပြုံးနဲ့ သူတို့တွေ တစ်နေ့ကို ဘယ်နှစ်ခါလောက်များ ပြုံးမိကြသလဲ ဆိုတာကိုပေါ့။ အဲ့ဒီအချိန်မှာ တွေ့ရှိခဲ့ရတာက တကယ်ပျော်လို့ ပြုံးတဲ့အပြုံးဟာ လူကို ပေါ့ပေါ့ပါးပါးဖြစ်သွားစေတဲ့အပြင် တစ်ဖက်လူကိုလည်း ကိုယ့်အပြုံးကြောင့် စိတ်ကြည်နူးမှုကို ခံစားမိစေတယ်ဆိုတာပါပဲ။ နောက်တစ်ချက်တော့ တကယ်မပျော်ပဲ ဟန်ဆောင်ပြုံးရတဲ့သူတွေကတော့ ပျော်ရွှင်မှုအတိုင်းအတာကို မခံစားရပဲ ဝမ်းနည်းသလို ဖြစ်တတ်တယ်ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မပြုံးချင်တဲ့ အခြေအနေတစ်ခုမှာ ပါးစပ်ကို အပေါ်ဆွဲတင်ပြီး ပြုံးဖြစ်အောင် ကြိုးစားလိုက်ရတဲ့ အကျိုးကြောင့်ပါတဲ့။ ဒါ့ကြောင့် ပြုံးရယ်ခြင်းဟာ လူအတွက် ကောင်းစေသလို ဘေးလူကိုလည်း ကိုယ့်အပျော်တွေ ကူးစက်စေနိုင်ပေမယ့် ဟန်ဆောင်ပြုံးကတော့ ကိုယ်ကိုယ်တိုင်တောင် မသိသာတဲ့ ဝမ်းနည်းမှုကို ခံစားရ အောင် ဖန်တီးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top