Property Expo
×

ဖိလစ္ပုိင္သမၼတ ဒူတာေတးက အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ ေဒၚနယ္ထရန္႕ကုိ ဂုဏ္ျပဳလုိက္ၿပီး အေမရိကန္နဲ႕ သေဘာကြဲလြဲေနမႈေတြကုိ အဆုံးသတ္လုိေၾကာင္း ေျပာၾကားလုိက္ပါတယ္။ အေမရိကန္သမၼတအျဖစ္ ထရန္႕ ေ႐ြးေကာက္ခံရၿပီးေနာက္ ၎အေပၚ အုိဘားမားအစုိးရက ေဝဖန္ခဲ့မႈမ်ားေၾကာင့္ ေဒါသထြက္ေနမႈကုိ ဒူတာေတးက ျပန္လည္ထိန္းသိမ္းလုိက္ဟန္ ႐ွိပါတယ္။

ဖိလစ္ပုိင္သမၼတ ဒူတာေတးက အေမရိကန္နဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြ ရပ္ဆုိင္းမယ့္အေၾကာင္း လတ္တေလာ လပုိင္းအတြင္း ေျပာၾကားမႈေတြ ႐ွိခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္နဲ႕ သေဘာတူညီခ်က္ေတြနဲ႕ စစ္ေရးပူးေပါင္းေလ့က်င့္မႈေတြကုိ ရပ္ဆုိင္းမွာျဖစ္ေၾကာင္းလည္း ဒူတာေတးက ေျပာထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းကလည္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕အတြက္ အေမရိကန္ထံမွ လက္နက္ဝယ္ယူမယ့္ အစီအစဥ္ကို ဖ်က္သိမ္းရန္လည္း ဒူတာေတးက ညႊန္ၾကားခဲ့တယ္လို႕ ဆုိပါတယ္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ထရန္႕ အႏုိင္ရခဲ့တာေၾကာင့္ ၎အေနနဲ႕ သေဘာထားကြဲလြဲမႈေတြ မျဖစ္ေစခ်င္ေတာ့ေၾကာင္း  ဒူတာေတးက မေလး႐ွားခရီးစဥ္အတြင္း ေျပာၾကားခဲ့ပါတယ္။

ဖိလစ္ပုိင္သမၼတ ဒူတာေတးဟာ ထရန္႕ အႏုိင္ရၿပီးေနာက္ အေမရိကန္အေပၚ ဆက္ဆံေရးသေဘာထား သိသာစြာ ေျပာင္းလဲသြားခဲ့တာလည္း ျဖစ္ပါတယ္။ ထုိ႕အတူ  သမၼတအုိဘားမားလက္ထက္မွာ အေမရိကန္နဲ႕ ဆက္ဆံေရးတင္မားမႈအခ်ဳိ႕ ႐ိွေနခဲ့တ့ဲ ႐ု႐ွားအေနနဲ႕လည္း ႏွစ္ႏုိင္ငံဆက္ဆံေရး ျပန္လည္ တည္ေဆာက္ရန္ အသင့္႐ွိေၾကာင္း သမၼတ ဗလာဒီမာ ပူတင္က ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရန့်ကို ဂုဏ်ပြုလိုက်ပြီး အမေရိကန်နဲ့ သဘောကွဲလွဲနေမှုတွေကို အဆုံးသတ်လိုကြောင်း ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတအဖြစ် ထရန့် ရွေးကောက်ခံရပြီးနောက် ၎င်းအပေါ် အိုဘားမားအစိုးရက ဝေဖန်ခဲ့မှုများကြောင့် ဒေါသထွက်နေမှုကို ဒူတာတေးက ပြန်လည်ထိန်းသိမ်းလိုက်ဟန် ရှိပါတယ်။



ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းမယ့်အကြောင်း လတ်တလော လပိုင်းအတွင်း ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ သဘောတူညီချက်တွေနဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်းလည်း ဒူတာတေးက ပြောထားပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် အမေရိကန်ထံမှ လက်နက်ဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းရန်လည်း ဒူတာတေးက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရခဲ့တာကြောင့် ၎င်းအနေနဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်စေချင်တော့ကြောင်း  ဒူတာတေးက မလေးရှားခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ထရန့် အနိုင်ရပြီးနောက် အမေရိကန်အပေါ် ဆက်ဆံရေးသဘောထား သိသာစွာ ပြောင်းလဲသွားခဲ့တာလည်း ဖြစ်ပါတယ်။ ထို့အတူ  သမ္မတအိုဘားမားလက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေးတင်မားမှုအချို့ ရှိနေခဲ့တဲ့ ရုရှားအနေနဲ့လည်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် အသင့်ရှိကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top