Property Expo
×

ေခတ္သစ္ကမာၻၾကီးမွာ နည္းပညာတုိးတက္လာတာနဲ႔အမွ် အႏၱရာယ္ေပးႏုိင္တဲ့ အရာေတြကလည္း အလားတူတုိးတက္မ်ားျပားလာပါတယ္။ ေန႔စဥ္နဲ႔အမွ်ဆုိသလုိ အဆိပ္ျဖစ္ေစႏုိင္တဲ့ ဓာတုပစၥည္းအမ်ဳိးမ်ဳိးကို နည္းလမ္းမ်ဳိးစုံနဲ႔ ကိုင္တြယ္ထိေတြ႔ေနရတတ္ပါတယ္။ ဒီလိုပဲ သင့္အိမ္တြင္းမွာလည္း ဓာတုအဆိပ္ျဖစ္ေစျပီး ကင္ဆာေရာဂါျဖစ္ပြားေစႏုိင္တဲ့ အိမ္သုံးပစၥည္းေတြရွိေနတတ္ပါတယ္။ၾကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ေကာင္း၏ ဆုိတဲ့ စကားအတုိင္း ဒီအိမ္သုံးပစၥည္းေတြကုိ သဘာဝပစၥည္းေတြနဲ႔ လဲလွယ္သုံးစြဲျခင္းအားျဖင့္ ျဖစ္ပြားလာႏုိင္တဲ့ ေရာဂါေတြကို ကာကြယ္ႏုိ္င္ၾကမွာ ျဖစ္ပါတယ္။

Non-stick (အိုးမကပ္တဲ့)အိုးမ်ား

ဆီနည္းနည္းပဲ အသုံးျပဳရန္လိုျပီး အုိးမကပ္တဲ့ Non-stick ပစၥည္းေတြက ခ်က္ျပဳတ္ေနခ်ိန္မွာ ဓာတုအဆိပ္ေတြထုတ္ေပးတာကို ေတြ႔ရွိခဲ့ၾကပါတယ္။Non-stick အုိးကို အပူေပးလိုက္တဲ့အခါမွာ အေပၚယံအကာေတြကစျပီး ျပဳိကြဲလာကာ အဆိပ္မႈန္ေလးေတြအျဖစ္ထုတ္ေပးပါတယ္။ဒါေၾကာင့္ ဒီအိုးေတြအစား ေျမအိုး၊ဒန္အိုးနဲ႔ စတီးအိုးေတြကို အသုံးျပဳသင့္ပါတယ္။

အခ်ဳိခဲအတုမ်ား

လူအမ်ားစုက အျမင္လွေအာင္ ဖန္တီးထားတတ္တဲ့ ေဖြးျဖဴေနတဲ့ အခ်ဳိခဲအတုေတြကို သုံးေလ့ရွိၾကပါတယ္။အခ်ဳိခဲအတုေတြက အၾကိတ္၊အေရျပား၊ဆီးအိတ္ကင္ဆာေတြကို ျဖစ္ေစႏုိင္သလုိ ကုိယ္ဝန္ေဆာင္ေတြကို အမ်ားဆုံး ထိခုိက္ေစႏုိ္င္ပါတယ္။ဒါေၾကာင့္ သဘာဝအတိုင္း အစြန္းခၽြတ္မထားတဲ့ သၾကားမ်ဳိးကိုပဲ အသုံးျပဳသင့္ပါတယ္။

ပလတ္စတစ္ဘူးနဲ႔ခြက္မ်ား

ပလတ္စတစ္အသုံးအေဆာင္ထဲထည့္ထားတဲ့ အစားအေသာက္တစ္ခုခုကို စားသုံးမိရင္ ပလတ္စတစ္ထဲက bisphenol လို႔ေခၚတဲ့ ဓာတုပစၥည္းေတြက ပါးစပ္ထဲကုိ ေရာက္ရွိသြားႏုိင္ပါတယ္။၄င္းက ဦးေႏွာက္၊ဆီးၾကိတ္ကင္ဆာစတဲ့ ဆုိးရြားတဲ့ က်န္းမာေရးျပႆနာေတြကို ျဖစ္ေစႏုိင္သလို ကေလးငယ္ေတြမွာ ပိုျပီးသိသာတဲ့ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစႏုိင္ပါတယ္။ဒါေၾကာင့္ ပလတ္စတစ္ဘူး၊ခြက္ေတြနဲ႔ အစားအစာထည့္ျခင္းကို အတတ္ႏုိင္ဆုံး ေရွာင္ၾကဥ္ဖို႔လုိပါတယ္။

ေလထုသန္႔စင္ေဆး(Air Fresheners)

အိမ္တြင္းကမေကာင္းတဲ့အနံ႔ဆုိးေတြဖယ္ရွားျပီး ေမႊးပ်ံေနေစဖုိ႔သုံးတဲ့ ေလထုသန္႔စင္ေဆးေတြကထုတ္ေပးတဲ့ အေငြ႔က ေဆးလိပ္ေငြ႔ထက္ ပိုေၾကာက္စရာေကာင္းတယ္ဆုိတာကို မၾကာမီက သုေတသနတစ္ခုက သက္ေသျပခဲ့ပါတယ္။ အနိမ့္ဆုံးအားျဖင့္ ၄င္းက အသက္ရွဴလမ္းေၾကာင္း ျပႆနာေတြျဖစ္တဲ့ ပန္းနာရင္ၾကပ္ေရာဂါနဲ႔ ေဟာ္မုန္း မညီမွ်ျခင္းေတြကို ျဖစ္ေစတယ္လို႔ ဆုိပါတယ္။

စီးပြားျဖစ္ သန္႔ရွင္းေရးသုံးပစၥည္းေတြ

အမ်ားအားျဖင့္ သန္႔ရွင္းေရးသုံး ပစၥည္းေတြကို အိမ္ရဲ႕အစိတ္အပို္င္းေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳရပါတယ္။ျပတင္းေပါက္ေတြ၊ လက္ေဆးကန္ေတြ၊ေရခ်ဳိးခန္းေတြမွာရွိတဲ့ ဘက္တီးရီးယားပိုးမႊားေတြကို ေသေစဖို႔အသုံးျပဳတဲ့ သန္႔ရွင္းေရးပစၥည္းေတြမွာ ေဟာ္မုန္းမညီမွ်မႈကို ျဖစ္ေစတဲ့ ဓာတ္ေတြ၊ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ျဖစ္ေစႏုိင္ျပီး အသုံးျပဳတာမ်ားလာတာနဲ႔ အမွ်ကင္ဆာေရာဂါကို ျဖစ္ေစႏုိင္တဲ့ ဓာတုပစၥည္းေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ခေတ်သစ်ကမ္ဘာကြီးမှာ နည်းပညာတိုးတက်လာတာနဲ့အမျှ အန္တရာယ်ပေးနိုင်တဲ့ အရာတွေကလည်း အလားတူတိုးတက်များပြားလာပါတယ်။ နေ့စဉ်နဲ့အမျှဆိုသလို အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းအမျိုးမျိုးကို နည်းလမ်းမျိုးစုံနဲ့ ကိုင်တွယ်ထိတွေ့နေရတတ်ပါတယ်။ ဒီလိုပဲ သင့်အိမ်တွင်းမှာလည်း ဓာတုအဆိပ်ဖြစ်စေပြီး ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ အိမ်သုံးပစ္စည်းတွေရှိနေတတ်ပါတယ်။ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်း၏ ဆိုတဲ့ စကားအတိုင်း ဒီအိမ်သုံးပစ္စည်းတွေကို သဘာဝပစ္စည်းတွေနဲ့ လဲလှယ်သုံးစွဲခြင်းအားဖြင့် ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။

Non-stick (အိုးမကပ်တဲ့)အိုးများ

ဆီနည်းနည်းပဲ အသုံးပြုရန်လိုပြီး အိုးမကပ်တဲ့ Non-stick ပစ္စည်းတွေက ချက်ပြုတ်နေချိန်မှာ ဓာတုအဆိပ်တွေထုတ်ပေးတာကို တွေ့ရှိခဲ့ကြပါတယ်။Non-stick အိုးကို အပူပေးလိုက်တဲ့အခါမှာ အပေါ်ယံအကာတွေကစပြီး ပြိုကွဲလာကာ အဆိပ်မှုန်လေးတွေအဖြစ်ထုတ်ပေးပါတယ်။ဒါကြောင့် ဒီအိုးတွေအစား မြေအိုး၊ဒန်အိုးနဲ့ စတီးအိုးတွေကို အသုံးပြုသင့်ပါတယ်။

အချိုခဲအတုများ

လူအများစုက အမြင်လှအောင် ဖန်တီးထားတတ်တဲ့ ဖွေးဖြူနေတဲ့ အချိုခဲအတုတွေကို သုံးလေ့ရှိကြပါတယ်။အချိုခဲအတုတွေက အကြိတ်၊အရေပြား၊ဆီးအိတ်ကင်ဆာတွေကို ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်တွေကို အများဆုံး ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် သဘာဝအတိုင်း အစွန်းချွတ်မထားတဲ့ သကြားမျိုးကိုပဲ အသုံးပြုသင့်ပါတယ်။

ပလတ်စတစ်ဘူးနဲ့ခွက်များ

ပလတ်စတစ်အသုံးအဆောင်ထဲထည့်ထားတဲ့ အစားအသောက်တစ်ခုခုကို စားသုံးမိရင် ပလတ်စတစ်ထဲက bisphenol လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေက ပါးစပ်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။၎င်းက ဦးနှောက်၊ဆီးကြိတ်ကင်ဆာစတဲ့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို ကလေးငယ်တွေမှာ ပိုပြီးသိသာတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ပလတ်စတစ်ဘူး၊ခွက်တွေနဲ့ အစားအစာထည့်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့လိုပါတယ်။

လေထုသန့်စင်ဆေး(Air Fresheners)

အိမ်တွင်းကမကောင်းတဲ့အနံ့ဆိုးတွေဖယ်ရှားပြီး မွှေးပျံနေစေဖို့သုံးတဲ့ လေထုသန့်စင်ဆေးတွေကထုတ်ပေးတဲ့ အငွေ့က ဆေးလိပ်ငွေ့ထက် ပိုကြောက်စရာကောင်းတယ်ဆိုတာကို မကြာမီက သုတေသနတစ်ခုက သက်သေပြခဲ့ပါတယ်။ အနိမ့်ဆုံးအားဖြင့် ၎င်းက အသက်ရှူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါနဲ့ ဟော်မုန်း မညီမျှခြင်းတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

စီးပွားဖြစ် သန့်ရှင်းရေးသုံးပစ္စည်းတွေ

အများအားဖြင့် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို အိမ်ရဲ့အစိတ်အပိုင်းတော်တော်များများမှာ အသုံးပြုရပါတယ်။ပြတင်းပေါက်တွေ၊ လက်ဆေးကန်တွေ၊ရေချိုးခန်းတွေမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေဖို့အသုံးပြုတဲ့ သန့်ရှင်းရေးပစ္စည်းတွေမှာ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ ဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပြီး အသုံးပြုတာများလာတာနဲ့ အမျှကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top