Kantharyar Centre
×

အေမရိကန္ႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံအၾကား ရွိထားၿပီးျဖစ္ေသာ ခ်စ္ၾကည္ရင္းႏွီးပူးေပါင္းေဆာင္ ရြက္မႈႏွင့္ မိတ္ေဆြျဖစ္မႈတို႔ကို ပိုမိုအားေကာင္းလာေအာင္ ရင္းႏွီး စြာ အတူတကြအနီးကပ္လက္တြဲ ေဆာင္ရြက္ရန္ ေမွ်ာ္လင့္ေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အေမရိကန္သမၼတသစ္အျဖစ္ ေရြးခ်ယ္ ခံရသူ ေဒၚနယ္ထရန္႔ထံ သဝဏ္ လႊာေပးပို႔ခဲ့သည္။

ႏိုဝင္ဘာ ၈ ရက္ေရြးေကာက္ ပြဲတြင္ အေမရိကန္ႏုိင္ငံ၏(၄၅) ဦးေျမာက္သမၼတအျဖစ္ ေရြးခ်ယ္ ခံရသူ ေဒၚနယ္ထရန္႔ထံသို႔ ဂုဏ္ ယူဝမ္းေျမာက္ေၾကာင္း ေဒၚ ေအာင္ဆန္းစုၾကည္၏သဝဏ္ လႊာေပးပို႔မႈကို ႏုိင္ငံေတာ္အတုိင္ ပင္ခံ႐ံုးက ႏိုဝင္ဘာ ၁၀ ရက္တြင္ သတင္းထုတ္ျပန္ထားျခင္းျဖစ္ သည္။

ေဒၚနယ္ထရန္႔ထံ ေပးပို႔ ေသာ ေဒၚေအာင္ဆန္းစုၾကည္၏ သဝဏ္လႊာတြင္ သမၼတအျဖစ္ ေရြးခ်ယ္ခံခဲ့ရသည့္ ေအာင္ျမင္မႈ အေပၚ ဝမ္းသာဂုဏ္ယူေၾကာင္း၊ အေမရိကန္ႏိုင္ငံ၏ (၄၅)ဦးေျမာက္သမၼတအျဖစ္ ထမ္းေဆာင္ ရမည့္ တာဝန္မ်ားကို ေအာင္ျမင္ စြာ ထမ္းေဆာင္ႏိုင္ေရး ဆုမြန္ေကာင္း ေတာင္းလိုက္ေၾကာင္း ေဖာ္ျပထားသည္။

အေမရိကန္ျပည္သူမ်ား၏ အက်ိဳးစီးပြား၊ ၿငိမ္းခ်မ္းမႈႏွင့္ခ်မ္း သာႂကြယ္ဝမႈမ်ားကို တိုးတက္ ေအာင္ ေဆာင္ရြက္ႏိုင္ေရးႏွင့္ တိုင္းျပည္၏အနာဂတ္ကို ေခါင္း ေဆာင္ေရးအတြက္ အေမရိကန္ ျပည္သူမ်ားက ယံုၾကည္သကဲ့သို႔ ၎အေနျဖင့္လည္း ယံုၾကည္မႈရွိ ေၾကာင္း အဆိုပါသဝဏ္လႊာတြင္ ထည့္သြင္းေရးသားထားသည္။

ႏွစ္ႏိုင္ငံ အျပန္အလွန္အ က်ိဳးရွိေစမည့္ အားေကာင္းသည့္ ဆက္ဆံေရးတည္ေဆာက္ႏိုင္ရန္ ျမန္မာႏိုင္ငံသည္ အေမရိကန္ႏုိင္ ငံႏွင့္အတူ လုပ္ေဆာင္မည္ျဖစ္ ေၾကာင္း၊ ႏွစ္ႏိုင္ငံအၾကားခ်စ္ ၾကည္ရင္းႏွီးပူးေပါင္းေဆာင္ရြက္ မႈႏွင့္ မိတ္ေဆြျဖစ္မႈတို႔ကို ပိုမို အားေကာင္းလာေအာင္ ရင္းႏွီးစြာ အတူတကြ အနီးကပ္ လက္တြဲ ေဆာင္ရြက္ရန္ ေမွ်ာ္လင့္ေၾကာင္း သဝဏ္လႊာတြင္ ပါရွိသည္။

ထို႔ျပင္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ကလည္း ေဒၚနယ္ထ ရန္႔ထံသို႔ သဝဏ္လႊာတစ္ေစာင္ ေပးပို႔ရာ သမၼတသစ္၏သက္တမ္း အတြင္း ႏွစ္ႏုိင္ငံအၾကားခ်စ္ၾကည္ ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား တိုးျမႇင့္လာမည္ကို ယံုၾကည္ ေၾကာင္း ဆိုထားသည္။

ေဒၚနယ္ထရန္႔သည္ ႏိုဝင္ ဘာ ၈ ရက္က က်င္းပေသာ အေမ ရိကန္ေရြးေကာက္ပြဲတြင္ သမၼတ အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံ ရၿပီး ၎၏ရီပက္ဘေလကန္ပါတီ ကလည္း အထက္လႊတ္ေတာ္ႏွင့္ ေအာက္လႊတ္ေတာ္တို႔တြင္ေနရာ အမ်ားစု အႏိုင္ရရွိခဲ့သည္။

ႏုိင္ငံေတာ္၏အတုိင္ပင္ခံ  ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ပုဂၢိဳလ္ေရးအရ ရင္းႏွီးေသာ ဟီလာရီကလင္တန္အႏိုင္မရဘဲ ေဒၚနယ္ထရန္႔ အႏိုင္ရလာေသာ္ လည္း ႏွစ္ႏိုင္ငံဆက္ဆံေရးအ ၾကား သိသာေသာ အေျပာင္းအလဲမ်ားျဖစ္လာမည္မဟုတ္ေၾကာင္း ျမန္မာ့ႏိုင္ငံေရးေလ့လာသူအခ်ိဳ႕ က ဆိုထားသည္။

ရီပက္ဘေလကန္ႏွင့္ ဒီမိုက ရက္တစ္ပါတီတို႔သည္ ျမန္မာႏုိင္ ငံဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈ ေဆာင္ရြက္ေရးအတြက္ အားေပး ကူညီမႈမ်ား ျပဳလုပ္သည္မ်ားရွိခဲ့ သည္။အေမရိကန္ျပည္ေထာင္စု ၏သမၼတသစ္ျဖစ္လာသူ ေဒၚနယ္ ထရန္႔သည္ လာမည့္ ၂၀၁၇ ဇန္နဝါရီ ၂၀ ရက္တြင္ လက္ရွိ သမၼတ အိုဘားမားထံမွ အာဏာ လႊဲေျပာင္းရယူမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

    အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအကြား ရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးပူးပေါင်းဆောင် ရွက်မှုနှင့် မိတ်ဆွေဖြစ်မှုတို့ကို ပိုမိုအားကောင်းလာအောင် ရင်းနှီး စွာ အတူတကွအနီးကပ်လက်တွဲ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သမ္မတသစ်အဖြစ် ရွေးချယ် ခံရသူ ဒေါ်နယ်ထရန့်ထံ သဝဏ် လွှာပေးပို့ခဲ့သည်။


နိုဝင်ဘာ ၈ ရက်ရွေးကောက် ပွဲတွင် အမေရိကန်နိုင်ငံ၏(၄၅) ဦးမြောက်သမ္မတအဖြစ် ရွေးချယ် ခံရသူ ဒေါ်နယ်ထရန့်ထံသို့ ဂုဏ် ယူဝမ်းမြောက်ကြောင်း ဒေါ် အောင်ဆန်းစုကြည်၏သဝဏ် လွှာပေးပို့မှုကို နိုင်ငံတော်အတိုင် ပင်ခံရုံးက နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။

ဒေါ်နယ်ထရန့်ထံ ပေးပို့ သော ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် အောင်မြင်မှု အပေါ် ဝမ်းသာဂုဏ်ယူကြောင်း၊ အမေရိကန်နိုင်ငံ၏ (၄၅)ဦးမြောက်သမ္မတအဖြစ် ထမ်းဆောင် ရမည့် တာဝန်များကို အောင်မြင် စွာ ထမ်းဆောင်နိုင်ရေး ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ဖော်ပြထားသည်။

အမေရိကန်ပြည်သူများ၏ အကျိုးစီးပွား၊ ငြိမ်းချမ်းမှုနှင့်ချမ်း သာကြွယ်ဝမှုများကို တိုးတက် အောင် ဆောင်ရွက်နိုင်ရေးနှင့် တိုင်းပြည်၏အနာဂတ်ကို ခေါင်း ဆောင်ရေးအတွက် အမေရိကန် ပြည်သူများက ယုံကြည်သကဲ့သို့ ၎င်းအနေဖြင့်လည်း ယုံကြည်မှုရှိ ကြောင်း အဆိုပါသဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

နှစ်နိုင်ငံ အပြန်အလှန်အ ကျိုးရှိစေမည့် အားကောင်းသည့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် မြန်မာနိုင်ငံသည် အမေရိကန်နိုင် ငံနှင့်အတူ လုပ်ဆောင်မည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြားချစ် ကြည်ရင်းနှီးပူးပေါင်းဆောင်ရွက် မှုနှင့် မိတ်ဆွေဖြစ်မှုတို့ကို ပိုမို အားကောင်းလာအောင် ရင်းနှီးစွာ အတူတကွ အနီးကပ် လက်တွဲ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း ဒေါ်နယ်ထ ရန့်ထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ရာ သမ္မတသစ်၏သက်တမ်း အတွင်း နှစ်နိုင်ငံအကြားချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာမည်ကို ယုံကြည် ကြောင်း ဆိုထားသည်။

ဒေါ်နယ်ထရန့်သည် နိုဝင် ဘာ ၈ ရက်က ကျင်းပသော အမေ ရိကန်ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံ ရပြီး ၎င်း၏ရီပက်ဘလေကန်ပါတီ ကလည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့တွင်နေရာ အများစု အနိုင်ရရှိခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ  ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော ဟီလာရီကလင်တန်အနိုင်မရဘဲ ဒေါ်နယ်ထရန့် အနိုင်ရလာသော် လည်း နှစ်နိုင်ငံဆက်ဆံရေးအ ကြား သိသာသော အပြောင်းအလဲများဖြစ်လာမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူအချို့ က ဆိုထားသည်။

ရီပက်ဘလေကန်နှင့် ဒီမိုက ရက်တစ်ပါတီတို့သည် မြန်မာနိုင် ငံဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးအတွက် အားပေး ကူညီမှုများ ပြုလုပ်သည်များရှိခဲ့ သည်။အမေရိကန်ပြည်ထောင်စု ၏သမ္မတသစ်ဖြစ်လာသူ ဒေါ်နယ် ထရန့်သည် လာမည့် ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်တွင် လက်ရှိ သမ္မတ အိုဘားမားထံမှ အာဏာ လွှဲပြောင်းရယူမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top