Shwe Zabu River View Condominium Promotion
×

ကြယ္လြန္သူ မင္းသမီးဒိုင္ယာနာ၏ ဖက္ရွင္က်နစြာ ဝတ္ဆင္ခဲ့ေသာ ဝတ္စံုမ်ားကို ကန္ဆင္တန္နန္းေတာ္တြင္ ျပသမည္ျဖစ္ သည္။

ဒိုင္ယာနာႏွင့္ သူ၏ဖက္ရွင္ Diana: Her Fashion ဟု အမည္ ေပးထားေသာ ျပပြဲကို ဒိုင္ယာနာ ၁၅ ႏွစ္ၾကာေနထိုင္ခဲ့ေသာ လန္ဒန္ၿမိဳ႕ ကန္ဆင္တန္နန္းေတာ္၌ ၂၀၁၇ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ဖြင့္လွစ္ျပသမည္ျဖစ္သည္။ ၁၉၉၇ ဩဂုတ္တြင္ ျပင္သစ္ႏုိင္ငံပဲရစ္ၿမိဳ႕၌ ကားမေတာ္တဆမႈ ေၾကာင့္ ဒိုင္ယာနာကြယ္လြန္ခဲ့ ျခင္း ႏွစ္ (၂၀)ျပည့္ အထိမ္းအမွတ္ႏွင့္ တုိက္ဆုိင္၍ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ သည္။

ျပပြဲတြင္ ၁၉၈၅ က အိမ္ျဖဴ ေတာ္၌ ဒိုင္ယာနာဝတ္ဆင္ခဲ့ေသာ Victor Edelstein ညေနခင္းပြဲ တက္ဝတ္စံုႏွင့္ ၁၉၈၀ မ်ားက ဗင္းနစ္၊ အီတလီႏုိင္ငံတုိ႔သို႔ တရားဝင္သြားေရာက္ခဲ့စဥ္က ဝတ္ဆင္ခဲ့ ေသာ အျပာေရာင္ဝတ္စံုတို႔ကို လည္း ျပသမည္ျဖစ္သည္။

‘‘ဒီျပပြဲက ေတာ္ဝင္မိသားစု ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ သံ တမန္က်က် ဝတ္စားဆင္ယင္မႈ ကို လ်င္လ်င္ျမန္ျမန္ သင္ယူႏုိင္ ခဲ့ၿပီး ငယ္ရြယ္တဲ့ အမ်ိဳးသမီးတစ္ ေယာက္ျဖစ္တဲ့ ေဝလမင္းသမီး ဒိုင္ယာနာရဲ႕ ဇာတ္လမ္းကို ေဖာ္ ျပတာပါ။ သူက ၿဗိတိန္ရဲ႕ ဖက္ ရွင္ေလာကနဲ႔ ဒီဇိုင္နာေတြအေပၚ မွာ အာ႐ံုစိုက္ခံရေစခဲ့တယ္’’ဟု ပြဲစီစဥ္သူ အယ္ရီလင္းက ထုတ္ ျပန္ခ်က္တစ္ခုတြင္ ေျပာသည္။

တစ္ခ်ိန္တည္းတြင္ အနား ယူရန္ ဒိုင္ယာနာ အႏွစ္သက္ဆံုး ေနရာမ်ားအနက္ တစ္ခုျဖစ္ေသာ ေတာ္ဝင္မိသားစုေနထိုင္ရာ ေျမ ေအာက္ပန္းၿခံတြင္ သူႀကိဳက္ႏွစ္ သက္ေသာ ပန္းမ်ားကိုလည္း စိုက္ပ်ိဳးျပသမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကွယ်လွန်သူ မင်းသမီးဒိုင်ယာနာ၏ ဖက်ရှင်ကျနစွာ ဝတ်ဆင်ခဲ့သော ဝတ်စုံများကို ကန်ဆင်တန်နန်းတော်တွင် ပြသမည်ဖြစ် သည်။

ဒိုင်ယာနာနှင့် သူ၏ဖက်ရှင် Diana: Her Fashion ဟု အမည် ပေးထားသော ပြပွဲကို ဒိုင်ယာနာ ၁၅ နှစ်ကြာနေထိုင်ခဲ့သော လန်ဒန်မြို့ ကန်ဆင်တန်နန်းတော်၌ ၂၀၁၇ ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖွင့်လှစ်ပြသမည်ဖြစ်သည်။ ၁၉၉၇ ဩဂုတ်တွင် ပြင်သစ်နိုင်ငံပဲရစ်မြို့၌ ကားမတော်တဆမှု ကြောင့် ဒိုင်ယာနာကွယ်လွန်ခဲ့ ခြင်း နှစ် (၂၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

ပြပွဲတွင် ၁၉၈၅ က အိမ်ဖြူ တော်၌ ဒိုင်ယာနာဝတ်ဆင်ခဲ့သော Victor Edelstein ညနေခင်းပွဲ တက်ဝတ်စုံနှင့် ၁၉၈၀ များက ဗင်းနစ်၊ အီတလီနိုင်ငံတို့သို့ တရားဝင်သွားရောက်ခဲ့စဉ်က ဝတ်ဆင်ခဲ့ သော အပြာရောင်ဝတ်စုံတို့ကို လည်း ပြသမည်ဖြစ်သည်။

‘‘ဒီပြပွဲက တော်ဝင်မိသားစု ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သံ တမန်ကျကျ ဝတ်စားဆင်ယင်မှု ကို လျင်လျင်မြန်မြန် သင်ယူနိုင် ခဲ့ပြီး ငယ်ရွယ်တဲ့ အမျိုးသမီးတစ် ယောက်ဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာရဲ့ ဇာတ်လမ်းကို ဖော် ပြတာပါ။ သူက ဗြိတိန်ရဲ့ ဖက် ရှင်လောကနဲ့ ဒီဇိုင်နာတွေအပေါ် မှာ အာရုံစိုက်ခံရစေခဲ့တယ်’’ဟု ပွဲစီစဉ်သူ အယ်ရီလင်းက ထုတ် ပြန်ချက်တစ်ခုတွင် ပြောသည်။

တစ်ချိန်တည်းတွင် အနား ယူရန် ဒိုင်ယာနာ အနှစ်သက်ဆုံး နေရာများအနက် တစ်ခုဖြစ်သော တော်ဝင်မိသားစုနေထိုင်ရာ မြေ အောက်ပန်းခြံတွင် သူကြိုက်နှစ် သက်သော ပန်းများကိုလည်း စိုက်ပျိုးပြသမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top