Property Expo
×

 ေႁမြတစ္ေကာင္ႏွင့္ လက္ထပ္ထားေၾကာင္း ကမာၻသိ ေကာလာဟလမ်ား ပ်ံ႕ႏွံ႔ခဲ့ျခင္းကို မေလးရွား မီးသတ္သမား တစ္ဦးက ျငင္းဆိုခဲ့သည္။

အဘူဇာရင္ဟက္ဆင္က ဖာဟန္းျပည္နယ္တြင္ အျခားေသာ မီးသတ္ဝန္ထမ္းမ်ား အေနျဖင့္ ေႁမြမ်ားကို ဖမ္းဆီးရန္ လိုအပ္လာသည့္ အေျခအေနမ်ိဳးတြင္ မည္သို႔မည္ပံု ျပဳမူေဆာင္ရြက္သင့္ေၾကာင္း အႀကံေပး သင္ၾကားေပးသူ ျဖစ္သည္။

ယခုလ အေစာပိုင္းတြင္ ၿဗိတိန္ရွိ အတင္းအဖ်င္း သတင္းဌာန အခ်ိဳ႕က ဟက္ဆင္ႏွင့္ ေႁမြေဟာက္တစ္ေကာင္တို႔ အတူရွိေနပံုမ်ားကို အသံုးျပဳကာ ဟူဆင္သည္ ၎၏ခ်စ္သူ ေႁမြမကို လက္ထပ္ထားေၾကာင္း ေဖာ္ျပခဲ့သည္။ ထိုသတင္းကို Mirrorတြင္ စတင္ေဖာ္ျပၿပီး Daily Mailကဲ့သို႔ သတင္းဌာနမ်ားကပါ လက္ဆင့္ကမ္း ေရးသားခဲ့သည္။

ဟက္ဆင္ကိုယ္တိုင္ကမူ အဆုိပါ ဓာတ္ပံုမ်ားသည္ မိမိ၏ Facebook စာမ်က္ႏွာမွ ယူေဆာင္သြားျခင္းျဖစ္ၿပီး မဟုတ္မမွန္ ေရးသားမႈမ်ားေၾကာင့္ စိတ္ပ်က္မိေၾကာင္း BBCသုိ႔ ဖြင့္ဟခဲ့သည္။ “ကၽြန္ေတာ္က ေႁမြေတြနဲ႔ အလုပ္လုပ္ေနရတဲ့သူေလဗ်ာ။ ၿပီးေတာ့ အိမ္ ေတြထဲ ေႁမြဝင္ေနတာမ်ိဳးဆိုရင္ ဒီေႁမြေတြကို ဘယ္လုိကိုင္တြယ္ရမယ္၊ ဘယ္လို ကယ္တင္ရမယ္ ဆိုတာကို တျခား မီးသတ္ဝန္ထမ္းေတြကို ေလ့က်င့္ေပးရတဲ့သူပါ”ဟု ၎က ဆိုသည္။

ဟက္ဆင္က မိမိသည္ အိမ္ေထာင္ရွင္ တစ္ဦးျဖစ္ၿပီး ဇနီးသည္ကလည္း ၿဗိတိန္မီဒီယာမ်ား၏ သတင္းအတုမ်ားႏွင့္ ပတ္သက္၍ နားလည္မႈ ေပးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ Mirror၏ သတင္း၌ ဟက္ဆင္သည္ ကြယ္လြန္သြားသည့္ ခ်စ္သူအမ်ိဳးသမီး ျပန္ဝင္စားသည္ဟု ယံုၾကည္သည့္ ေႁမြမတစ္ေကာင္ႏွင့္ ခ်စ္ကၽြမ္းဝင္ေနေၾကာင္း ေဖာ္ျပထားသည္။

သတင္း၌ “လူေတြေသသြားရင္ တိရစာၦန္ဘဝမွာ ျပန္ဝင္စားႏုိင္တယ္ဆိုတဲ့ ဗုဒၶဘာသာ အယူအဆကို အေျခခံၿပီး သူက ၁၀ ေပ အရွည္ရွိတဲ့ ေႁမြမတစ္ေကာင္နဲ႔ ခ်စ္ကၽြမ္းဝင္ေနတာ ျဖစ္ပါတယ္။ ဒီေႁမြက သူ႔ရည္းစားေသလုိ႔ ဝင္စားတာလို႔ ထင္မွတ္ေနပါတယ္”ဟု ေရးသားထားသည္။ အမွန္အားျဖင့္ ဟက္ဆင္သည္ အစၥလာမ္ ဘာသာဝင္ တစ္ဦးျဖစ္သည္။

“ပံုေတြက ကၽြန္ေတာ့္ပံုေတြပါ။ ဒီပံုေတြကိုသံုးၿပီး မဟုတ္တမ္းတရား လုပ္ႀကံသတင္းေတြ ဖန္တီးထားတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ကပဲ ေႁမြတစ္ေကာင္နဲ႔ လက္ထပ္ထားတယ္ ဆိုပဲ”ဟု ၎က မေက်မခ်မ္း ဆိုသည္။ အဆုိပါ သတင္းကို Mirrorထံ ေရာင္းခ်ခဲ့သည့္ Nice York သတင္းဝန္ေဆာင္မႈ ဌာနက မိမိတို႔သည္ ထုိင္းႏုိင္ငံသား ဗုဒၶဘာသာဝင္ သတင္းေထာက္ တစ္ဦးထံမွ ယင္းသတင္းရင္းျမစ္ကို ရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ အဆိုပါ သတင္းကို ထုိင္းရွိ ပံုႏွိပ္မီဒီယာ အနည္းဆံုး တစ္ခုတြင္ ေဖာ္ျပထားေၾကာင္းလည္း ၎တို႔က ေျဖရွင္းထားသည္။

“ကၽြန္ေတာ္တုိ႔ဘက္က ဆန္းစစ္မႈေတြ လုပ္ခဲ့ပါတယ္။ ဒီသတင္းရဲ႕ မွန္ကန္ႏုိင္ေျခနဲ႔ ပတ္သက္လုိ႔ေပါ့။ ထုိင္းက သတင္းေထာက္ကို ယံုၾကည္မိတာေၾကာင့္ ဒီသတင္းကို အတည္ျပဳခဲ့မိတာပါ”ဟု Nice Yorkမွ တာဝန္ရွိသူ တစ္ဦးက ဆိုသည္။

ဟက္ဆင္က လတ္တေလာတြင္ ၎သည္ ေႁမြေလးေကာင္ကို ေမြးျမဴထားေၾကာင္း၊ ေႁမြမ်ား၏ သေဘာသဘာဝကို နားလည္ေစရန္အတြက္ ၎တို႔ႏွင့္ အနီးကပ္ ေနထိုင္ေလ့လာရေၾကာင္းလည္း ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
 မြွေတစ်ကောင်နှင့် လက်ထပ်ထားကြောင်း ကမ္ဘာသိ ကောလာဟလများ ပျံ့နှံ့ခဲ့ခြင်းကို မလေးရှား မီးသတ်သမား တစ်ဦးက ငြင်းဆိုခဲ့သည်။

အဘူဇာရင်ဟက်ဆင်က ဖာဟန်းပြည်နယ်တွင် အခြားသော မီးသတ်ဝန်ထမ်းများ အနေဖြင့် မြွေများကို ဖမ်းဆီးရန် လိုအပ်လာသည့် အခြေအနေမျိုးတွင် မည်သို့မည်ပုံ ပြုမူဆောင်ရွက်သင့်ကြောင်း အကြံပေး သင်ကြားပေးသူ ဖြစ်သည်။

ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ အတင်းအဖျင်း သတင်းဌာန အချို့က ဟက်ဆင်နှင့် မြွေဟောက်တစ်ကောင်တို့ အတူရှိနေပုံများကို အသုံးပြုကာ ဟူဆင်သည် ၎င်း၏ချစ်သူ မြွေမကို လက်ထပ်ထားကြောင်း ဖော်ပြခဲ့သည်။ ထိုသတင်းကို Mirrorတွင် စတင်ဖော်ပြပြီး Daily Mailကဲ့သို့ သတင်းဌာနများကပါ လက်ဆင့်ကမ်း ရေးသားခဲ့သည်။

ဟက်ဆင်ကိုယ်တိုင်ကမူ အဆိုပါ ဓာတ်ပုံများသည် မိမိ၏ Facebook စာမျက်နှာမှ ယူဆောင်သွားခြင်းဖြစ်ပြီး မဟုတ်မမှန် ရေးသားမှုများကြောင့် စိတ်ပျက်မိကြောင်း BBCသို့ ဖွင့်ဟခဲ့သည်။ “ကျွန်တော်က မြွေတွေနဲ့ အလုပ်လုပ်နေရတဲ့သူလေဗျာ။ ပြီးတော့ အိမ်တွေထဲ မြွေဝင်နေတာမျိုးဆိုရင် ဒီမြွေတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လို ကယ်တင်ရမယ် ဆိုတာကို တခြား မီးသတ်ဝန်ထမ်းတွေကို လေ့ကျင့်ပေးရတဲ့သူပါ”ဟု ၎င်းက ဆိုသည်။

ဟက်ဆင်က မိမိသည် အိမ်ထောင်ရှင် တစ်ဦးဖြစ်ပြီး ဇနီးသည်ကလည်း ဗြိတိန်မီဒီယာများ၏ သတင်းအတုများနှင့် ပတ်သက်၍ နားလည်မှု ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ Mirror၏ သတင်း၌ ဟက်ဆင်သည် ကွယ်လွန်သွားသည့် ချစ်သူအမျိုးသမီး ပြန်ဝင်စားသည်ဟု ယုံကြည်သည့် မြွေမတစ်ကောင်နှင့် ချစ်ကျွမ်းဝင်နေကြောင်း ဖော်ပြထားသည်။

သတင်း၌ “လူတွေသေသွားရင် တိရစ္ဆာန်ဘဝမှာ ပြန်ဝင်စားနိုင်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာ အယူအဆကို အခြေခံပြီး သူက ၁၀ ပေ အရှည်ရှိတဲ့ မြွေမတစ်ကောင်နဲ့ ချစ်ကျွမ်းဝင်နေတာ ဖြစ်ပါတယ်။ ဒီမြွေက သူ့ရည်းစားသေလို့ ဝင်စားတာလို့ ထင်မှတ်နေပါတယ်”ဟု ရေးသားထားသည်။ အမှန်အားဖြင့် ဟက်ဆင်သည် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သည်။

“ပုံတွေက ကျွန်တော့်ပုံတွေပါ။ ဒီပုံတွေကိုသုံးပြီး မဟုတ်တမ်းတရား လုပ်ကြံသတင်းတွေ ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျွန်တော်ကပဲ မြွေတစ်ကောင်နဲ့ လက်ထပ်ထားတယ် ဆိုပဲ”ဟု ၎င်းက မကျေမချမ်း ဆိုသည်။ အဆိုပါ သတင်းကို Mirrorထံ ရောင်းချခဲ့သည့် Nice York သတင်းဝန်ဆောင်မှု ဌာနက မိမိတို့သည် ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာဝင် သတင်းထောက် တစ်ဦးထံမှ ယင်းသတင်းရင်းမြစ်ကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ သတင်းကို ထိုင်းရှိ ပုံနှိပ်မီဒီယာ အနည်းဆုံး တစ်ခုတွင် ဖော်ပြထားကြောင်းလည်း ၎င်းတို့က ဖြေရှင်းထားသည်။

“ကျွန်တော်တို့ဘက်က ဆန်းစစ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းရဲ့ မှန်ကန်နိုင်ခြေနဲ့ ပတ်သက်လို့ပေါ့။ ထိုင်းက သတင်းထောက်ကို ယုံကြည်မိတာကြောင့် ဒီသတင်းကို အတည်ပြုခဲ့မိတာပါ”ဟု Nice Yorkမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဟက်ဆင်က လတ်တလောတွင် ၎င်းသည် မြွေလေးကောင်ကို မွေးမြူထားကြောင်း၊ မြွေများ၏ သဘောသဘာဝကို နားလည်စေရန်အတွက် ၎င်းတို့နှင့် အနီးကပ် နေထိုင်လေ့လာရကြောင်းလည်း ပြောကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top