Property Expo
×







Credit:7Day Daily

Unicode Version
ရီးရဲလ်နောက်ခံလူပီပီ သည် တံကောက်ကြောဒဏ်ရာ ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင်ကစားမည့် အက်သလက်တီကို နှင့် မက်ဒရစ်ဒါဘီပွဲကို လွဲချော် နိုင်ဖွယ်ရှိသည်။


ပီပီသည် စနေနေ့က အလာ ဗတ်စ်နှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး သီတင်းခြောက်ပတ်ကြာ အနားယူရနိုင်သည်။

တနင်္လာနေ့က စစ်ဆေးမှု များအရ ပီပီသည် ဘယ်ဘက်ခြေထောက်တံကောက်ကြော ဒဏ်ရာအခြေအနေသည် အဆင့်(၂)ရှိကြောင်း ရီးရဲလ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရီးရဲလ်အနေဖြင့် ပီပီကို အ ချိန်အတိုင်းအတာတစ်ခုအထိ အနားပေးရမည်ဖြစ်သော်လည်း ယင်းကဲ့သို့သော ဒဏ်ရာအခြေ အနေမှာ ပြန်သက်သာရန် အ နည်းဆုံး  သီတင်းခြောက်ပတ် ကြာမြင့်နိုင်ကြောင်း သတင်းရင်းမြစ် များက ပြောသည်။

ရီးရဲလ်တွင် ဆာဂျီယိုရာမို့စ် ဒဏ်ရာရပြီးနောက် နောက်ထပ် အဓိကနောက်ခံလူ ပီပီလည်း ဒဏ်ရာရခဲ့၍ ထိုးနှက်ချက်တစ် ရပ်ဖြစ်လာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top