Kantharyar Centre
×








Credit:Thit Htoo Lwin


#Unicode Version
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ နယ်မြေ ၄ ချယ်ရီလမ်းမှာ ဖခင်ဖြစ်သူက သားသမီးအရင်း ၅ ယောက်ကို အိပ်နေတုံး လည်ပင်း ဓားနဲ့လှီးတာ သားငယ် ၂ ယောက် သေဆုံးမှု နိုဝင်ဘာလ (၅)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဖခင်ဖြစ်သူ အိုက်ကျုံး (ခ) အိုက်ကျွမ်း (၃၇)နှစ်က သားသမီးအရင်းတွေ ဖြစ်တဲ့ မရေးကပ် (၉)လ ၊ မောင်ဆိုင်မိန်း (၂) နှစ် ၊  မောင်ဆွေလောင်း (၄)နှစ်၊ မောင်ညီနပ် (၅)နှစ်၊ မရယ်လင်း (၇)နှစ် တို့ကို အိပ်နေတုံး လည်ပင်း ဓားနဲ့လှီးတာ ဖြစ်ပါတယ်။


သားငယ် နှစ်ယောက်ဖြစ်တဲ့ မောင်ဆိုင်မိန်း နဲ့မောင်ဆွေလောင်း လှီးခံရတဲ့ နေရာမှာပဲ သေဆုံးသွားပြီး ကိုးလအရွယ် ကလေးလေးကတော့ ပါးစပ်ကို ဓားနဲ့လှီးခံထား ရပါတယ်။ တရားခံကိုယ်တိုင်လည်း ကိုယ့်လည်ပင်းကို ဓားနဲ့လှီးလို့ဖမ်းပီး ဆေးရုံတင်ထားကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top