Property Expo
×

ခ်စ္သူရည္းစားဘဝမွာ တဘက္သတ္ခ်စ္သူတို႔ ၊ ကိုယ္ကခ်စ္ရတဲ့သူတို႔ ၊ တဘဝလံုး ေပးဆပ္သြားမယ္တို႔ စတဲ့ စကားလံုးလွလွေတြဟာ လက္ထပ္ယူၿပီးတဲ့ေနာက္ လအနည္းငယ္ကေန ႏွစ္အနည္းငယ္အတြင္း မွိန္ေဖ်ာ့ေပ်ာက္ကြယ္သြားတတ္တယ္။ ဒါဟာ မခ်စ္ေတာ့လို႔မဟုတ္သလို အခ်စ္ေလ်ာ့လို႔လည္း မဟုတ္ဘူး။ ဘဝတစ္ခုထဲကို လက္ေတြ႔က်က် တိုးဝင္လိုက္လို႔ ဘဝမွာ႐ုန္းကန္ရင္း ခင္ပြန္းေရာ ၊ ဇနီးပါ အနည္းနဲ႔အမ်ား ေျပာင္းလဲသြားတာပါ။

အရင္ကလို သူ႔ေငြသူသံုး ၊ ကိုယ့္ေငြကိုယ္သံုး ၊ ခဏခ်ိန္းေတြ႔ခ်ိန္ (သို႔မဟုတ္) အတူေနခ်ိန္မွာ စိုက္ထုတ္ေပး႐ံုေလးဟာ အပန္းမႀကီးလွေပမယ့္ တအိုးတအိမ္ ထူေထာင္လိုက္ၿပီဆိုရင္ အိမ္ေထာင့္တာဝန္ဆိုတာ ကိုယ့္ပုခံုးေပၚ ဘုန္းကနဲပစ္ခ်လိုက္သလို ၊ ရင္ထဲတနင့္တပိုး ပစ္သြင္းလိုက္သလိုပါပဲ။ ဒါေပမယ့္ ထူေထာင္ထားတဲ့ အိမ္ေထာင္တစ္ခု မၿပိဳကြဲခ်ိန္အထိ ဒီတာဝန္ႀကီးက ႐ုန္းထြက္သြားလို႔မရဘူးေနာ္။ ပါးစပ္တစ္ေပါက္ တိုးရင္တိုးသလို တာဝန္ပိုလာတာပဲရွိမယ္။ ေလ်ာ့သြားတာမ်ိဳးမရွိဘူး။

႐ုန္းထြက္လိုက္တိုင္းလည္း အရင္လို စိတ္ေရာကိုယ္ပါ လြတ္လပ္သြားတာမ်ိဳး ၊ စင္းလံုးေခ်ာျပန္ျဖစ္သြားတာမ်ိဳး မရွိဘူးေနာ္။ မိန္းမ ေယာက်္ားမေရြး တခုလပ္ ၊ ႏွစ္ခုလပ္ စသျဖင့္ေသာ အရပ္ဘြဲ႔ဂုဏ္ထူးနဲ႔ ေနထိုင္သြားရလိမ့္မယ္။ ျမန္မာလူမ်ိဳးေတြဟာ တခုလပ္အမ်ိဳးသမီးေတြကိုဆို တခုလပ္အမ်ိဳးသားေတြထက္ ပိုအထင္ေသးၾကတယ္။ ေနာက္တအိုးတအိမ္ ထူေထာင္မယ္ဆိုရင္ေတာင္ အရင္အိမ္ေထာင္ကြဲခဲ့တာကို ရမည္ရွာခံရျပန္ေရာ။ ဒါေၾကာင့္ စင္းလံုးေခ်ာ ျပန္မျဖစ္ႏိုင္ဘူးလို႔ေျပာတာ။


ပါးစပ္တစ္ေပါက္ တိုးရင္တိုးသလို အိမ္ေထာင့္တာဝန္ဆိုတာ ပိုလာတာပဲရွိမယ္။ ေလ်ာ့သြားတာမ်ိဳးမရွိဘူး။ ကိုယ္ရထားတဲ့လခသာ မတက္ရင္ေနမယ္ ကုန္ေစ်းႏႈန္းဆိုတာ အက်မရွိဘူး။ အိမ္လခဆိုတာ အက်မရွိဘူး။ မီးခြန္ ၊ ေရခြန္ ၊ ဖုန္းခြန္ကအစ စာအုပ္ငွါးခအဆံုး ဘာေစ်းႏႈန္းမွ အက်မရွိဘူးေနာ္။ ဒီေတာ့ သူ႔ရဲ႕ဝင္ေငြ ၊ ကိုယ့္ရဲ႕ဝင္ေငြဆိုတာကိုေပါင္းၿပီး တအိုးတအိမ္ထူေထာင္ဖို႔ အိမ္ငွါးခကအစ ဗာဟီရေတြအဆံုး စတင္တြက္ခ်က္ပါေတာ့လို႔ အႀကံေပးခ်င္ပါတယ္။

ဘဝဆိုတာ ရင္ေလာက္မွန္းမွ ဒူးေလာက္က်တာေလ။ လူဆိုတာ လႈပ္ရွား႐ုန္းကန္ရင္းကပဲ အခန္႔မသင့္တာေတြ ႀကံဳတတ္တယ္။ ဥပမာ- သူ (သို႔မဟုတ္)ကိုယ္ အလုပ္ျပဳတ္သြားႏိုင္တာ ၊ ေျခလက္ဆံုး႐ံႈးသြားႏိုင္တာ ၊ က်န္းမာေရး ခ်ိဳ႕ယြင္းသြားႏိုင္တာ ၊ ဝင္ေငြနဲ႔ ထြက္ေငြ မေလာက္ငေတာ့တာကေန အစစေပါ့။

ဒီလိုတြက္ေနရင္ တသက္လံုးအိမ္ေထာင္မျပဳနဲ႔ေတာ့လို႔ ေျပာစရာရွိတယ္။ ဒီလိုမတြက္ခဲ့ရင္ ဒီလိုမ်ိဳးအေျခအေနနဲ႔ႀကံဳတဲ့အခါ ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့စံုတြဲေတြဟာ ကေလးတြဲလြဲနဲ႔ ေန႔ညမေရြး တဂ်ိမ္းဂ်ိမ္းရန္ျဖစ္သြားၾကတာ ကိုယ္တိုင္ႀကံဳရလိမ့္မယ္။

အိမ္ေထာင္တစ္ခု တည္ၿငိမ္ဖို႔ဆိုတာ အိမ္ေထာင္ဦးစီးျဖစ္သူရဲ႕ဝင္ေငြဟာ တစ္မိသားစုလံုး စားေလာက္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီေတာ့ အမ်ိဳးသမီးအလုပ္ထြက္လုပ္တဲ့ဝင္ေငြကို စုေဆာင္းထားၿပီး တိုးပြားေအာင္လုပ္သြားတာမ်ိဳးမဟုတ္ေတာင္ ခင္ပြန္းျဖစ္သူ အလုပ္အဆင္မေျပတဲ့အခါ စုေဆာင္းထားေငြထဲက ထုတ္သံုးႏိုင္တဲ့အတြက္ သူအလုပ္အဆင္မေျပတာ နားလည္မႈေပးလို႔ရတယ္။

ဒီလိုမွမဟုတ္ဘဲ ႏွစ္ေယာက္လံုး အလုပ္လုပ္ပါမွ အလ်င္မီတယ္ဆိုတဲ့ ဝင္ေငြရွိသူမ်ားအဖို႔ စုေဆာင္းေငြဆိုတာ ဘယ္ရွိႏိုင္ပါေတာ့မလဲ။ စုေဆာင္းေငြမရွိတဲ့အခါ တစ္ဦးတစ္ေယာက္ရဲ႕  အလုပ္ခၽြတ္ေခ်ာ္သြားရင္ ၊ က်န္းမာေရးမေကာင္းရင္ ၊ ကိုယ္လြယ္ထားတဲ့ ကိုယ္ဝန္ကေမြးလာမယ့္ကေလးအတြက္ ဗာဟီရကုန္ေငြနဲ႔ ေက်ာင္းထားစရိတ္ ဒါေတြကို ဘယ္ကရမလဲေနာ္။ ေခ်းငွြးရေတာ့မယ္။ အေႂကြးေတြဆပ္ရေတာ့မယ္။

အေႂကြးပတ္လည္ဝိုင္းၿပီး မိသားစုေငြ အလ်င္မမီတဲ့ မိသားစုဟာ မိသားစုဦးေရ တိုးပြားလာတာနဲ႔အမွ် ဒုကၡေတြတိုးပြားလာမွာပဲ။ သူတို႔မိသားစုရဲ႕ အရွားပါးဆံုးအရာဟာ မိသားစုတြင္း ေပ်ာ္႐ႊင္မႈပဲ ျဖစ္ေနလိမ့္မယ္။ အေႂကြးပတ္လည္နဲ႔ စားမေလာက္တဲ့ မိသားစုဟာ ႐ုပ္ရွင္႐ံုကို အတူသြားၾကည့္ႏိုင္ပါ့မလား ။ မိသားစုအားလပ္ရက္ခရီး ထြက္ႏိုင္ပါ့မလား။ မိမိရင္ေသြးေတြကို ကစားကြင္းပို႔ႏိုင္ပါ့မလား။ ဒီလိုမလုပ္ႏိုင္လို႔ ေနာင္မွ တိုင္ျပည္ရဲ႕စနစ္ကို လက္ညႈိးထိုးရမည္မရွာနဲ႔။ စနစ္က ကိုယ္မေမြးခင္ကတည္းက ခၽြတ္ေခ်ာ္ၿပီးသား။ ကိုယ့္သားသမီးကိုေကာ ဒီလို က်ဥ္းထဲက်ပ္ထဲ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ႀကီးျပင္းေစမလားဆိုတာ မိမိတို႔ဆံုးျဖတ္ခ်က္ပါ။

ဒီ့ထက္ ဆိုးရြားတဲ့အေျခအေနမ်ိဳးေတြမွာ ကိုယ့္သားသမီးကို ေက်ာင္းမထားႏိုင္ဘဲ ကေလးအလုပ္သမားအျဖစ္ အလုပ္ထြက္လုပ္ခိုင္းရတာလဲရိွမယ္။ ဒီလိုဆို ကိုယ္ဟာ မိဘတာဝန္ေက်ရဲ႕လား။ ကိုယ့္ကေလးေပၚမွာ တရားပါရဲ႕လား။

ဒါေတြဟာ မိမိအိမ္ေထာင္ဘက္ျဖစ္လာမယ့္ ကေလးရဲ႕အေဖဟာ အားကိုးထိုက္သူျဖစ္ရဲ႕လားဆိုတဲ့ ေမးခြန္းတစ္ခုမွာတင္ ေတြ႔ႀကံဳလာႏိုင္တဲ့ အိမ္ေထာင့္အခက္အခဲေတြျဖစ္တယ္။ No money, no honey  ဆိုတာ ၾကားဖူးၾကမွာေပါ့။ နားလည္ေအာင္ေျပာရရင္ ေငြမရွိရင္ ေပ်ာ္ရႊင္မႈမရွိဘူးဆိုတာပဲ။ (ေငြရွိတိုင္း ေပ်ာ္ရႊင္တယ္လို႔ မဆိုလိုဘူးေနာ္။ ဒီအပိုင္းက ေနာက္မွလာမယ္။) အိမ္ေထာင္တစ္ခု ေပ်ာ္႐ႊင္တည္ၿမဲေရးဆိုတာ အိမ္ေထာင့္ဝင္ေငြအေပၚမွာ အမ်ားႀကီး တည္မီေနလို႔ ဒီေမးခြန္းရဲ႕ ေနာက္ဆက္တြဲေတြကို စရွင္းျပရတာပါ။

ကိုယ့္ဗိုက္ထဲ ကေလးရွိတယ္ဆိုတာကို ဆီးစစ္ၾကည့္တဲ့ မိခင္က အရင္သိတာေလ။ ကိုယ္ေျပာမွျဖစ္မယ့္ ကိစၥရပ္ကို အလ်င္စလိုေျပာဆိုျခင္းမျပဳဘဲ မိမိဘာသာ အထက္ကေမးခြန္းကို အရင္ဆံုး စဥ္းစားေတြးေခၚပါ။ ဒီေမးခြန္းရဲ႕ ရလဒ္အေျဖ မေကာင္းရင္ျဖင့္ သူ႔ကိုေျပာျပမယ့္အစီအစဥ္ကို ျပန္စဥ္းစားရမွာျဖစ္ပါတယ္။ သူ႔ကိုခ်စ္တာ တစ္ခုတည္းအတြက္ ကိုယ့္အနာဂါတ္ နဲ႔ ကေလးအနာဂါတ္ကို Risk ယူလိုက္ေတာ့မလား ျပန္စဥ္းစားရမွာျဖစ္ပါတယ္။

ကိုယ္ကသူ႔ေျပာျပလိုက္လို႔ သူေသြးသား ၊ ခုလက္ထပ္ယူမယ္လို႔ ဆိုလာရင္ အထက္ကေမးခြန္း အဆင္သင့္မျဖစ္ေသးဘဲ အိမ္ေထာင္တစ္ခုကို ေကာက္ကာငင္ကာ တည္ေထာင္ရေတာ့မယ္။ တခ်ိန္ အိမ္ေထာင္အဆင္မေျပတဲ့အခါမွ “ဒီကိုယ္ဝန္ လက္ထပ္ယူခဲ့တာပဲ ကံေကာင္း” ဆိုၿပီး သူတင္တင္စီးစီးေျပာတာ ခံေနရဦးမယ္။ သူမွ ကယ္တင္ၿပီးမယူရင္ ဗိုက္တစ္လံုးနဲ႔ ဘဝပ်က္က်န္ခဲ့ေတာ့မယ့္အတိုင္းေပါ့။ အဲဒီအခ်ိန္မွာမွ ကိုယ့္မွာေရြးခ်ယ္မႈရွိခဲ့ရက္နဲ႔ မေရြးခ်ယ္ခဲ့တာကို ေနာင္တရေတာ့မယ္။

ကၽြန္မကကေလးဖ်က္ခ်တာကို အားေပးတဲ့သူတစ္ဦးမဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ကိုယ္ဝန္ရလာႏိုင္ေခ်ကေန တားဆီးေရွာင္ရွားႏိုင္တဲ့နည္းေတြကို အရင္ဆံုး ေရးသားထားခဲ့တာပါ။ ဒါေပမယ့္ ကိုယ္ဝန္ရလာၿပီးမွေတာ့ ယူလိုက္႐ုံေပါ့ဆိုတဲ့ ေပါ့ေပါ့ေလး မထူးဇတ္ခင္းမွာကိုလည္း အားမေပးပါဘူး။ လူႀကီးႏွစ္ဦးရဲ႕ ဆံုးျဖတ္ခ်က္ဟာ ကေလးရဲ႕ အနာဂါတ္ ၊ ေပ်ာ္႐ႊင္မႈေတြကို ထိခိုက္ႏိုင္တဲ့အျပင္ အျပစ္မဲ့တဲ့ကေလး စိတ္ဒဏ္ရာေတြနဲ႔ မႀကီးျပင္းေစခ်င္လို႔ပါ။

ဒီကိုယ္ဝန္ကို ေမြးဖြားလိုက္ဖို႔ဆိုတာဟာ လူတစ္ဦးရဲ႕အနာဂါတ္ ငါတို႔ဘယ္ေလာက္အာမခံခ်က္ ေပးႏိုင္သလဲဆိုတဲ့ ဘဝမွာ အႀကီးမားဆံုးတာဝန္ကို ဆံုးျဖတ္ေပးလိုက္တာပါပဲ။ မိဘႏွစ္ဦးက ကေလးယူဖို႔ ဆံုးျဖတ္တာ ၊ မိခင္က ဖ်က္ခ်ဖို႔ဆံုးျဖတ္တာ ဒီႏွစ္ခုစလံုးကို ဗိုက္ထဲက ရင္ေသြးက ေရြးခ်ယ္ခြင့္မရွိပါဘူး။ ကိုယ့္ဆံုးျဖတ္ခ်က္အတြက္ လူျဖစ္လာမယ့္ကေလးကို တခ်ိန္ အိမ္ေထာင္ေရးအဆင္မေျပေတာ့မွ အၿငွိဳးေတြနဲ႔ စိတ္ဒဏ္ရာမေပးေၾကးေနာ္။ သူ႔မွာ ဘာအျပစ္မွမရွိဘူးရယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmesehearts

Unicode Version

ချစ်သူရည်းစားဘဝမှာ တဘက်သတ်ချစ်သူတို့ ၊ ကိုယ်ကချစ်ရတဲ့သူတို့ ၊ တဘဝလုံး ပေးဆပ်သွားမယ်တို့ စတဲ့ စကားလုံးလှလှတွေဟာ လက်ထပ်ယူပြီးတဲ့နောက် လအနည်းငယ်ကနေ နှစ်အနည်းငယ်အတွင်း မှိန်ဖျော့ပျောက်ကွယ်သွားတတ်တယ်။ ဒါဟာ မချစ်တော့လို့မဟုတ်သလို အချစ်လျော့လို့လည်း မဟုတ်ဘူး။ ဘဝတစ်ခုထဲကို လက်တွေ့ကျကျ တိုးဝင်လိုက်လို့ ဘဝမှာရုန်းကန်ရင်း ခင်ပွန်းရော ၊ ဇနီးပါ အနည်းနဲ့အများ ပြောင်းလဲသွားတာပါ။

အရင်ကလို သူ့ငွေသူသုံး ၊ ကိုယ့်ငွေကိုယ်သုံး ၊ ခဏချိန်းတွေ့ချိန် (သို့မဟုတ်) အတူနေချိန်မှာ စိုက်ထုတ်ပေးရုံလေးဟာ အပန်းမကြီးလှပေမယ့် တအိုးတအိမ် ထူထောင်လိုက်ပြီဆိုရင် အိမ်ထောင့်တာဝန်ဆိုတာ ကိုယ့်ပုခုံးပေါ် ဘုန်းကနဲပစ်ချလိုက်သလို ၊ ရင်ထဲတနင့်တပိုး ပစ်သွင်းလိုက်သလိုပါပဲ။ ဒါပေမယ့် ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခု မပြိုကွဲချိန်အထိ ဒီတာဝန်ကြီးက ရုန်းထွက်သွားလို့မရဘူးနော်။ ပါးစပ်တစ်ပေါက် တိုးရင်တိုးသလို တာဝန်ပိုလာတာပဲရှိမယ်။ လျော့သွားတာမျိုးမရှိဘူး။

ရုန်းထွက်လိုက်တိုင်းလည်း အရင်လို စိတ်ရောကိုယ်ပါ လွတ်လပ်သွားတာမျိုး ၊ စင်းလုံးချောပြန်ဖြစ်သွားတာမျိုး မရှိဘူးနော်။ မိန်းမ ယောကျ်ားမရွေး တခုလပ် ၊ နှစ်ခုလပ် စသဖြင့်သော အရပ်ဘွဲ့ဂုဏ်ထူးနဲ့ နေထိုင်သွားရလိမ့်မယ်။ မြန်မာလူမျိုးတွေဟာ တခုလပ်အမျိုးသမီးတွေကိုဆို တခုလပ်အမျိုးသားတွေထက် ပိုအထင်သေးကြတယ်။ နောက်တအိုးတအိမ် ထူထောင်မယ်ဆိုရင်တောင် အရင်အိမ်ထောင်ကွဲခဲ့တာကို ရမည်ရှာခံရပြန်ရော။ ဒါကြောင့် စင်းလုံးချော ပြန်မဖြစ်နိုင်ဘူးလို့ပြောတာ။


ပါးစပ်တစ်ပေါက် တိုးရင်တိုးသလို အိမ်ထောင့်တာဝန်ဆိုတာ ပိုလာတာပဲရှိမယ်။ လျော့သွားတာမျိုးမရှိဘူး။ ကိုယ်ရထားတဲ့လခသာ မတက်ရင်နေမယ် ကုန်ဈေးနှုန်းဆိုတာ အကျမရှိဘူး။ အိမ်လခဆိုတာ အကျမရှိဘူး။ မီးခွန် ၊ ရေခွန် ၊ ဖုန်းခွန်ကအစ စာအုပ်ငှါးခအဆုံး ဘာဈေးနှုန်းမှ အကျမရှိဘူးနော်။ ဒီတော့ သူ့ရဲ့ဝင်ငွေ ၊ ကိုယ့်ရဲ့ဝင်ငွေဆိုတာကိုပေါင်းပြီး တအိုးတအိမ်ထူထောင်ဖို့ အိမ်ငှါးခကအစ ဗာဟီရတွေအဆုံး စတင်တွက်ချက်ပါတော့လို့ အကြံပေးချင်ပါတယ်။

ဘဝဆိုတာ ရင်လောက်မှန်းမှ ဒူးလောက်ကျတာလေ။ လူဆိုတာ လှုပ်ရှားရုန်းကန်ရင်းကပဲ အခန့်မသင့်တာတွေ ကြုံတတ်တယ်။ ဥပမာ- သူ (သို့မဟုတ်)ကိုယ် အလုပ်ပြုတ်သွားနိုင်တာ ၊ ခြေလက်ဆုံးရှုံးသွားနိုင်တာ ၊ ကျန်းမာရေး ချို့ယွင်းသွားနိုင်တာ ၊ ဝင်ငွေနဲ့ ထွက်ငွေ မလောက်ငတော့တာကနေ အစစပေါ့။

ဒီလိုတွက်နေရင် တသက်လုံးအိမ်ထောင်မပြုနဲ့တော့လို့ ပြောစရာရှိတယ်။ ဒီလိုမတွက်ခဲ့ရင် ဒီလိုမျိုးအခြေအနေနဲ့ကြုံတဲ့အခါ ချစ်လှပါချည်ရဲ့ဆိုတဲ့စုံတွဲတွေဟာ ကလေးတွဲလွဲနဲ့ နေ့ညမရွေး တဂျိမ်းဂျိမ်းရန်ဖြစ်သွားကြတာ ကိုယ်တိုင်ကြုံရလိမ့်မယ်။

အိမ်ထောင်တစ်ခု တည်ငြိမ်ဖို့ဆိုတာ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ဝင်ငွေဟာ တစ်မိသားစုလုံး စားလောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အမျိုးသမီးအလုပ်ထွက်လုပ်တဲ့ဝင်ငွေကို စုဆောင်းထားပြီး တိုးပွားအောင်လုပ်သွားတာမျိုးမဟုတ်တောင် ခင်ပွန်းဖြစ်သူ အလုပ်အဆင်မပြေတဲ့အခါ စုဆောင်းထားငွေထဲက ထုတ်သုံးနိုင်တဲ့အတွက် သူအလုပ်အဆင်မပြေတာ နားလည်မှုပေးလို့ရတယ်။

ဒီလိုမှမဟုတ်ဘဲ နှစ်ယောက်လုံး အလုပ်လုပ်ပါမှ အလျင်မီတယ်ဆိုတဲ့ ဝင်ငွေရှိသူများအဖို့ စုဆောင်းငွေဆိုတာ ဘယ်ရှိနိုင်ပါတော့မလဲ။ စုဆောင်းငွေမရှိတဲ့အခါ တစ်ဦးတစ်ယောက်ရဲ့  အလုပ်ချွတ်ချော်သွားရင် ၊ ကျန်းမာရေးမကောင်းရင် ၊ ကိုယ်လွယ်ထားတဲ့ ကိုယ်ဝန်ကမွေးလာမယ့်ကလေးအတွက် ဗာဟီရကုန်ငွေနဲ့ ကျောင်းထားစရိတ် ဒါတွေကို ဘယ်ကရမလဲနော်။ ချေးငှွးရတော့မယ်။ အကြွေးတွေဆပ်ရတော့မယ်။

အကြွေးပတ်လည်ဝိုင်းပြီး မိသားစုငွေ အလျင်မမီတဲ့ မိသားစုဟာ မိသားစုဦးရေ တိုးပွားလာတာနဲ့အမျှ ဒုက္ခတွေတိုးပွားလာမှာပဲ။ သူတို့မိသားစုရဲ့ အရှားပါးဆုံးအရာဟာ မိသားစုတွင်း ပျော်ရွှင်မှုပဲ ဖြစ်နေလိမ့်မယ်။ အကြွေးပတ်လည်နဲ့ စားမလောက်တဲ့ မိသားစုဟာ ရုပ်ရှင်ရုံကို အတူသွားကြည့်နိုင်ပါ့မလား ။ မိသားစုအားလပ်ရက်ခရီး ထွက်နိုင်ပါ့မလား။ မိမိရင်သွေးတွေကို ကစားကွင်းပို့နိုင်ပါ့မလား။ ဒီလိုမလုပ်နိုင်လို့ နောင်မှ တိုင်ပြည်ရဲ့စနစ်ကို လက်ညှိုးထိုးရမည်မရှာနဲ့။ စနစ်က ကိုယ်မမွေးခင်ကတည်းက ချွတ်ချော်ပြီးသား။ ကိုယ့်သားသမီးကိုကော ဒီလို ကျဉ်းထဲကျပ်ထဲ ချို့ချို့တဲ့တဲ့ ကြီးပြင်းစေမလားဆိုတာ မိမိတို့ဆုံးဖြတ်ချက်ပါ။

ဒီ့ထက် ဆိုးရွားတဲ့အခြေအနေမျိုးတွေမှာ ကိုယ့်သားသမီးကို ကျောင်းမထားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် အလုပ်ထွက်လုပ်ခိုင်းရတာလဲရှိမယ်။ ဒီလိုဆို ကိုယ်ဟာ မိဘတာဝန်ကျေရဲ့လား။ ကိုယ့်ကလေးပေါ်မှာ တရားပါရဲ့လား။

ဒါတွေဟာ မိမိအိမ်ထောင်ဘက်ဖြစ်လာမယ့် ကလေးရဲ့အဖေဟာ အားကိုးထိုက်သူဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းတစ်ခုမှာတင် တွေ့ကြုံလာနိုင်တဲ့ အိမ်ထောင့်အခက်အခဲတွေဖြစ်တယ်။ No money, no honey  ဆိုတာ ကြားဖူးကြမှာပေါ့။ နားလည်အောင်ပြောရရင် ငွေမရှိရင် ပျော်ရွှင်မှုမရှိဘူးဆိုတာပဲ။ (ငွေရှိတိုင်း ပျော်ရွှင်တယ်လို့ မဆိုလိုဘူးနော်။ ဒီအပိုင်းက နောက်မှလာမယ်။) အိမ်ထောင်တစ်ခု ပျော်ရွှင်တည်မြဲရေးဆိုတာ အိမ်ထောင့်ဝင်ငွေအပေါ်မှာ အများကြီး တည်မီနေလို့ ဒီမေးခွန်းရဲ့ နောက်ဆက်တွဲတွေကို စရှင်းပြရတာပါ။

ကိုယ့်ဗိုက်ထဲ ကလေးရှိတယ်ဆိုတာကို ဆီးစစ်ကြည့်တဲ့ မိခင်က အရင်သိတာလေ။ ကိုယ်ပြောမှဖြစ်မယ့် ကိစ္စရပ်ကို အလျင်စလိုပြောဆိုခြင်းမပြုဘဲ မိမိဘာသာ အထက်ကမေးခွန်းကို အရင်ဆုံး စဉ်းစားတွေးခေါ်ပါ။ ဒီမေးခွန်းရဲ့ ရလဒ်အဖြေ မကောင်းရင်ဖြင့် သူ့ကိုပြောပြမယ့်အစီအစဉ်ကို ပြန်စဉ်းစားရမှာဖြစ်ပါတယ်။ သူ့ကိုချစ်တာ တစ်ခုတည်းအတွက် ကိုယ့်အနာဂါတ် နဲ့ ကလေးအနာဂါတ်ကို Risk ယူလိုက်တော့မလား ပြန်စဉ်းစားရမှာဖြစ်ပါတယ်။

ကိုယ်ကသူ့ပြောပြလိုက်လို့ သူသွေးသား ၊ ခုလက်ထပ်ယူမယ်လို့ ဆိုလာရင် အထက်ကမေးခွန်း အဆင်သင့်မဖြစ်သေးဘဲ အိမ်ထောင်တစ်ခုကို ကောက်ကာငင်ကာ တည်ထောင်ရတော့မယ်။ တချိန် အိမ်ထောင်အဆင်မပြေတဲ့အခါမှ “ဒီကိုယ်ဝန် လက်ထပ်ယူခဲ့တာပဲ ကံကောင်း” ဆိုပြီး သူတင်တင်စီးစီးပြောတာ ခံနေရဦးမယ်။ သူမှ ကယ်တင်ပြီးမယူရင် ဗိုက်တစ်လုံးနဲ့ ဘဝပျက်ကျန်ခဲ့တော့မယ့်အတိုင်းပေါ့။ အဲဒီအချိန်မှာမှ ကိုယ့်မှာရွေးချယ်မှုရှိခဲ့ရက်နဲ့ မရွေးချယ်ခဲ့တာကို နောင်တရတော့မယ်။

ကျွန်မကကလေးဖျက်ချတာကို အားပေးတဲ့သူတစ်ဦးမဟုတ်ပါဘူး။ ဒါကြောင့်လည်း ကိုယ်ဝန်ရလာနိုင်ချေကနေ တားဆီးရှောင်ရှားနိုင်တဲ့နည်းတွေကို အရင်ဆုံး ရေးသားထားခဲ့တာပါ။ ဒါပေမယ့် ကိုယ်ဝန်ရလာပြီးမှတော့ ယူလိုက်ရုံပေါ့ဆိုတဲ့ ပေါ့ပေါ့လေး မထူးဇတ်ခင်းမှာကိုလည်း အားမပေးပါဘူး။ လူကြီးနှစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးရဲ့ အနာဂါတ် ၊ ပျော်ရွှင်မှုတွေကို ထိခိုက်နိုင်တဲ့အပြင် အပြစ်မဲ့တဲ့ကလေး စိတ်ဒဏ်ရာတွေနဲ့ မကြီးပြင်းစေချင်လို့ပါ။

ဒီကိုယ်ဝန်ကို မွေးဖွားလိုက်ဖို့ဆိုတာဟာ လူတစ်ဦးရဲ့အနာဂါတ် ငါတို့ဘယ်လောက်အာမခံချက် ပေးနိုင်သလဲဆိုတဲ့ ဘဝမှာ အကြီးမားဆုံးတာဝန်ကို ဆုံးဖြတ်ပေးလိုက်တာပါပဲ။ မိဘနှစ်ဦးက ကလေးယူဖို့ ဆုံးဖြတ်တာ ၊ မိခင်က ဖျက်ချဖို့ဆုံးဖြတ်တာ ဒီနှစ်ခုစလုံးကို ဗိုက်ထဲက ရင်သွေးက ရွေးချယ်ခွင့်မရှိပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်အတွက် လူဖြစ်လာမယ့်ကလေးကို တချိန် အိမ်ထောင်ရေးအဆင်မပြေတော့မှ အငြှိုးတွေနဲ့ စိတ်ဒဏ်ရာမပေးကြေးနော်။ သူ့မှာ ဘာအပြစ်မှမရှိဘူးရယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:burmesehearts


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top