Property Expo
×

အီလက္ထရြန္းနစ္ပစၥည္းေတြက လူတစ္ေယာက္ရဲ႕ အိပ္ေပ်ာ္ျခင္းကို သိသိသာသာကို ထိခိုက္ေစႏုိင္ပါတယ္။ အရင္က ကၽြန္မတို႔ သိထားတာက ညမအိပ္ခင္အခ်ိန္အထိဖုန္းေတြ၊ ကြန္ျပဴတာေတြသုံးေနမယ္ဆုိရင္ အိပ္စက္ျခင္းကုိ ထိခုိက္ေစမယ္လို႔ သိထားတာပါ။ အခုသုေတသီေတြရဲ႕ ေတြ႔ရွိမႈအသစ္အရ အိပ္စက္ျခင္းကုိ ထိခုိက္ေစႏုိင္တာ သင့္ရဲ႕ဖုန္း၊ ကြန္ျပဴတာမ်က္ႏွာျပင္က ထြက္တဲ့အလင္းေရာင္တစ္ခုတည္း မဟုတ္ပါဘူး။

ဟန္းဖုန္းေတြ၊ ကြန္ျပဴတာေတြက အသုံးျပဳေနစဥ္မွာတင္ မဟုတ္ဘဲ မသုံးဘဲထားတဲ့ အခ်ိန္ေတြမွာလည္း အေႏွာင့္အယွက္ျဖစ္ေစပါတယ္လုိ႔ သုေတသနအသစ္အရေတြ႔ရွိခဲ့ပါတယ္။ ဒီအီလက္ထရြန္နစ္အမ်ဳိးအစားေတြက အိပ္စက္ခ်ိန္ပမာဏကုိသာမက အိပ္စက္မႈအရည္အေသြးကိုလည္း ဆုိးက်ဳိးျဖစ္ေစႏုိင္တယ္လို႔ ဆုိပါတယ္။

အဓိကအားျဖင့္ အိပ္တဲ့ေနရာနဲ႔ အနီးဆုံးပတ္ဝန္းက်င္မွာ ဖုန္း သို႔မဟုတ္ ကြန္ျပဴတာတစ္လုံးလုံးရွိေနမယ္ဆိုရင္ ကေလး ၇၂%၊ လူၾကီး ၈၉%ကုိ ႏွစ္ႏွစ္ျခိဳက္ျခဳိက္အိပ္ေပ်ာ္ေစဖုိ႔ ခက္ခဲေစပါတယ္။ King’s College London က ဇီဝကမၼေဗဒ စာရင္းဆုိင္ရာအၾကီးတန္းကထိက Dr. Ben Carter နဲ႔အဖြဲ႔က အီလက္ထရြန္းနစ္ပစၥည္းေတြရဲ႕ အက်ဳိးဆက္ကုိ ရာေပါင္းမ်ားစြာေသာျဖစ္ရပ္မ်ားကုိ ေလ့လာခဲ့ရာက အထူးသျဖင့္ အသက္ ၆ႏွစ္နဲ႔ ၁၉ ႏွစ္ၾကားလူငယ္ေတြရဲ႕ အိပ္စက္ျခင္းပုံစံကို ပုိျပီးသိသိသာသာထိခိုက္ ေစႏုိင္တာကို ေတြ႔ရွိခဲ့ပါတယ္။

ဖုန္း၊ကြန္ျပဴတာေတြက ထြက္တဲ့အသံနဲ႔ အလင္းေရာင္ေၾကာင့္တင္မကဘဲ အိပ္ခန္းထဲမွာ ဒီပစၥည္းကိရိယာေတြ ရွိေနတာနဲ႔တင္ လန္႔လန္႔ႏုိးျခင္း၊ အိပ္မေပ်ာ္ျဖစ္ေစျခင္းေတြျဖစ္ေစႏုိင္တာေၾကာင့္ အိပ္ေရးမဝျခင္းကို ျဖစ္ေစႏုိင္ပါတယ္။ အိပ္ေရးမဝျခင္းက က်န္းမာေရးျပႆနာေတြရဲ႕ အဓိကရင္းျမစ္ျဖစ္တတ္တာေၾကာင့္ အိပ္ေရးဝဝႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္လိုသူမ်ားအေနနဲ႔ အိပ္ခန္းထဲကိုျဖစ္ျဖစ္၊ အိပ္ယာအနီးမွာျဖစ္ျဖစ္ ဖုန္းေတြ၊ လက္ေတာ့ပ္ေတြကို ထားမအိပ္ဖုိ႔ သုေတသီေတြက အၾကံျပဳထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အီလက်ထရွန်းနစ်ပစ္စည်းတွေက လူတစ်ယောက်ရဲ့ အိပ်ပျော်ခြင်းကို သိသိသာသာကို ထိခိုက်စေနိုင်ပါတယ်။ အရင်က ကျွန်မတို့ သိထားတာက ညမအိပ်ခင်အချိန်အထိဖုန်းတွေ၊ ကွန်ပြူတာတွေသုံးနေမယ်ဆိုရင် အိပ်စက်ခြင်းကို ထိခိုက်စေမယ်လို့ သိထားတာပါ။ အခုသုတေသီတွေရဲ့ တွေ့ရှိမှုအသစ်အရ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တာ သင့်ရဲ့ဖုန်း၊ ကွန်ပြူတာမျက်နှာပြင်က ထွက်တဲ့အလင်းရောင်တစ်ခုတည်း မဟုတ်ပါဘူး။

ဟန်းဖုန်းတွေ၊ ကွန်ပြူတာတွေက အသုံးပြုနေစဉ်မှာတင် မဟုတ်ဘဲ မသုံးဘဲထားတဲ့ အချိန်တွေမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်လို့ သုတေသနအသစ်အရတွေ့ရှိခဲ့ပါတယ်။ ဒီအီလက်ထရွန်နစ်အမျိုးအစားတွေက အိပ်စက်ချိန်ပမာဏကိုသာမက အိပ်စက်မှုအရည်အသွေးကိုလည်း ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် အိပ်တဲ့နေရာနဲ့ အနီးဆုံးပတ်ဝန်းကျင်မှာ ဖုန်း သို့မဟုတ် ကွန်ပြူတာတစ်လုံးလုံးရှိနေမယ်ဆိုရင် ကလေး ၇၂%၊ လူကြီး ၈၉%ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ခက်ခဲစေပါတယ်။ King’s College London က ဇီဝကမ္မဗေဒ စာရင်းဆိုင်ရာအကြီးတန်းကထိက Dr. Ben Carter နဲ့အဖွဲ့က အီလက်ထရွန်းနစ်ပစ္စည်းတွေရဲ့ အကျိုးဆက်ကို ရာပေါင်းများစွာသောဖြစ်ရပ်များကို လေ့လာခဲ့ရာက အထူးသဖြင့် အသက် ၆နှစ်နဲ့ ၁၉ နှစ်ကြားလူငယ်တွေရဲ့ အိပ်စက်ခြင်းပုံစံကို ပိုပြီးသိသိသာသာထိခိုက် စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ဖုန်း၊ကွန်ပြူတာတွေက ထွက်တဲ့အသံနဲ့ အလင်းရောင်ကြောင့်တင်မကဘဲ အိပ်ခန်းထဲမှာ ဒီပစ္စည်းကိရိယာတွေ ရှိနေတာနဲ့တင် လန့်လန့်နိုးခြင်း၊ အိပ်မပျော်ဖြစ်စေခြင်းတွေဖြစ်စေနိုင်တာကြောင့် အိပ်ရေးမဝခြင်းကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးမဝခြင်းက ကျန်းမာရေးပြဿနာတွေရဲ့ အဓိကရင်းမြစ်ဖြစ်တတ်တာကြောင့် အိပ်ရေးဝဝနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုသူများအနေနဲ့ အိပ်ခန်းထဲကိုဖြစ်ဖြစ်၊ အိပ်ယာအနီးမှာဖြစ်ဖြစ် ဖုန်းတွေ၊ လက်တော့ပ်တွေကို ထားမအိပ်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top