လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ကင္ဆာေၾကာင့္ ေသဆံုးမႈသည္ အမ်ဳိးသမီးမ်ားတြင္ ျမင့္တက္လာေနၿပီး ၂၀၃၀ ျပည့္ႏွစ္မတိုင္မီ တစ္ႏွစ္လွ်င္ အမ်ဳိးသမီး ၅ ဒသမ ၅ သန္းခန္႔ ေသဆံုးႏုိင္သည္ဟု ေဖာ္ျပခဲ့သည္။
အေမရိကန္ ကင္ဆာအသင္း American Cancer Society (ACS) က ျပဳလုပ္ခဲ့ေသာ သုေတသနတြင္ ႏွစ္ ၂၀ အတြင္း ကင္ဆာျဖစ္ပြားမႈ ရာခိုင္ႏႈန္း ၆၀ နီးပါး ျမင့္တက္ခဲ့ေၾကာင္း ေတြ႕ရိွခဲ့သည္။ ကမၻာ့လူဦးေရ ျမင့္တက္လာၿပီး ၀င္ေငြအလယ္အလတ္ႏွင့္ ၀င္ေငြနိမ့္ႏိုင္ငံမ်ားမွ အမ်ဳိးသမီးမ်ားသည္ ကင္ဆာေၾကာင့္ ေသဆံုးမႈတြင္ အျမင့္ဆံုး ပါ၀င္မည္ျဖစ္ေၾကာင္း ပါရီတြင္ ကမၻာ့ကင္ဆာ ကြန္ဂရက္၌ ထုတ္ျပန္ခဲ့ေသာ အေမရိကန္ ကင္ဆာအသင္း၏ ေလ့လာမႈက ေဖာ္ျပခဲ့သည္။

လူငယ္ႏွင့္ သက္လတ္ပိုင္း အရြယ္မ်ားတြင္ ေသဆံုးမႈ အမ်ားဆံုးျဖစ္ေသာေၾကာင့္ မိသားစုမ်ားႏွင့္ ႏုိင္ငံစီးပြားေရးအတြက္ ၀န္ထုပ္၀န္ႀကီး ျဖစ္လာမည္ဟု ACS ၏ ကမၻာ့က်န္းမာေရးဆိုင္ရာ အႀကီးတန္း ဒုတိယဥကၠ႒ ဆာလီကိုေ၀ါက ေျပာၾကားခဲ့သည္။

ႏို၀င္ဘာ ၂ ရက္တြင္ The Lancet ေဆးပညာဂ်ာနယ္က ထုတ္ျပန္ခဲ့ေသာ ေနာက္ထပ္ အစီရင္ခံစာတစ္ခုတြင္ ရင္သားကင္ဆာ တစ္ခုတည္းေၾကာင့္ပင္ ၂၀၃၀ မတိုင္မီ တစ္ႏွစ္လွ်င္ အမ်ဳိးသမီး ၃ ဒသမ ၂ သန္းအထိ ေသဆံုးႏိုင္ေၾကာင္း ေဖာ္ျပခဲ့သည္။ ၂၀၁၅ ခုႏွစ္က ရင္သားကင္ဆာေၾကာင့္ အမ်ဳိးသမီး ၁ ဒသမ ၇ သန္း ေသဆံုးခဲ့သည္။

ကင္ဆာေၾကာင့္ ကမၻာတစ္၀န္းတြင္ အမ်ဳိးသမီး ခုနစ္ဦးလွ်င္ တစ္ဦးေသဆံုးေနၿပီး ႏွလံုးေရာဂါၿပီးလွ်င္ ဒုတိယေျမာက္ အေသအမ်ားဆံုး ျဖစ္ေနသည္။ လူေသအမ်ားဆံုးေသာ ကင္ဆာေလးမ်ဳိးမွာ ရင္သားကင္ဆာ၊ အူမႀကီးကင္ဆာ၊ အဆုတ္ကင္ဆာႏွင့္ သားအိမ္ေခါင္း ကင္ဆာတို႔ ျဖစ္ၾကသည္။

အေျခခံက်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ပိုမိုေကာင္းမြန္လာေသာေၾကာင့္ လူမ်ား အသက္ရွည္လာၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ကင္ဆာ၀န္ထုပ္၀န္ပိုးက ပို၍ႀကီးထြားလာေနသည္။ ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ားရိွ အမ်ဳိးသမီးမ်ားသည္ ကင္ဆာျဖစ္ေစႏုိင္ေသာ အႏၲရာယ္ အခ်က္မ်ားကို ပို၍ရင္ဆိုင္လာရေၾကာင္းလည္း ကိုေ၀ါက ေျပာၾကားခဲ့သည္။

စီးပြားေရး အသြင္ကူးေျပာင္းမႈႏွင့္ ဆက္ႏႊယ္ေနေသာ ကိုယ္လက္လႈပ္ရွားမႈ မရိွျခင္း၊ က်န္းမာေရးႏွင့္ မညီညြတ္ေသာ စားေသာက္မႈပံုစံ၊ အ၀လြန္ျခင္း၊ မိခင္ဘ၀ ခံယူမႈကို ေရႊ႕ဆိုင္းျခင္းကဲ့သို႔ မ်ဳိးပြားမႈႏွင့္ သက္ဆိုင္ေသာ အခ်က္မ်ားစသည့္ အခ်က္မ်ားေၾကာင့္ အမ်ဳိးသမီးမ်ား ကင္ဆာျဖစ္ပြားေစႏုိင္ေျခ ျမင့္တက္လာေၾကာင္း The Global Burden of Cancer in Women ဟု အမည္ေပးထားသည့္ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

၂၀၁၂ ခုႏွစ္က ကမၻာတစ္၀န္းတြင္ ကင္ဆာျဖစ္ပြားသူ ၆ ဒသမ ၇ သန္းကို ထပ္မံေတြ႕ရိွခဲ့ၿပီး ၃ ဒသမ ၅ သန္း ေသဆံုးခဲ့ေၾကာင္း ၂၀၃၀ ျပည့္ႏွစ္မတိုင္မီ ကင္ဆာျဖစ္ပြားမႈ ၉ ဒသမ ၉ သန္း အထိ ျမင့္တက္လာၿပီး ႏွစ္စဥ္ အမ်ဳိးသမီး ၅ ဒသမ ၅ သန္းအထိ ေသဆံုးႏုိင္ေၾကာင္း ACS ၏ သုေတသနက ေဖာ္ျပခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
ကင်ဆာကြောင့် သေဆုံးမှုသည် အမျိုးသမီးများတွင် မြင့်တက်လာနေပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ တစ်နှစ်လျှင် အမျိုးသမီး ၅ ဒသမ ၅ သန်းခန့် သေဆုံးနိုင်သည်ဟု ဖော်ပြခဲ့သည်။
အမေရိကန် ကင်ဆာအသင်း American Cancer Society (ACS) က ပြုလုပ်ခဲ့သော သုတေသနတွင် နှစ် ၂၀ အတွင်း ကင်ဆာဖြစ်ပွားမှု ရာခိုင်နှုန်း ၆၀ နီးပါး မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ကမ္ဘာ့လူဦးရေ မြင့်တက်လာပြီး ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်နိုင်ငံများမှ အမျိုးသမီးများသည် ကင်ဆာကြောင့် သေဆုံးမှုတွင် အမြင့်ဆုံး ပါဝင်မည်ဖြစ်ကြောင်း ပါရီတွင် ကမ္ဘာ့ကင်ဆာ ကွန်ဂရက်၌ ထုတ်ပြန်ခဲ့သော အမေရိကန် ကင်ဆာအသင်း၏ လေ့လာမှုက ဖော်ပြခဲ့သည်။

လူငယ်နှင့် သက်လတ်ပိုင်း အရွယ်များတွင် သေဆုံးမှု အများဆုံးဖြစ်သောကြောင့် မိသားစုများနှင့် နိုင်ငံစီးပွားရေးအတွက် ဝန်ထုပ်ဝန်ကြီး ဖြစ်လာမည်ဟု ACS ၏ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဆာလီကိုဝေါက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂ ရက်တွင် The Lancet ဆေးပညာဂျာနယ်က ထုတ်ပြန်ခဲ့သော နောက်ထပ် အစီရင်ခံစာတစ်ခုတွင် ရင်သားကင်ဆာ တစ်ခုတည်းကြောင့်ပင် ၂၀၃၀ မတိုင်မီ တစ်နှစ်လျှင် အမျိုးသမီး ၃ ဒသမ ၂ သန်းအထိ သေဆုံးနိုင်ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်က ရင်သားကင်ဆာကြောင့် အမျိုးသမီး ၁ ဒသမ ၇ သန်း သေဆုံးခဲ့သည်။

ကင်ဆာကြောင့် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီး ခုနစ်ဦးလျှင် တစ်ဦးသေဆုံးနေပြီး နှလုံးရောဂါပြီးလျှင် ဒုတိယမြောက် အသေအများဆုံး ဖြစ်နေသည်။ လူသေအများဆုံးသော ကင်ဆာလေးမျိုးမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာတို့ ဖြစ်ကြသည်။

အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာသောကြောင့် လူများ အသက်ရှည်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာဝန်ထုပ်ဝန်ပိုးက ပို၍ကြီးထွားလာနေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီးများသည် ကင်ဆာဖြစ်စေနိုင်သော အန္တရာယ် အချက်များကို ပို၍ရင်ဆိုင်လာရကြောင်းလည်း ကိုဝေါက ပြောကြားခဲ့သည်။

စီးပွားရေး အသွင်ကူးပြောင်းမှုနှင့် ဆက်နွှယ်နေသော ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံ၊ အဝလွန်ခြင်း၊ မိခင်ဘ၀ ခံယူမှုကို ရွှေ့ဆိုင်းခြင်းကဲ့သို့ မျိုးပွားမှုနှင့် သက်ဆိုင်သော အချက်များစသည့် အချက်များကြောင့် အမျိုးသမီးများ ကင်ဆာဖြစ်ပွားစေနိုင်ခြေ မြင့်တက်လာကြောင်း The Global Burden of Cancer in Women ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၂ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ကင်ဆာဖြစ်ပွားသူ ၆ ဒသမ ၇ သန်းကို ထပ်မံတွေ့ရှိခဲ့ပြီး ၃ ဒသမ ၅ သန်း သေဆုံးခဲ့ကြောင်း ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားမှု ၉ ဒသမ ၉ သန်း အထိ မြင့်တက်လာပြီး နှစ်စဉ် အမျိုးသမီး ၅ ဒသမ ၅ သန်းအထိ သေဆုံးနိုင်ကြောင်း ACS ၏ သုတေသနက ဖော်ပြခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top