Property Expo
×


   ေခ်းတြန္းေက်ာက္တံုး (Pumic stone) ဆိုတာ အေရျပားေပၚက ဆဲလ္အေသေတြကိုဖယ္ရွားဖို႔ အသံုးျပဳတဲ့ မီးခိုးေရာင္ေက်ာက္တံုးတစ္တံုးပါ။ ေျခေထာက္မွာရွိတဲ့ အသားမာေတြေပ်ာက္ဖို႔အတြက္လည္း သံုးႏိုင္ၿပီး ေခ်းခၽြတ္ႏိုင္သလို အသားအေရကို ပိုလွေအာင္လုပ္ေပးပါတယ္။

          ဒီေက်ာက္တံုးက ဘာအတြက္ေကာင္းလဲဆိုတာကို ေလ့လာၾကည့္ၾကရေအာင္။

1. Pumic stone က အသားေရာင္ကို ေကာင္းမြန္ေစပါတယ္။

         အသားအေရထိန္းသိမ္းျခင္းက ေန႔စဥ္လုပ္ရမယ့္ အေရးႀကီးတဲ့ အခ်က္ တစ္ခ်က္ျဖစ္ပါတယ္။ ေကာင္းမြန္တဲ့အသားအေရရွိရင္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိေစပါတယ္။

        ေခ်းတြန္းတဲ့ေက်ာက္တံုးနဲ႔ ခႏၶာကိုယ္ကို ေန႔စဥ္ညင္သာစြာပြတ္တိုက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ေသြးလွည့္ပတ္မႈကိုေကာင္းမြန္ေစၿပီး အေရျပားကို သဘာဝအတိုင္း ပန္းေရာင္သန္းေနေစပါတယ္။

2. အသားအေရေျခာက္ေသြ႔မႈကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

        ေဆာင္းရာသီမွာ ေျခာက္ေသြ႔တဲ့အသားအေရေၾကာင့္ ယားယံျခင္း၊ အေရျပားကြာျခင္း၊ အသားကြဲျခင္း၊ ေသြးထြက္ျခင္းေတြျဖစ္ေစႏိုင္ပါတယ္။

       ကုထံုးကေတာ့ ေခ်းတြန္းေက်ာက္တံုးကို ဆပ္ျပာရည္ထဲမွာစိမ္ထားၿပီး အေရျပားကိုပြတ္တိုက္ေပးပါ။ ေန႔တိုင္း အခ်ိန္အနည္းငယ္ေပးၿပီး ေပ်ာက္ကင္းတဲ့အထိလုပ္ပါ။

3. ေျခဖေနာင့္ကြဲျခင္းကို ကုသေပးႏိုင္ပါတယ္။

       ေျခဖေနာင့္ကြဲျခင္းက အျဖစ္မ်ားတဲ့ျပႆနာတစ္ခုျဖစ္ၿပီး အိပ္မက္ဆိုးတစ္ခုလို႔ေတာင္တင္စားႏိုင္ပါတယ္။ အမ်ားအားျဖင့္ နာက်င္မႈမခံစားရဘဲနဲ႔ေတာင္ ကြဲၿပီးေသြးထြက္ေစႏိုင္ပါတယ္။ ပူေႏြးတဲ့ရာသီမွာ ေျခညႇပ္ဖိနပ္၊ ႀကိဳးသိုင္းဖိနပ္ေတြစီးရင္ အျဖစ္မ်ားပါတယ္။ တစ္ခါတစ္ရံမွာ ကြဲတဲ့ေနရာက မနာရင္ေတာင္ ေျခဖေနာင့္ကြဲတာနက္တယ္ဆိုရင္ စိတ္ဒုကၡေရာက္ေစပါတယ္။ ဒါကိုမကုသဘဲထားရင္ေတာ့ ေရာဂါပိုးဝင္ႏိုင္ပါတယ္။

ကုထံုး - ေျခေထာက္ကို ဆပ္ျပာရည္ထဲမွာ 15 မိနစ္ခန္႔စိမ္ထားၿပီး ေခ်းတြန္းေက်ာက္တံုးနဲ႔ ကြဲတဲ့ေနရာကို ညင္သာစြာပြတ္တိုက္ေပးပါ။ တစ္ပတ္ကို ႏွစ္ခါျပဳလုပ္ေပးရင္ တစ္လအတြင္းသိသာတဲ့ ေျပာင္းလဲမႈကိုေတြ႔ရပါလိမ့္မယ္။

4. အသားမာေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

        အေရျပားကို ပြတ္တိုက္မႈမ်ားလို႔ ဆဲလ္အေသေတြ ထူထဲစြာႀကီးထြားေနတဲ့ေနရာကို အသားမာလို႔ေခၚပါတယ္။ နာေတာ့မနာေပမယ့္ လမ္းေလွ်ာက္ရခက္ေစပါတယ္။ ေရခ်ိဳးတိုင္း အသားမာကို ေခ်းတြန္းေက်ာက္နဲ႔ ပြတ္တိုက္ေပးမယ္ဆိုရင္ ဆဲလ္အေသေတြ ျဖည္းျဖည္းခ်င္း ကြာက်သြားပါလိမ့္မယ္။

5. လက္ေတြကို ပိုၿပီးႏူးညံ့ေစပါတယ္။

         အမ်ိဳးသားေတြက ၾကမ္းတမ္းတဲ့အသားအေရရွိတာကို ဂုဏ္ယူေလ့ရွိၾကေပမယ့္ အမ်ိဳးသမီးေတြကေတာ့ ႏူးညံ့တဲ့လက္ေတြကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။

        တစ္ပတ္ကို အႀကိမ္အနည္းငယ္ ေခ်းတြန္းေက်ာက္နဲ႔ ပြတ္တိုက္ၿပီး လက္ေဆးေပးပါ။ ဒီလိုလုပ္ျခင္းျဖင့္ သင့္ရဲ႕လက္ေလးေတြကို ႏူးညံ့လာေစပါလိမ့္မယ္။

6. အမဲစက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

        ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမဲစက္ေတြ မ်က္ႏွာေပၚမွာထြက္လာရင္ ၾကည့္ရဆိုးပါတယ္။ ဝက္ၿခံေတြက ဆြဲေဆာင္မႈကို ေလ်ာ့နည္းေစၿပီး ေပါက္ထြက္မယ္ဆိုရင္ေတာ့ စိတ္ဒုကၡျဖစ္ေစပါတယ္။ ဒီအမဲစက္ေတြကခဏတာပါပဲ။ သို႔ေသာ္လည္း မဖယ္ရွားဘဲထားရင္ေတာ့ အၾကာႀကီးရွိေစႏိုင္ပါတယ္။ ေခ်းတြန္းေက်ာက္တံုးသံုးျခင္းျဖင့္ အမဲစက္ေတြကိုေအာင္ျမင္စြာဖယ္ရွားႏိုင္ပါတယ္။ ဒါေပမယ့္ ေခ်းတြန္းေက်ာက္နဲ႔တြန္းမယ္ဆိုရင္ေတာ့ အေရျပားကေကာင္းမြန္ၿပီး ႏူးညံ့ေနဖို႔လုိပါတယ္။

         ဒီအခ်က္ေတြကေတာ့ ေခ်းတြန္းေက်ာက္ေၾကာင့္ ရရွိႏိုင္တဲ့အက်ိဳးေက်းဇူးေတြျဖစ္ၿပီး သူ႔ရဲ႕အသံုးဝင္ပံုကေတာ့ အမ်ားႀကီးရွိပါေသးတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

    ချေးတွန်းကျောက်တုံး (Pumic stone) ဆိုတာ အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားဖို့ အသုံးပြုတဲ့ မီးခိုးရောင်ကျောက်တုံးတစ်တုံးပါ။ ခြေထောက်မှာရှိတဲ့ အသားမာတွေပျောက်ဖို့အတွက်လည်း သုံးနိုင်ပြီး ချေးချွတ်နိုင်သလို အသားအရေကို ပိုလှအောင်လုပ်ပေးပါတယ်။

          ဒီကျောက်တုံးက ဘာအတွက်ကောင်းလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

1. Pumic stone က အသားရောင်ကို ကောင်းမွန်စေပါတယ်။

         အသားအရေထိန်းသိမ်းခြင်းက နေ့စဉ်လုပ်ရမယ့် အရေးကြီးတဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့အသားအရေရှိရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။

        ချေးတွန်းတဲ့ကျောက်တုံးနဲ့ ခန္ဓာကိုယ်ကို နေ့စဉ်ညင်သာစွာပွတ်တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး အရေပြားကို သဘာဝအတိုင်း ပန်းရောင်သန်းနေစေပါတယ်။

2. အသားအရေခြောက်သွေ့မှုကို ပျောက်ကင်းစေနိုင်ပါတယ်။

        ဆောင်းရာသီမှာ ခြောက်သွေ့တဲ့အသားအရေကြောင့် ယားယံခြင်း၊ အရေပြားကွာခြင်း၊ အသားကွဲခြင်း၊ သွေးထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

       ကုထုံးကတော့ ချေးတွန်းကျောက်တုံးကို ဆပ်ပြာရည်ထဲမှာစိမ်ထားပြီး အရေပြားကိုပွတ်တိုက်ပေးပါ။ နေ့တိုင်း အချိန်အနည်းငယ်ပေးပြီး ပျောက်ကင်းတဲ့အထိလုပ်ပါ။

3. ခြေဖနောင့်ကွဲခြင်းကို ကုသပေးနိုင်ပါတယ်။

       ခြေဖနောင့်ကွဲခြင်းက အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီး အိပ်မက်ဆိုးတစ်ခုလို့တောင်တင်စားနိုင်ပါတယ်။ အများအားဖြင့် နာကျင်မှုမခံစားရဘဲနဲ့တောင် ကွဲပြီးသွေးထွက်စေနိုင်ပါတယ်။ ပူနွေးတဲ့ရာသီမှာ ခြေညှပ်ဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေစီးရင် အဖြစ်များပါတယ်။ တစ်ခါတစ်ရံမှာ ကွဲတဲ့နေရာက မနာရင်တောင် ခြေဖနောင့်ကွဲတာနက်တယ်ဆိုရင် စိတ်ဒုက္ခရောက်စေပါတယ်။ ဒါကိုမကုသဘဲထားရင်တော့ ရောဂါပိုးဝင်နိုင်ပါတယ်။

ကုထုံး - ခြေထောက်ကို ဆပ်ပြာရည်ထဲမှာ 15 မိနစ်ခန့်စိမ်ထားပြီး ချေးတွန်းကျောက်တုံးနဲ့ ကွဲတဲ့နေရာကို ညင်သာစွာပွတ်တိုက်ပေးပါ။ တစ်ပတ်ကို နှစ်ခါပြုလုပ်ပေးရင် တစ်လအတွင်းသိသာတဲ့ ပြောင်းလဲမှုကိုတွေ့ရပါလိမ့်မယ်။

4. အသားမာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

        အရေပြားကို ပွတ်တိုက်မှုများလို့ ဆဲလ်အသေတွေ ထူထဲစွာကြီးထွားနေတဲ့နေရာကို အသားမာလို့ခေါ်ပါတယ်။ နာတော့မနာပေမယ့် လမ်းလျှောက်ရခက်စေပါတယ်။ ရေချိုးတိုင်း အသားမာကို ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် ဆဲလ်အသေတွေ ဖြည်းဖြည်းချင်း ကွာကျသွားပါလိမ့်မယ်။

5. လက်တွေကို ပိုပြီးနူးညံ့စေပါတယ်။

         အမျိုးသားတွေက ကြမ်းတမ်းတဲ့အသားအရေရှိတာကို ဂုဏ်ယူလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ နူးညံ့တဲ့လက်တွေကို ပိုင်ဆိုင်ချင်ကြပါတယ်။

        တစ်ပတ်ကို အကြိမ်အနည်းငယ် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပြီး လက်ဆေးပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် သင့်ရဲ့လက်လေးတွေကို နူးညံ့လာစေပါလိမ့်မယ်။

6. အမဲစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

        ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်တွေ မျက်နှာပေါ်မှာထွက်လာရင် ကြည့်ရဆိုးပါတယ်။ ဝက်ခြံတွေက ဆွဲဆောင်မှုကို လျော့နည်းစေပြီး ပေါက်ထွက်မယ်ဆိုရင်တော့ စိတ်ဒုက္ခဖြစ်စေပါတယ်။ ဒီအမဲစက်တွေကခဏတာပါပဲ။ သို့သော်လည်း မဖယ်ရှားဘဲထားရင်တော့ အကြာကြီးရှိစေနိုင်ပါတယ်။ ချေးတွန်းကျောက်တုံးသုံးခြင်းဖြင့် အမဲစက်တွေကိုအောင်မြင်စွာဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ချေးတွန်းကျောက်နဲ့တွန်းမယ်ဆိုရင်တော့ အရေပြားကကောင်းမွန်ပြီး နူးညံ့နေဖို့လိုပါတယ်။

         ဒီအချက်တွေကတော့ ချေးတွန်းကျောက်ကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပြီး သူ့ရဲ့အသုံးဝင်ပုံကတော့ အများကြီးရှိပါသေးတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top