Property Expo
×

ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕နယ္ ေမာ္ဟန္ေက်းရြာ သီလရွင္သင္ ပညာေရးေက်ာင္းတြင္ ေစတနာ ဝန္ထမ္းသင္ၾကားေပးေနေသာ ဆရာမနွင့္ အမ်ိ ဳးသားတစ္ဦး စကားမ်ားရာမွ အနီးရွိ ေက်ာက္တုံးျဖင့္ ရိုက္မိရာ ဒဏ္ရာမ်ားရရွိခဲ႔၍ မိုးညွင္းေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ႔ရၿပီး သက္ဆိုင္ရာက အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း
သိရပါတယ္ ။

ျဖစ္စဥ္မွာ နိုဝင္ဘာ ၄ရက္ ေန႔လည္၁၂နာရီခြဲ အခ်ိန္ခန္႔က ေမာ္ဟန္ရြာေက်းရြာ ရြာမရပ္ေန ဦးခင္ေမာင္ေက်ာ္က ေမာ္ဟန္ရြာဘုန္းေတာ္ႀကီး ေက်ာင္းကထိန္အလွဴ ပြဲတြင္ ေရာက္ရွိေနစဥ္ ၎၏ညီမျဖစ္သူ မတင္မိုးသူ ၂၈နွစ္(ဘ) ဦးေမာင္ေမာင္ ေက်ာင္းဆရာမ (ေစတနာ ့ဝန္ထမ္း) သီလရွင္ပညာသင္ေက်ာင္း ရြာမရပ္ မိုးညွင္းၿမိဳ႕နယ္ ေနသူ ၎၏ညီမအား တစ္ရြာတည္းေနသူ ဆန္းဝင္းေအာင္၃၀နွစ္(ဘ) ဦးဥာဏ္ေအာင္ ေတာင္သူ ေမာ္ဟန္ေက်းရြာ မိုးညွင္းၿမိဳ႕နယ္ ေနသူက ေက်ာက္တုံးျဖင့္ ရုိက္ႏွက္ခဲ့ေၾကာင္း ၾကားသိရပါတယ္။



 အဆိုပါ သီလရွင္ပညာသင္ ေက်ာင္းဝင္းအတြင္း ဆန္း၀င္းေအာင္  ေရာက္ရွိလာၿပီး မတင္မုိးႏွင့္ စကားေျပာဆိုေနစဥ္ စကားမ်ားရန္ျဖစ္ရာမွ (၁၅)လကၼခန္႔ရွိေသာ ေက်ာက္တုံး(၁)တုံးျဖင့္ ရိုက္နွက္ခဲ႔ေၾကာင္း သိရပါတယ္။

ဦးခင္ေမာင္ေက်ာ္ သြားေရာက္ၾကည္႔ရွဳ ရာ ညီမျဖစ္သူ မတင္မိုးသူ၏ ဦးေခါင္းငယ္ထိပ္တြင္ ေပါက္ၿပဲ ဒဏ္ရာ(၁)ခ်က္ ယာနားထင္ေပါက္ၿပဲဒဏ္ရာ (၁)ခ်က္ ယာဘက္ပါးဖူးေရာင္ဒဏ္ရာ(၁)ခ်က္ (မစိုးရိမ္ရ)တို႔ျဖင့္ ရရွိေနသည္ကို ေတြ႕ရွိရပါတယ္။

 မိုးညွင္းရဲစခန္းမွ မတင္မိုးသူအား ထိခိုက္ဒဏ္ရာ ရေအာင္ျပဳလုပ္သူ ဆန္းဝင္းေအာင္အား (ပ)၃၄၃/၁၆ ရာဇသတ္ႀကီး ဥပေဒပုဒ္မ - ၃၂၅ျဖင့္ အေရးယူေဆာင္ရြက္ခဲ႔ၿပီး အမွဳ စစ္ဒုရဲအုပ္တင္ဝင္း က ဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Cyclone Mawlu

#Unicode Version
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ သီလရှင်သင် ပညာရေးကျောင်းတွင် စေတနာ ဝန်ထမ်းသင်ကြားပေးနေသော ဆရာမနှင့် အမျိ ုးသားတစ်ဦး စကားများရာမှ အနီးရှိ ကျောက်တုံးဖြင့် ရိုက်မိရာ ဒဏ်ရာများရရှိခဲ့၍ မိုးညှင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရပါတယ် ။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် နေ့လည်၁၂နာရီခွဲ အချိန်ခန့်က မော်ဟန်ရွာကျေးရွာ ရွာမရပ်နေ ဦးခင်မောင်ကျော်က မော်ဟန်ရွာဘုန်းတော်ကြီး ကျောင်းကထိန်အလှူ ပွဲတွင် ရောက်ရှိနေစဉ် ၎င်း၏ညီမဖြစ်သူ မတင်မိုးသူ ၂၈နှစ်(ဘ) ဦးမောင်မောင် ကျောင်းဆရာမ (စေတနာ့ဝန်ထမ်း) သီလရှင်ပညာသင်ကျောင်း ရွာမရပ် မိုးညှင်းမြို့နယ် နေသူ ၎င်း၏ညီမအား တစ်ရွာတည်းနေသူ ဆန်းဝင်းအောင်၃၀နှစ်(ဘ) ဦးဉာဏ်အောင် တောင်သူ မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ် နေသူက ကျောက်တုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း ကြားသိရပါတယ်။


 အဆိုပါ သီလရှင်ပညာသင် ကျောင်းဝင်းအတွင်း ဆန်းဝင်းအောင်  ရောက်ရှိလာပြီး မတင်မိုးနှင့် စကားပြောဆိုနေစဉ် စကားများရန်ဖြစ်ရာမှ (၁၅)လက္မခန့်ရှိသော ကျောက်တုံး(၁)တုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

ဦးခင်မောင်ကျော် သွားရောက်ကြည့်ရှု ရာ ညီမဖြစ်သူ မတင်မိုးသူ၏ ဦးခေါင်းငယ်ထိပ်တွင် ပေါက်ပြဲ ဒဏ်ရာ(၁)ချက် ယာနားထင်ပေါက်ပြဲဒဏ်ရာ (၁)ချက် ယာဘက်ပါးဖူးရောင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ဖြင့် ရရှိနေသည်ကို တွေ့ရှိရပါတယ်။

 မိုးညှင်းရဲစခန်းမှ မတင်မိုးသူအား ထိခိုက်ဒဏ်ရာ ရအောင်ပြုလုပ်သူ ဆန်းဝင်းအောင်အား (ပ)၃၄၃/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၂၅ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး အမှု စစ်ဒုရဲအုပ်တင်ဝင်း က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။


ဖိုးသူတော် (www.phothutaw.com)
Credit:Cyclone Mawlu 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top