Kantharyar Centre
×

အမ်ားျပည္သူ႐ံုးပိတ္ရက္မ်ားတြင္ လုပ္ခႏွစ္ဆေပးေရးအပါအဝင္ လုပ္သားအခြင့္အေရးမ်ား တုိးျမႇင့္ေပးရန္ BRT-Lite ယာဥ္ေမာင္းမ်ားက ႏိုဝင္ဘာ ၁၄ ရက္ (တန္ေဆာင္မုန္းလျပည့္ေန႔)၌ ယာဥ္လိုင္းမေျပးဆြဲဘဲ ေတာင္းဆုိခဲ့ၾကသည္။

ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က အစုရွယ္ယာထက္ဝက္ခန္႔ျဖင့္ ထည့္ဝင္ေျပးဆြဲေနသည့္ BRT-Lite ယာဥ္လိုင္းမွ ယာဥ္ေမာင္းအမ်ားစုက အက်ိဳးခံစားခြင့္ ေပးအပ္မႈနည္းပါးေနသည္ဆုိကာ ယာဥ္မ်ားကို ႏိုဝင္ဘာ ၁၄ ရက္တြင္ ေျပးဆြဲမႈရပ္နား၍ ေတာင္းဆိုခဲ့သည္။

‘‘ကြၽန္ေတာ္တုိ႔ လိုခ်င္တဲ့အ ခ်က္ေတြကို လက္မွတ္ေရးထိုးၿပီး ေတာင္းဆိုသြားမယ္။ ေနာက္ရက္ ေတြ ေျပးဆြဲမလား၊ မေျပးဆြဲဘူး လားဆိုတာေတာ့ မဆံုးျဖတ္ရ ေသးဘူး။ ဒီေန႔အဖို႔ကေတာ့ မဆြဲ ဖို႔ကို ကြၽန္ေတာ္တုိ႔ ယာဥ္ေမာင္း ေတြ သေဘာတူညီဆံုးျဖတ္ၾက တာ။ ဒါက ကြၽန္ေတာ္တုိ႔ ဆႏၵျပ တာ မဟုတ္ဘူး။ ကြၽန္ေတာ္တုိ႔ အေျခအေနကို အမ်ားျပည္သူသိ ေစခ်င္လို႔ပါ’’ဟု အဆုိပါယာဥ္ လိုင္းမွ ယာဥ္ေမာင္း ကိုေအာင္ ေဇာ္ထက္က ေျပာသည္။

BRT-Lite ယာဥ္လုိင္းမွ ေျပးဆြဲသည့္ ခရီးစဥ္သံုးခုအတြက္ ယာဥ္ေမာင္း ၇၀ ေက်ာ္ရွိၿပီး ယာဥ္ေမာင္းအမ်ားစု၏ သေဘာတူညီ မႈျဖင့္ ႏိုဝင္ဘာ ၁၄ ရက္တြင္ ခရီး စဥ္ေျပးဆြဲမႈကို ရပ္နားျခင္းျဖစ္ သည္။

BRT ယာဥ္လုိင္းတြင္ ယာဥ္ စီးေရ ၆၅ စီးျဖင့္ ေန႔စဥ္ခရီးစဥ္ အမွတ္ (၁)၊ (၂)၊ (၃) တုိ႔ကို ေျပး ဆြဲေပးေနေသာ္လည္း ႏိုဝင္ဘာ ၁၄ ရက္တြင္ ယင္းခရီးစဥ္သံုးခု စလံုး၌ ယာဥ္ႏွစ္စီးသာ ေျပးဆြဲခဲ့ ေၾကာင္း သတင္းရရွိသည္။

BRT ယာဥ္ေမာင္းမ်ားက အမ်ားျပည္သူ႐ံုးပိတ္ရက္မ်ား တြင္ လုပ္ခႏွစ္ဆေပးရန္၊ နံနက္ ကားေသာ့စတင္ရယူခ်ိန္ကစ၍ ကားေသာ့ျပန္အပ္သည့္အခ်ိိန္အ ထိကို အလုပ္ခ်ိန္အျဖစ္သတ္မွတ္ ၍ တစ္ရက္အလုပ္ခ်ိန္ ရွစ္နာရီ ထက္ေက်ာ္လြန္သည့္ အခ်ိန္မ်ား အတြက္ အခ်ိန္ပိုေၾကးေပးရန္၊ ယာဥ္မေတာ္တဆျဖစ္ရပ္မ်ားအ တြက္ အာမခံစနစ္ျဖင့္ ကုမၸဏီက ျဖည့္စြက္ကူညီမႈေပးရန္ စသည့္ အခ်က္မ်ားကို အဓိကေတာင္းဆို ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ အမ်ားျပည္သူ ႐ံုးပိတ္ရက္မ်ားအတြက္ အလုပ္ လုပ္ကိုင္ပါက လုပ္ခႏႈန္းတုိးျမႇင့္ မရရိွေသာ္လည္း ယင္းရက္မ်ား တြင္ ခြင့္ယူမည္ဆုိပါက ယာဥ္ ေမာင္းတစ္ဦးလွ်င္ က်ပ္ႏွစ္ ေသာင္းသံုးေထာင္ျဖတ္ေတာက္ ခံေနရေၾကာင္း ယာဥ္ေမာင္းမ်ား က ေျပာသည္။

‘‘စည္းကမ္းပိုင္းေတြ တအား ၾကပ္မတ္တယ္။ ယာဥ္ေမာင္းေတြ ကို ဖိအားေပးတယ္။ မေတာ္တဆ ယာဥ္တိုက္မႈျဖစ္လို႔ ကိုယ့္ဘက္ က မွန္ေနရင္ေတာင္ ယာဥ္ေမာင္း က အဓိကစိုက္ထုတ္ျပဳျပင္ေစရ တာမ်ိဳးေတြက ဆုိးလြန္းတယ္’’ဟု ယာဥ္ေမာင္း ဦးေက်ာ္ဇင္ေရႊက ေျပာသည္။

ယာဥ္ေမာင္းမ်ား၏ ေတာင္း ဆိုမႈမ်ားသည္ ႀကီးၾကပ္အုပ္ခ်ဳပ္ သူမ်ားအေနျဖင့္ ေျဖရွင္းေဆာင္ ရြက္ေပးႏုိင္သည့္ အေျခအေနမရွိ ဘဲ ဘုတ္အဖြဲ႕ကသာ ဆံုးျဖတ္ရ မည့္ကိစၥျဖစ္ေသာေၾကာင့္ ယင္း ဘုတ္အဖြဲ႕အႀကီးအကဲမ်ားထံ တင္ျပထားေၾကာင္း အဆုိပါယာဥ္လိုင္းေျပးဆြဲမႈျပဳလုပ္ေနသည့္ ရန္ကုန္ ဘတ္စ္ကားအမ်ားႏွင့္ သက္ဆုိင္ေသာကုမၸဏီ (YBPC) ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးသြင္ထူးေက်ာ္က ေျပာသည္။

‘‘သူတုိ႔ေတာင္းဆိုတာမွာ ေငြေရးေၾကးေရး အပိုင္းေတြပါတယ္။ဒီယာဥ္လိုင္းက အစိုးရရွယ္ယာ လည္းပါတယ္။ အမ်ားျပည္သူေငြ လည္းပါဝင္တာေၾကာင့္ ကိုယ္ ေတြသေဘာသက္သက္နဲ႔ ေငြသံုး လို႔မရဘူး။ သူတုိ႔တင္ျပတာကို လက္ခံၿပီး ကိုယ္ေတြကေတာ့ အ ထက္ကို ထပ္ဆင့္တင္ျပေပးလို႔ ပဲရတယ္’’ဟု ၎က ေျပာသည္။

ယာဥ္ေမာင္းအမ်ားစုက ၎တို႔ တင္ျပခ်က္ကို လက္ခံေဆာင္ ရြက္ေပးႏုိင္သည့္ အခ်ိန္မွသာ လုိင္းထြက္ေျပးဆြဲျခင္းမ်ား ျပန္ လည္ျပဳလုပ္ရန္ စဥ္းစားထား ေၾကာင္း ေျပာၾကားသည္။

‘‘တခ်ိဳ႕ယာဥ္ေမာင္းေတြက ထြက္ၿပီးေျပးဆြဲခ်င္ၾကတယ္။ ယာဥ္ေမာင္းအစုအဖြဲ႕တစ္စုက မဆြဲရဘူးဆုိၿပီး တားျမစ္ၿခိမ္း ေျခာက္ထားလို႔ ထြက္မဆဲြရဲၾက တာေတြရွိတယ္’’ဟု ဦးသြင္ထူး ေက်ာ္က ဆုိသည္။

အဆုိပါယာဥ္လုိင္းမွ ခရီး စဥ္သံုးခုစလံုး ေျပးဆြဲပါက တစ္ ရက္လွ်င္ ဝင္ေငြက်ပ္သိန္း ၄၀ ခန္႔ရရွိ၍ ယာဥ္ေမာင္းမ်ားက ခရီးစဥ္ေျပးဆြဲျခင္းမရွိလွ်င္ ကုမၸဏီဝင္ေငြဆံုး႐ႈံးမႈ ဆက္ရွိႏုိင္သည္ဟု တာဝန္ရွိသူတစ္ဦးက ဆုိသည္။

ရန္ကုန္ဘတ္စ္ကား အမ်ား ႏွင့္သက္ဆုိင္ေသာ ကုမၸဏီ (YBPC)ကို အစိုးရက ရွယ္ယာ ၅၁ ရာခုိင္ႏႈန္းႏွင့္ အမ်ားျပည္သူ ပါဝင္မႈရွယ္ယာ ၄၉ ရာခုိင္ႏႈန္း ျဖင့္ ထူေထာင္ထားကာ လက္ရွိ တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ က်ပ္ ၁၅ ဘီလီယံေက်ာ္ျဖင့္ လည္ပတ္ေနျခင္း ျဖစ္သည္။

ႏိုဝင္ဘာ ၁၄ ရက္က BRT ယာဥ္လိုင္းမ်ား ေျပးဆြဲမႈမရွိျခင္း ေၾကာင့္ BRT ဘတ္စ္ကားမွတ္ တုိင္မ်ားတြင္ ခရီးသည္မ်ား အ ခ်ိန္အတန္ၾကာ ေစာင့္ဆုိင္းရမႈ မ်ားရွိခဲ့သည္။

‘‘ကမၻာေအးလမ္းေၾကာင္း (၂) ကားစီးဖို႔ ေစာင့္ေနတာ နာရီ ဝက္ေက်ာ္ၿပီ။ တစ္စီးမွ ေရာက္ မလာဘူး’’ဟု ရွစ္မိုင္မွတ္တုိင္တြင္ ယင္းကားစီးရန္ေစာင့္ဆုိင္းေန သည့္ ခရီးသည္တစ္ဦးက ေျပာ ၾကားသည္။

ရန္ကုန္ၿမိဳ႕၏ ပထမဆံုး BRT-Lite ယာဥ္လုိင္းကို ယခုႏွစ္ေဖေဖာ္ဝါရီ ၂ ရက္က စတင္ေျပး ဆြဲၿပီး ယာဥ္ေနာက္လိုက္ထားရွိ ျခင္းမရွိဘဲ ျမန္ဆန္၍ သက္ေသာင့္ သက္သာရွိသည္ဆိုကာ ခရီးသည္ မ်ား၏ ေထာက္ခံမႈရရွိထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အများပြည်သူရုံးပိတ်ရက်များတွင် လုပ်ခနှစ်ဆပေးရေးအပါအဝင် လုပ်သားအခွင့်အရေးများ တိုးမြှင့်ပေးရန် BRT-Lite ယာဉ်မောင်းများက နိုဝင်ဘာ ၁၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)၌ ယာဉ်လိုင်းမပြေးဆွဲဘဲ တောင်းဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစုရှယ်ယာထက်ဝက်ခန့်ဖြင့် ထည့်ဝင်ပြေးဆွဲနေသည့် BRT-Lite ယာဉ်လိုင်းမှ ယာဉ်မောင်းအများစုက အကျိုးခံစားခွင့် ပေးအပ်မှုနည်းပါးနေသည်ဆိုကာ ယာဉ်များကို နိုဝင်ဘာ ၁၄ ရက်တွင် ပြေးဆွဲမှုရပ်နား၍ တောင်းဆိုခဲ့သည်။

‘‘ကျွန်တော်တို့ လိုချင်တဲ့အ ချက်တွေကို လက်မှတ်ရေးထိုးပြီး တောင်းဆိုသွားမယ်။ နောက်ရက် တွေ ပြေးဆွဲမလား၊ မပြေးဆွဲဘူး လားဆိုတာတော့ မဆုံးဖြတ်ရ သေးဘူး။ ဒီနေ့အဖို့ကတော့ မဆွဲ ဖို့ကို ကျွန်တော်တို့ ယာဉ်မောင်း တွေ သဘောတူညီဆုံးဖြတ်ကြ တာ။ ဒါက ကျွန်တော်တို့ ဆန္ဒပြ တာ မဟုတ်ဘူး။ ကျွန်တော်တို့ အခြေအနေကို အများပြည်သူသိ စေချင်လို့ပါ’’ဟု အဆိုပါယာဉ် လိုင်းမှ ယာဉ်မောင်း ကိုအောင် ဇော်ထက်က ပြောသည်။

BRT-Lite ယာဉ်လိုင်းမှ ပြေးဆွဲသည့် ခရီးစဉ်သုံးခုအတွက် ယာဉ်မောင်း ၇၀ ကျော်ရှိပြီး ယာဉ်မောင်းအများစု၏ သဘောတူညီ မှုဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် ခရီး စဉ်ပြေးဆွဲမှုကို ရပ်နားခြင်းဖြစ် သည်။

BRT ယာဉ်လိုင်းတွင် ယာဉ် စီးရေ ၆၅ စီးဖြင့် နေ့စဉ်ခရီးစဉ် အမှတ် (၁)၊ (၂)၊ (၃) တို့ကို ပြေး ဆွဲပေးနေသော်လည်း နိုဝင်ဘာ ၁၄ ရက်တွင် ယင်းခရီးစဉ်သုံးခု စလုံး၌ ယာဉ်နှစ်စီးသာ ပြေးဆွဲခဲ့ ကြောင်း သတင်းရရှိသည်။

BRT ယာဉ်မောင်းများက အများပြည်သူရုံးပိတ်ရက်များ တွင် လုပ်ခနှစ်ဆပေးရန်၊ နံနက် ကားသော့စတင်ရယူချိန်ကစ၍ ကားသော့ပြန်အပ်သည့်အချိန်အ ထိကို အလုပ်ချိန်အဖြစ်သတ်မှတ် ၍ တစ်ရက်အလုပ်ချိန် ရှစ်နာရီ ထက်ကျော်လွန်သည့် အချိန်များ အတွက် အချိန်ပိုကြေးပေးရန်၊ ယာဉ်မတော်တဆဖြစ်ရပ်များအ တွက် အာမခံစနစ်ဖြင့် ကုမ္ပဏီက ဖြည့်စွက်ကူညီမှုပေးရန် စသည့် အချက်များကို အဓိကတောင်းဆို ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အများပြည်သူ ရုံးပိတ်ရက်များအတွက် အလုပ် လုပ်ကိုင်ပါက လုပ်ခနှုန်းတိုးမြှင့် မရရှိသော်လည်း ယင်းရက်များ တွင် ခွင့်ယူမည်ဆိုပါက ယာဉ် မောင်းတစ်ဦးလျှင် ကျပ်နှစ် သောင်းသုံးထောင်ဖြတ်တောက် ခံနေရကြောင်း ယာဉ်မောင်းများ က ပြောသည်။

‘‘စည်းကမ်းပိုင်းတွေ တအား ကြပ်မတ်တယ်။ ယာဉ်မောင်းတွေ ကို ဖိအားပေးတယ်။ မတော်တဆ ယာဉ်တိုက်မှုဖြစ်လို့ ကိုယ့်ဘက် က မှန်နေရင်တောင် ယာဉ်မောင်း က အဓိကစိုက်ထုတ်ပြုပြင်စေရ တာမျိုးတွေက ဆိုးလွန်းတယ်’’ဟု ယာဉ်မောင်း ဦးကျော်ဇင်ရွှေက ပြောသည်။

ယာဉ်မောင်းများ၏ တောင်း ဆိုမှုများသည် ကြီးကြပ်အုပ်ချုပ် သူများအနေဖြင့် ဖြေရှင်းဆောင် ရွက်ပေးနိုင်သည့် အခြေအနေမရှိ ဘဲ ဘုတ်အဖွဲ့ကသာ ဆုံးဖြတ်ရ မည့်ကိစ္စဖြစ်သောကြောင့် ယင်း ဘုတ်အဖွဲ့အကြီးအကဲများထံ တင်ပြထားကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲမှုပြုလုပ်နေသည့် ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီ (YBPC) ဒုတိယ အထွေထွေမန်နေဂျာ ဦးသွင်ထူးကျော်က ပြောသည်။

‘‘သူတို့တောင်းဆိုတာမှာ ငွေရေးကြေးရေး အပိုင်းတွေပါတယ်။ဒီယာဉ်လိုင်းက အစိုးရရှယ်ယာ လည်းပါတယ်။ အများပြည်သူငွေ လည်းပါဝင်တာကြောင့် ကိုယ် တွေသဘောသက်သက်နဲ့ ငွေသုံး လို့မရဘူး။ သူတို့တင်ပြတာကို လက်ခံပြီး ကိုယ်တွေကတော့ အ ထက်ကို ထပ်ဆင့်တင်ပြပေးလို့ ပဲရတယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်မောင်းအများစုက ၎င်းတို့ တင်ပြချက်ကို လက်ခံဆောင် ရွက်ပေးနိုင်သည့် အချိန်မှသာ လိုင်းထွက်ပြေးဆွဲခြင်းများ ပြန် လည်ပြုလုပ်ရန် စဉ်းစားထား ကြောင်း ပြောကြားသည်။

‘‘တချို့ယာဉ်မောင်းတွေက ထွက်ပြီးပြေးဆွဲချင်ကြတယ်။ ယာဉ်မောင်းအစုအဖွဲ့တစ်စုက မဆွဲရဘူးဆိုပြီး တားမြစ်ခြိမ်း ခြောက်ထားလို့ ထွက်မဆွဲရဲကြ တာတွေရှိတယ်’’ဟု ဦးသွင်ထူး ကျော်က ဆိုသည်။

အဆိုပါယာဉ်လိုင်းမှ ခရီး စဉ်သုံးခုစလုံး ပြေးဆွဲပါက တစ် ရက်လျှင် ဝင်ငွေကျပ်သိန်း ၄၀ ခန့်ရရှိ၍ ယာဉ်မောင်းများက ခရီးစဉ်ပြေးဆွဲခြင်းမရှိလျှင် ကုမ္ပဏီဝင်ငွေဆုံးရှုံးမှု ဆက်ရှိနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်ဘတ်စ်ကား အများ နှင့်သက်ဆိုင်သော ကုမ္ပဏီ (YBPC)ကို အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် အများပြည်သူ ပါဝင်မှုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဖြင့် ထူထောင်ထားကာ လက်ရှိ တွင် ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၅ ဘီလီယံကျော်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက်က BRT ယာဉ်လိုင်းများ ပြေးဆွဲမှုမရှိခြင်း ကြောင့် BRT ဘတ်စ်ကားမှတ် တိုင်များတွင် ခရီးသည်များ အ ချိန်အတန်ကြာ စောင့်ဆိုင်းရမှု များရှိခဲ့သည်။

‘‘ကမ္ဘာအေးလမ်းကြောင်း (၂) ကားစီးဖို့ စောင့်နေတာ နာရီ ဝက်ကျော်ပြီ။ တစ်စီးမှ ရောက် မလာဘူး’’ဟု ရှစ်မိုင်မှတ်တိုင်တွင် ယင်းကားစီးရန်စောင့်ဆိုင်းနေ သည့် ခရီးသည်တစ်ဦးက ပြော ကြားသည်။

ရန်ကုန်မြို့၏ ပထမဆုံး BRT-Lite ယာဉ်လိုင်းကို ယခုနှစ်ဖေဖော်ဝါရီ ၂ ရက်က စတင်ပြေး ဆွဲပြီး ယာဉ်နောက်လိုက်ထားရှိ ခြင်းမရှိဘဲ မြန်ဆန်၍ သက်သောင့် သက်သာရှိသည်ဆိုကာ ခရီးသည် များ၏ ထောက်ခံမှုရရှိထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top