Property Expo
×

လူျမင္သာတဲ့ အေပၚယံအလွအပကုိပဲ လုိခ်င္တာလား… ဒီအလွတ ရားက ဘယ္ေလာက္ၾကာရွည္ခံမွာလဲ ၁၀ ႏွစ္လား အႏွစ္၂၀၊ အႏွစ္ ၃၀ လား။ သိပ္အၾကာႀကီးခံမွာေတာ့ မဟုတ္ေလာက္ပါဘူး။ အခ်ိန္ တန္ အသက္ႀကီးအုိမင္းသြားလာေတာ့လည္း ဒီအေပၚယံအလွအပ ေတြက ပ်က္စီးယုိယြင္းလာမွာပဲ မဟုတ္လား။ စိတ္ထားလွပတာကုိ ေရြးခ်ယ္ထား ခဲ့ရင္ေတာ့ ထာဝရအတြက္ တည္ရွိေနမွာပါ။ ႏူးညံ့ သိမ္ေမြ႕တဲ့ စိတ္ထားပုိင္ဆုိင္ထားရင္ေတာ့ ဘယ္ေတာ့မွေပ်ာက္ ပ်က္သြားမွာကုိ မစိုးရိမ္ရေတာ့ပါဘူး။ အေပၚယံအလွရွိသူထက္ အတြင္းစိတ္ထားအလွရွိ သူကုိေရြးခ်ယ္သင့္ပါတယ္။

ေငြေၾကးခ်မ္းသာတာကုိပဲ ေရြးခ်ယ္ခ်င္တာလား။ ေငြေၾကးပုိင္းအ ေထာက္
အပံ့ျဖစ္ေနလုိ႔ ေရြးခ်ယ္ခဲ့မိရင္ တကယ္ပဲစိတ္ခ်မ္းသာမႈ ေတြရခဲ့လား လုိ႔ ျပန္ေတြးၾကည့္ပါ။ ေငြေၾကးရွိတာပဲရွိၿပီး စိတ္ခ်မ္းသာမႈ အစစ္အမွန္မရႏိုင္ ဘူးဆုိရင္ ေနေပ်ာ္မွာမဟုတ္ပါဘူး။ ေလာကမွာ ေငြနဲ႔လုပ္ယူလုိ႔မရႏုိင္တဲ့ အရာေတြအမ်ားႀကီးရွိပါတယ္။ ေငြခင္းၿပီး ခ်စ္ျခင္းေမတၱာတရားကုိ မဝယ္ ယူႏုိင္ပါဘူး။ အၾကင္နာ၊ ဂရုစုိက္မႈ၊ စာနာနားလည္မႈ၊ ကူညီေဖး မေစာင့္ေရွာက္မႈ စသျဖင့္ေတြက ေငြေၾကး နဲ႔မဖန္တီးႏုိင္ပါဘူး။ သူ႕အလုိ လုိရင္ဘက္ထဲကလာတဲ့ ေမတၱာတရားေတြပဲ ျဖစ္ပါတယ္။ ေငြေၾကးေထာက္ ပံေပးႏုိင္သူထက္ ေအးခ်မ္းစစ္မွန္တဲ့ ေမတၱာတရားေပးႏုိင္သူကုိ ေရြးခ်ယ္သင့္ ပါတယ္။

ပညာတတ္၊ ဘြဲ႔မာစတာေတြ အမ်ားႀကီးရထားသူ၊ အသုိင္းအဝုိင္း ေကာင္း ထဲကသူနဲ႔ပဲ လက္တြဲသြားခ်င္တာလား။ ဘြဲ႕ေတြ၊ ဒီဂရီေတြ၊ မာစတာေတြ တက္ရံုထားရံုနဲ႔ ဘဝတစ္ေလွ်ာက္ အဆင့္တန္းျမင့္ျမင့္ ေနႏုိင္ၿပီလုိ႔ မထင္ လုိက္ပါနဲ႕။ တခ်ိဳ႕အတန္းပညာေတြသာ တတ္ ထားၾကၿပီး လူ႔ေဘာင္ပညာေတြ မတတ္ထားၾကတဲ့သူေတြက ပတ္ဝန္းက်င္နဲ႔ လုိက္ေလ်ာညီေထြ ေနထုိင္ နည္းေတြကုိ မသိၾကပါဘူး။ ပညာတတ္ဆုိၿပီး နားထင္ေသြးေရာက္ေနတဲ့ သူေတြက ပညာမတတ္ ဘူးဆုိတဲ့ သူေတြထက္ေတာင္ ပုိၿပီးရုိင္းစုိင္း တတ္ၾကျပန္ပါေသး တယ္။ ဒီေတာ့ အသိပညာရွိတဲ့သူေတြရဲ႕ အဆင့္အတန္း က အတန္း ပညာတတ္ထားတဲ့သူေတြရဲ႕ အဆင့္အတန္းထက္ပုိၿပီးေတာ့
ေတာင္ ျမင့္ခ်င္ျမင့္ေနပါေသးတယ္။ အတန္ပညာတတ္သူထက္ အသိပညာ တတ္တဲ့သူကုိ ေရြးခ်ယ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shweinnlay

Unicode Version

လူမြင်သာတဲ့ အပေါ်ယံအလှအပကိုပဲ လိုချင်တာလား… ဒီအလှတ ရားက ဘယ်လောက်ကြာရှည်ခံမှာလဲ ၁၀ နှစ်လား အနှစ်၂၀၊ အနှစ် ၃၀ လား။ သိပ်အကြာကြီးခံမှာတော့ မဟုတ်လောက်ပါဘူး။ အချိန် တန် အသက်ကြီးအိုမင်းသွားလာတော့လည်း ဒီအပေါ်ယံအလှအပ တွေက ပျက်စီးယိုယွင်းလာမှာပဲ မဟုတ်လား။ စိတ်ထားလှပတာကို ရွေးချယ်ထား ခဲ့ရင်တော့ ထာဝရအတွက် တည်ရှိနေမှာပါ။ နူးညံ့ သိမ်မွေ့တဲ့ စိတ်ထားပိုင်ဆိုင်ထားရင်တော့ ဘယ်တော့မှပျောက် ပျက်သွားမှာကို မစိုးရိမ်ရတော့ပါဘူး။ အပေါ်ယံအလှရှိသူထက် အတွင်းစိတ်ထားအလှရှိ သူကိုရွေးချယ်သင့်ပါတယ်။

ငွေကြေးချမ်းသာတာကိုပဲ ရွေးချယ်ချင်တာလား။ ငွေကြေးပိုင်းအ ထောက်
အပံ့ဖြစ်နေလို့ ရွေးချယ်ခဲ့မိရင် တကယ်ပဲစိတ်ချမ်းသာမှု တွေရခဲ့လား လို့ ပြန်တွေးကြည့်ပါ။ ငွေကြေးရှိတာပဲရှိပြီး စိတ်ချမ်းသာမှု အစစ်အမှန်မရနိုင် ဘူးဆိုရင် နေပျော်မှာမဟုတ်ပါဘူး။ လောကမှာ ငွေနဲ့လုပ်ယူလို့မရနိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ ငွေခင်းပြီး ချစ်ခြင်းမေတ္တာတရားကို မဝယ် ယူနိုင်ပါဘူး။ အကြင်နာ၊ ဂရုစိုက်မှု၊ စာနာနားလည်မှု၊ ကူညီဖေး မစောင့်ရှောက်မှု စသဖြင့်တွေက ငွေကြေး နဲ့မဖန်တီးနိုင်ပါဘူး။ သူ့အလို လိုရင်ဘက်ထဲကလာတဲ့ မေတ္တာတရားတွေပဲ ဖြစ်ပါတယ်။ ငွေကြေးထောက် ပံပေးနိုင်သူထက် အေးချမ်းစစ်မှန်တဲ့ မေတ္တာတရားပေးနိုင်သူကို ရွေးချယ်သင့် ပါတယ်။

ပညာတတ်၊ ဘွဲ့မာစတာတွေ အများကြီးရထားသူ၊ အသိုင်းအဝိုင်း ကောင်း ထဲကသူနဲ့ပဲ လက်တွဲသွားချင်တာလား။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ မာစတာတွေ တက်ရုံထားရုံနဲ့ ဘဝတစ်လျှောက် အဆင့်တန်းမြင့်မြင့် နေနိုင်ပြီလို့ မထင် လိုက်ပါနဲ့။ တချို့အတန်းပညာတွေသာ တတ် ထားကြပြီး လူ့ဘောင်ပညာတွေ မတတ်ထားကြတဲ့သူတွေက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင် နည်းတွေကို မသိကြပါဘူး။ ပညာတတ်ဆိုပြီး နားထင်သွေးရောက်နေတဲ့ သူတွေက ပညာမတတ် ဘူးဆိုတဲ့ သူတွေထက်တောင် ပိုပြီးရိုင်းစိုင်း တတ်ကြပြန်ပါသေး တယ်။ ဒီတော့ အသိပညာရှိတဲ့သူတွေရဲ့ အဆင့်အတန်း က အတန်း ပညာတတ်ထားတဲ့သူတွေရဲ့ အဆင့်အတန်းထက်ပိုပြီးတော့
တောင် မြင့်ချင်မြင့်နေပါသေးတယ်။ အတန်ပညာတတ်သူထက် အသိပညာ တတ်တဲ့သူကို ရွေးချယ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shweinnlay


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top