Property Expo
×

တစ္ရက္မွာ အေအးတစ္ခြက္ပုံမွန္ေသာက္ျခင္းမွ ဆယ္ေက်ာ္သက္ေတြရဲ႕ မွတ္ဥာဏ္ဆိုးရြားစြာထိုခိုက္ေစႏိုင္ေၾကာင္း ေလ့လာသူမ်ားမွ ေတြ႔ရိွထားပါတယ္။ သၾကားဓါတ္မ်ားတဲ့ အခ်ဳိရည္၊ အေအးေတြက လူေတြရဲ႕ သင္ယူႏိုင္တဲ့စြမ္းရည္ကို ထိခိုက္ေစႏိုင္ပါတယ္။ ထပ္ျပီးေတာ့ အဝလြန္ေရာဂါျဖစ္ေစႏိုင္ျပီး ငယ္ရြယ္တဲ့သူမ်ားအတြက္ ပိုျပီးဆိုးဆိုးရြားရြား ထိခိုက္ေစႏိုင္တာကို ေတြ႕ရိွထားပါတယ္။

သၾကားအခ်ဳိဓါတ္ပါတဲ့ အေအးေတြက ပုံမွန္အလုပ္လုပ္ေနတဲ့ ဦးေႏွာက္စြမ္းရည္ကို အေႏွာင့္အယွက္ေပးတဲ့အတြက္ အရြယ္မေရာက္ေသးခင္ လိုအပ္တာထက္ပိုျပီး ေသာက္သုံးတယ္ဆိုရင္ မိမိပတ္ဝန္းက်င္ရိွအခ်က္အလက္ေတြ မွတ္မိႏိုင္တဲ့စြမ္းရည္ အားနည္းေစႏိုင္ပါတယ္။ ဆယ္ေက်ာ္သက္မ်ားတြင္ ဦးေႏွာက္အတြင္းရိွ မွတ္ဥာဏ္ေနရာ ေယာင္ယမ္းျခင္းအထိ ျဖစ္ေစႏိုင္တဲ့အတြက္ မွတ္ဥာဏ္ခ်ဳိ႕ယြင္းသြားေစႏိုင္ပါတယ္။

အဲဒါေၾကာင့္ မိဘ လူၾကီးမ်ားအေနနဲ႔ မိမိကေလးငယ္မ်ားကို အရြယ္အလိုက္သတ္မွတ္ေပးထားတဲ့ အခ်ဳိရည္ေတြကိုပဲ တိုက္သင့္ပါတယ္။ ျပီးေတာ့ တစ္ရက္တစ္ခြက္ မေသာက္ေစဖို႔လည္း အဖန္ဖန္ သတိေပးသင့္ေၾကာင္း ေလ့လာေတြ႕ရိွခ်က္အရ အသိေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

တစ်ရက်မှာ အအေးတစ်ခွက်ပုံမှန်သောက်ခြင်းမှ ဆယ်ကျော်သက်တွေရဲ့ မှတ်ဉာဏ်ဆိုးရွားစွာထိုခိုက်စေနိုင်ကြောင်း လေ့လာသူများမှ တွေ့ရှိထားပါတယ်။ သကြားဓါတ်များတဲ့ အချိုရည်၊ အအေးတွေက လူတွေရဲ့ သင်ယူနိုင်တဲ့စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ထပ်ပြီးတော့ အဝလွန်ရောဂါဖြစ်စေနိုင်ပြီး ငယ်ရွယ်တဲ့သူများအတွက် ပိုပြီးဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကို တွေ့ရှိထားပါတယ်။

သကြားအချိုဓါတ်ပါတဲ့ အအေးတွေက ပုံမှန်အလုပ်လုပ်နေတဲ့ ဦးနှောက်စွမ်းရည်ကို အနှောင့်အယှက်ပေးတဲ့အတွက် အရွယ်မရောက်သေးခင် လိုအပ်တာထက်ပိုပြီး သောက်သုံးတယ်ဆိုရင် မိမိပတ်ဝန်းကျင်ရှိအချက်အလက်တွေ မှတ်မိနိုင်တဲ့စွမ်းရည် အားနည်းစေနိုင်ပါတယ်။ ဆယ်ကျော်သက်များတွင် ဦးနှောက်အတွင်းရှိ မှတ်ဉာဏ်နေရာ ယောင်ယမ်းခြင်းအထိ ဖြစ်စေနိုင်တဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းသွားစေနိုင်ပါတယ်။

အဲဒါကြောင့် မိဘ လူကြီးများအနေနဲ့ မိမိကလေးငယ်များကို အရွယ်အလိုက်သတ်မှတ်ပေးထားတဲ့ အချိုရည်တွေကိုပဲ တိုက်သင့်ပါတယ်။ ပြီးတော့ တစ်ရက်တစ်ခွက် မသောက်စေဖို့လည်း အဖန်ဖန် သတိပေးသင့်ကြောင်း လေ့လာတွေ့ရှိချက်အရ အသိပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top