Property Expo
×

ဖားကန္႔ ေဒသရွိ ေက်ာက္စိမ္းလုပ္ကြက္တစ္ခုအ နီး အာကာသယာဥ္အပိုင္းအစဟု ယူဆထားေသာ အရာဝတၳဳတစ္ခု ေကာင္းကင္မွ ျပဳတ္က်ခဲ့ၿပီး ကြၽမ္းက်င္သူမ်ားအား ေခၚယူကာ စစ္ေဆးမည္ျဖစ္ေၾကာင္း ကခ်င္ျပည္ နယ္ အစိုးရအဖြဲ႕မွ သတင္းရရွိ သည္။  ႏိုဝင္ဘာ ၁၀ ရက္ နံနက္ ၅ နာရီခန္႔က ဖားကန္႔ၿမိဳ႕နယ္ ေမွာ္ ဆီဇာ ေက်းရြာအနီးရွိ ေက်ာက္ စိမ္းလုပ္ကြက္အနီး ျပဳတ္က်ျခင္း ျဖစ္ၿပီး ျပင္းထန္ေသာ ေပါက္ကြဲ သံပါ ၾကားလိုက္ရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

‘‘အာကာသယာဥ္အစိတ္အ ပိုင္းလို ေလယာဥ္အစိတ္အပိုင္း လိုလိုႀကီး ျပဳတ္က်လာတာ။ အဲဒါ ႀကီးကို ကြၽမ္းက်င္သူေတြ ဖိတ္ေခၚၿပီး စစ္ေဆးသြားမယ္လို႔သိရ တယ္’’ဟု ကခ်င္ျပည္နယ္ရဲတပ္ ဖြဲ႕မွဴး ရဲမွဴးႀကီး ထြန္းဦးက ေျပာ သည္။ ယင္းအရာဝတၳဳမွာ ထိပ္ဝအ က်ယ္ ေျခာက္ေပခန္႔ႏွင့္ အရွည္ ၁၅ ေပခန္႔ရွိကာ ျပဳတ္က်သည့္ေန ရာႏွင့္ ေပ ၃၀၀ ခန္႔အကြာတြင္ ေရမေဆး သမားမ်ား ေနထိုင္ ေသာ တဲအိမ္အခ်ိဳ႕ရွိသျဖင့္ ကံ ေကာင္းေထာက္မ၍ လူထိခိုက္မႈ မရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ ေဒသခံ မ်ားက ေျပာသည္။

‘‘အိမ္ေတြေတာင္ သိမ့္ခနဲ တုန္သြားတာ။ ကြၽန္ေတာ္တို႔က မုိင္းခြဲတာ ထင္ေနတာ။ ေနာက္ ေတာ့ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ သြားၾကည့္တာ ယမ္းနံ႔ေတြ ေတာ္ ေတာ္နံတယ္’’ဟု ေဒသခံ ကိုေနာင္ လတ္က ေျပာသည္။

ရဲမွဴးႀကီးထြန္းဦးက ေပါက္ ကြဲသံႏွင့္အတူ  ေကာင္းကင္မွ ျပဳတ္က်လာေသာအရာမွာ ေလ ယာဥ္အင္ဂ်င္ႏွင့္ဆင္တူကာ ပန္ ကာဒလက္မ်ားလည္းပါဝင္ၿပီး ေဒသတြင္း ထိခိုက္ဒဏ္ရာရသူ မရွိေၾကာင္း ေျပာသည္။

ျပည္တြင္းေလေၾကာင္းဦးစီး ဌာန ၫႊန္ၾကားေရးမွဴး ဦးတင္ေမာင္နီက ဖားကန္႔ၿမိဳ႕တြင္ ေကာင္းကင္ေပၚမွ အရာဝတၳဳတစ္ခု ျပဳတ္က်သည္ဟူေသာ သတင္းကို မၾကားရေသးဘဲ ေလေၾကာင္း က႑တြင္ မည္သည့္ထူးျခားမႈမွ်မရွိခဲ့ေၾကာင္း ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဖားကန့် ဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအ နီး အာကာသယာဉ်အပိုင်းအစဟု ယူဆထားသော အရာဝတ္ထုတစ်ခု ကောင်းကင်မှ ပြုတ်ကျခဲ့ပြီး ကျွမ်းကျင်သူများအား ခေါ်ယူကာ စစ်ဆေးမည်ဖြစ်ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ သတင်းရရှိ သည်။  နိုဝင်ဘာ ၁၀ ရက် နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ် မှော် ဆီဇာ ကျေးရွာအနီးရှိ ကျောက် စိမ်းလုပ်ကွက်အနီး ပြုတ်ကျခြင်း ဖြစ်ပြီး ပြင်းထန်သော ပေါက်ကွဲ သံပါ ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။

‘‘အာကာသယာဉ်အစိတ်အ ပိုင်းလို လေယာဉ်အစိတ်အပိုင်း လိုလိုကြီး ပြုတ်ကျလာတာ။ အဲဒါ ကြီးကို ကျွမ်းကျင်သူတွေ ဖိတ်ခေါ်ပြီး စစ်ဆေးသွားမယ်လို့သိရ တယ်’’ဟု ကချင်ပြည်နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြော သည်။ ယင်းအရာဝတ္ထုမှာ ထိပ်ဝအ ကျယ် ခြောက်ပေခန့်နှင့် အရှည် ၁၅ ပေခန့်ရှိကာ ပြုတ်ကျသည့်နေ ရာနှင့် ပေ ၃၀၀ ခန့်အကွာတွင် ရေမဆေး သမားများ နေထိုင် သော တဲအိမ်အချို့ရှိသဖြင့် ကံ ကောင်းထောက်မ၍ လူထိခိုက်မှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံ များက ပြောသည်။

‘‘အိမ်တွေတောင် သိမ့်ခနဲ တုန်သွားတာ။ ကျွန်တော်တို့က မိုင်းခွဲတာ ထင်နေတာ။ နောက် တော့ မဟုတ်ဘူး။ ကျွန်တော်တို့ သွားကြည့်တာ ယမ်းနံ့တွေ တော် တော်နံတယ်’’ဟု ဒေသခံ ကိုနောင် လတ်က ပြောသည်။

ရဲမှူးကြီးထွန်းဦးက ပေါက် ကွဲသံနှင့်အတူ  ကောင်းကင်မှ ပြုတ်ကျလာသောအရာမှာ လေ ယာဉ်အင်ဂျင်နှင့်ဆင်တူကာ ပန် ကာဒလက်များလည်းပါဝင်ပြီး ဒေသတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပြောသည်။

ပြည်တွင်းလေကြောင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်နီက ဖားကန့်မြို့တွင် ကောင်းကင်ပေါ်မှ အရာဝတ္ထုတစ်ခု ပြုတ်ကျသည်ဟူသော သတင်းကို မကြားရသေးဘဲ လေကြောင်း ကဏ္ဍတွင် မည်သည့်ထူးခြားမှုမျှမရှိခဲ့ကြောင်း ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top