Property Expo
×

ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ အမွတ္(၈)ရပ္ကြက္တြင္ ၿဗိတိန္ႏိုင္ငံသား အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားရာမွ လူသတ္မႈျဖစ္ပြားေၾကာင္း အဆိုပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၄ ရက္ ညေန ၅ နာရီခန္႔က သာေကတၿမိဳ႕နယ္ အမွတ္ (၈) ရပ္ကြက္ရွိ ျမခြာၫိုအိမ္ရာတြင္ ေနထိုင္ေသာ တရားလိုျဖစ္သူ ထိုင္းႏိုင္ငံသူ Mrs. Supatchaya Sichompoo ႏွင့္ ၎၏ခင္ပြန္းျဖစ္သူ ၿဗိတိန္ႏိုင္ငံသား Mr, Peter Gary Ferguson (၄၇ ႏွစ္)တို႔သည္ မိတ္ေဆြမ်ားျဖစ္ၾကေသာ ေက်ာက္တံ တားၿမိဳ႕နယ္ အမွတ္ (၈)ရပ္ကြက္ ၃၉ လမ္း (အလယ္ဘေလာက္)ရွိ အမွတ္(၁၆၀) ပထမထပ္တြင္ ေနထိုင္သူ Mr. Harris John Italo Binotti (၂၅ ႏွစ္) (က်ဴးလြန္သူ)ႏွင့္ ၎၏ ခ်စ္သူျဖစ္သူ Mrs. Elsie Devolder တို႔ႏွင့္ အတူ သာေကတၿမိဳ႕နယ္ ႐ႈခင္းသာလမ္းေပၚရွိ Up Town ဟိုတယ္ရွိ ပါတီပြဲ သို႔ အတူတကြ သြားေရာက္ခဲ့ၾကေၾကာင္း၊ ထို႔ေနာက္ ခင္ပြန္းျဖစ္သူမွာ ပါတီပြဲမွ ေက်ာက္တံတားၿမိဳ႕နယ္ရွိ Mr. Harris John Italo Binotti ၏ ေနအိမ္ သို႔ လိုက္ပါသြားခဲ့ေၾကာင္း၊ ႏိုဝင္ဘာ ၅ ရက္ နံနက္ ၄ နာရီခန္႔တြင္ က်ဴးလြန္သူ ၏ ခ်စ္သူျဖစ္သူ Mrs. Elsie Devolder မွ တရားလိုထံသို႔ ဖုန္းဆက္ၿပီး Mr. Harris John Italo Binottiႏွင့္ တရားလို၏ ခင္ပြန္းျဖစ္သူတို႔ ခိုက္ရန္ျဖစ္ပြား ေနေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္ကို သိရွိခဲ့ရေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ထို႔ေနာက္ ယင္းေန႔ နံနက္ ၆ နာရီခြဲတြင္ တရားလိုအေနျဖင့္ ခင္ပြန္းျဖစ္သူထံသို႔ ဖုန္းဆက္ရာတြင္Mr. Harris John Italo Binotti (က်ဴးလြန္သူ)က ဖုန္းကိုင္၍ တရားလို၏ ခင္ပြန္းျဖစ္သူမွာ အိပ္ေပ်ာ္ေနသည္ဟု ျပန္လည္ေျပာၾကားခဲ့ေၾကာင္း၊ မြန္းတည့္ ၁၂ နာရီခန္႔တြင္ တရားလိုမွ ထပ္မံဖုန္းေခၚရာ မည္သူမွ ဖုန္းကိုင္ျခင္းမရွိ ေတာ့ေၾကာင္း၊ တစ္ေနကုန္ဖုန္းေခၚေနေသာ္လည္း ဖုန္းကိုင္မည့္သူမရွိေၾကာင္း၊ ႏိုဝင္ဘာ ၆ ရက္ နံနက္ ၆ နာရီခန္႔တြင္ (က်ဴးလြန္သူ)၏ ခ်စ္သူျဖစ္သူ Mrs. Elsie Devolder မွ တရားလို၏ေနအိမ္သို႔ လာေခၚသျဖင့္ အခင္းျဖစ္ေနအိမ္သို႔ ေရာက္ရွိ လာရာတြင္ တရားလို၏ ခင္ပြန္းျဖစ္သူမွာ အခန္းတြင္း၌ ပက္လက္အေနအထားအတိုင္း ဦးေခါင္းႏွင့္ ရင္ဘတ္တို႔တြင္ ဖူးေရာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
“ေသာၾကာေန႔ ညပိုင္းမွာ အဲဒီအခန္းက ဆူညံတဲ့အသံေတြၾကားရတယ္။ ဘာျဖစ္ မွန္းေတာ့ မသိဘူး။ ႏိုင္ငံျခားသားေတြေနတာဆိုေတာ့ သိပ္ၿပီးပတ္ဝန္းက်င္နဲ႔ ရင္းႏွီးမႈ မရွိဘူး။ ဒီေန႔မနက္ ရဲေတြေရာက္လာမွ လူေသတယ္ဆိုတာသိရတယ္” ဟု အဆိုပါ အခင္းျဖစ္ တိုက္ခန္းအနီးမွ ျပည္သူတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္ ႏွင့္ပတ္သက္၍ (က်ဴးလြန္သူ) ၿဗိတိန္ႏိုင္ငံသားMr. Harris John Italo Binotti အား ေက်ာက္တံတားၿမိဳ႕မရဲစခန္းက (ပ) ၂၄ ၅/၂၀၁၆၊ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂ အရ အမႈဖြင့္လွစ္၍ က်ဴးလြန္သူအား ဖမ္းဆီးရမိေရး အတြက္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္တြင္ က်ဴးလြန္သူႏွင့္ ေသဆုံးသူတို႔မွာ ၿဗိတိန္ႏိုင္ငံသားမ်ားျဖစ္ၿပီး က်ဴးလြန္သူမွာ ႏိုဝင္ဘာ ၅ ရက္ ညေနပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထိုင္းေလေၾကာင္းလိုင္းျဖင့္ ျပန္လည္ထြက္ခြာသြားေၾကာင္း ကနဦးသတင္းမ်ားအရ စုံစမ္းသိရွိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် ဗြိတိန်နိုင်ငံသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွားကြောင်း အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်က သာကေတမြို့နယ် အမှတ် (၈) ရပ်ကွက်ရှိ မြခွာညိုအိမ်ရာတွင် နေထိုင်သော တရားလိုဖြစ်သူ ထိုင်းနိုင်ငံသူ Mrs. Supatchaya Sichompoo နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဗြိတိန်နိုင်ငံသား Mr, Peter Gary Ferguson (၄၇ နှစ်)တို့သည် မိတ်ဆွေများဖြစ်ကြသော ကျောက်တံ တားမြို့နယ် အမှတ် (၈)ရပ်ကွက် ၃၉ လမ်း (အလယ်ဘလောက်)ရှိ အမှတ်(၁၆၀) ပထမထပ်တွင် နေထိုင်သူ Mr. Harris John Italo Binotti (၂၅ နှစ်) (ကျူးလွန်သူ)နှင့် ၎င်း၏ ချစ်သူဖြစ်သူ Mrs. Elsie Devolder တို့နှင့် အတူ သာကေတမြို့နယ် ရှုခင်းသာလမ်းပေါ်ရှိ Up Town ဟိုတယ်ရှိ ပါတီပွဲ သို့ အတူတကွ သွားရောက်ခဲ့ကြကြောင်း၊ ထို့နောက် ခင်ပွန်းဖြစ်သူမှာ ပါတီပွဲမှ ကျောက်တံတားမြို့နယ်ရှိ Mr. Harris John Italo Binotti ၏ နေအိမ် သို့ လိုက်ပါသွားခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် နံနက် ၄ နာရီခန့်တွင် ကျူးလွန်သူ ၏ ချစ်သူဖြစ်သူ Mrs. Elsie Devolder မှ တရားလိုထံသို့ ဖုန်းဆက်ပြီး Mr. Harris John Italo Binottiနှင့် တရားလို၏ ခင်ပွန်းဖြစ်သူတို့ ခိုက်ရန်ဖြစ်ပွား နေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့သည်ကို သိရှိခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် ယင်းနေ့ နံနက် ၆ နာရီခွဲတွင် တရားလိုအနေဖြင့် ခင်ပွန်းဖြစ်သူထံသို့ ဖုန်းဆက်ရာတွင်Mr. Harris John Italo Binotti (ကျူးလွန်သူ)က ဖုန်းကိုင်၍ တရားလို၏ ခင်ပွန်းဖြစ်သူမှာ အိပ်ပျော်နေသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် တရားလိုမှ ထပ်မံဖုန်းခေါ်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိ တော့ကြောင်း၊ တစ်နေကုန်ဖုန်းခေါ်နေသော်လည်း ဖုန်းကိုင်မည့်သူမရှိကြောင်း၊ နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခန့်တွင် (ကျူးလွန်သူ)၏ ချစ်သူဖြစ်သူ Mrs. Elsie Devolder မှ တရားလို၏နေအိမ်သို့ လာခေါ်သဖြင့် အခင်းဖြစ်နေအိမ်သို့ ရောက်ရှိ လာရာတွင် တရားလို၏ ခင်ပွန်းဖြစ်သူမှာ အခန်းတွင်း၌ ပက်လက်အနေအထားအတိုင်း ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
“သောကြာနေ့ ညပိုင်းမှာ အဲဒီအခန်းက ဆူညံတဲ့အသံတွေကြားရတယ်။ ဘာဖြစ် မှန်းတော့ မသိဘူး။ နိုင်ငံခြားသားတွေနေတာဆိုတော့ သိပ်ပြီးပတ်ဝန်းကျင်နဲ့ ရင်းနှီးမှု မရှိဘူး။ ဒီနေ့မနက် ရဲတွေရောက်လာမှ လူသေတယ်ဆိုတာသိရတယ်” ဟု အဆိုပါ အခင်းဖြစ် တိုက်ခန်းအနီးမှ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ (ကျူးလွန်သူ) ဗြိတိန်နိုင်ငံသားMr. Harris John Italo Binotti အား ကျောက်တံတားမြို့မရဲစခန်းက (ပ) ၂၄ ၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်၍ ကျူးလွန်သူအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ကျူးလွန်သူနှင့် သေဆုံးသူတို့မှာ ဗြိတိန်နိုင်ငံသားများဖြစ်ပြီး ကျူးလွန်သူမှာ နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top