Property Expo
×

မိေက်ာင္းတစ္ေကာင္ကို ျမင္ရင္ လူအမ်ားစုကေတာ့ တစ္မုိင္ေလာက္ေရာက္ေအာင္ ထြက္ေျပးေကာင္း ေျပးၾကပါလိမ့္မယ္။
ဒါေပမယ့္ ဖားအုပ္စု တစ္စုကေတာ့ ၾကမ္းတမ္းလွတဲ့ မိေက်ာင္းေက်ာကုန္းေပၚ မေၾကက္မရြံ႕တက္ကာ ဓာတ္ပံုဆရာဘက္ကုိလွည့္ၿပီး အုိင္တင္ေပး ဓာတ္ပံုေတာင္ အ႐ုိက္ခံေနပါေသးတယ္။

ဖားအုပ္စုက မိေက်ာင္း စီးေနတဲ့ ဒီလိုရခဲလွတဲ့ပံုကို ႏိုဝင္ဘာလ ၄ ရက္ေန႔မွာ The Mirror သတင္းမွာ ေဖာ္ျပထားတာပါ။

အင္ဒုိနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕သား အသက္ ၃၆ ႏွစ္အရြယ္ တန္တုိရန္ဆန္ ဆုိတဲ့ ဓာတ္ပံုဆရာက တန္ဂ်ရန္ၿမိဳ႕ကုိ အလည္အပတ္သြားစဥ္ ဒီလို မယံုၾကည္ႏုိင္စရာေကာင္းတဲ့ ဓာတ္ပံုကို ႐ုိက္ကူးခဲ့တာပါ။

ဖားငါးေကာင္အုပ္စုလုိက္က ေၾကာက္စရာေကာင္းလွတဲ့ တြားသြားသတၱဝါရဲ႕ ေက်ာေပၚကိုတက္ၿပီး ထုိင္လုိက္တဲ့ အင္မတန္လွတဲ့ပံုေတြကို တုိေတာင္းလွတဲ့ အခ်ိန္ခဏေလးအတြင္း ႐ုိက္ယူႏုိင္ခဲ့တာျဖစ္ၿပီး မိေက်ာင္းေက်ာေပၚကို တစ္ေကာင္ၿပီး တစ္ေကာင္တက္ၿပီးတဲ့ေနာက္ ဒီလွပတဲ့ ဖားေလးေတြဟာ ဓာတ္ပံုဆရာဘက္လွည့္ၿပီး အိုင္တင္ ေပးလိုက္တာကို ဓာတ္ပံုထဲမွာ ေတြ႕ျမင္ရမွာပါ။

ဖားေလးေတြဟာ ေၾကာက္ရြံ႕ေနပံုမရဘဲ မိေခ်ာင္းရဲ႕ေက်ာေပၚမွာ တန္းစီထုိင္ေနဖုိ႔ သက္ေတာင့္သက္သာ ရွိေနပံုရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
မိကျောင်းတစ်ကောင်ကို မြင်ရင် လူအများစုကတော့ တစ်မိုင်လောက်ရောက်အောင် ထွက်ပြေးကောင်း ပြေးကြပါလိမ့်မယ်။
ဒါပေမယ့် ဖားအုပ်စု တစ်စုကတော့ ကြမ်းတမ်းလှတဲ့ မိကျောင်းကျောကုန်းပေါ် မကြေက်မရွံ့တက်ကာ ဓာတ်ပုံဆရာဘက်ကိုလှည့်ပြီး အိုင်တင်ပေး ဓာတ်ပုံတောင် အရိုက်ခံနေပါသေးတယ်။

ဖားအုပ်စုက မိကျောင်း စီးနေတဲ့ ဒီလိုရခဲလှတဲ့ပုံကို နိုဝင်ဘာလ ၄ ရက်နေ့မှာ The Mirror သတင်းမှာ ဖော်ပြထားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သား အသက် ၃၆ နှစ်အရွယ် တန်တိုရန်ဆန် ဆိုတဲ့ ဓာတ်ပုံဆရာက တန်ဂျရန်မြို့ကို အလည်အပတ်သွားစဉ် ဒီလို မယုံကြည်နိုင်စရာကောင်းတဲ့ ဓာတ်ပုံကို ရိုက်ကူးခဲ့တာပါ။

ဖားငါးကောင်အုပ်စုလိုက်က ကြောက်စရာကောင်းလှတဲ့ တွားသွားသတ္တဝါရဲ့ ကျောပေါ်ကိုတက်ပြီး ထိုင်လိုက်တဲ့ အင်မတန်လှတဲ့ပုံတွေကို တိုတောင်းလှတဲ့ အချိန်ခဏလေးအတွင်း ရိုက်ယူနိုင်ခဲ့တာဖြစ်ပြီး မိကျောင်းကျောပေါ်ကို တစ်ကောင်ပြီး တစ်ကောင်တက်ပြီးတဲ့နောက် ဒီလှပတဲ့ ဖားလေးတွေဟာ ဓာတ်ပုံဆရာဘက်လှည့်ပြီး အိုင်တင် ပေးလိုက်တာကို ဓာတ်ပုံထဲမှာ တွေ့မြင်ရမှာပါ။

ဖားလေးတွေဟာ ကြောက်ရွံ့နေပုံမရဘဲ မိချောင်းရဲ့ကျောပေါ်မှာ တန်းစီထိုင်နေဖို့ သက်တောင့်သက်သာ ရှိနေပုံရပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top