Kantharyar Centre
×

ေဒၚခင္ေမ ေနထိုင္သည္က ေရႊျပည္သာၿမိဳ႕၊၅/၅-ရပ္ကြက္၊ ႏွင္းဆီပန္းၿခံ။ယခု ေဒၚခင္ေမအသက္ ၆၀-ေက်ာ္ခဲ့ပါၿပီ။“သရဏဂံုသံုးပါးမစြဲၿမဲခဲ့ရင္ အေဒၚ့အသက္ဟာ၄၀-ေလာက္ကတည္းက ေသေနပါၿပီ” ဟု ေဒၚခင္ေမကအိမ္နီးခ်င္းမ်ားကို မၾကာခဏ ေျပာျပေလ့ရွိသည္။
ေဒၚခင္ေမ ေျပာျပမည္ ဆိုလွ်င္လည္း ေျပာျပခ်င္စရာပင္။

ေဒၚခင္ေမအသက္ ၄၀-အရြယ္ခန္႔က ေသလုေမ်ာပါးေရာဂါတစ္ခုျဖင့္ ရန္ကုန္ေဆး႐ံုသို႔ တက္ေရာက္ခဲ့ရ၏။
ေရာဂါ ျပင္းထန္လြန္းအားႀကီးသျဖင့္႐ုတ္တရက္ေမ့ေမ်ာသြားခဲ့သည္။ေဒၚခင္ေမ၏ ဝိညာဥ္က ခႏၶာကိုယ္မွခြာကာေဆး႐ံုႀကီးအတြင္း လွည့္ပတ္ၾကည့္႐ႈေနမိသည္။

ထိုအခါက်မွဘုရားေဟာထားသည့္တရားေတာ္မ်ားမည္မွ်မွန္ကန္လွေၾကာင္းကိုလက္ေတြ႕ျမင္ရပါေတာ့သည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ေဆး႐ံုႀကီး အတြင္း၌ လူအေရအတြက္ထက္
“သရဲ၊ တေစၧ၊ ၿပိတၱာ” အေရအတြက္က အဆ ေပါင္းမ်ားစြာသာလြန္ေနေသာေၾကာင့္ပါတည္း။ ဓမၼကထိက ဆရာေတာ္တစ္ပါးေဟာၾကားေသာ တရားသံကေလးက ေဒၚခင္ေမနားထဲတြင္တဝဲဝဲႏွင့္ၾကားေယာင္လာမိသည္။

“ဒကာ, ဒကာမတို႔၊ အေသျမတ္ခ်င္ရင္ ေသနည္းသင္ရမယ္၊ေရႊထီးႀကီးမိုးၿပီး ေသရေသာ္လည္း အပါယ္က်တယ္ဆိုရင္အေသျမတ္တယ္ မေခၚဘူး၊ လမ္းေဘးမွာ ေသရတာျဖစ္ေသာ္လည္း
သုဂတိဘံုေရာက္ရင္ ဒါအေသျမတ္တယ္လို႔ ေခၚရမွာပဲ။

ဒကာ, ဒကာမတို႔ ဒုကၡအေပးဆံုး တရားကေတာ့စြဲလမ္းတပ္မက္တဲ့ ေလာဘတရားပဲ။
ေလာဘက ပရမတၳတရားျဖစ္လို႔ ဘယ္ေတာ့မွ မေဖာက္ျပန္မေျပာင္းလဲဘူး၊ ဘယ္လို မေဖာက္ျပန္
မေျပာင္းလဲသလဲဆိုေတာ့ ေလာဘရဲ႕ သေဘာကလိုခ်င္တပ္မက္ျခင္းပဲ။

ေခြးသႏၲာန္မွာ ျဖစ္လည္း လိုခ်င္တပ္မက္တာပဲ၊
လူ႔သႏၲာန္မွာျဖစ္လည္း လိုခ်င္တပ္မက္တာပဲ၊
နတ္သႏၲာန္မွာျဖစ္လည္း လိုခ်င္တပ္မက္မွာပဲ၊
လိုခ်င္တပ္မက္ျခင္း သေဘာက ဘယ္ေသာအခါမွ မေဖာက္ျပန္ဘူး။

ေလာဘဟာ လိုခ်င္တပ္မက္ျခင္း သေဘာက ဘယ္ေတာ့မွမေဖာက္ျပန္သလို ေလာဘကို လက္ခံထားတဲ့သူမွန္သမွ်ကိုလည္း တေစၧ သရဲလို႔ေခၚတဲ့ ၿပိတၱာဘံုကို
ပို႔ေပးျခင္းအလုပ္ကေန ဘယ္ေတာ့မွ ေဖာက္ျပန္လိမ့္မယ္ မဟုတ္ဘူး။

လူပုဂၢိဳလ္ေတြ မဆိုထားနဲ႔ ဘုရားလက္ထက္က“တိႆရဟန္းႀကီး” ေတာင္ မိမိစြဲလမ္းတဲ့ သကၤန္းေခါက္ထဲမွာ
ခုႏွစ္ရက္တိတိ သန္းၿပိတၱာ ျဖစ္ရေသးတယ္ မဟုတ္လား။အဲဒါေၾကာင့္ ၿပိတၱာဘံု မေရာက္ခ်င္ရင္ ေလာဘကိုၾကပ္ၾကပ္ႀကီး ထိန္းသိမ္းၾက”

“ေၾသာ္ – ဘုရားတရားေတာ္ေတြဟာ အၿမဲတမ္းမွန္ကန္ေနတာပါပဲလား” ဟူေသာ အေတြးႏွင့္အတူ
ပတ္ဝန္းက်င္ကို ေစ့ေစ့စပ္စပ္ ၾကည့္လိုက္မိျပန္သည္။ေဆး႐ံုကုတင္ေတြေအာက္ႏွင့္ ထုတ္တန္းေတြေပၚပါမက်န္သရဲတေစၧမ်ား ျပည့္ၾကပ္ေနသည္ကို ေတြ႕ရသည္။သူတို႔ကို ၾကည့္ၿပီး မိမိကိုယ္တိုင္ပင္ စိတ္က်ဥ္းၾကပ္သလိုျဖစ္လာသျဖင့္ ေဆး႐ံုႀကီး ၿခံဝင္းႀကီးထဲ ဆင္းေလွ်ာက္လိုက္မိသည္။

ဆင္းေလွ်ာက္ရင္းမွပင္ “ငါ ကိုယ္တိုင္လည္းေသၿပီးၿပိတၱာမ်ား ျဖစ္ေနၿပီလား” ဟု ေတြးလိုက္မိသျဖင့္
ရင္ထဲတြင္ သိမ့္ခနဲ ေနေအာင္ ခံစားလိုက္ရသည္။လူ႔ဘဝတန္ဖိုးကိုလည္း ေတာ္ေတာ္ နားလည္သြားသည္။
ထိုစဥ္မွာပင္ မိမိကို လွမ္းေျပာသလိုအသံမ်ိဳး ၾကားရသျဖင့္ေသခ်ာနားစြင့္ၾကည့္လိုက္ရာ-

“နင္ မေသေသးဘူး၊ လူ႔ျပည္မွာ ေနရမယ့္ကံေတြရွိေနေသးတယ္၊ ေလွ်ာက္သြားမေနနဲ႔၊ အႏၲရာယ္ရွိတယ္၊
နင့္ခႏၶာကိုယ္ ရွိတဲ့ေနရာ ျပန္သြားေတာ့”

ဟူေသာ အသံကိုၾကားရသျဖင့္ အသံလာရာသစ္ပင္ျမင့္ႀကီးထက္သို႔ ေမာ္ၾကည့္လိုက္ရာ ဝတ္ျဖဴစင္ၾကယ္ဝတ္အဘိုးႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။
“႐ုကၡစိုးနတ္ႀကီး ျဖစ္ရမည္” ဟု မွန္းဆမိသည္။သတိေပးတာကို ေက်းဇူးတင္မိေသာ္လည္း
စကားကိုေတာ့ နားမေထာင္မိ။ အသြင္သစ္၊အျမင္သစ္ႏွင့္ အ့ံၾသစရာမ်ားခ်ည္း ျဖစ္ေနသည့္အတြက္
ေဆး႐ံုႀကီး တစ္ပတ္လံုး လွည့္ၾကည့္ခ်င္စိတ္ ေပါက္လာမိသည္။

သို႔ႏွင့္လွည့္ပတ္ၾကည့္႐ွုေနရာတစ္ေနရာအေရာက္တြင္ကားအ႐ုပ္ဆိုးဆိုးၿပိတၱာငါးေယာက္ခန္႔ ေဒၚခင္ေမကို
ဝိုင္းဝန္းခ်ဳပ္ကိုင္လိုက္ၾကၿပီးလွ်င္-

“မင္း- ငါတို႔နဲ႔ တစ္ခါတည္းလိုက္ခဲ့၊ ဟိုမွာေတြ႕လား၊
အဲဒီထဲမွာ တစ္သက္လံုးေနရမယ္” ဟု
တစ္ေယာက္ကေျပာၿပီး လက္ညိႇဳးထိုးျပသျဖင့္
လွမ္းၾကည့္လိုက္ရာ ခပ္ေဝးေဝး ေနရာတစ္ခုေသာ
ေရႊေရာင္ေတာက္ေနေသာ လိုဏ္ဂူႀကီးတစ္ခုကို လွမ္းျမင္ေနရသည္။

သို႔ေသာ္ ေဒၚခင္ေမ စိတ္ထဲတြင္ ထိုေနရာသို႔လံုးဝ သြားခ်င္စိတ္မရွိ။ သို႔ေသာ္ ထိုၿပိတၱာငါးေယာက္က
သူ႔ကို မလွဳပ္ႏိုင္ေအာင္ ခ်ဳပ္ကိုင္ထားၾကသည္။ေဒၚခင္ေမက ရွိသမွ်အားႏွင့္ ႐ုန္းၾကည့္ေသးသည္။
ဘယ္လိုမွ မရ။ ဒီၾကားထဲ ေခါင္းေဆာင္ၿပိတၱာေျပာလိုက္ေသာ စကားက အသည္းတုန္၊ ရင္တုန္စရာ
ေကာင္းလွသည္။ သူေျပာလိုက္သည္က…။

“ေဟ့ေကာင္ေတြ- ေတာ္ေတာ္ေလးၾကာေအာင္ဆြဲထားၾကေဟ့။ သိပ္မလိုေတာ့ဘူး။
မၾကာခင္မွာ သူ႔ခႏၶာနဲ႔ သူနဲ႔ အဆက္ျပတ္ေတာ့မွာ” တဲ့။မည္မွ် ေၾကာက္စရာေကာင္းေသာ စကားပါနည္း။
ဤေနရာ၌ စိတ္ပညာစာအုပ္တစ္အုပ္တြင္ ဖတ္ရေသာ“နာမ္လြင့္ျခင္း” ဟူေသာ အေၾကာင္းေလးကို
ယခုျဖစ္ရပ္ႏွင့္ဆက္စပ္ စဥ္းစားႏိုင္ရန္ အနည္းငယ္ တင္ျပပါမည္။

ထိုစာအုပ္တြင္ နာမ္လႊင့္ျခင္း ဟူေသာအခန္း၌ေရးသားထားသည္မွာ အမ်ိဳးသားတစ္ေယာက္သည္
ေလ့က်င့္ထားေသာ စိတ္ပညာ၏ အစြမ္းျဖင့္ ညညေရာက္လွ်င္ သူ၏နာမ္ကို ႐ုပ္မွခြာကာ ကမၻာအရပ္ရပ္သို႔
လွည့္ပတ္ကာ ေလွ်ာက္သြားေလ့ရွိသည္။သို႔ေသာ္ သတ္မွတ္ထားေသာ ျပန္ေရာက္သင့္သည့္
အခ်ိန္မွာေတာ့ မိမိခႏၶာကိုယ္ ရွိရာသို႔ ျပန္ေရာက္ရသည္။

တစ္ေန႔တြင္ေတာ့ထိုသူသည္အလည္လြန္သြားၿပီးျပန္ေရာက္သင့္သည့္အခ်ိန္တြင္ခႏၶာကိုယ္ဆီ
 ျပန္မေရာက္သျဖင့္အၿပီးတိုင္း ေသဆံုးသြားခဲ့ရသည္။ ေနာက္တစ္ေန႔နံနက္သူ႔အေလာင္းကိုေတြ႕မွ
 ေသဆံုးမွန္း သိၾကရသည္။ယခု ျဖစ္ရပ္တြင္လည္း မေကာင္းဆိုးဝါးမ်ားကေဒၚခင္ေမကို သူ႔ခႏၶာကိုယ္ႏွင့္ အဆက္ျပတ္သြားရန္၊တစ္နည္းအားျဖင့္ အၿပီးတိုင္ ေသသြားရန္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ထင္ရွားလွပါသည္။

ေဒၚခင္ေမ စိတ္ထဲတြင္လည္း ဤပံုစံအတိုင္းဆိုလွ်င္ေနာက္တစ္ခဏ ၾကာလွ်င္ပင္ မိမိ ေသဆံုးရေတာ့မည္
ျဖစ္ေၾကာင္းအလိုလိုသိေနသည္။ဤမေကာင္းဆိုးဝါးမ်ားလက္မွလြတ္ေအာင္ဘာကိုအားကိုးရမည္နည္း။ ေဟာ သတိရပါၿပီ။
“ဘုရား, တရား, သံဃာ သရဏဂံုသံုးပါး” ရွိေနတာပဲ။
တျခား ဘာအားကိုစရာမ်ား ရွာစရာလိုဦးမလဲ။

ရတနာသံုးပါးကို ၾကည္ညိဳအားထားေသာ သဒၶါစိတ္တို႔ကျပည့္လွ်ံသည္အထိ ျဖစ္လာသည္။ တခဏမွ် မဆိုင္းေတာ့ပါ။ဆရာေတာ္မ်ားေဆာက္တည္ေပးထားသည့္ အတိုင္းပင္သရဏဂံုသံုးပါးကို ရြတ္ဆိုေဆာက္တည္လိုက္ပါေတာ့သည္။

ဗုဒၶံ သရဏံ ဂစၧာမိ။
ဓမၼံ သရဏံ ဂစၧာမိ။
သံဃံ သရဏံ ဂစၧာမိ။
သရဏဂံုသံုးပါး ေဆာက္တည္ၿပီးသည္ႏွင့္တစ္ျပိဳင္နက္ေဒၚခင္ေမကိုခ်ဳပ္ကိုင္ထားၾကေသာမေကာင္းဆိုးဝါး
မ်ားမွာတစ္စံုတစ္ေယာက္ကဆြဲယူကိုင္ေပါက္ပစ္လိုက္သကဲ့သို႔သူမႏွင့္ခပ္ေဝးေဝး ေနရာမ်ားဆီသို႔ ေအာ္ဟစ္
ညည္းညဴရင္း လြင့္စင္က်သြားသည္ကို ေတြ႕ျမင္လိုက္ရေတာ့သည္။
အခ်ဳပ္အေႏွာင္မွ လြတ္သြားၿပီျဖစ္ေသာ ေဒၚခင္ေမတစ္ေယာက္မိမိခႏၶာရွိရာ ေဆး႐ံုထဲသို႔ ဒေရာေသာပါး ေျပးဝင္ရေတာ့သည္။

မိမိခႏၶာကိုယ္နား ေရာက္သည္ႏွင့္တစ္စံုတစ္ေယာက္ကတြန္းလွဲလိုက္သလိုခႏၶာကိုယ္ေပၚလဲက်သြားသည္ကိုပဲ
သတိထားမိလိုက္သည္။ခဏအၾကာမွာပင္ ေဒၚခင္ေမသတိျပန္ရလာခဲ့ၿပီ။သတိရလာေတာ့ ေဒၚခင္ေမ
ကိုၾကည့္ၿပီးအနားမွာ ေစာင့္ေနၾကသည့္ ခင္ပြန္းႏွင့္ သားသမီးမ်ားကိုဆရာဝန္ႀကီး ေျပာလိုက္ေသာစကားက

“လူနာေရာ၊ ခင္ဗ်ာတို႔ေရာ အားလံုးကံေကာင္းတယ္ဗ်ာ၊ေနာက္ထပ္ ငါးမိနစ္ရွိတဲ့အထိ သတိျပန္မလည္ရင္
ဒီလူနာ အသက္ရွင္စရာအေၾကာင္း မရွိေတာ့ဘူး” ဟူ၏။ ေဒၚခင္ေမတစ္ေယာက္ သရဏဂံုစြမ္းရည္ျဖင့္ အသက္ရွည္ခဲ့ျခင္း ပါတကား။

-【ေမတၱာရွင္(ေရႊျပည္သာ)၏ “သရဏဂံုအစြမ္း
အ့ံမခန္းျဖစ္ရပ္ဆန္းမ်ား” မွ ေကာက္ႏွဳတ္ပူေဇာ္မွ်ေဝပါသည္။】

ဖိုးသူေတာ္ (www.phothutaw.com)
Credit:zahan mon &ypung buddhsit association

#Unicode Version
ဒေါ်ခင်မေ နေထိုင်သည်က ရွှေပြည်သာမြို့၊၅/၅-ရပ်ကွက်၊ နှင်းဆီပန်းခြံ။ယခု ဒေါ်ခင်မေအသက် ၆၀-ကျော်ခဲ့ပါပြီ။“သရဏဂုံသုံးပါးမစွဲမြဲခဲ့ရင် အဒေါ့်အသက်ဟာ၄၀-လောက်ကတည်းက သေနေပါပြီ” ဟု ဒေါ်ခင်မေကအိမ်နီးချင်းများကို မကြာခဏ ပြောပြလေ့ရှိသည်။
ဒေါ်ခင်မေ ပြောပြမည် ဆိုလျှင်လည်း ပြောပြချင်စရာပင်။

ဒေါ်ခင်မေအသက် ၄၀-အရွယ်ခန့်က သေလုမျောပါးရောဂါတစ်ခုဖြင့် ရန်ကုန်ဆေးရုံသို့ တက်ရောက်ခဲ့ရ၏။
ရောဂါ ပြင်းထန်လွန်းအားကြီးသဖြင့်ရုတ်တရက်မေ့မျောသွားခဲ့သည်။ဒေါ်ခင်မေ၏ ဝိညာဉ်က ခန္ဓာကိုယ်မှခွာကာဆေးရုံကြီးအတွင်း လှည့်ပတ်ကြည့်ရှုနေမိသည်။

ထိုအခါကျမှဘုရားဟောထားသည့်တရားတော်များမည်မျှမှန်ကန်လှကြောင်းကိုလက်တွေ့မြင်ရပါတော့သည်။

အဘယ့်ကြောင့်ဆိုသော် ဆေးရုံကြီး အတွင်း၌ လူအရေအတွက်ထက်
“သရဲ၊ တစ္ဆေ၊ ပြိတ္တာ” အရေအတွက်က အဆ ပေါင်းများစွာသာလွန်နေသောကြောင့်ပါတည်း။ ဓမ္မကထိက ဆရာတော်တစ်ပါးဟောကြားသော တရားသံကလေးက ဒေါ်ခင်မေနားထဲတွင်တဝဲဝဲနှင့်ကြားယောင်လာမိသည်။

“ဒကာ, ဒကာမတို့၊ အသေမြတ်ချင်ရင် သေနည်းသင်ရမယ်၊ရွှေထီးကြီးမိုးပြီး သေရသော်လည်း အပါယ်ကျတယ်ဆိုရင်အသေမြတ်တယ် မခေါ်ဘူး၊ လမ်းဘေးမှာ သေရတာဖြစ်သော်လည်း
သုဂတိဘုံရောက်ရင် ဒါအသေမြတ်တယ်လို့ ခေါ်ရမှာပဲ။

ဒကာ, ဒကာမတို့ ဒုက္ခအပေးဆုံး တရားကတော့စွဲလမ်းတပ်မက်တဲ့ လောဘတရားပဲ။
လောဘက ပရမတ္ထတရားဖြစ်လို့ ဘယ်တော့မှ မဖောက်ပြန်မပြောင်းလဲဘူး၊ ဘယ်လို မဖောက်ပြန်
မပြောင်းလဲသလဲဆိုတော့ လောဘရဲ့ သဘောကလိုချင်တပ်မက်ခြင်းပဲ။

ခွေးသန္တာန်မှာ ဖြစ်လည်း လိုချင်တပ်မက်တာပဲ၊
လူ့သန္တာန်မှာဖြစ်လည်း လိုချင်တပ်မက်တာပဲ၊
နတ်သန္တာန်မှာဖြစ်လည်း လိုချင်တပ်မက်မှာပဲ၊
လိုချင်တပ်မက်ခြင်း သဘောက ဘယ်သောအခါမှ မဖောက်ပြန်ဘူး။

လောဘဟာ လိုချင်တပ်မက်ခြင်း သဘောက ဘယ်တော့မှမဖောက်ပြန်သလို လောဘကို လက်ခံထားတဲ့သူမှန်သမျှကိုလည်း တစ္ဆေ သရဲလို့ခေါ်တဲ့ ပြိတ္တာဘုံကို
ပို့ပေးခြင်းအလုပ်ကနေ ဘယ်တော့မှ ဖောက်ပြန်လိမ့်မယ် မဟုတ်ဘူး။

လူပုဂ္ဂိုလ်တွေ မဆိုထားနဲ့ ဘုရားလက်ထက်က“တိဿရဟန်းကြီး” တောင် မိမိစွဲလမ်းတဲ့ သင်္ကန်းခေါက်ထဲမှာ
ခုနှစ်ရက်တိတိ သန်းပြိတ္တာ ဖြစ်ရသေးတယ် မဟုတ်လား။အဲဒါကြောင့် ပြိတ္တာဘုံ မရောက်ချင်ရင် လောဘကိုကြပ်ကြပ်ကြီး ထိန်းသိမ်းကြ”

“သြော် – ဘုရားတရားတော်တွေဟာ အမြဲတမ်းမှန်ကန်နေတာပါပဲလား” ဟူသော အတွေးနှင့်အတူ
ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်မိပြန်သည်။ဆေးရုံကုတင်တွေအောက်နှင့် ထုတ်တန်းတွေပေါ်ပါမကျန်သရဲတစ္ဆေများ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။သူတို့ကို ကြည့်ပြီး မိမိကိုယ်တိုင်ပင် စိတ်ကျဉ်းကြပ်သလိုဖြစ်လာသဖြင့် ဆေးရုံကြီး ခြံဝင်းကြီးထဲ ဆင်းလျှောက်လိုက်မိသည်။

ဆင်းလျှောက်ရင်းမှပင် “ငါ ကိုယ်တိုင်လည်းသေပြီးပြိတ္တာများ ဖြစ်နေပြီလား” ဟု တွေးလိုက်မိသဖြင့်
ရင်ထဲတွင် သိမ့်ခနဲ နေအောင် ခံစားလိုက်ရသည်။လူ့ဘဝတန်ဖိုးကိုလည်း တော်တော် နားလည်သွားသည်။
ထိုစဉ်မှာပင် မိမိကို လှမ်းပြောသလိုအသံမျိုး ကြားရသဖြင့်သေချာနားစွင့်ကြည့်လိုက်ရာ-

“နင် မသေသေးဘူး၊ လူ့ပြည်မှာ နေရမယ့်ကံတွေရှိနေသေးတယ်၊ လျှောက်သွားမနေနဲ့၊ အန္တရာယ်ရှိတယ်၊
နင့်ခန္ဓာကိုယ် ရှိတဲ့နေရာ ပြန်သွားတော့”

ဟူသော အသံကိုကြားရသဖြင့် အသံလာရာသစ်ပင်မြင့်ကြီးထက်သို့ မော်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်ဝတ်အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။
“ရုက္ခစိုးနတ်ကြီး ဖြစ်ရမည်” ဟု မှန်းဆမိသည်။သတိပေးတာကို ကျေးဇူးတင်မိသော်လည်း
စကားကိုတော့ နားမထောင်မိ။ အသွင်သစ်၊အမြင်သစ်နှင့် အံ့သြစရာများချည်း ဖြစ်နေသည့်အတွက်
ဆေးရုံကြီး တစ်ပတ်လုံး လှည့်ကြည့်ချင်စိတ် ပေါက်လာမိသည်။

သို့နှင့်လှည့်ပတ်ကြည့်ရှုနေရာတစ်နေရာအရောက်တွင်ကားအရုပ်ဆိုးဆိုးပြိတ္တာငါးယောက်ခန့် ဒေါ်ခင်မေကို
ဝိုင်းဝန်းချုပ်ကိုင်လိုက်ကြပြီးလျှင်-

“မင်း- ငါတို့နဲ့ တစ်ခါတည်းလိုက်ခဲ့၊ ဟိုမှာတွေ့လား၊
အဲဒီထဲမှာ တစ်သက်လုံးနေရမယ်” ဟု
တစ်ယောက်ကပြောပြီး လက်ညှိုးထိုးပြသဖြင့်
လှမ်းကြည့်လိုက်ရာ ခပ်ဝေးဝေး နေရာတစ်ခုသော
ရွှေရောင်တောက်နေသော လိုဏ်ဂူကြီးတစ်ခုကို လှမ်းမြင်နေရသည်။

သို့သော် ဒေါ်ခင်မေ စိတ်ထဲတွင် ထိုနေရာသို့လုံးဝ သွားချင်စိတ်မရှိ။ သို့သော် ထိုပြိတ္တာငါးယောက်က
သူ့ကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားကြသည်။ဒေါ်ခင်မေက ရှိသမျှအားနှင့် ရုန်းကြည့်သေးသည်။
ဘယ်လိုမှ မရ။ ဒီကြားထဲ ခေါင်းဆောင်ပြိတ္တာပြောလိုက်သော စကားက အသည်းတုန်၊ ရင်တုန်စရာ
ကောင်းလှသည်။ သူပြောလိုက်သည်က…။

“ဟေ့ကောင်တွေ- တော်တော်လေးကြာအောင်ဆွဲထားကြဟေ့။ သိပ်မလိုတော့ဘူး။
မကြာခင်မှာ သူ့ခန္ဓာနဲ့ သူနဲ့ အဆက်ပြတ်တော့မှာ” တဲ့။မည်မျှ ကြောက်စရာကောင်းသော စကားပါနည်း။
ဤနေရာ၌ စိတ်ပညာစာအုပ်တစ်အုပ်တွင် ဖတ်ရသော“နာမ်လွင့်ခြင်း” ဟူသော အကြောင်းလေးကို
ယခုဖြစ်ရပ်နှင့်ဆက်စပ် စဉ်းစားနိုင်ရန် အနည်းငယ် တင်ပြပါမည်။

ထိုစာအုပ်တွင် နာမ်လွှင့်ခြင်း ဟူသောအခန်း၌ရေးသားထားသည်မှာ အမျိုးသားတစ်ယောက်သည်
လေ့ကျင့်ထားသော စိတ်ပညာ၏ အစွမ်းဖြင့် ညညရောက်လျှင် သူ၏နာမ်ကို ရုပ်မှခွာကာ ကမ္ဘာအရပ်ရပ်သို့
လှည့်ပတ်ကာ လျှောက်သွားလေ့ရှိသည်။သို့သော် သတ်မှတ်ထားသော ပြန်ရောက်သင့်သည့်
အချိန်မှာတော့ မိမိခန္ဓာကိုယ် ရှိရာသို့ ပြန်ရောက်ရသည်။

တစ်နေ့တွင်တော့ထိုသူသည်အလည်လွန်သွားပြီးပြန်ရောက်သင့်သည့်အချိန်တွင်ခန္ဓာကိုယ်ဆီ

 ပြန်မရောက်သဖြင့်အပြီးတိုင်း သေဆုံးသွားခဲ့ရသည်။ နောက်တစ်နေ့နံနက်သူ့အလောင်းကိုတွေ့မှ

 သေဆုံးမှန်း သိကြရသည်။ယခု ဖြစ်ရပ်တွင်လည်း မကောင်းဆိုးဝါးများကဒေါ်ခင်မေကို သူ့ခန္ဓာကိုယ်နှင့် အဆက်ပြတ်သွားရန်၊တစ်နည်းအားဖြင့် အပြီးတိုင် သေသွားရန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။

ဒေါ်ခင်မေ စိတ်ထဲတွင်လည်း ဤပုံစံအတိုင်းဆိုလျှင်နောက်တစ်ခဏ ကြာလျှင်ပင် မိမိ သေဆုံးရတော့မည်
ဖြစ်ကြောင်းအလိုလိုသိနေသည်။ဤမကောင်းဆိုးဝါးများလက်မှလွတ်အောင်ဘာကိုအားကိုးရမည်နည်း။ ဟော သတိရပါပြီ။
“ဘုရား, တရား, သံဃာ သရဏဂုံသုံးပါး” ရှိနေတာပဲ။
တခြား ဘာအားကိုစရာများ ရှာစရာလိုဦးမလဲ။

ရတနာသုံးပါးကို ကြည်ညိုအားထားသော သဒ္ဓါစိတ်တို့ကပြည့်လျှံသည်အထိ ဖြစ်လာသည်။ တခဏမျှ မဆိုင်းတော့ပါ။ဆရာတော်များဆောက်တည်ပေးထားသည့် အတိုင်းပင်သရဏဂုံသုံးပါးကို ရွတ်ဆိုဆောက်တည်လိုက်ပါတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
သရဏဂုံသုံးပါး ဆောက်တည်ပြီးသည်နှင့်တစ်ပြိုင်နက်ဒေါ်ခင်မေကိုချုပ်ကိုင်ထားကြသောမကောင်းဆိုးဝါး

များမှာတစ်စုံတစ်ယောက်ကဆွဲယူကိုင်ပေါက်ပစ်လိုက်သကဲ့သို့သူမနှင့်ခပ်ဝေးဝေး နေရာများဆီသို့ အော်ဟစ်
ညည်းညူရင်း လွင့်စင်ကျသွားသည်ကို တွေ့မြင်လိုက်ရတော့သည်။
အချုပ်အနှောင်မှ လွတ်သွားပြီဖြစ်သော ဒေါ်ခင်မေတစ်ယောက်မိမိခန္ဓာရှိရာ ဆေးရုံထဲသို့ ဒရောသောပါး ပြေးဝင်ရတော့သည်။

မိမိခန္ဓာကိုယ်နား ရောက်သည်နှင့်တစ်စုံတစ်ယောက်ကတွန်းလှဲလိုက်သလိုခန္ဓာကိုယ်ပေါ်လဲကျသွားသည်ကိုပဲ
သတိထားမိလိုက်သည်။ခဏအကြာမှာပင် ဒေါ်ခင်မေသတိပြန်ရလာခဲ့ပြီ။သတိရလာတော့ ဒေါ်ခင်မေ

ကိုကြည့်ပြီးအနားမှာ စောင့်နေကြသည့် ခင်ပွန်းနှင့် သားသမီးများကိုဆရာဝန်ကြီး ပြောလိုက်သောစကားက

“လူနာရော၊ ခင်ဗျာတို့ရော အားလုံးကံကောင်းတယ်ဗျာ၊နောက်ထပ် ငါးမိနစ်ရှိတဲ့အထိ သတိပြန်မလည်ရင်
ဒီလူနာ အသက်ရှင်စရာအကြောင်း မရှိတော့ဘူး” ဟူ၏။ ဒေါ်ခင်မေတစ်ယောက် သရဏဂုံစွမ်းရည်ဖြင့် အသက်ရှည်ခဲ့ခြင်း ပါတကား။

-【မေတ္တာရှင်(ရွှေပြည်သာ)၏ “သရဏဂုံအစွမ်း
အံ့မခန်းဖြစ်ရပ်ဆန်းများ” မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】


ဖိုးသူတော် (www.phothutaw.com)
Credit:zahan mon &ypung buddhsit association
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top