Property Expo
×

အဆိပ္ေသာက္မိၿပီ ဆိုရင္ အဆိပ္ကို မ်ဳိခ်မိတာေၾကာင့္ လမ္းေၾကာင္းတစ္ ေလွ်ာက္ရွိ ပါးစပ္၊ ခံတြင္းနဲ႔ အစာေျခ လမ္းေၾကာင္းတစ္ေလွ်ာက္ ယိုယြင္းပ်က္စီးၿပီး အသက္ကိုပါ ရန္ရွာတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။

အဆိပ္ဆိုတဲ့ ေနရာမွာ ယေန႔ ေက်းလက္ေတြမွာ အလြယ္တကူ ရႏိုင္ေနတဲ့ ပိုးသတ္ေဆးမ်ား အျပင္ ၿမိဳ႕ရွိ မီးဖိုေခ်ာင္သံုး အေရာင္ခြၽတ္ေဆး၊ ေၾကြေၾကး ခြၽတ္ေဆး၊ ေဆးဆပ္ျပာရည္စတဲ့ ဓာတုပစၥည္း အျပင္းစား အရည္ေတြ ပါဝင္ပါတယ္။

အဆိပ္သင့္၊ အဆိပ္မိပါက အမ်ားအားျဖင့္ ပ်ဳိ႕အန္ၿပီး ရင္ေခါင္း၊ ဝမ္းေခါင္း ထဲက ပူေလာင္ျခင္းကို ခံစားရ တတ္ပါတယ္။ အဲဒီေနာက္မွာ သတိလစ္သြားၿပီး အသက္ပါ ေသဆံုး တတ္ပါတယ္။

အဆိပ္သင့္တဲ့ သူကိုေတြ႕ရင္ နီးစပ္ရာေဆး႐ံု၊ ေဆးခန္းကို ႀကိဳတင္ဆက္ သြယ္ပါ။ (သက္ဆုိင္ရာ ၿမိဳ႕နယ္ေဆး႐ံု ဖုန္းနံပါတ္ကို ႀကိဳတင္သိထား၊ စုထားသင့္ ပါတယ္) ေဆး႐ံုကို အေၾကာင္းၾကားၿပီး လူနာတင္ ယာဥ္ေခၚပါ။

လူနာတင္ယာဥ္ ေခၚေနတဲ့စပ္ၾကားမွာ လုပ္ေဆာင္သင့္ တာကေတာ့ ဘယ္လို အဆိပ္ေသာက္ လိုက္တယ္။ ဘယ္ေလာက္မ်ားမ်ား ေသာက္လိုက္တယ္ ဆိုတာကို သိဖို႔ပါပဲ။ အနီးအနားမွာရွိတဲ့ ပုလင္းလြတ္၊ ဘူးခြံ အပါ အဝင္ အဆိပ္ေသာက္သူ အသံုးျပဳထားတဲ့ ပစၥည္းႏွင့္ ဆက္စပ္ ပစၥည္းမ်ားကို ရွာေဖြ သိမ္းဆည္း ၿပီး ေဆး႐ံုေရာက္ရင္ ဆရာဝန္က ျပန္ျပရပါမယ္။

အဆိပ္ရည္ စြန္းေပေနတဲ့ အဝတ္အထည္မ်ားကို ခြၽတ္ပစ္ပါ။ ပါးစပ္နဲ႔ ႏႈတ္ခမ္း တစ္ဝိုက္မွာ စြန္းေပေနတဲ့ အဆိပ္အစအန အၾကြင္းအက်န္မ်ားကို သုတ္ပစ္ပါ။ လဲလွယ္တဲ့ အခါမွာ အဆိပ္မထိ ေသးတဲ့ေနရာ သို႔မဟုတ္ အေရျပားေပၚမွာ အဆိပ္ေတြ မစြန္းေပဖို႔ ဂ႐ုစိုက္ပါ။ အန္ေအာင္ ျပဳလုပ္ျခင္းေၾကာင့္ လည္ေခ်ာင္း တစ္ေလွ်ာက္က ျပန္တက္လာတဲ့ အစာမ်ားက တစ္ဆင့္ လည္ေခ်ာင္းကို ထပ္မံ ေလာင္ေစ စားေစတဲ့ အတြက္ အန္ေအာင္ မလုပ္သင့္ပါ။

ေလာင္ေစ စားေစတတ္သည့္ ဓာတုပစၥည္းေတြ ႏႈတ္ခမ္းကို ေလာင္ပါက ပါးစပ္၊ အာခံတြင္းနဲ႔ လည္ေခ်ာင္း အတြင္း အေလာင္၊ အပူေလ်ာ့ပါးေစရန္ ႏို႔ေအး သို႔မဟုတ္ ေရေအးေအး အနည္းငယ္ တုိက္သင့္ပါတယ္။

ကာယကံရွင္ကိုလည္း ႏွစ္သိမ့္ ေဖ်ာင္းဖ်ေပးပါ။ အရက္(မက္သေနာ) ဆိပ္သင့္သူဆိုရင္ေတာ့ အေအး မမိ ေစရန္ ေစာင္ၿခံဳေပးပါ။

အဆိပ္ေသာက္သူ သတိလစ္သြားပါက တေစာင္းထားပါ။ လက္ေကာက္ဝတ္ ေသြးခုန္ႏႈန္း အသက္႐ွဴ ပံုကုိ ေစာင့္ၾကည့္ေပးပါ။ အသက္႐ွဴ လမ္းေၾကာင္း လြယ္ကူေစရန္ ေဆာင္ရြက္ေပးပါ။ လိုအပ္လွ်င္ ေရွးဦး သူနာျပဳစုနည္းနဲ႔ ကယ္ရမွာပါ။ အထက္ပါ အခ်က္ေတြကို ေသခ်ာစြာ မွတ္သားထားမွသာ အဆိပ္ေသာက္ သူကို ကယ္တင္ႏိုင္မွာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမ၀တီ

#Unicode Version
အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။

အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။

လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံ အပါ အဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။

အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့ အတွက် အန်အောင် မလုပ်သင့်ပါ။

လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်း အတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။

ကာယကံရှင်ကိုလည်း နှစ်သိမ့် ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေး မမိ စေရန် စောင်ခြုံပေးပါ။

အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူ ပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက် သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:မြဝတီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top