Property Expo
×

စက္သံုးဆီအမ်ဳိးအစား အခ်ဳိ႕ တစ္ဂါလန္လွ်င္ က်ပ္ ၅၀ ခန္႔ ေစ်းႏႈန္း ျပန္လည္ျမင့္တက္ လာေၾကာင္း စက္သံုးဆီအေရာင္း ဆိုင္မ်ားထံမွ သတင္းရရွိသည္။

ျပည္တြင္းစက္သံုးဆီေစ်း ႏႈန္းမ်ားသည္ ႏွစ္ပတ္ခန္႔အတက္ အက်မရွိဘဲ တည္ၿငိမ္ေနခဲ့ရာမွ ယခုႏို၀င္ဘာ ၂၅ ရက္တြင္ ျပန္ လည္ ျမင့္တက္လာခဲ့ေၾကာင္း အဆိုပါစက္သံုးဆီအေရာင္းဆိုင္မန္ေနဂ်ာအခ်ဳိ႕က ေျပာသည္။

ႏို၀င္ဘာ ၁၁ ရက္မွစ၍ ဒီဇယ္တစ္ဂါလန္လွ်င္ ၂,၈၃၅ က်ပ္ (တစ္လီတာလွ်င္ ၆၃၀ က်ပ္ခန္႔)၊ အဆင့္ျမင့္ဒီဇယ္တစ္ဂါလန္လွ်င္ ၂,၉၂၅ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၅၀ က်ပ္ခန္႔)၊ ေအာက္တိန္း -92 တစ္ဂါလန္လွ်င္ ၂,၈၃၅ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၃၀ က်ပ္ခန္႔)၊ ေအာက္တိန္း-95 တစ္ဂါလန္လွ်င္ ၃,၀၆၀ က်ပ္ခန္႔ (တစ္လီတာလွ်င္ ၆၈၀ က်ပ္ခန္႔) ေစ်းႏႈန္းမ်ား ျဖစ္ေပၚခဲ့သည္။

ႏို၀င္ဘာ ၂၅ ရက္တြင္မူ ေအာက္တိန္း-92 တစ္ဂါလန္လွ်င္ ၂,၈၈၀ က်ပ္ (တစ္လီတာလွ်င္ ၆၄၀ က်ပ္)၊ ေအာက္တိန္း-95 တစ္ဂါလန္လွ်င္ ၃,၁၀၅ က်ပ္ (တစ္လီတာလွ်င္ ၆၉၀ က်ပ္)၊ ဒီဇယ္တစ္ဂါလန္လွ်င္ ၂,၈၈၀ က်ပ္ (တစ္လီတာလွ်င္ ၆၄၀ က်ပ္) ခန္႔ရွိခဲ့ၿပီး အဆင့္ျမင့္ဒီဇယ္မွာမူ ေစ်းအ ေျပာင္းအလဲမရွိေသးေၾကာင္း သ တင္းရရွိသည္။

 ထို႔ေၾကာင့္ ႏွစ္ပတ္ေက်ာ္ ကာလအတြင္း၌ စက္သံုးဆီအမ်ဳိး အစားအခ်ဳိ႕သည္ တစ္ဂါလန္ လွ်င္ က်ပ္ ၅၀ ခန္႔ႏွင့္ တစ္လီတာ လွ်င္ ၁၀ က်ပ္ခန္႔ ေစ်းျမင့္တက္ လာခဲ့သည္။

စက္သံုးဆီေစ်းႏႈန္းျမင့္တက္မႈသည္ ကမၻာ့စက္သံုးဆီေစ်းႏႈန္း ႏွင့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းတို႔ႏွင့္ဆက္စပ္ေနသည္ဟု စက္သံုးဆီ လုပ္ငန္းလုပ္ကိုင္ေနသူမ်ားက ဆို သည္။ ကမၻာ့စက္သံုးဆီေစ်းႏႈန္း သည္ ယခုရက္ပိုင္းအတြင္း တစ္ စည္လွ်င္ ၄၇ ေဒၚလာခန္႔ျဖင့္ ေစ်းႏႈန္းသိသိသာသာေျပာင္းလဲမႈ မရွိေသးဘဲ ေငြလဲႏႈန္းမွာ ေန႔စဥ္ႏွင့္အမွ် အတက္အက်ရွိေနခဲ့သည္။

ႏိုင္ငံျခား  ေငြလဲလွယ္ႏႈန္း သည္ ႏို၀င္ဘာ ၁၁ ရက္က တစ္ ေဒၚလာလွ်င္ ၁,၂၉၅ က်ပ္ခန္႔ရွိခဲ့ ၿပီး ႏို၀င္ဘာ ၂၅ ရက္တြင္ ၁,၃၄၅ က်ပ္အထိရွိလာခဲ့သည္။

‘‘ကမၻာ့ေစ်းအေျပာင္းအလဲ မရွိရင္ေတာင္ အရင္ေငြေပါက္ ေစ်းနဲ႔ သြင္းထားတဲ့ စက္သံုးဆီ ေတြ ေစ်းကြက္မွာ ကုန္ေတာ့မယ္ ဆိုရင္ လက္ရွိေငြလဲႏႈန္းေၾကာင့္ ထပ္သြင္းမယ့္ဆီေတြရဲ႕ ေစ်းႏႈန္း ေတြက ျမင့္လာႏုိင္မယ့္ အလားအလာေတြ႕ရတယ္။ ကမၻာ့စက္သံုး ဆီေစ်းက်လာရင္ေတာ့ ျပန္ကာ မိမွာေပါ့’’ဟု စက္သံုးဆီေစ်းကြက္ ကြၽမ္းက်င္သူ  တစ္ဦးက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

စက်သုံးဆီအမျိုးအစား အချို့ တစ်ဂါလန်လျှင် ကျပ် ၅၀ ခန့် ဈေးနှုန်း ပြန်လည်မြင့်တက် လာကြောင်း စက်သုံးဆီအရောင်း ဆိုင်များထံမှ သတင်းရရှိသည်။

ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည် နှစ်ပတ်ခန့်အတက် အကျမရှိဘဲ တည်ငြိမ်နေခဲ့ရာမှ ယခုနိုဝင်ဘာ ၂၅ ရက်တွင် ပြန် လည် မြင့်တက်လာခဲ့ကြောင်း အဆိုပါစက်သုံးဆီအရောင်းဆိုင်မန်နေဂျာအချို့က ပြောသည်။

နိုဝင်ဘာ ၁၁ ရက်မှစ၍ ဒီဇယ်တစ်ဂါလန်လျှင် ၂,၈၃၅ ကျပ် (တစ်လီတာလျှင် ၆၃၀ ကျပ်ခန့်)၊ အဆင့်မြင့်ဒီဇယ်တစ်ဂါလန်လျှင် ၂,၉၂၅ ကျပ်ခန့် (တစ်လီတာလျှင် ၆၅၀ ကျပ်ခန့်)၊ အောက်တိန်း -92 တစ်ဂါလန်လျှင် ၂,၈၃၅ ကျပ်ခန့် (တစ်လီတာလျှင် ၆၃၀ ကျပ်ခန့်)၊ အောက်တိန်း-95 တစ်ဂါလန်လျှင် ၃,၀၆၀ ကျပ်ခန့် (တစ်လီတာလျှင် ၆၈၀ ကျပ်ခန့်) ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်တွင်မူ အောက်တိန်း-92 တစ်ဂါလန်လျှင် ၂,၈၈၀ ကျပ် (တစ်လီတာလျှင် ၆၄၀ ကျပ်)၊ အောက်တိန်း-95 တစ်ဂါလန်လျှင် ၃,၁၀၅ ကျပ် (တစ်လီတာလျှင် ၆၉၀ ကျပ်)၊ ဒီဇယ်တစ်ဂါလန်လျှင် ၂,၈၈၀ ကျပ် (တစ်လီတာလျှင် ၆၄၀ ကျပ်) ခန့်ရှိခဲ့ပြီး အဆင့်မြင့်ဒီဇယ်မှာမူ ဈေးအ ပြောင်းအလဲမရှိသေးကြောင်း သ တင်းရရှိသည်။

 ထို့ကြောင့် နှစ်ပတ်ကျော် ကာလအတွင်း၌ စက်သုံးဆီအမျိုး အစားအချို့သည် တစ်ဂါလန် လျှင် ကျပ် ၅၀ ခန့်နှင့် တစ်လီတာ လျှင် ၁၀ ကျပ်ခန့် ဈေးမြင့်တက် လာခဲ့သည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတို့နှင့်ဆက်စပ်နေသည်ဟု စက်သုံးဆီ လုပ်ငန်းလုပ်ကိုင်နေသူများက ဆို သည်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း သည် ယခုရက်ပိုင်းအတွင်း တစ် စည်လျှင် ၄၇ ဒေါ်လာခန့်ဖြင့် ဈေးနှုန်းသိသိသာသာပြောင်းလဲမှု မရှိသေးဘဲ ငွေလဲနှုန်းမှာ နေ့စဉ်နှင့်အမျှ အတက်အကျရှိနေခဲ့သည်။

နိုင်ငံခြား  ငွေလဲလှယ်နှုန်း သည် နိုဝင်ဘာ ၁၁ ရက်က တစ် ဒေါ်လာလျှင် ၁,၂၉၅ ကျပ်ခန့်ရှိခဲ့ ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ၁,၃၄၅ ကျပ်အထိရှိလာခဲ့သည်။

‘‘ကမ္ဘာ့ဈေးအပြောင်းအလဲ မရှိရင်တောင် အရင်ငွေပေါက် ဈေးနဲ့ သွင်းထားတဲ့ စက်သုံးဆီ တွေ ဈေးကွက်မှာ ကုန်တော့မယ် ဆိုရင် လက်ရှိငွေလဲနှုန်းကြောင့် ထပ်သွင်းမယ့်ဆီတွေရဲ့ ဈေးနှုန်း တွေက မြင့်လာနိုင်မယ့် အလားအလာတွေ့ရတယ်။ ကမ္ဘာ့စက်သုံး ဆီဈေးကျလာရင်တော့ ပြန်ကာ မိမှာပေါ့’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူ  တစ်ဦးက ပြော ကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top