Property Expo
×

က်န္းမာျခင္းဆုိတဲ့ အႏႈိင္းမဲ့လာဘ္ႀကီးတစ္ပါးလုိ႔ ဘုရားရွင္ေဟာၾကားခဲ့ပါတယ္။ က်န္းမာေရးေကာင္းမြန္ေအာင္ ေနထုိင္ဖုိ႔ဆုိတာကလည္း လူ႕ဘဝမွာ အေရးႀကီးလွပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ က်န္းမာေရးမေကာင္းဘဲနဲ႔ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ဘဝကုိ မရႏုိင္လုိ႔ပါ။ က်န္းမာေရးေကာင္းေအာင္ ေနထုိင္ရမယ့္ လမ္းညႊန္ခ်က္ေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ေဆးလိပ္မေသာက္ပါနဲ႕။

ေဆးလိပ္ေသာက္တယ္ဆုိတာကလည္း ကမၻာတစ္လႊားမွာ လူႀကီးလူငယ္မေရြး ေသာက္ၾကပါတယ္။ ေဆးလိပ္မွာပါတဲ့ နီကုိတင္း (Nicotine) ဓာတ္ဟာ စြဲလမ္းေစတဲ့အတြက္ ေဆးလိပ္စြဲေနၿပီဆုိရင္လည္း အလြယ္တကူ ျဖတ္ႏုိင္ဖုိ႔မလြယ္ေတာ့ပါဘူး။ သိပၸံပညာရွင္မ်ားရဲ႕အဆုိအရ ေဆးလိပ္တစ္လိပ္ ေသာက္ျခင္းအားျဖင့္ အသက္ ၁၁မိနစ္ခန္႔ ပုိတုိတဲ့အျပင္ သာမန္လူထက္ အသက္၁၄ႏွစ္ ပုိတုိေစပါတယ္။  ေဆးလိပ္ေသာက္တာက က်န္းမာေရးထိခုိက္ေစရုံသာမက ေငြကုန္ေၾကးက်မ်ားလွၿပီး အဆုတ္ကင္ဆာ ၊ ပန္းနာရင္ၾကပ္ ၊ အသည္းႏွင့္ႏွလုံးေရာဂါမ်ား ျဖစ္ပြားေစပါတယ္။

၂။ ခ်င့္ခ်ိန္စြာ စားေသာက္ပါ။

“အစာလည္း ေဆး ၊ ေဆးလည္း အစာ” ဆုိသလုိ က်န္းမာေရးႏွင့္ သင့္တင့္ေလ်ာက္ပတ္ေအာင္ စားေသာက္တယ္ဆုိတာကလည္း ေဆးဝါးမွီဝဲသလုိ ျဖစ္ေစပါတယ္။ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အသီးအရြက္ ၊ ဂ်ံဳ ၊ ႏြားႏုိ႔တို႔ကုိ စားေသာက္ၿပီး အရက္ႏွင့္ အဆီအဆိမ့္မ်ားတဲ့ အစားအေသာက္မ်ားကုိ ေရွာင္က်ဥ္သင့္ပါတယ္။ ကဖိန္းဓာတ္မ်ားတဲ့ ေကာ္ဖီေတြဟာ မွတ္ဥာဏ္ကုိ ထိခုိက္ေစတဲ့အျပင္ ႏွလုံးေရာဂါ ၊ ကင္ဆာေရာဂါမ်ားကုိ ျဖစ္ေစတ့ဲအတြက္ ေရွာင္က်ဥ္သင့္ပါတယ္။

၃။ ေလ့က်င့္ခန္းလုပ္ပါ။

ကုိယ္လက္ေလ့က်င့္ခန္းလုပ္ျခင္းဟာ စိတ္ၾကည္လင္လန္းဆန္းေစၿပီး အနာေရာဂါကင္းရွင္းေစပါတယ္။ မနက္ေစာေစာ လမ္းေလ်ွာက္တာမ်ိဳးျဖစ္ျဖစ္ ၊ အလုပ္ျပန္ Gym ေဆာ့တာပဲျဖစ္ျဖစ္ ေန႔စဥ္လုပ္ေဆာင္သင့္ပါတယ္။ Gym ေဆာ့တာေတြ ၊ လမ္းေလ်ွာက္တာေတြ မလုပ္ျဖစ္ရင္လည္း ရုံးခန္းကုိ ဓာတ္ေလွကားအသုံးျပဳတာထက္ ေလွကားမွေနၿပီး အတက္အဆင္းျပဳလုပ္သင့္ပါတယ္။

၄။ ေသြးေပါင္ခ်ိန္ ပုံမွန္တုိင္းတာပါ။

ေသြးတုိးေရာဂါဆုိတာ လူႀကီးလူငယ္မေရြး ျဖစ္ႏုိင္ၿပီး ေရာဂါလကၡဏာမျပတဲ့အတြက္ ေသြးေပါင္ခ်ိန္တုိင္းတာ ၾကည့္မွပဲ သိႏုိင္တာပါ။ လူတစ္ေယာက္ဟာ ေသြးတုိးေရာဂါျဖစ္လာၿပီဆုိ ႏွလုံးေရာဂါလည္း ဆက္တုိက္ပါလာၿပီး အျခားေရာဂါေတြပါ ဖိတ္ေခၚလာႏုိင္ပါတယ္။ ေသြးတုိးမျဖစ္ေအာင္ အနားယူတာေတြ ၊ စိတ္ဖိစီးမႈ ေလွ်ာ့ခ်တာေတြ ၊ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တာေတြ ၊ လမ္းေလွ်ာက္တာေတြ ၊ စက္ဘီးစီးတာေတြ လုပ္ေဆာင္သင့္ပါတယ္။ ဆားမ်ားတဲ့ အစားအစာေတြ ၊ အဆီမ်ားတဲ့အစားအစာေတြကုိ ေလ်ာ့စားသင့္ပါတယ္။

၅။ ဘဝကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းပါ။

“စိတ္ေထာင္း ကုိယ္ေၾက” ဆုိသလုိပဲ စိတ္ေပ်ာ္ရႊင္မႈမရွိဘူးဆုိရင္ ခႏၶာကုိယ္အတြက္လည္း ပင္ပန္းလြန္းတဲ့အျပင္ က်န္းမာေရးအတြက္လည္း ထိခုိက္ေစပါတယ္။ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ ၊ ေန႔စဥ္လူေနမႈဘဝမွာပဲျဖစ္ျဖစ္ စိတ္ဆုိးစရာကိစၥေတြ ၊ အာရုံေနာက္စရာကိစၥေတြကုိ တစ္ခါတစ္ေလ လစ္လ်ဴရႈလုိ္က္ပါ။ အားလပ္ရက္ေတြမွာ မိသားစုအတြက္ အခ်ိန္ေပးၿပီး ခရီးထြက္တာမ်ိဳးျဖစ္ျဖစ္ ၊ ေပ်ာ္ပြဲစားထြက္တာမ်ိဳးျဖစ္ျဖစ္ လုပ္ေဆာင္ၿပီး စိတ္ဖိအားေလ်ာ့ခ်သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (အခရာ)

#Unicode Version

ကျန်းမာခြင်းဆိုတဲ့ အနှိုင်းမဲ့လာဘ်ကြီးတစ်ပါးလို့ ဘုရားရှင်ဟောကြားခဲ့ပါတယ်။ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ဖို့ဆိုတာကလည်း လူ့ဘဝမှာ အရေးကြီးလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးမကောင်းဘဲနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို မရနိုင်လို့ပါ။ ကျန်းမာရေးကောင်းအောင် နေထိုင်ရမယ့် လမ်းညွှန်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တယ်ဆိုတာကလည်း ကမ္ဘာတစ်လွှားမှာ လူကြီးလူငယ်မရွေး သောက်ကြပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်း (Nicotine) ဓာတ်ဟာ စွဲလမ်းစေတဲ့အတွက် ဆေးလိပ်စွဲနေပြီဆိုရင်လည်း အလွယ်တကူ ဖြတ်နိုင်ဖို့မလွယ်တော့ပါဘူး။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ဆေးလိပ်တစ်လိပ် သောက်ခြင်းအားဖြင့် အသက် ၁၁မိနစ်ခန့် ပိုတိုတဲ့အပြင် သာမန်လူထက် အသက်၁၄နှစ် ပိုတိုစေပါတယ်။  ဆေးလိပ်သောက်တာက ကျန်းမာရေးထိခိုက်စေရုံသာမက ငွေကုန်ကြေးကျများလှပြီး အဆုတ်ကင်ဆာ ၊ ပန်းနာရင်ကြပ် ၊ အသည်းနှင့်နှလုံးရောဂါများ ဖြစ်ပွားစေပါတယ်။

၂။ ချင့်ချိန်စွာ စားသောက်ပါ။

“အစာလည်း ဆေး ၊ ဆေးလည်း အစာ” ဆိုသလို ကျန်းမာရေးနှင့် သင့်တင့်လျောက်ပတ်အောင် စားသောက်တယ်ဆိုတာကလည်း ဆေးဝါးမှီဝဲသလို ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက် သင့်တော်တဲ့ အသီးအရွက် ၊ ဂျုံ ၊ နွားနို့တို့ကို စားသောက်ပြီး အရက်နှင့် အဆီအဆိမ့်များတဲ့ အစားအသောက်များကို ရှောင်ကျဉ်သင့်ပါတယ်။ ကဖိန်းဓာတ်များတဲ့ ကော်ဖီတွေဟာ မှတ်ဉာဏ်ကို ထိခိုက်စေတဲ့အပြင် နှလုံးရောဂါ ၊ ကင်ဆာရောဂါများကို ဖြစ်စေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ကြည်လင်လန်းဆန်းစေပြီး အနာရောဂါကင်းရှင်းစေပါတယ်။ မနက်စောစော လမ်းလျှောက်တာမျိုးဖြစ်ဖြစ် ၊ အလုပ်ပြန် Gym ဆော့တာပဲဖြစ်ဖြစ် နေ့စဉ်လုပ်ဆောင်သင့်ပါတယ်။ Gym ဆော့တာတွေ ၊ လမ်းလျှောက်တာတွေ မလုပ်ဖြစ်ရင်လည်း ရုံးခန်းကို ဓာတ်လှေကားအသုံးပြုတာထက် လှေကားမှနေပြီး အတက်အဆင်းပြုလုပ်သင့်ပါတယ်။

၄။ သွေးပေါင်ချိန် ပုံမှန်တိုင်းတာပါ။

သွေးတိုးရောဂါဆိုတာ လူကြီးလူငယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာမပြတဲ့အတွက် သွေးပေါင်ချိန်တိုင်းတာ ကြည့်မှပဲ သိနိုင်တာပါ။ လူတစ်ယောက်ဟာ သွေးတိုးရောဂါဖြစ်လာပြီဆို နှလုံးရောဂါလည်း ဆက်တိုက်ပါလာပြီး အခြားရောဂါတွေပါ ဖိတ်ခေါ်လာနိုင်ပါတယ်။ သွေးတိုးမဖြစ်အောင် အနားယူတာတွေ ၊ စိတ်ဖိစီးမှု လျှော့ချတာတွေ ၊ ကိုယ်အလေးချိန် လျှော့ချတာတွေ ၊ လမ်းလျှောက်တာတွေ ၊ စက်ဘီးစီးတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဆားများတဲ့ အစားအစာတွေ ၊ အဆီများတဲ့အစားအစာတွေကို လျော့စားသင့်ပါတယ်။

၅။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

“စိတ်ထောင်း ကိုယ်ကြေ” ဆိုသလိုပဲ စိတ်ပျော်ရွှင်မှုမရှိဘူးဆိုရင် ခန္ဓာကိုယ်အတွက်လည်း ပင်ပန်းလွန်းတဲ့အပြင် ကျန်းမာရေးအတွက်လည်း ထိခိုက်စေပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊ နေ့စဉ်လူနေမှုဘဝမှာပဲဖြစ်ဖြစ် စိတ်ဆိုးစရာကိစ္စတွေ ၊ အာရုံနောက်စရာကိစ္စတွေကို တစ်ခါတစ်လေ လစ်လျူရှုလိုက်ပါ။ အားလပ်ရက်တွေမှာ မိသားစုအတွက် အချိန်ပေးပြီး ခရီးထွက်တာမျိုးဖြစ်ဖြစ် ၊ ပျော်ပွဲစားထွက်တာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပြီး စိတ်ဖိအားလျော့ချသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: (အခရာ)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top