Property Expo
×

တစ္ေနကုန္ အလုပ္ခြင္မွာ အလုပ္ရႈပ္ခဲ့ၿပီးတဲ့ေနာက္ ၊ ၀န္ထမ္း အမ်ားစုဟာ ယမကာ တစ္ခြက္ေလာက္ ေသာက္ၿပီး ေမာပန္းေနမႈေတြကို ေျဖေဖ်ာက္ေလ့ရွိၾကပါတယ္။ အဲဒီ အမူအက်င့္နဲ႔ ပတ္သက္ၿပီး သိပံၸပညာရွင္ ရွာေဖြေတြ႔ရွိခဲ့တာကေတာ့ ယမကာ ေသာက္သံုးျခင္းဟာ စိတ္ဖိစီးမႈေတြအတြက္ လူ႔ခႏၶာကိုယ္ ရဲ ႔ သဘာ၀အေလ်ာက္ တံု႔ျပန္ျခင္း တစ္မ်ိဳး ျဖစ္တယ္ ဆိုတာပါပဲ။

စိတ္ဖိစီးမႈ ပမာဏ ျမင့္တက္လာျခင္းဟာ ရွင္သန္ဖို႔အတြက္ လိုအပ္ခ်က္ေတြကို ေတြးေခၚပံု ေျပာင္းလဲသြားေစ ျခင္းအားျဖင့္ ဦးေႏွာက္ ရဲ ႔ ဓါတုပစၥည္းေတြ ကို မတူညီ ကြဲျပားျခားနားမႈေတြ ျဖစ္လာေစပါတယ္။ စိတ္ဖိစီးမႈေတြက တဆင့္ ျဖစ္ေပၚလာေစတဲ့ ဦးေႏွာက္ရဲ ႔ အခ်က္ျပ အသိေပးမႈေတြဟာ ကၽြႏ္ုပ္တို႔ရဲ ႔ ခႏၶာကိုယ္ေတြကို တည္ၿငိမ္ေစဖို႔ ၊ ကာကြယ္ေပးဖို႔ အသြင္ေဆာင္ၿပီး အဲဒီ အသိေပးမႈေတြဟာ ယမကာ ၊ ကဖိန္း နဲ႔ မူးယစ္ေဆး၀ါး တို႔လို စြဲလန္းေစႏိုင္တဲ့ အရာေတြ အသံုးျပဳၿပီးတဲ့အခါ ျဖစ္ေပၚတဲ့ အခ်က္ျပ အသိေပးမႈ ေတြနဲ႔ တူညီေနပါတယ္။

ဒါ့ေၾကာင့္ ယမကာဟာ ကၽြႏ္ုပ္တို႔ကို ကူညီေနတယ္ဆိုတဲ့ လွည့္စားမႈကို ဦးေႏွာက္ဟာ ႀကံဳေတြ႔ ရင္ဆိုင္လိုက္ရပါတယ္။ ယမကာ ေသာက္တတ္သူေတြ ရဲ ႔ ဦးေႏွာက္ေတြ အေနနဲ႔လည္း ပိုမို ေသာက္သံုးဖို႔ လိုအပ္တယ္လို႔ လွည့္စားခံလိုက္ရပါတယ္။ အဲဒီလို ဦးေႏွာက္အတြင္းက အခ်က္ျပအသိေပးမႈေတြ ေျပာင္းလဲသြားမႈဟာ ယမကာ မွီ၀ဲမႈ ပမာဏ ေတြကို တစ္ျဖည္းျဖည္း ခ်င္း ျမင့္တက္လာေစႏိုင္တာပဲ ျဖစ္တယ္လို႔ သိပံၸ ပညာရွင္ေတြက ဆိုပါတယ္။

ထို သုေတသနကိုေတာ့ Pennsylvania တကၠသိုလ္မွာရွိတဲ့ အဖြဲ႔တစ္ဖြဲ႔က ဦးေဆာင္ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီ သုေတသီအဖြဲ႔ဟာ ၾကြက္ေတြရဲ ႔ ဦးေႏွာက္ထဲ ကို စိတ္ဖိစီးမႈ ပမာဏေတြ ထည့္သြင္းေပးလိုက္တဲ့အခါမွာ စိတ္ဖိစီးမႈမရွိတဲ့ ၾကြက္ေတြထက္ ယမကာေတြ ပိုမို ေသာက္သံုးခ်င္စိတ္ျဖစ္ေပၚလာတဲ့ စမ္းသပ္ခ်က္တစ္ခုကေန အထက္ပါ ရလဒ္ကို ေဖာ္ထုတ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

"စိတ္ဖိစီးမႈ ရွိေနတဲ့ ၾကြက္ေတြဟာ ပိုမို ၿပီး ယမကာ ကိုေသာက္သံုးၾကတာကိုေတြ႔ရသလို အဲဒီ ပိုမိုေသာက္သံုးမႈေတြဟာလည္း ရက္သတၱပတ္ မ်ားစြာ အထိ ျဖစ္ေပၚ လာပါတယ္။ စိတ္ဖိစီးမႈ ရဲ ႔ တံု႔ျပန္ပံုေတြဟာ ကၽြႏ္ုပ္တို႔ကို ကာကြယ္ဖို႔ဆိုတဲ့ အသိေပးအခ်က္ျပမႈ ေတြ ပါ၀င္ေနေပမယ့္လည္း မူးယစ္ေဆး ၊ ယမကာ ၊ ေကာ္ဖီ အစရွိတဲ့ စြဲလန္းေစတဲ့အရာေတြဟာ ကၽြႏ္ုပ္တို႔ ဦးေႏွာက္ကို ပိုမို မွီ၀ဲတာ ေကာင္းတယ္ဆိုတဲ့ အသိေပးမႈနဲ႔ လွည့္စားလိုက္ပါတယ္" လို႔ Perelman ေဆးတကၠသိုလ္မွာရွိတဲ့ ပေရာ္ဖက္ဆာ ေဒါက္တာ John Dani က ေျပာျပပါတယ္။

ထို သုေတသနကို ျပဳလုပ္ခဲ့တုန္းကေတာ့ ၾကြက္ေတြကို တစ္ကယ့္ အရက္ အစစ္ ေတြ တိုက္ေကၽြးခဲ့တာ မဟုတ္ပါဘူး။ သုေတသီေတြဟာ အီသေနာလ္(ethanol) ပါ၀င္တဲ့ သၾကားရည္ေတြကို တိုက္ေကၽြးခဲ့တာ ပဲ ျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ ထိုသုေတသီ အဖြဲ႔ဟာ အျခား သုေတသီေတြနဲ႔ ပူးေပါင္းၿပီး စိတ္ဖိစီးမႈေတြေၾကာင့္ ဦးေႏွာက္ရဲ ႔ အခ်က္ျပ အသိေပးမႈေတြမွာ ယမကာ အလြန္အကၽြံ ေသာက္သံုးဖို႔ လွည့္စားခံလိုက္ရျခင္းနဲ႔ ပတ္သက္ၿပီး ထိန္းခ်ဳပ္ဖို႔ ကူညီေပးႏိုင္တဲ့အထိ အာရံုေၾကာ အသိေပးမႈ ေတြကို ပံုမွန္ျပန္ျဖစ္ေစမယ့္ နည္းလမ္းေတြကို ရွာေဖြဖို႔ တိုင္ပင္ေဆြးေႏြးေနၾကပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

တစ်နေကုန် အလုပ်ခွင်မှာ အလုပ်ရှုပ်ခဲ့ပြီးတဲ့နောက် ၊ ဝန်ထမ်း အများစုဟာ ယမကာ တစ်ခွက်လောက် သောက်ပြီး မောပန်းနေမှုတွေကို ဖြေဖျောက်လေ့ရှိကြပါတယ်။ အဲဒီ အမူအကျင့်နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင် ရှာဖွေတွေ့ရှိခဲ့တာကတော့ ယမကာ သောက်သုံးခြင်းဟာ စိတ်ဖိစီးမှုတွေအတွက် လူ့ခန္ဓာကိုယ် ရဲ့ သဘာဝအလျောက် တုံ့ပြန်ခြင်း တစ်မျိုး ဖြစ်တယ် ဆိုတာပါပဲ။

စိတ်ဖိစီးမှု ပမာဏ မြင့်တက်လာခြင်းဟာ ရှင်သန်ဖို့အတွက် လိုအပ်ချက်တွေကို တွေးခေါ်ပုံ ပြောင်းလဲသွားစေ ခြင်းအားဖြင့် ဦးနှောက် ရဲ့ ဓါတုပစ္စည်းတွေ ကို မတူညီ ကွဲပြားခြားနားမှုတွေ ဖြစ်လာစေပါတယ်။ စိတ်ဖိစီးမှုတွေက တဆင့် ဖြစ်ပေါ်လာစေတဲ့ ဦးနှောက်ရဲ့ အချက်ပြ အသိပေးမှုတွေဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်တွေကို တည်ငြိမ်စေဖို့ ၊ ကာကွယ်ပေးဖို့ အသွင်ဆောင်ပြီး အဲဒီ အသိပေးမှုတွေဟာ ယမကာ ၊ ကဖိန်း နဲ့ မူးယစ်ဆေးဝါး တို့လို စွဲလန်းစေနိုင်တဲ့ အရာတွေ အသုံးပြုပြီးတဲ့အခါ ဖြစ်ပေါ်တဲ့ အချက်ပြ အသိပေးမှု တွေနဲ့ တူညီနေပါတယ်။

ဒါ့ကြောင့် ယမကာဟာ ကျွန်ုပ်တို့ကို ကူညီနေတယ်ဆိုတဲ့ လှည့်စားမှုကို ဦးနှောက်ဟာ ကြုံတွေ့ ရင်ဆိုင်လိုက်ရပါတယ်။ ယမကာ သောက်တတ်သူတွေ ရဲ့ ဦးနှောက်တွေ အနေနဲ့လည်း ပိုမို သောက်သုံးဖို့ လိုအပ်တယ်လို့ လှည့်စားခံလိုက်ရပါတယ်။ အဲဒီလို ဦးနှောက်အတွင်းက အချက်ပြအသိပေးမှုတွေ ပြောင်းလဲသွားမှုဟာ ယမကာ မှီဝဲမှု ပမာဏ တွေကို တစ်ဖြည်းဖြည်း ချင်း မြင့်တက်လာစေနိုင်တာပဲ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

ထို သုတေသနကိုတော့ Pennsylvania တက္ကသိုလ်မှာရှိတဲ့ အဖွဲ့တစ်ဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ သုတေသီအဖွဲ့ဟာ ကြွက်တွေရဲ့ ဦးနှောက်ထဲ ကို စိတ်ဖိစီးမှု ပမာဏတွေ ထည့်သွင်းပေးလိုက်တဲ့အခါမှာ စိတ်ဖိစီးမှုမရှိတဲ့ ကြွက်တွေထက် ယမကာတွေ ပိုမို သောက်သုံးချင်စိတ်ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုကနေ အထက်ပါ ရလဒ်ကို ဖော်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

"စိတ်ဖိစီးမှု ရှိနေတဲ့ ကြွက်တွေဟာ ပိုမို ပြီး ယမကာ ကိုသောက်သုံးကြတာကိုတွေ့ရသလို အဲဒီ ပိုမိုသောက်သုံးမှုတွေဟာလည်း ရက်သတ္တပတ် များစွာ အထိ ဖြစ်ပေါ် လာပါတယ်။ စိတ်ဖိစီးမှု ရဲ့ တုံ့ပြန်ပုံတွေဟာ ကျွန်ုပ်တို့ကို ကာကွယ်ဖို့ဆိုတဲ့ အသိပေးအချက်ပြမှု တွေ ပါဝင်နေပေမယ့်လည်း မူးယစ်ဆေး ၊ ယမကာ ၊ ကော်ဖီ အစရှိတဲ့ စွဲလန်းစေတဲ့အရာတွေဟာ ကျွန်ုပ်တို့ ဦးနှောက်ကို ပိုမို မှီဝဲတာ ကောင်းတယ်ဆိုတဲ့ အသိပေးမှုနဲ့ လှည့်စားလိုက်ပါတယ်" လို့ Perelman ဆေးတက္ကသိုလ်မှာရှိတဲ့ ပရော်ဖက်ဆာ ဒေါက်တာ John Dani က ပြောပြပါတယ်။

ထို သုတေသနကို ပြုလုပ်ခဲ့တုန်းကတော့ ကြွက်တွေကို တစ်ကယ့် အရက် အစစ် တွေ တိုက်ကျွေးခဲ့တာ မဟုတ်ပါဘူး။ သုတေသီတွေဟာ အီသနောလ်(ethanol) ပါဝင်တဲ့ သကြားရည်တွေကို တိုက်ကျွေးခဲ့တာ ပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ထိုသုတေသီ အဖွဲ့ဟာ အခြား သုတေသီတွေနဲ့ ပူးပေါင်းပြီး စိတ်ဖိစီးမှုတွေကြောင့် ဦးနှောက်ရဲ့ အချက်ပြ အသိပေးမှုတွေမှာ ယမကာ အလွန်အကျွံ သောက်သုံးဖို့ လှည့်စားခံလိုက်ရခြင်းနဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ ကူညီပေးနိုင်တဲ့အထိ အာရုံကြော အသိပေးမှု တွေကို ပုံမှန်ပြန်ဖြစ်စေမယ့် နည်းလမ်းတွေကို ရှာဖွေဖို့ တိုင်ပင်ဆွေးနွေးနေကြပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top