Kantharyar Centre
×


တုိက္ပြဲမ်ားေၾကာင့္ ရက္သတၱပတ္ၾကာ ရပ္ဆုိင္းခဲ့ သည့္ မူဆယ္ ၁၀၅ မိုင္ ကုန္ သြယ္ေရးဇုန္ကုန္သြယ္မႈလုပ္ငန္း မ်ားကို ႏုိ၀င္ဘာ ၂၉ ရက္တြင္  ျပန္လည္စတင္မည္ျဖစ္ေၾကာင္း  ရွမ္းျပည္နယ္အစုိးရအဖြဲ႕မွ သတင္းရရွိသည္။

မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ ေရးဇုန္အတြင္း ဘဏ္မ်ားျပန္ လည္ဖြင့္လွစ္မည္ျဖစ္သကဲ့သုိ႔ အ ေကာက္ခြန္၊ စီးပြားကူးသန္းစ သည့္ အျခားဌာနဆုိင္ရာမ်ားအ ေနျဖင့္ ပုိ႔ကုန္၊ သြင္းကုန္လုပ္ငန္း မ်ားကို One Stop Services စနစ္ ျဖင့္ ပုံမွန္အတုိင္းျပန္လည္လုပ္ ကုိင္မည္ဟုရွမ္းျပည္နယ္အစုိးရ အဖြဲ႕စီမံကိန္းႏွင့္ စီးပြားေရး၀န္ ႀကီးဦးစုိးၫြန္႔လြင္က ေျပာသည္။

‘‘မနက္ျဖန္ကစၿပီး ၁၀၅မုိင္ မွာ ဘဏ္ေတြပုံမွန္အတုိင္းျပန္ဖြင့္ ပါၿပီ။ ဌာနေပါင္းစုံကလည္းမနက္ ျဖန္ကစၿပီး သြင္းကုန္ထုတ္ကုန္နဲ႔ ကုန္သြယ္ေရး လုပ္ငန္းေတြကို OSS(One Stop Services)စနစ္ နဲ႔ ေဆာင္ရြက္ေပးေနၿပီျဖစ္ပါ တယ္’’ဟု ဦးစုိးၫြန္႔လြင္က ေျပာ သည္။ႏုိ၀င္ဘာ ၂၀ရက္မွစတင္၍ ရွမ္းျပည္နယ္ေျမာက္ပုိင္းမူဆယ္ ႏွင့္ ကြတ္ခုိင္ၿမိဳ႕နယ္ရွိ တပ္စခန္းမ်ား၊ ရဲတပ္ဖြဲ႕စခန္းမ်ားႏွင့္ ၁၀၅မုိင္ကုန္သြယ္ေရးစခန္းကို KIA၊ TNLA၊ MNDAAႏွင့္ AAတုိ႔ ပူးေပါင္းထားသည့္ ေျမာက္ပုိင္းမဟာမိတ္တပ္ေပါင္းစုပူးေပါင္းအဖြဲ႕မ်ားက ၀င္ေရာက္တုိက္ခုိက္ခဲ့ရာမႏၲေလး-မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္း ကုန္စည္စီးဆင္းမႈေခတၱျပတ္ေတာက္ခဲ့ၿပီး မူဆယ္၁၀၅ မုိင္ကုန္သြယ္ေရးဇုန္ရွိ ကုန္သြယ္ေရးလုပ္ငန္းမ်ား ရပ္ဆုိင္းခဲ့သည္။

ႏုိ၀င္ဘာ ၂၅ရက္မွစတင္၍ ၁၀၅ မုိင္ကုန္သြယ္ေရးဇုန္တြင္ ကုန္သြယ္ေရးလုပ္ငန္းမ်ားျပန္ လည္လုပ္ကုိင္ခဲ့ၿပီး ႏုိ၀င္ဘာ ၂၈ ရက္၌ ၁၀၅မုိင္ကုန္သြယ္ေရးဇုန္အတြင္း အေမရိကန္ေဒၚလာ ၃ ဒသမ၃သန္းေက်ာ္ဖုိးကုန္သြယ္ခဲ့သည္ဟု ရွမ္းျပည္နယ္အစုိးရအ ဖြဲ႕က ဆုိသည္။

သုိ႔ေသာ္ဘဏ္မ်ားပုံမွန္အ တိုင္းဖြင့္လွစ္ႏုိင္ျခင္းမရွိေသး၍ ေငြေၾကးအလႊဲအေျပာင္းလုပ္ငန္း မ်ားကို မူဆယ္ၿမိဳ႕အထိ သြား ေရာက္ လုပ္ေဆာင္ေနရေသာ ေၾကာင့္ ဘဏ္မ်ားကိုပုံမွန္အတုိင္း ျပန္လည္ဖြင့္လွစ္ျခင္းျဖစ္သည္ဟု ရွမ္းျပည္နယ္အစုိးရအဖြဲ႕စီမံကိန္း ႏွင့္ စီးပြားေရး၀န္ႀကီးဦးစုိးၫြန္႔ လြင္ကေျပာသည္။

‘‘ကုန္သြယ္ေရးအေျခအေန ကေတာ့ ေတာ္ေတာ္ေလးျပန္ ေကာင္းေနပါၿပီ။ လမ္းေၾကာင္း တစ္ေလွ်ာက္ ကားေတြလည္း တက္လာေနၾကၿပီ။ သစ္သီး၀လံအေနနဲ႔ကေတာ့ ဒီဇင္ဘာ ၁ရက္မွ ၁၀၅ မုိင္ဇုန္မွာ ျပန္္အေရာင္းအ ၀ယ္လုပ္ၾကမယ္။ အခုထိေတာ့ တ႐ုတ္ျပည္၀မ္တိန္ဘက္ထိသြား ၿပီးေရာင္းေနၾကတုန္းပဲ’’ဟု မူဆယ္သစ္သီးဒုိင္ ဥကၠ႒ ဦးစုိင္း ေမာင္ၫြန္႔ကေျပာသည္။

ႏုိဝင္ဘာ ၂၅ ရက္တြင္ ကုန္သြယ္ေရးလုပ္ငန္းမ်ား ျပန္ လည္စတင္ရာ ႏုိဝင္ဘာ ၂၆ ရက္၌ ကုန္တင္ယာဥ္အစီးေရ တစ္ရာေက်ာ္၊ ၂၇ ရက္တြင္ ကုန္တင္ယာဥ္ ႏွစ္ရာေက်ာ္၊ ၂၈ ရက္တြင္ ကုန္တင္ယာဥ္ ငါးရာခန္႔ ေန႔စဥ္ဝင္ေရာက္မႈ တိုးျမင့္လာေၾကာင္း မူဆယ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနစာရင္းမ်ားအရ သိရသည္။

‘‘တက္လာပါတယ္။ အရင္ က ပို႔ကုန္သြင္းကုန္ကားအစီးေရ ရွစ္ရာနဲ႔ တစ္ေထာင္ၾကားရွိတယ္။ အဲဒီေလာက္ကိုေတာ့ မမီေသး ဘူး။ အခုက ေလးရာဝန္းက်င္ပဲရွိေသးတယ္။ ပံုမွန္အေနအထားရဲ႕ ထက္ဝက္ေလာက္ကို ေရာက္လာပါၿပီ’’ ဟု မူဆယ္ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ဦးစီးအရာရွိ ဦးေဇာ္မင္းက ေျပာၾကားသည္။

     ‘‘တို႔လည္း မနက္ျဖန္ ျပန္ ဆင္းမွာ။ ကုန္ကရၿပီးသား။ အရင္ရက္က လမ္းေၾကာက ပိတ္ေနလို႔။ အခုေတာ့ ေတာ္ေတာ္အဆင္ေျပ ေနၿပီ။ သံုးရက္ရွိၿပီ ဘာသံမွ မ ၾကားေတာ့တာ။ ကုန္ကားေတြ လည္း ဆင္းတဲ့ ကားေတြလည္း ဆင္းကုန္ၿပီ။ တက္တဲ့ကားေတြ လည္း တက္လာေနၿပီ။ အခု ပံုမွန္ အေနအထားဆို အရင္တုန္းကလို စိတ္သန္႔သန္႔နဲ႔ မသြားၾကေသးဘူးေပါ့။ ၾကည့္႐ႈၿပီး သြားၾကရတာေပါ့။ လမ္းေၾကာင္း လံုၿခံဳေရးအေျခအေနက ေကာင္းတယ္လို႔ ေျပာတယ္။ လမ္းမွာ စစ္တပ္ေတြ ေတာက္ေလွ်ာက္ခ်ထားတယ္လို႔ ေျပာတယ္။ အသြားအလာေတြ သြားလာေနၾကၿပီ’’ ဟု ကုန္တင္ ယာဥ္ေမာင္း ကိုအငယ္ေလးက ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားက နယ္ေျမလံုၿခံဳေရးအေျခအေနအ ရ ျမန္မာ-တ႐ုတ္နယ္စပ္မူဆယ္ ေဒသတြင္ ကုန္တင္ယာဥ္အစီးေရ ေထာင္ခ်ီပိတ္မိခဲ့သည္။ လက္ရွိ တြင္ မူဆယ္-လား႐ိႈးျပည္ေထာင္ စုလမ္းမေပၚ၌ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား၏ ကင္းစခန္းမ်ား ေတာက္ေလွ်ာက္ခ်ထား၍ လံုၿခံဳ ေရးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

မူဆယ္ နယ္စပ္ကုန္သြယ္ ေရးဇုန္သည္ ျမန္မာႏုိင္ငံ၏ အ ႀကီးဆုံးနယ္စပ္ကုန္သြယ္ေရးဇုန္ ျဖစ္ၿပီး ႏွစ္ႏုိင္ငံၾကားေန႔စဥ္ကုန္သြယ္မႈ တန္ဖုိးအေမရိကန္ေဒၚလာ ၁၀ သန္းခန္႔ရွိသည္ဟု စီးပြားကူးသန္း ၀န္ႀကီးဌာနမွသတင္းရရွိသည္။လက္ရွိတြင္ မႏၲေလး- မူ ဆယ္နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္းတစ္ေလွ်ာက္ လုံၿခဳံေရး အတြက္တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ ျပည္သူ႔စစ္မ်ားလုံၿခဳံေရးတာ၀န္ ယူထားၿပီး အမ်ားျပည္သူစိတ္ပူ ပင္ရန္မလုိဘဲ ျပန္လည္ကုန္သြယ္ ႏုိင္ၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အစုိးရအဖြဲ႕စီမံကိန္းႏွင့္ စီးပြား ေရး၀န္ႀကီးဦးစုိးၫြန္႔လြင္ကေျပာ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 တိုက်ပွဲများကြောင့် ရက်သတ္တပတ်ကြာ ရပ်ဆိုင်းခဲ့ သည့် မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်ကုန်သွယ်မှုလုပ်ငန်း များကို နိုဝင်ဘာ ၂၉ ရက်တွင်  ပြန်လည်စတင်မည်ဖြစ်ကြောင်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်အတွင်း ဘဏ်များပြန် လည်ဖွင့်လှစ်မည်ဖြစ်သကဲ့သို့ အ ကောက်ခွန်၊ စီးပွားကူးသန်းစ သည့် အခြားဌာနဆိုင်ရာများအ နေဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များကို One Stop Services စနစ် ဖြင့် ပုံမှန်အတိုင်းပြန်လည်လုပ် ကိုင်မည်ဟုရှမ်းပြည်နယ်အစိုးရ အဖွဲ့စီမံကိန်းနှင့် စီးပွားရေးဝန် ကြီးဦးစိုးညွန့်လွင်က ပြောသည်။

‘‘မနက်ဖြန်ကစပြီး ၁၀၅မိုင် မှာ ဘဏ်တွေပုံမှန်အတိုင်းပြန်ဖွင့် ပါပြီ။ ဌာနပေါင်းစုံကလည်းမနက် ဖြန်ကစပြီး သွင်းကုန်ထုတ်ကုန်နဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို OSS(One Stop Services)စနစ် နဲ့ ဆောင်ရွက်ပေးနေပြီဖြစ်ပါ တယ်’’ဟု ဦးစိုးညွန့်လွင်က ပြော သည်။နိုဝင်ဘာ ၂၀ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ် နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅မိုင်ကုန်သွယ်ရေးစခန်းကို KIA၊ TNLA၊ MNDAAနှင့် AAတို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်စည်စီးဆင်းမှုခေတ္တပြတ်တောက်ခဲ့ပြီး မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

နိုဝင်ဘာ ၂၅ရက်မှစတင်၍ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်ရေးလုပ်ငန်းများပြန် လည်လုပ်ကိုင်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်၌ ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ၃သန်းကျော်ဖိုးကုန်သွယ်ခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရအ ဖွဲ့က ဆိုသည်။

သို့သော်ဘဏ်များပုံမှန်အ တိုင်းဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ငွေကြေးအလွှဲအပြောင်းလုပ်ငန်း များကို မူဆယ်မြို့အထိ သွား ရောက် လုပ်ဆောင်နေရသော ကြောင့် ဘဏ်များကိုပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဦးစိုးညွန့် လွင်ကပြောသည်။

‘‘ကုန်သွယ်ရေးအခြေအနေ ကတော့ တော်တော်လေးပြန် ကောင်းနေပါပြီ။ လမ်းကြောင်း တစ်လျှောက် ကားတွေလည်း တက်လာနေကြပြီ။ သစ်သီးဝလံအနေနဲ့ကတော့ ဒီဇင်ဘာ ၁ရက်မှ ၁၀၅ မိုင်ဇုန်မှာ ပြန်အရောင်းအ ဝယ်လုပ်ကြမယ်။ အခုထိတော့ တရုတ်ပြည်ဝမ်တိန်ဘက်ထိသွား ပြီးရောင်းနေကြတုန်းပဲ’’ဟု မူဆယ်သစ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုင်း မောင်ညွန့်ကပြောသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ပြန် လည်စတင်ရာ နိုဝင်ဘာ ၂၆ ရက်၌ ကုန်တင်ယာဉ်အစီးရေ တစ်ရာကျော်၊ ၂၇ ရက်တွင် ကုန်တင်ယာဉ် နှစ်ရာကျော်၊ ၂၈ ရက်တွင် ကုန်တင်ယာဉ် ငါးရာခန့် နေ့စဉ်ဝင်ရောက်မှု တိုးမြင့်လာကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနစာရင်းများအရ သိရသည်။

‘‘တက်လာပါတယ်။ အရင် က ပို့ကုန်သွင်းကုန်ကားအစီးရေ ရှစ်ရာနဲ့ တစ်ထောင်ကြားရှိတယ်။ အဲဒီလောက်ကိုတော့ မမီသေး ဘူး။ အခုက လေးရာဝန်းကျင်ပဲရှိသေးတယ်။ ပုံမှန်အနေအထားရဲ့ ထက်ဝက်လောက်ကို ရောက်လာပါပြီ’’ ဟု မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောကြားသည်။

     ‘‘တို့လည်း မနက်ဖြန် ပြန် ဆင်းမှာ။ ကုန်ကရပြီးသား။ အရင်ရက်က လမ်းကြောက ပိတ်နေလို့။ အခုတော့ တော်တော်အဆင်ပြေ နေပြီ။ သုံးရက်ရှိပြီ ဘာသံမှ မ ကြားတော့တာ။ ကုန်ကားတွေ လည်း ဆင်းတဲ့ ကားတွေလည်း ဆင်းကုန်ပြီ။ တက်တဲ့ကားတွေ လည်း တက်လာနေပြီ။ အခု ပုံမှန် အနေအထားဆို အရင်တုန်းကလို စိတ်သန့်သန့်နဲ့ မသွားကြသေးဘူးပေါ့။ ကြည့်ရှုပြီး သွားကြရတာပေါ့။ လမ်းကြောင်း လုံခြုံရေးအခြေအနေက ကောင်းတယ်လို့ ပြောတယ်။ လမ်းမှာ စစ်တပ်တွေ တောက်လျှောက်ချထားတယ်လို့ ပြောတယ်။ အသွားအလာတွေ သွားလာနေကြပြီ’’ ဟု ကုန်တင် ယာဉ်မောင်း ကိုအငယ်လေးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက နယ်မြေလုံခြုံရေးအခြေအနေအ ရ မြန်မာ-တရုတ်နယ်စပ်မူဆယ် ဒေသတွင် ကုန်တင်ယာဉ်အစီးရေ ထောင်ချီပိတ်မိခဲ့သည်။ လက်ရှိ တွင် မူဆယ်-လားရှိုးပြည်ထောင် စုလမ်းမပေါ်၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ကင်းစခန်းများ တောက်လျှောက်ချထား၍ လုံခြုံ ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မူဆယ် နယ်စပ်ကုန်သွယ် ရေးဇုန်သည် မြန်မာနိုင်ငံ၏ အ ကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်ပြီး နှစ်နိုင်ငံကြားနေ့စဉ်ကုန်သွယ်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ရှိသည်ဟု စီးပွားကူးသန်း ဝန်ကြီးဌာနမှသတင်းရရှိသည်။လက်ရှိတွင် မန္တလေး- မူ ဆယ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းတစ်လျှောက် လုံခြုံရေး အတွက်တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များလုံခြုံရေးတာဝန် ယူထားပြီး အများပြည်သူစိတ်ပူ ပင်ရန်မလိုဘဲ ပြန်လည်ကုန်သွယ် နိုင်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီးဦးစိုးညွန့်လွင်ကပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top