Kantharyar Centre
×
#Unicode Version
ကမ္ဘာကျော် ဆယ်လီတွေအနေနဲ့ သူတို့တွေရဲ့ ခန္ဒာကိုယ်အသွေးအ သားမှာ ချစ်ခင်ရတဲ့ ဘဝလက်တွဲဖော်၊ မိသားစုတွေရဲ့ နာမည်တွေ ကို တက်တူးထိုးရေးသားကာ အချစ်ကိုသက်သေပြကြတာကမဆန်း ပါဘူး။
တစ်ဦးနဲ့တစ်ဦး နက်ရှိုင်းပြီးတော့ ချစ်ခင်ကြင်နာကြလို့ တစ် သက်တာ အမှတ်အသား ကိုယ်စီပေးပြီး ထိုးကြတာမျိုးပါ။ ဒါပေမဲ့ လည်း ကံကြမ္မာဆိုတာ မယုံကြည်နိုင်လောက်အောင်ကို အပြောင်း အလဲမြန်ပါတယ်။ ပြောင်းလဲတတ်ပါတယ်။ အချိန်တစ်ခုကြာလာတဲ့ အခါ အကြောင်းတစ်ခုခုကြောင့် ပြောင်းလဲသွားတဲ့အရာတွေအများ ကြီးရှိပါတယ်။
အဲ့ဒီထဲမှာလည်း တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာခြင်း တွေကလည်း ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းတွေမှာ ပြောင်းလဲ သွားလို့ သူတို့တွေရဲ့ တက်တူးပုံရိပ်တွေနဲ့ပတ်သက်ပြီးတော့ နောင် တရနေတဲ့ အနုပညာရှင်တွေ ရှိနေပါတယ်။
၁။ Jerk Sparrow ပင်လယ်ဓါးပြဇာတ်ကားကောင်းထဲက နာမည် ကျော် မင်းသားကြီး ဂျွန်နီဒက်ကတော့ သူ့ရဲ့ တက်တူး Winona Forever လို့ရေးသားထားတာကို နောင်တရပြီး ပြန်ပြောင်းရေးထိုး လိုက်ပါတယ်။ Wino Forever ဆိုတဲ့ စကားလုံးပါ။
၂။ ဒုက္ခသည်များဆိုင်ရာ သံတမန်ဖြစ်တဲ့ ဂျိုလီကတော့ အိမ်ထောင် တစ်ဆက်မက ပြုထားပါတယ်။ သူ့ရဲ့ ယခင်ခင်ပွန်းသည်ဟောင်း နာမည် Billy Bob ဆိုတဲ့ အမည်ကို ဖယ်ရှားလိုက်ပြီးတော့ သူမရဲ့ ကလေးငယ်တွေရဲ့ မွေးဖွားရာဒေသအမည်တွေကို ပြင်ဆင်ရေး သားလိုက်ပါတယ်။
၃။ မီလန်နီး ဂရက်ဖစ်နဲ့ အန်တိုနီယို ဘန်ဒရီရာတို့ နှစ်ဦးသား ပြတ်စဲ ပြီးတဲ့နောက်မှာ သူမရဲ့ ရင်ဘက်အလယ်တဲ့တဲ့မှာ ထိုးထားတဲ့ အမည်ကိုဖျက်ပစ်ခဲ့လိုက်ပါတယ်။
၄။ အီဗို လွန်ဂိုရီရာကတော့ သူ့မရဲ့ခင်ပွန်းသည်၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ ထိုးထားတဲ့ တက်တူးက တစ်ခုနှစ်ခု မကပါဘူး။ ခင်ပွန်းသည် ဘက်စ်ဘောကစားသမား တိုနီပါကာ၊ သူ့ရဲ့ အားက စားနံပါတ်၊ 070707 နောက် မင်္ဂလာဆောင်တဲ့ ရက်တို့ကို တက်တူး ရေးထိုးထားပါတယ်။ ဒါပေမဲ့ သူမတို့နှစ်ဦးသား ကွာရှင်းပြီးတဲ့ နောက်တော့ ဒီတက်တူးတွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်။
၅။ မော်ဒယ် ဟေဒီကလွန်းက သူ့ရဲ့ချစ်သူအဆိုတော် ဆီးလ်ရဲ့ အမည်ကို သူမရဲ့ လက်မှာထိုးထားခဲ့ပါတယ်။ ပြတ်စဲကျပြီးနောက် မှာတော့ ဒီအမည်ကို သူမပြန်ဖျက်လိုက်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top