Property Expo
×

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရန္႕နဲ႕ ႐ု႐ွားသမၼတပူတင္တုိ႕ တယ္လီဖုန္းျဖင့္ဆက္သြယ္ၿပီး ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ ထရန္႕နဲ႕ပူတင္တုိ႕က အၾကမ္းဖက္မႈတုိက္ဖ်က္ေရး အပါအဝင္ အျပဳသေဘာေဆာင္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေရးကုိ ဖုန္းျဖင့္ေဆြးေႏြးခဲ့ၾကပါတယ္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ထရန္႕ အႏုိင္ရၿပီးေနာက္ ပထမဆုံးအႀကိမ္ ဖုန္းေျပာဆုိခဲ့စဥ္ကတည္းက အေမရိကန္နဲ႕႐ု႐ွား ႏွစ္ႏုိင္ငံဆက္ဆံမႈ ပုံမွန္ျဖစ္ေရးနဲ႕ ႏုိင္ငံတကာ အၾကမ္းဖက္မႈနဲ႕ အစြန္းေရာက္ဝါဒကုိ ပူးေပါင္းတုိက္ဖ်က္ရန္ သေဘာတူညီခဲ့ၾကေၾကာင္းလည္း သိရပါတယ္။

ယခုတစ္ႀကိမ္မွာ ထရန္႕နဲ႕ပူတင္တုိ႕ၾကား အေမရိကန္သမၼတေ႐ြးေကာက္ပြဲၿပီးေနာက္ ဒုတိယအႀကိမ္ ဖုန္းဆက္သြယ္ေျပာဆုိမႈ ျဖစ္ပါတယ္။ အေမရိကန္နဲ႕ ႐ု႐ွား ႏွစ္ႏုိင္ငံၾကား ဆီးရီးယားျပည္တြင္းစစ္၊ အက္ဒဝပ္ စႏုိးဒင္းကိစၥနဲ႕ ယူကရိန္းအေရးတို႕က အဓိက ျပႆနာမ်ားျဖစ္ခဲ့ၿပီး အေမရိကန္သမၼတ အုိဘားမားလက္ထက္မွာ ဆက္ဆံေရးတင္းမာမႈေတြ ျဖစ္ခဲ့ပါတယ္။

ထရန္႕နဲ႕ ပူတင္တုိ႕ဟာ ဖုန္းဆက္သြယ္မႈမ်ား ဆက္လက္ ျပဳလုပ္သြားမွာျဖစ္ၿပီး သီးသန္႕ ေတြ႕ဆုံေဆြးေႏြးသြားရန္လည္း အစီအစဥ္႐ွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ အေမရိကန္ေ႐ြးေကာက္ခံသမၼတထရန္႕ဟာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္မွာ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆုိၿပီး လက္႐ွိသမၼတ အုိဘားမားေနရာကုိ ဆက္ခံသြားမွာ ျဖစ္ပါတယ္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ထရန္႕ အႏုိင္ရၿပီးေနာက္ ႐ု႐ွားနဲ႕ ဆက္ဆံေရး ျပန္လည္ ေကာင္းမြန္လာမယ္လို႕ ႏုိင္ငံေရးသုံးသပ္သူေတြကလည္း ခန္႕မွန္ထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ထရန့်နဲ့ပူတင်တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရေးကို ဖုန်းဖြင့်ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဖုန်းပြောဆိုခဲ့စဉ်ကတည်းက အမေရိကန်နဲ့ရုရှား နှစ်နိုင်ငံဆက်ဆံမှု ပုံမှန်ဖြစ်ရေးနဲ့ နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ပူးပေါင်းတိုက်ဖျက်ရန် သဘောတူညီခဲ့ကြကြောင်းလည်း သိရပါတယ်။

ယခုတစ်ကြိမ်မှာ ထရန့်နဲ့ပူတင်တို့ကြား အမေရိကန်သမ္မတရွေးကောက်ပွဲပြီးနောက် ဒုတိယအကြိမ် ဖုန်းဆက်သွယ်ပြောဆိုမှု ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ဆီးရီးယားပြည်တွင်းစစ်၊ အက်ဒဝပ် စနိုးဒင်းကိစ္စနဲ့ ယူကရိန်းအရေးတို့က အဓိက ပြဿနာများဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ထရန့်နဲ့ ပူတင်တို့ဟာ ဖုန်းဆက်သွယ်မှုများ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး သီးသန့် တွေ့ဆုံဆွေးနွေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်ရွေးကောက်ခံသမ္မတထရန့်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လက်ရှိသမ္မတ အိုဘားမားနေရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရပြီးနောက် ရုရှားနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကလည်း ခန့်မှန်ထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top